ဘာကိုစားမလဲ Eat What?

Ma MaAugust 11, 20151min36221

“ဘာကိုစားမလဲ” ဆိုတဲ့ မေးခွန်းအတွက် သဂျီးရဲ့ အဖြေက….

လူသားက အစားစားရာမှာ.. အသက်ပိုင်းအလိုက်ခွဲသင့်တယ်ထင်မိတယ်..။
၁ဝနှစ်အောက်…
၁ဝကျော်သက်…
လူငယ်..
လူရွယ်…
လူကြီး..
လူအို.. စသဖြင့်ပေါ့..။

နွားနဲ့..နွားထွက်ပစ္စည်းတွေကို.. ၁ဝနှစ်အောက်တွေစားသင့်.. ဆယ်ကျော်သက်တွေ.. လူငယ်တွေစားသင့်ပေမယ့်…
လူကြီးနဲ့ လူအိုတွေကတော့ သတိထား..စားရမှာပေါ့..
Red meat တွေက.. လူကြီးတွေနဲ့..သိပ်တည့်လှရယ်တော့မဟုတ်..။

 

လောကကြီးထဲမှာ အမျိုးမျိုးသောသတ္တဝါတွေဟာ သဘာဝအလျှောက် သက်ဆိုင်ရာကို၊ သင့်တော်ရာကို ရွေးချယ်စားသုံးကြပါတယ်။

အဲဒါကြောင့်လည်း အသီးအနှံစား သတ္တဝါ၊ အသားစားသတ္တဝါရယ်လို့ အမျိုးအစားတွေ ကွဲပြားကြပါတယ်။

လူတွေကိုတော့ အစုံစားသတ္တဝါလို့ ပြောရမယ်ထင်တယ်။ :k:

သက်ရှည်ကျန်းမာဖို့အတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသလို……..

=အသက်အရွယ်အလျှောက်၊
=ကျားမဘာဝအလျှောက်၊
=ကိုယ်ခံဓာတ်သဘာဝအလျှောက်၊
=ကိုယ့်ရဲ့ရောဂါဘယအလျှောက် ချင့်ချိန်ပြီး ဘာနဲ့တည့်တယ်၊ ဘာကိုစားသင့်တယ်ဆိုတာ လူတိုင်းကိုယ်စီ သိထားသင့်ပါတယ်။

 

တိုးတက်တဲ့ကမာ္ဘ့နိုင်ငံအများစုမှာ စာသင်ကျောင်းတွေကနေ ကလေးတွေကို အခြေခံကျန်းမာရေးအသိရှိအောင် သင်ကြားပေးကြတယ်။

ကလေးကောင်းမှ လူကြီးကောင်းမယ် မဟုတ်လား။

စာတတ်ဖို့ ဆိုတဲ့ အလွန်ကျဉ်းမြောင်းတဲ့ဘောင်ကနေ
ပညာတတ်ဖို့ ဆိုတဲ့ အနည်းငယ်မြင့်မားတဲ့ ရည်မှန်းချက်၊
အဲဒီကနေမှ ဘဝနေထိုင်နည်း (ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး စသဖြင့်) တတ်သိနားလည်ဖို့ဆိုတဲ့ ရည်မှန်းချက်အထိ ကျောင်းတွေကနေ ကလေးတွေကို လေ့ကျင့်သင်ကြားပေးနိုင်ဖို့လိုပါတယ်။

စကားအတင်းစပ် (ခွက်ဒစ်တူ သဂျီး)ပြီး ပြောရရင် Facebook က တဆင့် လူသိများလာတဲ့ နေပြည်တော်ပျဉ်းမနားက အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာသိမ့်ရဲ့ ကျောင်းက နည်းစနစ်တစ်ခုကို မျှဝေပေးချင်ပါတယ်။

