ဒါဇင်ပလပ်စ်နှင့်ရေဘေးအလှူ

Shwe EiAugust 8, 20152min44414

ဒါဇင်ပလပ်စ်အဖွဲ့မှ ၄ရက် ဩဂတ်စ် ၂၀၁၅
ည ကိုးနာရီတွင် ရန်ကုန်မြို့မှာ စတင်ထွက်ခွါပြီး
၅ရက် ဩဂတ်စ် နေ့လည် ၁၂ နာရီတွင် မကွေး
မြို့သို့ရောက်ရှိခဲ့ပါသည်။
မကွေးမြို့တွင် လှူဒါန်းရန် ဝယ်ယူသော
ပစ္စည်းစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
အိမ်ထောင်စု ၃၀ဝ အတွက်
တစ်အိမ်ထောင်လျှင်. . .

၁.ဆန် တစ်ပြည်
၂.ဆီ ၂ဝသား
၃.ငါးသေတ္တာ ဘူးကြီး၃ဘူး
၄. ခေါက်ဆွဲခြောက် ၅ထုပ်
၅. ကွေကာ ၁ဝထုပ်
၆.ဓါတ်ဆား၅ထုပ်
၇.ဖယောင်းတိုင် အကြီး ၃ထုပ်
၈.မီးခြစ်၁ဘူး
၉.ဓါတ်မီး (၂တောင့်ထိုး) ၁လက်
၁၀.ရေသန့်ဆေး ၁ထုပ်
၁၁.မိုးကာစ ၃ပေ ၁စ
၁၂.ဖူူဂျီဆပ်ပြာ ၃ထုပ်
၁၃. အမျိုးသမီးသုံးပစ္စည်း ၁ထုပ်
၁၄.အတွင်းခံဘောင်းဘီ ၂ထည်
ခန့်မှန်းခြေ တစ်အိမ်ထောင်လျှင် တစ်သောင်းကျပ်ခန့်
ဖြစ်ပါသည်။

Before Packing

After Packing

ကျားဝတ် မဝတ် ခလေးဝတ် အဝတ်အစား
အနည်းငယ်ကိုလဲ လှူဖြစ်တဲ့ရွာတွေကို
မျှပေးခဲ့ပါသည်။

ရွာအရေအတွက်မှာအောက်ပါအတိုင်းဖြစ်ပါသည်။
၁) ပေါက်စုရွာ အိမ်ထောင်စု ၂၀ဝ ဝန်းကျင်
၂) ချွန်းစုရွာ အိမ်ထောင်စု၂၀ဝ ဝန်းကျင်
၃)ဖိုးပေါက်စုရွာ အိမ်ထောင်စု ၁၅ဝ ဝန်းကျင်
၄) သာယာကုန်းရွာ အိမ်ထောင်စု ၁၅ဝ ဝန်းကျင်

အိမ်ထဲတွင် ရေများနေရွေ့ လမ်းပေါ်တွင် လူများနေသည်

အိမ်တိုင်ရာရောက် လိုက်ပို့သည်

မကွေးမြို့နဲ့အနီးတဝိုက်ဒေသများဖြစ်သည့်
စေတုတ္တရာ ပွင့်ဖြူ ကျောင်းတော်ရာ စသည့်
နေရာများသို့ သွားရောက်လှူဒါန်းသူ များ
အများ အပြားရှိပါသည်။ ကျေးရွာအများစုမှာ
ကုန်းတွင်းပိတ်ဖြစ်ရွေ့ ဆည်ရေသောက်
ဒေသများဖြစ်သည့်အလျောက် သယ်ယူ
ပို့ဆောင်ရန် စက်လှေ အခက်အခဲရှိပါသည်။
ကျောင်းတော်ရာမှမကွေးသို့ ၃နာရီခရီးရှိပါသည်။

ကို့ရွာသူားတွေအတွက် တနို်င်တပိုင် သယ်ကြသည်

မကွေးမှ ပြည်သို့ ညတွင်းချင်းဆက်လက်ထွက်ခွါလာရာ
ပြည်မြို့သို့ မနက်ဆယ်နာရီ ခန့်တွင်ရောက်ရှိပီး
မြန်အောင်သို့ ညနေ၃နာရီခွဲကျော်ကျော်တွင်
ရောက်ရှိပါသည်။
မှော်ဆရာတို့ အဖွဲ့ လာကြိုရွေ့ဝေဠုဝန်ကျောင်း
၌ ခေတ္တ နေရာချပြီး မြန်အောင်မြို့
အနီးတဝိုက်ရှိ ရေမြုပ် နေသော ကျေးရွာများ
အခြေအနေကိုစုံစမ်းရာ အောက်ပါအတိုင်း
ဖြစ်ပါသည်။

