ရန်ကုန်- ဝါးခယ်မ ကားလမ်းပေါ်မှာ မြင်တွေ့ရမယ့် သီတဂူသုမေဓာဆေးရုံ (အစုကြီးကျေးရွာ)ဆိုင်းဘုတ်

လွန်ခဲ့တဲ့ ၄နှစ်လောက်က (၁၊ ၅၊ ၂၀၁၂)  မေဒေးနေ့မှာ သီတဂူသုမေဓာဆေးရုံ (အစုကြီးကျေးရွာ) ကို ရွာသူားတွေ စုပေါင်းပြီး ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းနိုင်ခဲ့ကြပါတယ်။

http://myanmargazette.net/119315

 

ရွာသူားတွေ စည်းစည်းလုံးလုံး တက်တက်ကြွကြွရှိခဲ့ကြတာကို အောက်မေ့သတိရမိပါတယ်။

 

 

ရွာသူားတွေရဲ့ စုပေါင်းအလှူ ပြီးတဲ့နောက် ၁နှစ်လောက်အကြာ ၂၃ ၊၄၊ ၂၀၁၃ မှာ ဆေးရုံဖွင့်ပွဲကို ပြုလုပ်နိုင်ခဲ့ပါတယ်။

http://myanmargazette.net/171683

ဆေးရုံဖွင့်ပွဲလုပ်ပြီးပေမယ့် အဆောက်အဦတွေသာရှိပြီး တာဝန်ကျဆရာဝန်  မရသေးတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အချိန်ပြည့် မပေးနိုင်ခဲ့ပဲ အလျဉ်းသင့်သလို လာရောက်ကြတဲ့ အဖွဲ့အစည်းတွေရဲ့ ပြုစုကုသမှုကိုသာ ရရှိခဲ့ကြပါတယ်။

 

ဆင်ခြေထောက်ရောဂါအကြောင်းသိကောင်းစရာ

ဆေးရုံအဝင်ဝရှိ ဆင်ခြေထောက်ရောဂါအကြောင်းသိကောင်းစရာ ပညာပေးပိုစတာ

 

လွန်ခဲ့တဲ့ ၄လလောက်ကစပြီး ဆရာဝန် ၂ဦး၊ သူနာပြု ၂ဦး ရောက်ရှိလာပြီဖြစ်လို့……….

 

CAM05401[1]

ဆရာဝန်၊ ဆရာမများအတွက် အိမ်ရာ

အခုအခါမှာ အတွင်းလူနာလက်ခံပြီး ၂၄နာရီ ကုသမှုပေးနိုင်ပြီ ဖြစ်ပါတယ်။

 

CAM05408[1]

ယာယီရုံးခန်း

CAM05407[1]

ဆေးရုံသုံးပစ္စည်းတွေ

 

ရောက်ရှိလာတဲ့ တာဝန်ခံဆရာဝန် ဒေါ်အေးသန္တာဦးနဲ့ လက်ထောက်ဆရာဝန် ဦးဘိုဟိန်းတို့ဟာ ဇနီးမောင်နှံတွေ ဖြစ်ကြပါတယ်။

CAM05431[1]

ဦးဆောင်သူ ပန်းတနော်မြို့ မြတောင်ကျောင်းတိုက်ဆရာတော် ဦးဝိမလ နှင့် တာဝန်ခံဆရာဝန် ဒေါ်အေးသန္တာဦးနှင့် လက်ထောက်ဆရာဝန် ဦးဘိုဟိန်း။

ဟိတ်ဟန်မရှိပဲ ရိုးသားပြီး သဘောကောင်းလှတဲ့ ဆရာဝန်လင်မယားအကြောင်းကို

လူကိုမတွေ့ရခင်ကတည်းက ရွာသူားတွေဆီက ဝမ်းသာအားရပြောကြတာကို ကြားရတာ ဝမ်းသာစရာပါပဲ။

 

ရှမ်းပြည်ဇာတိဖြစ်တဲ့  ဆရာဝန်ဇနီးမောင်နှံ၂ဦးဟာ ဝေးလံတဲ့ အောက်ပြည်အောက်ရွာက ချောင်ကျတဲ့ တောရွာကလေးမှာ ရွာသူားတွေနဲ့ တသားတည်းရိုးစင်းစွာ နေထိုင်နိုင်ကြတာကို ကြည့်ပြီး ………….

အလိုလောဘနည်းတဲ့ စိတ်ရင်းကောင်းကို သတိပြုမိသလို စိတ်ထဲကလည်း ချီးကျူးမိပါတယ်။

 

CAM05413[1]

ပတ်ဝန်းကျင်မှာ သာသာယာယာ

CAM05414[1]

 

 

CAM05417[1]

သတ်ပုံမှန်တာကို သဘောကျလို့ ရိုက်လာတာ။

လက်ရှိအခြေအနေမှာ ၁၆ကုတင်ဆန့် ဆေးရုံမှာ အတွင်းလူနာ ၁၄ယောက်ကို လက်ခံကုသပေးနေပါတယ်။

CAM05421[1]

အမျိုးသမီးအတွင်းလူနာဆောင်

 

CAM05419[1]

အမျိုးသားအတွင်းလူနာဆောင်

ဓာတ်ပုံတွေ လိုက်ရိုက်နေတာကိုတွေ့ပြီး ရွာသားတစ်ယောက်က တစ်ခါတုန်းက လူအများကြီးနဲ့လာလှူသွားတဲ့အဖွဲ့ မဟုတ်လားလို့ မေးလို့ အံ့ဩသွားတယ်။

 

သူတို့တွေရဲ့ စိတ်ထဲမှာ မမေ့သွားဘူးပဲဆိုပြီး ဝမ်းသာသွားတယ်။

 

ဆေးရုံကို လိုက်ပြပြီး နောက်ဆုံးမှာတော့ အစုကြီးရွာသူားတွေရဲ့ ထုံးစံအတိုင်း ဧည့်ခံကြပါတယ်။

CAM05429[1]

ဒါကတော့ အကြိုက်ဆုံး အစီအစဉ်

 

 

CAM05432[1]

အားရပါးရ အားပေးကြ

ကိုယ်လှူဒါန်းစိုက်ပျိုးထားခဲ့တာက ဖြစ်ထွန်းပြီး အကျိုးများနေတာကို တွေ့ရလို့ ကုသိုလ်တွေ တိုးပွားနိုင်ကြပါစေ။

About Ma Ma

Ma Ma has written 143 post in this Website..

ဗေဒင်ဆရာ မမေးပဲ နာမည်ပေးလိုက်မယ်။ သိပ္ပံမောင်ဝရဲ့ ခေတ်ဆန်းစာပေကို အားကျပြီး ရေးမိရေးရာ ရေးထားတဲ့ လက်စမ်းစာပေလို့။ THAKHIN CJ #8212010 ( 5/2/2016)