Adaline ရဲ့ အဖြစ်တော်ပုံ – KZ’s ကြည့်မိသမျှ

ဇီဇီAugust 12, 20152min23419

ကျနော်က ဒရမ်မာ ကား ဆို ပျင်း တယ်ဗျ။

အနည်းဆုံး ညွှန်းသူ ၂ ယောက်လောက် ရှိမှ ကြည့်ဖြစ်တယ်။

ဒီ တစ်လ တော့ စိတ်ထဲရောက်တဲ့ ဒရမ်မာ ရုပ်ရှင် တစ်ကား ပြောပြမယ်။

IMDB 7.3/10 မို့ ကြည့်ကောင်းတဲ့ ရုပ်ရှင်လို့ ပြောလို့ရပါတယ်။

 

The Age of Adaline (2015) တဲ့။

 

 

 

The Age of Adaline (2015)
The Age of Adaline (2015)

 

 

မင်းသားတွေက Harrison Ford ရယ်၊ Michiel Huisman ရယ်။

ကိုယ်တို့ မင်းသားကြီး Harrison Ford ကတော့ ပြောစရာမလိုဘူးပေါ့နော့။

မင်းသား အငယ်က Game of Thrones ထဲက နဂါးဘုရင်မဘေးက ကိုယ်ရံတော်လုပ်တဲ့ တစ်ယောက်ပါ။

အင်မတန် ဆွဲဆောင်မှုရှိပါတယ်။ အခိခိခိ။

:mrgreenn:

 

မင်းသမီးကတော့ Blake Lively တဲ့။

စ ကြည့်ခါစ ဘယ်လိုမှ လှတယ်မထင်တဲ့ မင်းသမီးက ကြည့်ရင်း ကြည့်ရင်း လှလာလိုက်တာ။

ပြင်တာဆင်တာရော ဝတ်တာစားတာရော အချိုးကိုကျလို့။ မော်ဒယ်(လ) မင်းသမီးကိုး…!!!

 

ဇာတ်လမ်း အကျဉ်းက ဂလိုပါ။

ဆွေကြီးမျိုးကြီးထဲက Adaline ဆိုတဲ့ အမျိုးသမီးလေးက အင်ဂျင်နီယာလေး တစ်ယောက်နဲ့ အိမ်ထောင်ကျ ပြီး သမီးလေး တစ်ယောက်ရတဲ့ နောက်ပိုင်း အချိန်မှာ ခင်ပွန်းဖြစ်သူ ကွယ်လွန်ပါတယ်။

သူ တစ်ယောက်တည်း သမီးလေးကို ပျိုးထောင်နေရင်း တစ်ရက် ခရီး တို တစ်ခု ကားမောင်းနေရင်း လမ်းချောပြီး ရေကန်ထဲ ကျပါတယ်။

အသက်ရှု ရပ်စ အချိန်မှာ ကန်ထဲကို မိုးကြိုးပစ်ရာက ပြန်နိုးလာခဲ့တာပါ။

အဲဒီနောက်ပိုင်း သူ့ရဲ့ အသက်ဟာ အသက် ၂၉ နှစ်ကနေ ကြီးမလာတော့ပါဘူး။ (အဲလေ) ရုပ်က အိုမင်းမသွားတော့ပါဘူးး

သူ့သမီးသာ သူ့ရှေ့တင် အသက်ကြီးလာတယ်။ သူက ဒီ ရုပ်ရည်နဲ့ပဲမို့ နေရတာ အခက်တွေ့လာပါတော့တယ်။

 

ကားလိုင်စင် စစ်ရင်တို့၊ဘဏ်အကောင်ဖွင့်ရင်တို့မှာ မသင်္ကာတာ ခံရပါတော့တယ်။

အဲဒီမှာ သူ့သမီးကို အိမ်မှာ ထားပြီး သူက နိုင်ငံ အနှံ့ ရွှေ့ပြောင်းနေရပါတော့တယ်။

သားအမိချင်းတော့ တစ်နှစ် တစ်ခါ ပုံမှန်တွေ့ဖြစ်ပါတယ်။

သူ့သမီး အသက် ၆ဝ လောက်မှာ သူချစ်နိုင်မဲ့ အမျိုးသားလေး တစ်ယောက်ကို ထပ်တွေ့ပါတယ်။

ကြားထဲမှာ တွေ့ခဲ့ပေမဲ့ သူ့လျှို့ဝှက်ချက်နဲ့ လက်ထပ်လို့ မရသူမို့ ဟိုဘက်က လက်ထပ်ခွင့်တောင်းမဲ့နေ့မှာ ရှောင်ခဲ့တာ ကြာပါပြီ။

