မိုးရယ်ရပ်တန့်ပေးပါ

ကာရံAugust 7, 20151min1917

မိုးရယ် ရပ်တန့်ပေးပါ

အလွမ်းဆွေ ရွာတဲ့မိုးကြောင့်
စမ်းရေမငြိမ်သက်ပေဘူး
စခန်းတွေ လေထန်လေရော့သလားလေ

တို့ဘဝတွေ ပန်းခရေလို မြေမှာကျဲပြန်ပေါ့
မသနားစိမ်းကားကာ ရွာတဲ့မိုးကြောင့်
စားစရာအသာထား ပြေးရှာကာရှောင်ပုန်းမယ်
မိုးရယ် ခဏလေးတော့ ရပ်ပေးပါလားကွယ်

ဥတုရာသီတောကိုမှီတဲ့ ပြောဖူးတဲ့ရှေးစကား
တောတောင်ရယ်ပျောက်လေပြီပေါ့
ခုအခြေအနေမလှပေဘူး ဘဝတွေ ခါးခဲ့ပါပြီ

ကြမ္မာရယ် ဆန်းကြယ်ပြီမို့ အတိတ်ကံအခြေပြောင်းအောင်
တို့တစ်တွေဆုတောင်းလိုက်ပါတယ်
မိုးရယ် ရပ်တန့်ပါစေသား

ကာရံ ရ ့၈ ့၂၀၁၅

7 comments

  • Foolish Girl

    August 7, 2015 at 12:08 pm

    မိုးရယ် ရပ်တန့်ပါစေသား……..

  • Mike

    August 7, 2015 at 1:38 pm

    .အချိန်အခါနဲ့အင်မတန်လှေ ျာ်ညိတဲ့ကဗျာကောင်းလေးပါ…
    .မိုးတစ်ပါတ်လောက်ပြတ်ရင်တောင်ရပြီ…
    .♫♪♫မိုးရွာတာရပ်လိုက်ပေးပါ…….

    • ကာရံ

      August 7, 2015 at 11:05 pm

      ဟုတ်ပ အစ်ကိုက

  • Ma Ma

    August 8, 2015 at 7:53 am

    ရေကြီးရေလျှံလို့ နေကြရတဲ့အချိန်မှာ မိုးရိပ်မြင်တာနဲ့တင် စိတ်ဆင်းရဲတယ်။ 🙁

  • kai

    August 8, 2015 at 8:45 am

    မိုးရယ်.. ရွာပေးပါ..။
    နောက်တာမဟုတ်..
    တကယ်ကို.. ခြောက်သွေ့နေတာ..။ တောမီးတွေလောင်နေတာ…။
    ရေတွေပြတ်နေတာ…။
    အခြေအနေမကောင်း..။

    တပါတ်လောက်တောက်လျှောက်.. သဲကြီးမဲကြီးရွာပေးပါ..။ :k:

    ( မိုးနတ်မင်းဆိုတဲ့အကောင်သာရှိရင်.. ရွာလည်နေပြီ။ ဟိုကတမျိုး.. ဒီကတမျိုး.. )

    • kai

      August 12, 2015 at 9:04 am

      California Drought – State of California
      ca.gov/drought/
      California
      With California facing one of the most severe droughts on record, Governor Brown declared a drought State of Emergency in January and directed state officials …
      ‎Read More – ‎Summary of Water … – ‎Drought Information – ‎

Leave a Reply