“နေဝင်စရယ်က ရောင်စုံခြယ်” (ဓါတ်ပုံပိုစ်)

“နေဝင်စရယ်က ရောင်စုံခြယ်” (ဓါတ်ပုံပိုစ်)

အခုရက်ကျနော်ရောက်နေတဲ့အရပ်မှာမိုးနေ့တိုင်းရွာပါတယ်။

တစ်ခါတစ်လေ တစ်နေကုန် တဖွဲဖွဲ။

တစ်ခါတစ်လေတော့လဲရွာလိုက်တိတ်လိုက်။

တစ်ခါတစ်လေ နေပွင့်လိုက်မိုးရွာလိုက်။

မိုးကိုလဲ မရွာစေချင်ပါဘူး။

ဒီအထက်ကရွာတဲ့မိုးကအောက်ဖက်ကလူကိုသွားဒုက္ခပေးမှာသေချာနေတာကိုး။

မိုးရွာတာက

အလုပ်ဖွင့်တဲ့ရက် မှာတော့  သိပ်ပြဿနာမရှိ။

အလုပ် လုပ်နေရင်းက အချိန်ကုန်မှန်းမသိကုန်သွားတတ်ပါတယ်။

အလုပ်ပိတ်ရက်မှာတော့ အိမ်ထဲမှာနေရတာပျင်းလာပါလေရော။

 

 

ပြီးခဲ့တဲ့ ဥပုဒ်နေ့ ကတော့ မိုးက ဖွဲဖွဲလေးကျလိုက်တိတ်လိုက်နဲ့။

ညနေပိုင်းတော့ မိုးရိပ်ရှိပေမယ့် မိုးကမရွာပါဘူး။

ဒါနဲ့ဘဲအညောင်းပြောဆိုပြီး မြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ ကစားကွင်းဘက်ကို လမ်းလျှောက်ဘို့သွားခဲ့ပါတယ်။

ကျနော်နေတဲ့အိမ်နဲ့ဆိုရင်ဆယ်မိနစ်လောက်လောက်ဘဲဆိုင်ကယ်မောင်းရပါတယ်။

အဲဒီနေရာက သစ်တောပင်အစုလေးတွေနဲ့ အုတ်ခင်းလမ်းတဲ့ဆိုတော့ ညနေခင်းမှာလမ်းလျောက်လာသူတွေအများကြီးပါဘဲ။

အဘိုးအဘွားအရွယ်တွေရော

လူလတ်ပိုင်းရော

ကလေးတွေနဲ့မိသားစုတွေရော

လူငယ်လေးတွေရော စည်ကားလှပါတယ်။

အဝင်ဝမှာဆိုင်ကယ် ကားထားခဲ့ရပါတယ်။

ကိုယ်ဘာသာကိုသော့ခတ်။

အစောင့်ရဲတွေရှိပေမယ့် ယာဉ်အပ်ခမပေးရ။

အဲဒီ လမ်းလျောက်စရာနေရာနဲ့ကလေးကစားကွင်းနဲ့တွဲနေပါတယ်။

လာကစားတဲ့ကလေးတွေလဲအများကြီး။

အဲဒိနေ့က လမ်းလျောက်မယ်ရည်ရွယ်တော့ ကင်မရာပါမသွားပါဘူူး။

ကင်မရာမပါ မှ လှလိုက်တဲ့ နေဝင်ဆည်းဆာ။

ကဲ ကြည့်လိုက်စမ်းပါအုံး။

1 ပန်းခြံထဲသို့ အဝင်
1 ပန်းခြံထဲသို့ အဝင်
2 ရိုးတံမဲ့
2 အရွက်မဲ့
3 ငန်းတို့ပျော်ရာ
3 ငန်းတို့ပျော်ရာ
4 သံသရာ စက်ဝန်း
4 သံသရာ စက်ဝန်း
5ပျော်ရွှင်စွာကစား
5ပျော်ရွှင်စွာကစား
6 ခုန် ခုန် ခုန်
6 ခုန် ခုန် ခုန်
7 လမ်းလျောက်မယ်
7 လမ်းလျောက်မယ်
8 တိမ်အလွင့်
8 တိမ်အလွင့်
9 လွင့်မျှောနေသောတိမ်
9 လွင့်မျှောနေသောတိမ်
10နုတ်ဆက်ချိန်
10နုတ်ဆက်ချိန်
12သွားစို့နော်
12သွားစို့နော်
13 မျှော်လင့်နေသူ
13 မျှော်လင့်နေသူ

8 comments

  • Mike

    August 12, 2015 at 3:31 pm

    .နေညိုချိန်တိမ်တောက်တဲ့အခါ…တရုတ်ကြီးအနားမှာ..စာဥတို့သူငယ်ချင်းမတွေ အလုပ်ဆင်းလို့လာ…
    :)) :)) :))

    • ကိုမိုက်ရေ

      ပြီးခဲ့တဲ့ဝါဆိုလပြည့်နေက ရွှေလီတံတားပေါ်မှာ မြန်မာတွေ ရှမ်းတွေ အပြည့်ဘဲ။.
      ဘုရားသွားကြတာ။
      အဲဒီတော့ မှ ဒီ တရုပ်ပြည်နယ်စပ်မြို့လေးမှာ မြန်မာတွေအလုပ် လာလုပ်တယ် အများကြိးဆိုတာ သိလိုက်တယ်။
      ဓါတ်ပုံရိုက်ချင်ပေမယ့် တံတားပေါ်လူရှုပ်တော့ ရပ်မရလို့မှတ်တမ်းမတင်လိုက်ရဘူး။

  • manawphyulay

    August 12, 2015 at 4:39 pm

    ညနေခင်း လေပြေထဲမှာ…. မင်း ဆံပင်တွေ ….

    အဲ မှားလို့… နေဝင်ချိန် ငှက်ကလေးတွေအိပ်တန်းတက်ချိန်ကို အရမ်းသဘောအကျဆုံးပါပဲ….

  • သစ်ပင် တွေက လဲ တမျိုးလှ

    လူတွေကလဲ တစ်မျိုးကြွ

    တိမ်တွေက ပို လှ တယ်လို့ ထင်မိပါကြောင်း

Leave a Reply