သီတဂူသုမေဓာ ဆေးရုံဖွင့်ပြီ။ Now Open 24hr!

Ma MaFebruary 28, 20163min34117
ရန်ကုန်- ဝါးခယ်မ ကားလမ်းပေါ်မှာ မြင်တွေ့ရမယ့် သီတဂူသုမေဓာဆေးရုံ (အစုကြီးကျေးရွာ)ဆိုင်းဘုတ်

လွန်ခဲ့တဲ့ ၄နှစ်လောက်က (၁၊ ၅၊ ၂၀၁၂)  မေဒေးနေ့မှာ သီတဂူသုမေဓာဆေးရုံ (အစုကြီးကျေးရွာ) ကို ရွာသူားတွေ စုပေါင်းပြီး ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းနိုင်ခဲ့ကြပါတယ်။

ရွာ့အလှူမြင်ကွင်း တစွန်းတစ

 

ရွာသူားတွေ စည်းစည်းလုံးလုံး တက်တက်ကြွကြွရှိခဲ့ကြတာကို အောက်မေ့သတိရမိပါတယ်။

 

 

ရွာသူားတွေရဲ့ စုပေါင်းအလှူ ပြီးတဲ့နောက် ၁နှစ်လောက်အကြာ ၂၃ ၊၄၊ ၂၀၁၃ မှာ ဆေးရုံဖွင့်ပွဲကို ပြုလုပ်နိုင်ခဲ့ပါတယ်။

သီတဂူသုမေဓာ ဆေးရုံဖွင့်ပွဲ ဖိတ်ကြားလွှာ

ဆေးရုံဖွင့်ပွဲလုပ်ပြီးပေမယ့် အဆောက်အဦတွေသာရှိပြီး တာဝန်ကျဆရာဝန်  မရသေးတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အချိန်ပြည့် မပေးနိုင်ခဲ့ပဲ အလျဉ်းသင့်သလို လာရောက်ကြတဲ့ အဖွဲ့အစည်းတွေရဲ့ ပြုစုကုသမှုကိုသာ ရရှိခဲ့ကြပါတယ်။

 

ဆင်ခြေထောက်ရောဂါအကြောင်းသိကောင်းစရာ
ဆေးရုံအဝင်ဝရှိ ဆင်ခြေထောက်ရောဂါအကြောင်းသိကောင်းစရာ ပညာပေးပိုစတာ

 

လွန်ခဲ့တဲ့ ၄လလောက်ကစပြီး ဆရာဝန် ၂ဦး၊ သူနာပြု ၂ဦး ရောက်ရှိလာပြီဖြစ်လို့……….

 

CAM05401[1]
ဆရာဝန်၊ ဆရာမများအတွက် အိမ်ရာ

အခုအခါမှာ အတွင်းလူနာလက်ခံပြီး ၂၄နာရီ ကုသမှုပေးနိုင်ပြီ ဖြစ်ပါတယ်။

 

CAM05408[1]
ယာယီရုံးခန်း
CAM05407[1]
ဆေးရုံသုံးပစ္စည်းတွေ
 

ရောက်ရှိလာတဲ့ တာဝန်ခံဆရာဝန် ဒေါ်အေးသန္တာဦးနဲ့ လက်ထောက်ဆရာဝန် ဦးဘိုဟိန်းတို့ဟာ ဇနီးမောင်နှံတွေ ဖြစ်ကြပါတယ်။

CAM05431[1]
ဦးဆောင်သူ ပန်းတနော်မြို့ မြတောင်ကျောင်းတိုက်ဆရာတော် ဦးဝိမလ နှင့် တာဝန်ခံဆရာဝန် ဒေါ်အေးသန္တာဦးနှင့် လက်ထောက်ဆရာဝန် ဦးဘိုဟိန်း။

ဟိတ်ဟန်မရှိပဲ ရိုးသားပြီး သဘောကောင်းလှတဲ့ ဆရာဝန်လင်မယားအကြောင်းကို

လူကိုမတွေ့ရခင်ကတည်းက ရွာသူားတွေဆီက ဝမ်းသာအားရပြောကြတာကို ကြားရတာ ဝမ်းသာစရာပါပဲ။

 

ရှမ်းပြည်ဇာတိဖြစ်တဲ့  ဆရာဝန်ဇနီးမောင်နှံ၂ဦးဟာ ဝေးလံတဲ့ အောက်ပြည်အောက်ရွာက ချောင်ကျတဲ့ တောရွာကလေးမှာ ရွာသူားတွေနဲ့ တသားတည်းရိုးစင်းစွာ နေထိုင်နိုင်ကြတာကို ကြည့်ပြီး ………….