ကျောင်းသူားတွေရဲ့ စာရိတ္တကိုမြှင့်တင်ပေးဖို့ ရည်ရွယ်ချက်နဲ့
စာရေးကရိယာတွေကို ငွေသိမ်းသူမရှိပဲ ရောင်းချပေးနေတဲ့စနစ်ပါ။

အောက်ကလင့်ခ်မှာ သွားကြည့်နိုင်ပါတယ်။
https://www.facebook.com/yangonmediagroup/photos/pcb.1016084191743834/1016084035077183/?type=1&theater

ကျောင်းတွေကနေ ကလေးတွေကို စာရိတ္တကြံ့ခိုင်ရေးသင်ကြားပေးလိုက်ခြင်းဖြင့်
 

အမျိုးသားပညာရေးအစ စာသင်ကျောင်းက လို့ ဆိုမယ့်အစား

အမျိုးသားအနာဂတ်အစ စာသင်ကျောင်းက

လို့တောင် ဆိုနိုင်ပါတယ်။

 

ပြောရင်းနဲ့ ဘေးချော်ကုန်ပြီ။ :kwi:

အခုနောက်ပိုင်း ကြားသိရသလောက် ကျန်းမာရေးအတွက် နို့နဲ့နို့ထွက်ပစ္စည်းတွေကို မစားသုံးသင့်ဘူးလို့ ဆိုပြန်သလို၊
ဟိုးတုန်းက နှလုံးအဆီပိတ်မယ်ဆိုပြီး မစားရဲပဲ အရမ်းကြောက်ခဲ့ရတဲ့ အုန်းနို့၊ အုန်းဆီတွေကိုကျတော့ စားသင့်တယ်လို့ ဆိုနေပြန်ရော။

အစာစားရတဲ့ အဓိကအကြောင်းရင်းက အသက်ရှင်သန်ရေးဖြစ်ပေမယ့်…………
လူတွေဟာ ဇွန်း ခက်ရင်း နဲ့ ကိုယ့်သေတွင်း ကိုယ်တူးနေကြတယ်ဆိုသလို ဖြစ်နေပြန်ပါရော။

အစားစားတဲ့အခါမှာ ကိုယ်နှင့် သင့်၏၊မသင့်၏ကို အဓိကထားပြီး ရွေးချယ်စားသုံးရမယ့်အစား
လျှာတစ်ဖျားကို မလွန်ဆန်နိုင်ပဲ စားချင်တာကို စားသောက်မိတယ်ဆိုတာ မငြင်းလောက်ကြဘူးထင်ပါရဲ့။ :aa:

ဦးကျောက်ပြောတဲ့ စားရမှာတွေကတော့………..

စားတာကတော့ စားသင့်တာကို စားသင့်တဲ့အချိန် ချင့်ချိန်စားယုံပေါ့…
အိန္ဒိယတိုင်းသား ဟိန္နူတချို့တွေဆို တစ်သက်လုံး သက်သတ်လွတ်…
အမဲသားနဲ့ ဝက်သားဆို တို့တောင်တို့တာမဟုတ်ဘူး …
ပဲမျိုးစုံ လုံးတီးဆန် အသီးအရွက် အာလူးနဲ့ နွားနို့ပဲ အဓိကထားပြီးစားကြတာ…
ဒါပေမယ့် သူတို့ဆီမှာ ကမ႓ာကျော် သိပ္ပံပညာရှင်တွေနဲ့ Nuclear Technology ရှိတယ်…
ကံ စိတ် ဥတု အဟာရ … လေးမျိုးညီမျှမှ ရှင်သန်နိုင်သလားလို့ပါ…

Oxford ဆရာတော် ဒေါက်တာဓမ္မသာမိ ဟောတဲ့တရားတော်ထဲမှာတော့ ………….
အစာစားတဲ့အခါ ဘာဗိုက်တာမင်တွေပါလဲဆိုတာကို ကြည့်ပြီး (သိပြီး) စားရမယ့်အစား ဆန်းဆန်းပြားပြားတွေစဉ်းစားပြီး မရိုးအောင် မထပ်အောင် အပြောင်းအလဲအမျိုးမျိုးလုပ်ပြီး စားကြတယ်တဲ့။