*************—–*********************
မြန်အောင်မြို့ ပဲတခွဲအုပ်စု မဲကင်းချောင်ကျေးရွာ
မှ ကျွဲများ နေရာရွှေ့ဖို့ အခက်ခဲ ဖြစ်နေပြီး
ရေထဲမှာ မတ်တပ်နေရတာ သုံး လေးရက်ကြာ
ပြီဖြစ်ကြောင်း . . .
ကျေးရွာနေ လူထုအတွက်လဲ
စားသောက်စရာနဲ့ ရေသန့်များ အရေးတကြီး
လိုအပ်နေကြောင်း . . နယ်ခံ ကယ်ဆယ်ရေး
အဖွဲ့ဝင်များထံမှ သတင်းရရှိပါသည်။

ဒါဇင်ပလပ်စ်အနေနဲ့ လက်ကျန် အလှူငွေ
၁၃သိန်းဘဲ ရှိတော့တာကြောင့် အောက်ပါစာ
ရင်းအတိုင်း အိမ်ထောင်စု ၃၀ဝ စာ လှူ ဒါန်းရန်
ရည်ရွယ်ထားပါသည်။
၁) ရေသန့် ၆လုံး
၂) သီးစုံဓါတ်ဆား ၃ထုပ်
၃) ခေါက်ဆွဲခြောက် ၅ထုပ်
၄) ကွေကာ ၁ဝထုပ်
၅) ဖယောင်းတိုင် ၃ထုပ် မီးခြစ်၁လုံး
ခန့်မှန်းခြေ ၄၅၀ဝကျပ် ဝန်းကျင်ဖြစ်ပါသည်။

ယနေ့ သွားရောက်မည့် ကျေးရွာများ
အခြေနေကို ဓါတ်ပုံနှင့်တကွ ဆက်လက်
တင်ပြပါမည်။
ယခုပို့စ်ကို မြန်အောင်မြို့မှ ရေးပါသည်။
၈ရက် ဩဂတ်စ် စနေနေ့ နံနက် ၆းဝ၆ နာရီ

လှူဒါန်းခဲ့သော ကျေးရွာများ မှာ…

၁) ဇီးကုန်းကျွန်းကျေးရွာ
၂) ပြင်စုကျေးရွာ
၃) သုံးဆယ်ကျွန်းကျေးရွာ (၁/၂)
၄) နှစ်ကျပ်ကျွန်းကျေးရွာ (၁/၂)
၅) အောင်ဘာလေကျေးရွာ
၆) တစ်ကြိုးခွဲကျေးရွာ

ပန်းတောင်းမြို့အဝင်လမ်းတစ်နေရာ

တီရှပ်ပေါ်တွင် Caricature ဆွဲပေးခြင်းဖြင့် ရေဘေးသင့်ပြည်သူများအတွက် အလှူခံ

မှော်ဆရာနှင့်အဖွဲ့အား ကျေးဇူးတင်ပါသည်

တစ်ရွာဝင်တစ်ရွာထွက်

သယ်နိင်သမျှအကြီးဆုံးလှေက၁၄ပေထက်မကျော်

ကျေးဇူးတင်ပါသည်

Edited by

ရွှေအိ
(13th Aug 2015)

14 comments

  • အမြဲတမ်းလှူဒါန်းနိုင်အောင် ကြိုးပမ်းအားထုတ်နေတဲ့ ဒါဇင်ပလပ်အဖွဲကို လေးစားပါတယ်

    ဆက်လက်အောင်မြင်အောင်ထမ်းဆောင်နိုင်ပါစေ

    • Shwe Ei

      August 13, 2015 at 3:00 pm

      -ဆုတောင်းပေးတာ ကျေးဇူးပါ လေးလေးရေ..
      -ရွာသူားအားလုံး တတ်နိုင်သမျှ ဝိုင်းကူနေကြတာတွေ့ရလို့ ဝမ်းသာမိပါတယ်..