အဲဒီ အမျိုးသားလေး ကို အတွေ့မှာတော့ကိုယ်တိုင်က ချစ်တာရော၊ သမီးဖြစ်သူက နားချတာရောမို့ လက်ထပ်ဖို့ တူတူနေဖို့ စဉ်းစားပြီး ကောင်လေး ခေါ်တဲ့ သူ့မိဘအိမ်ကို လိုက်သွားပါတယ်။

အဲဒီမှာ ကောင်လေး အဖေက သူ့ရဲ့ ချစ်သူဟောင်းပါ။

သူ့ဖြစ်ရပ်တွေ ပေါ်မလားး

ကောင်လေးသိသွားမလား၊

သူတို့ လက်ထပ်လို့ရပါ့မလား ဆိုတာတော့ ဆက်ကြည့် ကြကုန်။

.

.

ဒီကားကို ရိုက်သွားပုံက မပျင်းရသလို သရုတ်ဆောင်တွေကလည်း အပိုအလိုမရှိ ကွက်တိပါ။

အမျိုးသမီးက ဘဝမှာ ကြုံတွေ့ရတာ များလွန်းလို့ လူ့အကြောင်းကို ပါးပါးနပ်နပ်သိနေပေမဲ့လည်း

ဆရာမကြီး ပုံစံ မပေါက်ပဲ သူ့ကို ချဉ်းကပ်တဲ့ အမျိုးသားတွေကို ပညာသားပါပါ တုံ့ပြန်ပုံ၊

ငြင်းဆိုပုံ၊ မျက်နှာပေးလေးတွေကြောင့် မင်းသမီးဇာတ် ထားရကျိုးနပ်ပါဆိုတာ ညွှန်းချင်ပါတယ်။

 

:chit:

တခါတရံမှာ ကျနော်တို့ ကြောက်တာ သေချင်းတရားထက် ကိုယ်နဲ့ ချစ်တဲ့သူတွေနဲ့ ခွဲရတဲ့ ခံစားချက်ကို ပိုကြောက်ကြသလိုပဲ။

.
အမှန်တော့ မသေဆေးဆိုတာလည်း ကိုယ် တစ်ယောက်တည်း ရနေလို့ မကောင်းဘူးနော့။

.
ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်မျက်စိရှေ့မှာ ဆုံးရှုံးရတာလည်း ခံစားရချက် မသက်သာလှပါဘူးးး

19 comments

  • HMM

    August 12, 2015 at 2:39 pm

    အညွှန်းကောင်းလို့ကျိဖြစ်အောင်ကျိအုံးမယ်…. 😀

    • ဇီဇီခင်ဇော်

      August 12, 2015 at 3:15 pm

      ကြည့်ဖြစ်အောင် ကြည့်။
      ခိခိခိ

      :mrgreenn:

  • Alinsett @ Maung Thura

    August 12, 2015 at 2:41 pm

    ငင့်
    အခုမှ သတိရသွားပြီ
    သဂျားတို့ဆီက မမဂျီးရဲ့ အထွေဒေ အခုထိ မကျိရတေးဝူးးးး
    ရုပ်ရှင် ”ဆာ”နေပါတယ် ရှိုမှ

    • ဇီဇီခင်ဇော်

      August 12, 2015 at 3:14 pm

      ဟင်?
      တဂျား မကြည့်အားသေးဘူးးး
      အမြန်တောင်းကြည့်။

      :mrgreenn:

  • kai

    August 12, 2015 at 2:49 pm

    တခြားတော့မသိ… ပိုစတာဒီဇိုင်းက.. တော်တော်လှ…။
    စိတ်မှတ်တမ်းထဲထား.. အတုခိုးလိုက်သဗျ..။

    ရုပ်ရှင်လည်းကြည့်ပါမယ်..။

    • ဇီဇီခင်ဇော်

      August 12, 2015 at 3:08 pm

      အရင်က အဲဒီ လို ဓာတ်ပုံ အပလီကေးရှင်းတွေ စုထားတဲ့ ဝက်ဆိုက် ရှိတယ်။
      ကျနော် ခု ပြန်စင်းစားလို့ မရတော့လို့။