ကဲ…….. စာရှု့သူသင်ရော ဘာကိုစားမလဲ။ 🙄

21 comments

  • ဇီဇီခင်ဇော်

    August 11, 2015 at 11:11 am

    ငယ်တုန်းက ကျောင်းကျန်းမာရေးသင်တုန်းကတော့…
    အစာ ကို ၃ စု ခွဲထားတာတွေ ပြတယ်။
    ၁) ခန္ဒာကိုယ်ကြီးထွားစေတဲ့ အစာများ
    ၂) ရောဂါ ကာကွယ်စေသော အစာများ
    ၃) ညာဏ်ရည်ဖွင့်ဖြိုးစေသော အစာများးး

    ဘာချက်ချက် အဲဒီ ထဲက ပါအောင် ချက်ရမယ်ဆိုလို့ အိမ်ကို ထမင်းထုတ်ခိုင်းတိုင်း ဟင်းစပ်ပေးရာက အစားဝါသနာပါသွားတော့တာပါပဲ။
    ဟိဟိ။
    :mrgreenn:

    ဇော်သန့်ကတော့ အသီးအနှံရော အသီးအရွက်ကို အရောင် စုံ အောင် စားပေးရမတဲ့။
    စိမ်း၊ နီ၊ ဝါ၊ မော်၊ ခရမ်း စသည်ဖြင့်ပေါ့။

  • ဦးကျောက်ခဲ

    August 11, 2015 at 11:14 am

    ရွာသူ မယ်ဗိုက် ချစ်သုခသည်တွေအတွက် ရေးနေတဲ့ပို့စ်ထဲက ထုတ်နှုတ်ပါရစေ…
    ….
    သားဝီလီကို ကိုယ်ဝန်ဆောင်တော့ ဗိုက်ပြတိုင်း သွေး ဆီး အကုန်စစ်ရပါတယ်…
    အဲသည့်မှာ ဇနီးသည်ကို Gestational Diabetes ရှိနေပါသတဲ့…
    မြန်မာလို ခပ်လွယ်လွယ်ပြောရရင်တော့ ကိုဝန်ဆောင် သွေးချိုတက်တယ်ပေါ့…
    သားဦးဆိုတော့ နှစ်ယောက်လုံးပြူးပြူးပြာပြာ အစားရှောင်ရမယ်လို့ နားလည်ထားတာ…
    ဆရာဝန်နဲ့တွေ့တော့ ဆေးလည်းမပေး အစားလည်း မရှောင်ခိုင်းပါဘူး…
    “အဟာရပြည့်စုံအောင် စားနေကြအားလုံးကိုစားပါ ။ ဒါပေမယ့် ဉာဏ်ရှိရှိနဲ့စား ၊ အစာတစ်မျိုးထဲကို အရမ်းကာရောမစားပဲ အမယ်စုံ နည်းနည်းချင်းစားပါ ။ အစာလည်းဆေး ဆေးလည်းအစာမို့ အသီးအနှံတွေ အားပြုစားတာကလွဲရင် Supplement ဆေးတွေကို အားမပေးပါဘူး” လို့ ဆိုပါတယ် …
    အဟုတ်ဗျ… ဒီမှာကိုယ်ဝန်ဆောင်ကိုတောင် မလိုအပ်ရင် ဆေးမပေးပါဘူး…
    သဘာဝအစာကိုသာ ချင့်ချင့်ချိန်ချိန်စားဖို့ အားပေးတာ လူတိုင်းကိုပါပဲ…
    အံ့ဖွယ်သုတ… မွေးသာသွားရော Folic Acid တောင်မသောက်လိုက်ရဘူး…
    :k:

    • ဇီဇီခင်ဇော်

      August 11, 2015 at 11:21 am

      အဲဒီပို့(စ) ရေးပြီးမှ ဖတ်ပြီးမှ ကလေးမွေးတော့မယ်ညော်

      :mrgreenn:

