ဒီ ရက်ပိုင်း ကွကိုယ်တော့ တည်ငြိမ်နေတယ်လို့ထင်တာပဲ။

ဟိ.။

:mrgreenn:
ဒါမဲ့ ဘေးက ဝိုင်းပြောကြတာက မြင်ရတာဒေါင်းတောက်နေတာပဲ တဲ့။

တောက်ခါမှ တောက်ရော။

ဒေါင်းတောက်တယ် ဆိုမှတော့ ဘယ်လောက် တောက်တောက်လွှတ်ထားလိုက်တော့တယ်။

:k:
ဘာရယ်မဟုတ်။ ညပိုင်းဆို ၃ နာရီထိ အိပ်မပျော်ဘူးးး

မတရားသဖြင့် ယှဉ်ပြိုင်နေရတဲ့ ပြိုင်ပွဲလို့ တွေးမိရင် ဒေါသပါလာပြီး ပိုဆိုးတယ်။

အဲဒါကိုမှ အသာစီးက မတရားယူထားတဲ့ အဘတွေကို မပြောရဲပဲ အမေစုကိုချည်း ဝေဖန်တဲ့ သူမြင်ရင် အစိမ်းသော အကျက်သော ကလော်ချင်နေတာခက်တယ်။

:evil:

အာ့ကြောင့် စိတ်ကို လျှော့… နိုင်ငံရေးမတင်ဘူး စိတ်တင်းပြီး တခြား ပေါက်ကရတွေ လျှောက်တင်တယ်။

ဒါမဲ့လည်း ဂနာမငြိမ် အမာစိန်ဖြစ်နေတာက သိသာတုန်းပဲ။

:mrgreen:

ထိုက်သင့်သလောက် ပညာ အရည်အချင်းနဲ့ ဘဝပေး အခြေအနေရှိရင် အမှားအမှန်ကို ခွဲခြားနိုင်တယ်လို့ ယူဆလို့ ဘယ်သူ့ကိုမှ ဘာမှ ပြောဖို့ မကြိုးစားတော့ဘူး

ဟိုတစ်နေ့က အမေစု ရဲ့ နိုင်လည်း ဘယ်လို ရင်ဆိုင်ရမယ်၊ အခန့်မသင့်လို့ ရှုံးရင်လည်း ဘယ်လို တည်ငြိမ်ပါ ဆိုတာလေး ဖတ်မိတော့ စိတ်အတော်အတန်အေးသွားတယ်။

.

.

.

မဲရေတွက်တာကို စိတ်ဝင်စားရင် စောင့်ကြည့်လို့ရပါတယ်၊ကိုယ့်မဲရုံမှာ ဘယ်သူနိုင်လဲဆိုတာ နားစွင့်ထားပါ၊

တစ်ညလုံးစောင့်ပြီးနားစွင့်ရမယ်ဆိုရင် ပျော်စရာကောင်းပါတယ်…

ကိုယ့်ရဲ့အပေါင်းအဖော်တွေနဲ့အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နားထောင်ကြပါ

ကိုယ့်ဘက်ကနိုင်ရင်လည်း သိပ်ပြီးအုတ်အော်သောင်းနင်းဖြစ်အောင်မလုပ်ပါနဲ့၊

ကံမကောင်းအကြောင်းမလှလို့ရှုံးခဲ့ရင်လည်း ဣန္ဒြေရရနေပေးကြပါ။

.

.

.

သူ ဖြတ်သန်းရမဲ့ ခရီးကြမ်းကို သူ့လောက် ဘယ်သူမှ မသိနိုင်ဘူးလေ။

သူ နိုင်မှ ဒီမို ခရီးကြမ်း ရဲ့ ခြေလှမ်းအစပါ။

ပထမ ခြေလှမ်း အတွက် လှမ်းဖို့ အတွက်ကိုကို ကျနော်တို့ အတော် စိတ်မောရင်မောနေရတယ်။

ဝဋ်ကြွေးကြီးပါတယ် မြန်မာပြည်ရယ်။

:cry:

ရလာဒ်ဟာ ဘာပဲထွက်ထွက် မြန်မာ နိုင်ငံရေးမှာ အမေစု ရှိနေသရွေ့  သူ့ဘက်က အမြဲရှိမဲ့ သူ အဖြစ်ကိုယ့်ကိုယ်ပဲစိတ်ချတယ်။

သူ့ထက်တော်သူပေါ်လာနိုင်ဦးတောင်…

သူ့လောက်စေတနာရှိသူ နိုင်ငံအတွက် တွေ့လာမယ်ကို မထင်သေးတာ။

:)

ခါတလေတော့လည်း သူ့ကို အတိုက်အခံ/ ပြိုင်ဘက်ကောင်း ရစေချင်တယ်။

NLD  ပါတီ အနိုင်ရရင်တောင် အတိုက်အခံပါတီကိုလေ……

စကားကို ပညာသားပါပါ မပြောတတ်တဲ့၊

ပါစင်နယ် အောက်လုံးထိုးတတ်တဲ့

ပညာမဲ့တဲ့

အပျင်းကြီးတဲ့၊

ရက်စက်တတ်တဲ့ သက်ကြားအို တွေ ပါတဲ့ ပါတီကို မဖြစ်စေချင်တာလည်း ကိုယ့်လောဘတစ်မျိုးပဲ။

(ကြောင်ကြောင့် ကို ပြန်ခေါ်ပြီး အတိုက်အခံပါတီ ထောင်ခိုင်းရမလားတော့မသိ)

:mrgreenn:

 

Anyway,

၆ ရက်ပဲ ကျန်တော့တယ်…

မြန်မာနိုင်ငံ ဟာ….

ကမာ္ဘ့ စာရင်းဝင် ငြိမ်းချမ်းရေး icon အမျိးသမီး ဦးဆောင်တဲ့ အရပ်သား အစိုးရနဲ့ တန်တဲ့ နိုင်ငံလားးးး???

ကမာ္ဘ့ အာဏာရှင် စာရင်းဝင် အစိုးရနဲ့ ပဲ တန်တဲ့နိုင်ငံလားး ???

အဖြေကို သိရတော့မယ်….!!!

အဲဒီ ၂ မျိုးးမှာ ဘာ ကို ရွေးချယ်ရမလဲ ဆိုတဲ့ ဆုံးဖြတ်ချက် ပိုင်ရှင်များ အပေါ်မူတည်ပြီးး

ကျနော် တို့ နိုင်ငံရဲ့ အကုသိုလ် ကံ နဲ့ ဒုက္ခ ဆင်းရဲ ကြွေးး ဘယ်လောက်ကျန်သလဲ သိရတော့ မှာပဲ…

 

Best of Luck, Burma..!!!

 

About ဇီဇီ

ဇီဇီ has written 357 post in this Website..

CJ # 129120