      ဒါမျိုးတွေ အကုန်လုပ်လို့ရတယ်။
      :k:

  • အောင် မိုးသူ

    August 12, 2015 at 3:48 pm

    အဲ့လိုလေးတွေ သိပ်ကြိုက်
    The Fault in Our Star
    Letter to Juliet
    The Lucky One
    The Last Song
    My Sassy Girl
    The Labor Day
    The Reader
    တို့ကိုလည်း အရမ်းကြိုက်

    • ဇီဇီခင်ဇော်

      August 12, 2015 at 3:50 pm

      အဟီးဟီးးး
      The Fault in Our Star လည်း ညွှန်းသူ အတော်များနေပြီ။
      အမက ဒရမ်မာ ဆို ကြည့်ပျင်းလို့။

      • အောင် မိုးသူ

        August 14, 2015 at 10:44 am

        နည်းနည်းတော့ ပျင်းစရာကောင်းတယ်။ ပျင်းစရာကောင်းတာ မကြိုက်ရင် The Labor Day, Letter to Juliet ကြည့်ပေါ့ ပျင်းစရာမကောင်းဘူး။

  • မြစပဲရိုး

    August 12, 2015 at 11:52 pm

    Thanks ZZ.
    He is so damn cute. (Harrison Ford)
    I watched it because of him. lol:-))))
    I didn’t expect it to be so good.
    But it was even though I don’t like happy ending like this.
    Adaline/ Jenny is not only pretty also very powerful.

    You won’t believe that that movie release date in here will be this Friday.

    • ဇီဇီခင်ဇော်

      August 13, 2015 at 7:06 am

      ကျနော် က သူပါမှန်းး မသိဘူးးး
      ခိခိ
      ဒရမ်မာထဲတော့ ပျင်းစရာ မကောင်းးတဲ့ ရုပ်ရှင်ပါ..

  • Wow

    August 14, 2015 at 10:17 am

    ခု အဲ့မင်းသမီးပုံတွေ ဂူဂယ်မှာ ရှာကျိနေတာ… မချောပဲ ကျိကောင်းနေတာ :kwi:

    • ဇီဇီခင်ဇော်

      August 14, 2015 at 10:19 am

      အဲ။
      အမူအရာကို ပါ ကျိကျိ။ ကြွေပြီး မီးမ ယူ ချင်လာလိမ့်မယ်။
      နာတို့ အကြိုက် ပုံ။

      :kwi:

  • ဟေသီ

    August 14, 2015 at 10:35 am

    အညွှန်းကောင်းချက် ကြည့်ချင်သွားပြီ ဒါပေသိ ဒီဇင်ဘာ စာမေးပွဲအတွက်လည်း ပြင်ရအုံးမယ် ဆိုတော့ကားးးး
    ရုပ်ရှင် တစ်ကားလောက် ကြည့်တာပဲလေ… အချိန်သိပ်မကုန်လောက်ပါဘူးနော်…. 😛

    • ဇီဇီခင်ဇော်

      August 14, 2015 at 11:14 am

      ၁ နာရီခွဲလောက်ပေါ့။
      ဟိဟိ။
      အိပ်ချိန်လျှော့ပြီး ထမင်းစားရင်း ကြည့်လေလို့။

      :mrgreenn:

    • ဦးကြောင်ကြီး

      August 14, 2015 at 11:59 am

      တူတူက ျိမား အဝှာကား … က ျားဆိုမှ… က ျား

  • ဦးကြောင်ကြီး

    August 14, 2015 at 11:48 am

    ဟိုကားအကြောင်းဆို တယေးနိုးလဲ ထပေါနိုင်ဒယ်.. ခု နီတင်တာတော ့ မီက ျားဖူး…

    • ဇီဇီခင်ဇော်

      August 14, 2015 at 11:54 am

      အာ့ဆို ပေါ ပ ။
      ခု ပေါ ပ လိုက်/။

      • ဦးကြောင်ကြီး

        August 14, 2015 at 12:00 pm

        ဒါစို နီပေါဒဲ့ လက်မဲဂ ျီးက စမဲ… မှောင်ထဲမှာ လက်မဲဂ ျီးက…… ဒန် တန့် တန်

Leave a Reply