      • ဦးကျောက်ခဲ

        August 11, 2015 at 2:52 pm

        ဂယ်လား… ဂယ်ဂျီးလား…
        တထိုင်ထဲနဲ့ အချောသတ်ရေးလိုက်မှာနော်… ဟွမ့် :k:

    • kai

      August 12, 2015 at 2:32 am

      ယူအက်စ်မှာဆို.Gestational Diabetes က. မိခင်လောင်းတိုင်းလိုလို စစ်ရင်ရှိတယ်ထင်တာပဲ..
      သမီးပိပိမွေးတုံးကလည်း.. လေဒီခိုင်ကို အဲဒါကြီးရှိတယ်အတင်းပြော…. အထူးကုဆေးခန်းလွှဲ…
      ဆေးတွေပစ္စည်းတွေ စုံအောင်ရောက်လာပြီး.. ကုတာပဲ..
      အဲဒါနဲ့.. ကလေးမွေးပေးမယ့် အထူးကုဗမာဆရာဝန်ကြီးမေးကြည့်တော့.. ပုံမှန်ပါတဲ့..။
      ပုံမှန်ဆိုတာက.. အဲလို Gestational Diabetes ရှိတယ်ပြော… ဆေးတွေ.. သကြားဓတ်စစ်တဲ့ပစ္စည်းတွေအတင်ထိုးရောင်းကြတာပုံမှန်လို့ပြောတာပါ..။
      ကျမ်းမာရေးစနစ်မှာကိုက.. အဲဒါအဲဒါတွေ.. ထည့်ပေါင်းမှ.. ကျမ်းမာရေးစနစ်ထဲ..ငွေတွေထည့်(ဘုန်း)လို့ရတာမို့ပါတဲ့…။
      ကောင်းတဲ့ ပြည်သူ့ကျမ်းမာရေးအစီအစဉ်ရှိတဲ့တိုင်းပြည်တွေမှာ.. ရှိ(တတ်)ပါတယ်..။

      ဆိုတော့…
      သူတို့ဖြည့်ခိုင်းထားတဲ့.. ဖေါင်ကို.. အကုန်.. ကောင်းတာတွေဖြည့်.. ပြန်ပေးလိုက်တော့.. ပြီးသွားရော..။ :k:
      (ရွာ့ဆရာဝန် အမတော်ပဒုမ္မာ အဲဒီ.. မိခင်လောင်းဒိုင်ယာဘီးတီးအကြောင်း ပြောပြနိုင်မယ်ထင်တာပဲ..)

  • ဇီဇီခင်ဇော်

    August 11, 2015 at 11:20 am

    အားနေလို့ ဆက်ပွါးရရင်၊
    ဘာ အစားအစာမဆို သင့်တော်သလောက်က စားကောင်းပါတယ်။
    လူတွေမှာ ရောဂါဖြစ်လာတာက ကြိုက်တာကို ပိုစားပြီး မကြိုက်တာကို လုံးဝမစားတာနဲ့ကြောင့် မမျှတဘူးဖြစ်နေကြတာပါ။

    ကိုယ်က မှ အစားကို ရွေးနေတော့ ကိုယ်ပျိုးထောင်တဲ့ ကလေးတွေကို အစားစုံကျွေးဖို့က ဘယ်လွယ်တော့မလဲ။

    အစားစုံ၊ ဓာတ်စုံ ရစေချင်စားစေချင်ရင် ချေးမများနိုင်တဲ့ အရွယ်ကတည်းက ကလေးတွေကို အစားအစာအကျင့်လုပ်ထားသင့်တယ်။

    ဒိုင်းယက် ပညာရှင်တွေက နိုင်ငံတိုင်းရှိပါတယ်။
    ကလေးတွေကိုဘယ်လို
    အားကစားသမားတွေဆို ဘယ်လို
    ဘယ်ရောဂါသည်ဆို ဘာစားရမယ် စသည်ဖြင့်ပေါ့။