  • ဂန္ဓာရီ ဆြာအုပ်

    August 8, 2015 at 12:17 pm

    အားပေးပါတယ်.. ကျွဲလေးတွေ သနားစရာ ခေါ်လာခဲ့ပါလား ငင်

    • Shwe Ei

      August 13, 2015 at 3:09 pm

      -ကျွဲတစ်ကောင်ကိုလှေပေါ်ဆွဲတင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ဘဲဗျ..
      -ကယ်ဆယ်ရေးလုပ်မယ်ဆိုရင်တောင် သင်္ဘောကြီးကြီးလိုတာ..
      -ဖြစ်နိုင်တာက ရွာထဲမှာဘဲ နုန်းမြေတွေကို တောင်ပို့ဖြစ်အောင်..
      -ပန့်နဲ့မှုတ်တင်ပြီး… ရေပေါ်မှာကုန်းမြေပေါ်လာမှ ကျွဲ နွားတွေကို ကုန်းပေါ်တင်
      -လူတွေက ရေလွတ်ရာရွှေ့နေ..အိုက်လိုဘဲရမယ်

  • ဇီဇီခင်ဇော်

    August 9, 2015 at 7:53 am

    ဒီ အလှူအတွက် ဒါဇင်ပလပ် ကိုရော
    ကောလင်း အလှူတုန်းက အတွက် ကိုရဲစည်ကိုရော
    မကွေးတိုင်း အလှူအတွက် အောင်မိုးသူတို့ကိုရော ဒီနေရာကနေ ကျေးဇူးတင်ပါတယ်။

    ကိုယ့်အလှူ ဘယ်လောက်ထိရောက်တယ်ဆိုတာ မြင်နိုင်လို့ပါ။

    သာဓု သာဓု သာဓု

    • Shwe Ei

      August 13, 2015 at 3:13 pm

      -အလှူအတွက်လဲ ကျေးဇူးပါ ဇီဇီ 🙂

  • black chaw

    August 11, 2015 at 8:19 am

    လှူဖြစ် အောင် စုစည်းနို်င်သော
    အပင်ပန်းခံပေးနိုင်ကြသော
    ဒါဇင်ပလပ်စ် အဖွဲ့ က လူငယ်တွေ ကို လေးစားပါတယ်ဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

    • Shwe Ei

      August 13, 2015 at 3:15 pm

      -ဒါဇင်ပလပ်စ်အတွက်လဲ အမှတ်တရ ဖြစ်တဲ့ အလှူတစ်ခုပေ့ါဗာျ 🙂

  • ဦးကျောက်ခဲ

    August 11, 2015 at 9:44 am

    အလှုတော်ငွေပါဝင်တာကလွဲပြီး ကိုယ်တိုင်ကိုယ်ကျ မလှုနိုင်တဲ့ဘဝမို့…
    ရွာထဲက ဝိသကြုံ ဒါဇင်ပလပ်စ်အဖွဲ့ကို ကျေးဇူးတင်ပါတယ်လို့…
    သည့်ထက်ပိုပြီး စွမ်းဆောင်နိုင်ကြပါစေ ခင်ဗျား…

    • Shwe Ei

      August 13, 2015 at 3:17 pm

      -နောက်တစ်ခေါက်သွားချင်သေးတာ..အန်ကယ်ကျောက်စ်ရေ..

  • Mike

    August 11, 2015 at 11:49 am

    .ထိရောက်တယ်..သဘောက ျတယ်…အဖွဲ့သားတွေကိုလေးစားချီးက ျူ းပါတယ်

    • Shwe Ei

      August 13, 2015 at 3:40 pm

      -ထိရောက်တာမှန်ပေမဲ့..စကားတော့ ပြောရတယ်ဗျ…
      -အလှူအဖွဲ့လာမဲ့အကြောင်း အုပ်ချုပ်ရေးမှုးကို အကြောင်းမကြားလို့ဆိုပြီး ရန်လာတွေ့တာကတစ်မျိုး
      -လှူချင်ရက်လက်တို့ အဖွဲ့လာမှဘဲ ဝန်ကြီးရောက်နေလို့ သွားကြိုတာနဲ့ တိုက်ဆိုင်ပြီး
      -လူမတွေ့ရဘဲ အထုပ်ချပြီး ပြန်ခဲ့ရတာက တမျိုး… 😛

Leave a Reply