Home Animation Cartoon

Foolish GirlAugust 5, 20151min2136

ဒီဇာတ်ကားလေးက 2015 ခုနှစ် မတ်လလောက်ကထွက်ထားတဲ့ကာတွန်းကားအသစ်လေးပါ။ အရမ်းကြိုက်လွန်းလို့ ခဏခဏကြည့်မပါတယ်။ ရွာထဲကမကြည့်ရသေးသူများရှိရင်ကြည့်ရအောင်ညွှန်းပေးချင်လို့ပါ။

ဇာတ်လမ်းအကျဉ်းချုပ်အနေနဲ့ဆိုရင်

Boov လို ့ ခေါ်တဲ့ ချစ်စရာ ခရမ်းရောင်ဂြိုဟ်သားမျူ ိးနွယ်စုလေးကသူတို ့ရဲ ့ရန်သူဂြိုဟ်သားတွေဆီကနေ အမြဲတမ်း ပြေးရှောင်နေကြရတဲ့သူတွေပါ တစ်နေရာကနေတစ်နေရာထွက်ပြေးတိမ်းရှောင်ရင်း သူတို ့ရန်သူ ရှာမတွေ ့နိုင်လောက်တဲ့ဂြိုဟ် ‘ကမာ္ဘ’ ကို တွေ ့သွားပါတယ်။ လူတွေကို အကုန်ဖမ်းပြီး ဩစတေးလျမှာစုပီးထားလိုက်ပီးကျန်နေရာတွေကိုသိမ်းပိုက်လိုက်ပါတော့တယ်။Tip လို ့ခေါ်တဲ့ကောင်မလေးတစ်ယောက်ပဲ သူ ့ရဲ့ ကြောင်လေးနဲ ့အတူ ဩစတေးလျကိုပါမသွားဘဲကျန်ခဲ့ပါတယ် .. တစ်ချိန်ထဲမှာပဲ Oh လို ့ ခေါ်တဲ့ Boov ဂြိုဟ်သားလေးကလည်း သူ ခဏခဏ အမှားလုပ်မိပြီး အားလုံးဒုက္ခရောက်ကြလွန်းလို ့ တစ်ဂြိုဟ်လုံးက သူ ့ကို ဖမ်းမိန် ့ထုတ်ထားတာမို ့ ရှောင်ပြေးနေရသူပါ .. မထင်မှတ်ပဲ သူတို ့ 2 ယောက် ဆုံတွေ ့ကြတဲ့အခါမှာ Tip ကလည်း သူ ့အမေကို လိုက်ရှာဖို ့အတွက် Oh ကလည်း လိုက်ဖမ်းနေတဲ့သူတွေလက်က လွတ်ဖို ့အတွက် 2 ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ကူညီရဖို ့ အကြောင်းဖန်လာပါတော့တယ် … Tip တစ်ယောက် သူ ့အမေကို ပြန်တွေ ့ပါ့မလား .. Oh ကရော အားလုံးလက်က လွတ်အောင်ပြေးနိုင်ပါ့မလားဆိုတာတော့ ကြည့်ကြည့်လိုက်ဖို့ညွှန်းပါရစေ။

Tip အဖြစ် Rihanna ၊ Oh အဖြစ်ကတော့  Jim Parsons ၊Tip ရဲ ့အမေအဖြစ် Jennifer Lopez  စတဲ့နာမည်ကြီးသရုပ်ဆောင်တွေကအသံသရုပ်ဆောင်ပေးထားပါတယ်

ဒီဇာတ်ကားမှာသဘောကျတာလေးကတော့ ဇာတ်လမ်းနဲ့လိုက်ဖက်တဲ့ဇာတ်ဝင်သီချင်းလေးတွေ ၊ ခရမ်းရောင် ဂြိုလ်သားလေးတွေ က သူတို့ရဲ့စိတ်ခံစားမှုအရအရောင်လေးတွေပြောင်းတာတွေ ၊ ဂြိုလ်သားလေးတွေက အရမ်းထက်မြက်ပေမယ့် အောင်မြင်မှုရလာဒ် ၅၀% ပဲရှိရင်လက်လျှော့တတ်တဲ့အကျင့်လေးကို လူသားလေးTip က ပြောင်းလဲပေးလိုက်တာတွေ စတာတွေရောပေါ့

ကြည့်ပီးတဲ့သူတွေလည်းရှိမယ်ထင်ပါတယ်

Home (Original Motion Picture Soundtrack)

အောက်မှာ Foolish Girl Refer လုပ်ထားတဲ့ Refer Link ကိုတွဲပေးချင်ပါတယ် အဲဒီမှာတစ်ခါတည်းဒေါင်းလို့ရမယ့် link လည်းပါပါတယ်နော် မြန်မာစာတမ်းထိုးပြီးသားပါရှင်။

http://www.channelmyanmar.com/2015/06/home-2015.html

6 comments

  • ဇီဇီခင်ဇော်

    August 5, 2015 at 11:31 am

    ကြိုက်သမှ သိပ်ကြိုက်။
    ကာတွန်းကိုရော ဂျေလို ကိုရော သီချင်းကိုရော။
    ဟီးဟီးးး
    ဂျေလို သီချင်းကို အရမ်းကြိုက်လို့ လူတကာ လိုက်ပြောမိသေးတယ်။
    ကာတွန်းကားကတော့ အရမ်းချစ်ဖို့ကောင်းတယ်။

    • Foolish Girl

      August 5, 2015 at 11:40 am

      ဂျေလိုသီချင်းက Feel the Light လေ
      Rihanna ရဲ့ Dancing In the Dark သီချင်းလေးလည်းအရမ်းကြိုက်တယ်
      Charli XCX ရဲ့ Red Balloon ဆိုရင်လည်း အဓိပ္ပါယ်လေးကိုပါကြိုက်တယ်
      “If you got troubles, let ’em go
      Let ’em soar so high, high into the sky
      Just like a red balloon” 🙂

  • ဟေသီ

    August 5, 2015 at 11:39 am

    မကြည့်ဘူးသေးဘူး။ ဒီပိတ်ရက်ကြည့်လိုက်အုံးမှ။ ညွှန်းပေးတဲ့အတွက် ကျေးဇူးပါ။ 🙂

    • Foolish Girl

      August 5, 2015 at 11:42 am

      ဟုတ် Channel Myanmar site မှာတွေ့လို့ဒေါင်းပြီးကြည့်ထားတာပါ ခုတင်ထားတဲ့ post မှာလဲ Channel Myanmar ရဲ့ Link ကိုပါညွှန်ပေးထားပါတယ်နော် ဒေါင်းလို့လွယ်ကူအောင်လို့ပါ။

  • manawphyulay

    August 5, 2015 at 2:08 pm

    မကြည့်ရသေးဘူး။ ဒေါင်းလို့အဆင်ပြေရင် ကောင်းမယ်နော်။ အရမ်းကြည့်ချင်တယ်။ ကားကောင်းလေးတွေ ဒေါင်းလုတ်လင့်လေးတွေထပ်တင်ပေးဦးနော်။

  • အောင် မိုးသူ

    August 5, 2015 at 2:56 pm

    အဲ့သည်ကားမကြည့်ရသေးဘူး ဒီက ရုံတွေမှာလည်း ကြေငြာပြီး မတင်ဖြစ်လိုက်ဘူး။ အခွေအကြည်ထွက်တာ
    ကိုပဲ စောင့်နေရုံ။ ခုတလော နှစ်လလောက်ရှိပြီ အခွေတွေ စီမံချက်နဲ့မို့ ဆိုင်တွေမထွက်ဘူး။

Leave a Reply