    မြန်မာပြည်မှာ လည်း ယောအတွင်းဝန် က အစားအသောက်နဲ့ ဓာတ် ကျမ်း ကို ပြုစုနိုင်တဲ့ ပညာရှင်လို့ ဆိုနိုင်တာပါပဲ။
    မြန်မာ ထုံးစံမှာလည်း ဓာတ်စာ နဲ့ ကုတာ ရှိတာပဲ။

  • တောင်ပေါ်သား

    August 11, 2015 at 2:53 pm

    ( နှစ်ပေါင်း ၇ဝကျော် ဘီယာ သုံး ပုလင်း နဲ့ ့ဝီစကီ တစ်ပက်ကို နေ့စဉ် သောက်သုံးခဲ့တဲ့ အသက် ၁၁ဝ နှစ် အရွယ် အမျိုးသမီး
    http://knowledge.thithtoolwin.com/2015/08/blog-post_45.html )
    အသက်ရှည်စေတဲ့အထဲမှာ အဲဒါမျိုးတွေလည်း ပါသလား မသိ ၊ 🙂

    ကျနော်တို့ကတော့ အဆင်ပြေရာ စားမိတာပါပဲ ၊
    သဂျီးပြောတဲ့ အမဲသားက ဈေးမြောက်လွန်းတာရယ် ချက်ချိန်ကြာတာရယ်ကြောင့် မစားဖြစ်တာ ကြာပေါ့
    ပုံမှန်ဆိုရင်တော့ ဝက် ငါး တစ်မျိုးမျိုးနဲ့ အသီးအရွက် ၊ ကြက်က စီပီမကြိုက်လို့ တောင်ပံလောက်ပဲ ကြော်စားဖြစ်ပါတယ်

  • ဝင့်ပြုံးမြင့်

    August 11, 2015 at 6:19 pm

    .မြန်မာပြည်မှာ လာနေပြီး လက်တွေ့ကျကျ စဉ်းစားကြည့်ရင် စားစရာ သိပ်မရှိဘူး။ ခြံဝယ်ပြီး ကိုယ်တိုင်စိုက်စား ရမယ့်ပုံ။

    • မြစပဲရိုး

      August 11, 2015 at 10:03 pm

      အသီးအနှံ တွေ ငါး တွေ ပေါမှပေါ ပါ ပြုံး ရယ်။
      အသေအချာ ကျန်းမာရေး နဲ့ ညီ အောင် ချက်ဖို့ ဘဲ လိုတာ။
      အဲဒါ တွေ ကို ဒီလို နေရာမှာ ဘယ်ရလိမ့် မလဲ။

  • မြစပဲရိုး

    August 11, 2015 at 10:01 pm

    You are what you eat တဲ့။

    တကယ်တော့ ပြောသာပြောတာ။
    မြန်မာတွေ အများစု ကတော့ အသက်မရှည်လဲနေကြိုက်တာလေး စား ရ ပြီးရော။ တွေ။
    ကိုယ်လဲ ပါပါတယ်။
    ရွှေပြည်ပြန်တုန်းက လက်ဖက် တစ်ဗူး အကြော်က တစ်ဗူး ပါလာတယ်။
    Packing တကယ်ကောင်းတာနော်။ Tin ဗူးလို သံ အဖုံးအပိတ်နဲ့။ တော်ရုံ ဆီ မစိမ့်နိုင်တော့ဘူး။
    Expired date လဲ ပါတယ်။
    တကယ်တော့ စားဖို့ မေ့နေတာ။
    သတိရလို့ ကြည့်တော့ ရက်ကျော် နေပြီ။ ဇွန် မှာ ကုန် နေတာ။
    ပစ် ရမှာလဲ နှမြော။ စားလိုက်တယ်။ 😉

