Chappie (2015)

Foolish GirlAugust 11, 20151min1338

url

ဒီကားလေးက 2015 ခုနှစ်မှာထွက်ရှိတဲ့ကားသစ်လေးတစ်ကားပါ

ဒါရိုက်တာ Neill Blomkamp  ကရိုက်ကူးထားပါတယ်

Sharlto Copley ကစက်ရုပ် CHAPPiE ရဲ့အသံကိုသရုပ်ဖော်ပေးထားပါတယ်

Dev Patel ကတော့ Slumdog Millionaire ကားထဲကအိန္ဒိယမင်းသားပါ သူကတော့ Deon Wilson အနေနဲ့ သရုပ်ဆောင်ပေးထားပါတယ်

အမေရိကန်လက်နက်ကိုင်မာဖီးယားတွေအရမ်းသောင်းကျန်းတဲ့အတွက်အစိုးရကနေ စက်ရုပ်ရဲတွေကိုတီထွင်ပြီးနှိမ်နှင်းခဲ့တယ်။ Deon Wilson က စက်ရုပ်တွေထွင်တဲ့ Engineer တစ်ယောက်ဖြစ်ပါတယ်။အတိုချုံးပြောရရင် တစ်ခြားစက်ရုပ်တွေက ဘာလုပ်ပါဘာလုပ်ပါဆိုတဲ့ Command ပေးရတယ် CHAPPiE ကတော့အဲလိုမဟုတ်ဘဲ လူသားတစ်ယောက်မွေးဖွားလာပြီးအရာရာကိုသူကိုယ်တိုင်သင်ယူရသလိုအဲဒီစက်ရုပ်ကသူကိုယ်တိုင်အရာရာကိုလေ့လာရတယ် ဒါပေမယ့် သူကလေ့လာစွမ်းအားမှတ်ဉာဏ်တွေအရမ်းကောင်းတယ် စက်ရုပ်လေးကကလေးလေးလိုဖြစ်ပြီးသူ့လှုပ်ရှားမှုတွေသူ့ခံစားချက်တွေကိုကြည့်ရတာအရမ်းကောင်းလို့ဝေငှလိုက်တာပါ

အသေးစိတ်plot လေးကတော့အောက်မှာပြောထားတဲ့ wiki link မှာ ဖတ်ကြည့်လို့ရပါတယ်

https://en.wikipedia.org/wiki/Chappie_%28film%29

https://en.wikipedia.org/wiki/Chappie_%28film%29

 

8 comments

  • ဇီဇီခင်ဇော်

    August 11, 2015 at 12:17 pm

    ဟုတ်တယ်။
    အေအိုင် အကြောင်း တစ်စိတ်တစ်ဒေသပါတဲ့ ကား တစ်ကား ပေါ့။

    ဒီကားထဲလည်း ဗီလိန်ကို ဟူးဂျက်မန်း ကို သုံးသွားတာမို့ ရုပ်လုံးကြွသွားတယ်။

    Ex-machina ထက် ပိုကြိုက်တယ်။

  • kai

    August 11, 2015 at 2:19 pm

    ဘယ်လိုပြကြပြကြ… ဖြစ်လာမဲ့အမှန်တရားနဲ့ကနီးစပ်လာတယ်လို့.. ခံစားမိတယ်..။
    လူသားမျိုးပြုတ်ဖို့လည်း… သိပ်မလိုတော့ဘူးတင်တယ်…

    ဆိုတော့…
    အဲဒီအကောင်တွေလူတွေကိုအုပ်ချုပ်ချိန်ကြရင်.. .. ငါးပါးသီလသမားတွေ ဘယ်လိုလုပ်ကြမလဲ.. သိချင်..။

    Stephen Hawking Warns Artificial Intelligence Could End Humanity
    By Lauren Walker 5/14/15 at 3:50 PM“Computers will overtake humans with AI [artificial intelligence] at some point within the next 100 years,” Stephen Hawking, the renowned theoretical physicist and cosmologist, said on Tuesday at the Zeitgeist 2015 conference in London. “When that happens, we need to make sure the computers have goals aligned with ours.

  • (အဲဒီအကောင်တွေလူတွေကိုအုပ်ချုပ်ချိန်ကြရင်.. .. ငါးပါးသီလသမားတွေ ဘယ်လိုလုပ်ကြမလဲ.. သိချင်..။)

    လူရဲ့စိတ်ဆိုတာ မတည်မငြိ်မ်ဘဲ ပြောင်းလဲနေတဲ့အတွက်
    တည်ငြိမ်မှန်ကန်သောစိတ်ရှိအောင် ငါးပါးသီလနဲ့ထိန်းပါတယ်။

    သူများအသက်ကိုအကြောင်းမဲ့မသတ်ဘူး
    သူများကို ဒုက္ခရောက်အောင်ိလိ်မ်ညာမပြောဘူး
    သူများပစ္စည်းကို ခိုးမယူဘူး
    စိတ်အတွေးအခေါ်မှားစေတဲ့မူးယစ်စေတဲ့အရာကို မသုံးဘူး
    ကာမရာဂ အလုပ်တွေရှောင်ကြဉ်မယ်ဆိုပြီးသတ်မှတ်ခဲ့ပါတယ်

    စက်ရုပ်တွေမှာ ကိုယ်ပိုင်ခံစားမူ့မရှိဘူး။
    အဲတော့ ထည့်ပေးထားတာကလွဲရင်ဘာမှ ကွန့်ပြီးစဉ်းစားဘို့မတတ်ဘူး။
    ဒီတော့ စိတ်ကတသမတ်ထည်းရှိနေမယ်။

    အဲတော့ ဘယ်နိတိ ဘယ်အယူအဆ နဲ့ မှ သူ့စိတ်ကိုတည်ငြိမ်အောင်ထိန်းဘို့မလိုဘူး
    ထည့် ထားတဲ့ ဆားကစ်မဖောက်ရင် သူ့ အပြုအမူလဲ မဖောက်ဘူးပေ့ါ

    စက်ရုပ်ခေတ်မှာ ဘာကိုးကွယ် မူ့ မှလဲ ရှိဘို့ မလိုအပ်မှာကတော့ အမှန်ပါဘဲ

    • kai

      August 12, 2015 at 3:04 am

      ဆရာပေါက်.. အဲဒီ ချက်ပီနဲ့.. အိပ်စ်မကီနာ ရုပ်ရှင်တွေမကြည့်ရသေးဖူးထင်တယ်..။
      ရုပ်ရှင်တွေရဲ့..အဓိက.. ရည်ညွှန်းပြချက်က.. “စက်ရုပ်တွေမှာ ကိုယ်ပိုင်ခံစားမူ့ ရှိခြင်း” ဆိုတာကို အခြေခံသဗျ..။
      စတီဗင်ဟော့ကင်းက.. လာမယ့်နှစ်၁၀ဝ အတွင်း.. တချိန်ချိန်မှာ အေအိုင်ရိုဘော့တွေဖြစ်လာမယ်တဲ့..
      စွန့်ဦးထီထွင်သူတွေရဲ့.. ဘုရားတဆူဖြစ်တဲ့..Elon Musk နဲ့လည်း ဆွေးနွေးနေတယ်ကြားလိုက်သေး..
      တကယ့်အမှန်မှာတော့ သိပ်ကြာတော့မယ်မထင်…။

      ကျုပ်ကတော့.. အဲဒီအချိန်ရောက်ရင်.. ပထမဆုံး ပြိုကျပျက်ဆီးမှာက.. ထာဝရဘုရားသခင်က အရာရာကိုဖန်ဆင်းခြင်း ဆိုတဲ့…အယူအဆလို့ထင်တယ်…။
      နောက်တော့..
      ကမ္ဘာပျက်သွားတာ ဖြစ်လာမယ်ပေါ့.. :k:

  • ကျနော်က သိပ္ပွံဆန်းကြယ်လို စက်ရုပ်ကားလို လူသတ်ကား စုန်းကား တစ္ဆေကား မကြည့်တာများတယ်

    မကြိုက်လို့ပါ

    ဒီရုပ်ရှင်ကတော့ မကြည့် ဘူး သေးတာအမှန်ပါဘဲ

    ဒါပေမယ့် စက်ရုပ်က ကိုယ်ပိုင်ခံစားမူ့ရှိလာတယ်ဆိုပေမယ့်
    သူ့အထဲကို ထည့် ထားတဲ့ ဒေတာ ထက်တော် ကျော်လွန်ပြီး
    စဉ်းစားနိုင်စွမ်း ခံစားနိုင်စွမ်း ရှိမလာနိုင်ဘူးလို့တော့ ယုံကြည်ပါတယ်။

    နောက် လူ့ဘဝရဲ့ နေမူ့ထိုင်မူ့ စည်းကမ်းကို ဘာသာရေးနဲ့ တွဲပြီးထားကြတာက
    ဆုပေးဒဏ်ပေးစံနစ်လိုမြင်မိပါတယ်။
    ကောင်းတာလုပ်ရင် တက် နတ်ပြည်
    မကောင်းတာလုပ်ရင် ဆင်း ငရဲပြည်
    ဒါတွေက အလွယ်တကူ မမြင်နိုင် သက်သေပြလို့ မရနိုင်တာတွေနဲ့ ထိန်းချုပ်ထားတယ်လို့ဘဲမြင်ပါတယ်။

    ကောင်းအောင်နေဘို့ဆိုတာကတော့ ဒီဘာသာတရားက ချမှတ်တဲ့ စံနူန်းနဲ့နေမှ မဟုတ်ပါဘူး
    သူများကို မထိခိုက်အောင် နေရင် ကောင်းအောင်နေခြင်းပါဘဲ

    ဒါကတော့ ကျနော်တစ်ယောက်ထဲရဲ့ခံယူချက်ပါဘဲ

  • အောင် မိုးသူ

    August 12, 2015 at 9:35 am

    ချက်ပီကတော့ အရမ်းပေါက်မယ်ထင်ခဲ့ပြီး သိပ်မပေါက်ခဲ့သလိုပဲနော။ ခုနောက်ပိုင်း အခွေတွေသာ စုဖြစ်ပြီး မကြည့်မိသေးဘူး။

  • Alinsett @ Maung Thura

    August 12, 2015 at 2:39 pm

    .ကြည့်ပြီးတာ မကြာသေးဘူး။
    .ကြိုက်မိတဲ့ ဇာတ်ကားတစ်ကားပဲ ဆိုပါတော့. .

Leave a Reply