    စားပြီး တော့လဲ သိတယ်။ ပါးစပ်ထဲ မှာ MSG အရသာ တစ်ထွေးကြီး။
    အဟာရ မဖြစ်တဲ့ အပြင် အန္တရာယ်ဖြစ်မှာလဲသိ။

    ဒါကို သိသိ ကြီး နဲ့ ဘဲ ….
    အဲဒီဗူးကျန်နေသေးတယ်။ ရေခဲ သေတ္တာထဲ ထည့်ထားလိုက်တယ်။
    ကုန်အောင်တော့ စားလိုက်တော့မယ်။
    lol:-)))

    PS – သများ “ဥ” တွေ စောင့်နေ သနော်။ အာ့လေး သတိ ဝင် ပေးတာ။ :-))

    • kai

      August 12, 2015 at 2:26 am

      U Phey Seyn ဖေ့ဘုတ်မှ…


      =

      ***လဖက်သုတ်ထဲမှ ကျန်းမာရေးဆိုးဝါးစွာထိခိုက်စေမည့်
      ====================================
      ပဲကြမ်းကြော်အန္တရာယ် နှင့် လက်တွေ့စမ်းသပ်ချက်*** (ဖတ်ကြည့်ပါ။)
      ===================================
      မြန်မာနိုင်ငံသားမှန်ရင် လဖက်သုတ်မကြိုက်တဲ့သူ မရှိသလောက် ရှားပါလိမ့်မယ်။
      ကျွန်တော်တို့အိမ်မှာလည်း လဖက်နဲ့ ပဲကြမ်းကြော် မပြတ်သလောက်ကို
      ဝယ်ပြီးထားတတ်ပါတယ်။
      ဟိုတစ်လောက FB ပေါ်မှာ တစ်ချို့ဆိုင်က အီကြာကွေးတွေနဲ့၊ လဖက်နဲ့စားတဲ့
      ပဲကြမ်းကြော်တွေကို ရေရှည်ကြွတ်ရွစေဖို့ ရေသန့်ဘူးခွံတွေထည့်ကြော်တယ်
      ဆိုတာ ဖတ်လိုက်ရပေမဲ့ အမှုမဲ့ အမှတ်မဲ့ နေပြီး လဖက်သုတ်ကို နှစ်သက်စွာ
      ဆက်ပြီး စားနေခဲ့ပါတယ်။
      ဒီနေ့ မနက်စာ ကျွန်တော့အိမ်မှာဝယ်ထားတဲ့ လဖက်နဲ့ပဲကြမ်းကြော်တွေကို
      ထမင်းကြော်နဲ့စားဖို့လုပ်တော့ လဖက်ကမျက်စိမှိတ်ရလောက်အောင်ကို
      အချဉ်မှုန့်တွေနဲ့နယ်ထားလို့ ချဉ်စုတ်နေပြီး၊ ပဲကြမ်းကြော်ကလည်း မတရားကို
      ကြွတ်ရွနေလို့ မစားတော့ဘဲဘေးဖယ်ထားပြီး၊ FB ထဲမှာရေးထားတဲ့အကြောင်း
      ကိုသတိရမိတယ်။ ဒါကြောင့် စိတ်ကူးတစ်ခုရလာပြီး လက်တွေ့စမ်းသပ်ချက်တစ်ခု
      လုပ်ကြည့်ဖို့စဉ်းစားလိုက်တယ်။

      အဲဒါကတော့…… ကြွတ်ရွနေတဲ့ ပဲကြမ်းကြော် နှစ်ဇွန်းလောက်ကို အိုးငယ်လေး
      တစ်လုံးထဲထည့်ပြီး ရေနည်းနည်းထည့်ကာ မီးပေါ်တင်ပြီး ပွက်ပွက်ဆူအောင်
      တင်လိုက်တယ်။ ဆူလာတော့ ခဏအအေးခံပြီး ရေခဲသေတ္တာထဲ ၁၅-၂ဝ မိနစ်လောက်
      ထည့်ပြီး ပြန်ထုတ်ကြည့်လိုက်တော့၊ ထင်ထားတဲ့အတိုင်း ပလပ်စတစ်အချပ်လိုက် နဲ့
      ပဲကြော်ပြုတ်ရည်အနည်းငယ်ကို ဓါတ်ပုံမှာပါတဲ့အတိုင်းတွေ့လိုက်ရပါတော့တယ်။

      အဲဒီတော့ သေချာတာက ပဲကြမ်းကြော်တွေအားလုံးနီးပါး ကြာရှည်ကြွတ်ရွစေဖို့
      ရေသန့်ဘူးခွံတွေထည့်ကြော်တယ်ဆိုတာပါဘဲ။ ဒါတွေကို စားမိနေတဲ့
      ကျွန်တော်တို့တွေရဲ့အစာအိမ်ထဲမှာ ပလပ်စတစ်တွေဘယ်လောက်များ
      နေပြီလဲ……… ဒိ ပလပ်စတစ်တွေကရော ကြာလာရင် လူတွေကို ဘယ်လို
      ကျန်းမာရေးအန္တရာယ်ဆိုးတွေဖြစ်ပေါ်စေမလဲ……… ဆိုတာတွေကို
      ဘယ်သူမှ အတိအကျမသိနိုင်ကြပါဘူး။
      ဒါကြောင့် လဖက်သုတ်ကို လုံးဝမဖြတ်နိုင်ရင်တောင်၊ လျှော့စားတာတို့၊
      ကြာမှစားတာတို့ လုပ်သင့်တယ်လို့ အားလုံးကို အကြံပြုလိုပါတယ်ခင်ဗျား…………
      ***(ဆန္ဒရှိလျှင် လွတ်လပ်စွာ share နိုင်ကြပါတယ်)***

  • Mike

    August 12, 2015 at 10:39 am

    .မြန်မာပြည်မှာကြောက်တတ်ရင် ဘာမှတောင်စားဖြစ်မှာမဟုတ်တော့ဘူးဗျ
    .ထမင်းအနပ်တိုင်း အသီးအရွက်တစ်မျိုးမဟုတ်တစ်မျိုးပါအောင်တော့စားနေတာပါပဲ
    .ပင်လယ်ငါးကိုတော့ လူတွေအစားနည်းနေတယ်မှတ်တယ်…ဈေးထဲမှာတောင်သိပ်မတွေ့ရ

  • manawphyulay

    August 12, 2015 at 2:13 pm

    အစားအသောက်ကတော့ မနောတစ်ယောက်တော့ဖြင့် အစုံစားထဲမှာ မပါဝင်ဘူးလို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ အစားအသောက်ကြေးများတာတော့မဟုတ်ပေမယ့် ဝက်သားအမဲသား မစားရတာနဲ့ ဟိုဟာဆိုလည်း မကြိုက် ဒီဟာဆိုလည်း မကြိုက်နဲ့ကို ဘာမှမစားဖြစ်တာပါပဲ။ ခုတောင် ပေါင်ချိန်ကျနေလို့ စိတ်ညစ်နေလေရဲ့…

    • kai

      August 12, 2015 at 2:37 pm

      ဗိုက်ကပူနေတုံးမဟုတ်လား..
      ကိုယ်စားသမျှ.. ကလေးမျှဆီသွားမှာမို့.. မိခင်စိတ်နဲ့.. အသားကုန်သာစားပေတော့…
      ဒီလပိုင်းလေး စိတ်ပြင်ပြီး.. တွန်းတင်လိုက်တာဟာ.. ကလေးဘဝတသက်စာဖြစ်သွားမှာပါ..။

  • Alinsett @ Maung Thura

    August 12, 2015 at 2:35 pm

    အနော်ကတော့ အခုစားချင်လာတာကို ရအောင် ရှာကြံစားတဲ့နည်းနဲ့ နေ နေတယ်။
    :k:

  • Ma Ma

    August 13, 2015 at 7:38 pm

    အသီးအရွက်ကိုတော့ မြန်မာထမင်းဟင်းမှာ အကြော်အချက်လို တမျိုး၊ အတို့အမြှုပ်လို တမျိုး ထည့်စားတဲ့အကျင့်ရှိတာမို့ အသီးအရွက်အတွက်က အချိုးကျပါဝင်ပြီးသား ဖြစ်နေလောက်တယ်။

    အငံများတာနဲ့ ဆီများတာက မြန်မာထမင်းဟင်းရဲ့ အဓိကပြဿနာ ဖြစ်လောက်တယ်။

    ရခိုင်သူငယ်ချင်းတစ်ယောက်ပြောပြတဲ့ ရခိုင်ဟင်းချက်နည်းတွေဆိုရင် များသောအားဖြင့် ဆီလည်းမများပဲ အစပ်အတွက်လည်း ငြုပ်သီးစိမ်းကို သုံးတော့ ငြုပ်သီးခြောက်လို မှိုလည်း မကြောက်ရဘဲ အနံ့တမျိုးလေးနဲ့ စားကောင်းတယ်။

    အစားအစာတွေကို မစားသုံးသင့်တာတွေနဲ့ စီမံပြီး ရောင်းချချက်ပြုတ်စားသောက်နေကြရတာကိုတော့ ဆင်းရဲတာကြောင့်လား၊ အသိဉာဏ်နည်းလွန်းတာကြောင့်လား မပြောတတ်တော့ဘူး။

    နောက်ဆုံးတော့ အတိုက်အခံမကောင်းလို့ (ခွက်ဒစ်တူ မောင်ဂီ) လို့ပဲ အပြစ်တင်ရတော့မယ်။ :e:

  • ဟေသီ

    August 14, 2015 at 11:31 am

    အမေက ငယ်ငယ်တည်းက အစုံစားအောင် ကျင့်ပေးထားတယ်။ အမဲသားကိုလည်း စားသင့်စားရမယ့် အချိန်မှာ စားကို စားရအောင်လည်း ကျင့်ပေးထားတယ်။ ကိုယ့်ဘာကို ရှောင်ပြီး မစားလို့သာ အမဲသား မစားဘူး ဖြစ်သွားတာ။ အသီးအရွက်တို့ ပဲအမျိုးမျိုးနဲ့ အခြား အစားအစာတွေကတော့ စုံအောင် စားဖြစ်တယ်။ အစုံမစားရင် အမေက မကြိုက်ဘူး။ အရသာကိုလည်း ချိုချဉ်ဖန်စပ်ခါး အကုန်စားခိုင်းတယ်။ အာ့ကြောင့်လည်း လူက ထွားထွားကြီးနဲ့ ဆင်ကိုးစီး စားမကုန်ဖြစ်နေတာနဲ့ တူပါတယ်။

    • ဦးကြောင်ကြီး

      August 14, 2015 at 11:54 am

      မဟေသီ စားဖို့ ကြောင်သား ကျွေးဗ ျဆေ..

  • ဟေသီ

    August 14, 2015 at 12:31 pm

    အော် လူကို လူရိုင်းမတွေလို အစုံအစုံ စားနေတယ်လို့ ထင်နေတယ်နဲ့ တူပါတယ်……………..

    • Ma Ma

      August 16, 2015 at 12:00 am

      ကြောင်သားဆိုရင် လက်နှေးကြမှာ မဟုတ်ဘူး။
      အရေဆုတ်ပြီး ကြွပ်အောင်ကျော်ထားရင်………..
      မြည်းမယ့်သူ ရှိလားးးးးး ရွာသူားတွေ :k:

      • မြစပဲရိုး

        August 16, 2015 at 12:09 am

        သများတော့ စားဝူး။
        . ကြောင်သားဆိုတာ နံတယ်တဲ့။ lol:-))))

Leave a Reply