အလိုလောဘနည်းတဲ့ စိတ်ရင်းကောင်းကို သတိပြုမိသလို စိတ်ထဲကလည်း ချီးကျူးမိပါတယ်။

 

CAM05413[1]
ပတ်ဝန်းကျင်မှာ သာသာယာယာ
CAM05414[1]

 

 

CAM05417[1]
သတ်ပုံမှန်တာကို သဘောကျလို့ ရိုက်လာတာ။

လက်ရှိအခြေအနေမှာ ၁၆ကုတင်ဆန့် ဆေးရုံမှာ အတွင်းလူနာ ၁၄ယောက်ကို လက်ခံကုသပေးနေပါတယ်။

CAM05421[1]
အမျိုးသမီးအတွင်းလူနာဆောင်

 

CAM05419[1]
အမျိုးသားအတွင်းလူနာဆောင်

ဓာတ်ပုံတွေ လိုက်ရိုက်နေတာကိုတွေ့ပြီး ရွာသားတစ်ယောက်က တစ်ခါတုန်းက လူအများကြီးနဲ့လာလှူသွားတဲ့အဖွဲ့ မဟုတ်လားလို့ မေးလို့ အံ့ဩသွားတယ်။

 

သူတို့တွေရဲ့ စိတ်ထဲမှာ မမေ့သွားဘူးပဲဆိုပြီး ဝမ်းသာသွားတယ်။

 

ဆေးရုံကို လိုက်ပြပြီး နောက်ဆုံးမှာတော့ အစုကြီးရွာသူားတွေရဲ့ ထုံးစံအတိုင်း ဧည့်ခံကြပါတယ်။

CAM05429[1]
ဒါကတော့ အကြိုက်ဆုံး အစီအစဉ်

 

 

CAM05432[1]
အားရပါးရ အားပေးကြ

ကိုယ်လှူဒါန်းစိုက်ပျိုးထားခဲ့တာက ဖြစ်ထွန်းပြီး အကျိုးများနေတာကို တွေ့ရလို့ ကုသိုလ်တွေ တိုးပွားနိုင်ကြပါစေ။

17 comments

  • ဦးကြောင်ကြီး

    February 28, 2016 at 1:34 am

    လေမားမား ရှေ့ဆက်လှမ်းမည့် ခြေလှမ်း အာရုံရနေတယ်။
    အလှူ သွားစား
    လေမားမား
    ခ ျီဂွေဗါးရား
    မြွေငါးက ျား..

  • ခင်ဇော်

    February 28, 2016 at 6:39 am

    သာဓု သာဓု သာဓု
    ဝမ်းသာစရာပဲ ချစ်မရေ…
    ကျန်းမာရေးပိုင်းမှာ စုံတွဲလိုက်နေနိုင်တဲ့ နေရာတွေ က ကြာကြာမြဲတာများးတယ်..
    ဆရာဝန်တွေ နဲ့ ဝန်ထမ်းးတွေ စိတ်ချမ်းသာစွာ ကျန်းမာရေးး ဝန်ဆောင်မှု ပေးနိုင်ကြပါစေ..
    🙂

  • kai

    February 28, 2016 at 6:47 am

    ယေး…
    ဗမာဘုန်းကြီးကွ..
    ဆရာဝန်အလုပ်တင်မက… ဆေးရုံအုပ်ချုပ်တည်ထောင်ရေးပါ.. (သိကြားမင်းပေးလိုက်တဲ့ တန်ခိုးနဲ့ ) တတ်ကုန်ကြပဟ…
    သာဓု.. နောက်ဆို.. ဒုံးပျံလွှတ်တင်ရေးနည်းပညာလေးပါ.. တတ်အောင်တင်ပြီးး အင်္ဂ ါဂြိုလ်ပေါ်ကို.. လည်လည်သွားဖို့… လုပ်ပေးစေလို..။ :k:

    • ဦးကြောင်ကြီး

      February 28, 2016 at 9:50 am

      လိုနေဂ ျိန် လုပ်ပေးတာ ဘယ်လိုငြင်းနိုင်မဲ အူးမာမွတ်.. အစဉ်အလာအရ ကွန်မြူ နတီရယ်လို စုစုစည်းစည်း စနစ်တက ျ ရေရှည် ဆောင်ရွက်တတ်တဲ့ အက ျင့် အားနည်းတဲ့ တိုင်းပြည်မှာ မြေထဲကရရ မိုးပေါ်ကက ျက ျ ရေတပေါက်ဟာ ရေငတ်နေသူအတွက် အားကိုးလှ ျာပါ။ ကြာလာမှ စစ်တပ်လို ငါမရှိ မဖြစ်ဘူး ဆိတ်မဝံဖို့ဘဲ စဉ်းစားရမည်။

      • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

        February 28, 2016 at 11:18 am

        အောင်ကြု ပြောသလိုပါပဲခီညာ

      • kai

        February 28, 2016 at 2:46 pm

        အဲလိုနဲ့.. အခုမြန်မာပြည်ကြီးဖြစ်လာတာပေါ့ကွယ်…
        ဆက်လုပ်… ဆက်လုပ်…။ :k:

        • Ma Ma

          February 28, 2016 at 3:38 pm

          ရွာထဲမှာ နေလာတဲ့တလျှောက်လုံး သူများကွန်မန့်ကို – မပေးဖူးဘူး။
          အခုသဂျီးကိုပေးတဲ့ – က ပထမဦးဆုံးပဲ။ :k:

        • kai

          February 29, 2016 at 3:52 pm

          ဆက်လုပ်လို့ပြောတာကို.. အနုတ်ပေးတယ်ဆိုတော့.. ဆက်မလုပ်တော့ ဘူးပေါ့နော…
          သာဓုပါဗျာ.. ။ သာဓုပါ…။ :k:

  • Ma Ma

    February 28, 2016 at 3:26 pm

    ပိုစ့်မတင်ကတည်းက သဂျီးဒီလို မန့်လာမယ်ဆိုတာကို အာရုံရနေတယ်။ :k:
    ဒီနေရာမှာ မှန်မှန်ကန်ကန် ရပ်တည်ပေးတဲ့ ကြောင်ကြီး နဲ့ အူးမြောက်မြောက်
    တို့ကို ကျေးဇူးတင်ပါတယ်။

    လိုနေတာကို ဖြည့်ပေးတာ ဘယ်သူမဆို လုပ်သင့်တာပဲ မဟုတ်လား။
    ဘာသာရေးနဲ့ နိုင်ငံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး မဆိုင်ဘူးလို့ စည်းတားထားလို့ ရသလား။

    • ဦးကြောင်ကြီး

      February 29, 2016 at 1:20 am

      တကယ်က စည်းတားလို့ မြဘူး၊ ဒါပေမှည့် ရဂ ျင်ယောင် ဆောင်ရဒယ်။ ဘယ်လိုဆောင်သလဲဆို ကွန်မြူ နတီနဲ့ အသင်းအဖွဲ့ အူးဆောင်အူးရွက် ပြုနေသူတွေက စည်းကို အသိမှတ်ပြု လိုက်နာရတယ်။ အဲဒီစည်းကို လွှတ်တော်က ပြဌာန်းပေးရတယ်။ အစိုးရက ကြပ်မတ်ထိန်းကေ ျာင်းပေးရတယ်။ ကြံလူအမ ျားစုသည် ခေါင်းဆောင်က ျီးငှယ်လာဘ် ရိုးသားသလောက် ပညာရှိသလောက် စွမ်းသလောက် နောက်ကလိုက်ကြမှာပဲ။ လစ်ဘရယ် သိပ်ကြပါတယ် ဆိုတဲ့ အနောက်နိုင်ငံတွေမှာ ခွစ်ယံ ဘုရားရှိခိုးကေ ျာင်း အသင်းအဖွဲ့တွေရဲ့ ဩဇာသိပ်ကြီးတယ်။ သမတ အိုဘားမား ဘာသာမဲ့တယ်ပြောပြော တရားဝံ မကြေငြာရဲဘူး။ အင်္ဂလန်ဝန်က ျီးခ ျုပ်ဟောင်း တိုနီဘလဲ ပရိုတက်စတင့်ဂိုဏ်းကနေ ကက်သလစ်ဂိုဏ်းကို ပြောင်းထားကြာင်း သူရာထူးပြီးမှ လူထုကို အသိပေးတယ်။ ဒါပေမှဲ့ အရှက်နဲ့ သိပ်ခါ၊ ဆန်ဒနဲ့ အသိ ခွဲရကောင်းမှန်း သိအောင်လုပ်ထားတာမို့ ဖြစ်လာတဲ့ အခြေအနေကို တည့်မတ်ယူတယ်။ လူထုက အစွန်းသိပ်ရောက်လာရင် သူတို့လည်း ခံနိုင်မှာ မဟုတ်… ဂ ျာမနီမှာ ဟစ်တလာ ဖြစ်ခဲ့တာကို သင်ခန်းစာယူပြီး ခုအခ ျိန်ထိ လူထုကို စည်းရုံးထားနိုင်တယ်။ ဒါပေမဲ့ အနိတ်စ အမြဲမရှိလေ…..

  • Swal Taw Ywet

    March 6, 2016 at 7:22 pm

    ထမနှဲ စားချင်တယ်။
    လူနာတွေကို ယာယီကန့်ပေးနိုင်တဲ့ ကန့်လန့်ကာအရှင်လေးတွေ လိုမယ်ထင်တယ်။
    သဘာဝအလင်းရောင်များများရအောင် ပန်းဘလောက်တွေသုံးထားတာလား၊ မိုးတွင်းမိုးပက်မှာတော့ စိုးမိရဲ့။
    မျက်နှာကြက်အမြင့် မှာ အလယ် မီးချောင်းတတန်းတည်းမို့ အလင်းရောင် အားနည်းနေလိမ့်မယ်။
    ရွေ့လျား တိုင်ထောင်မီးချောင်းလေးတွေနဲ့ မီးကြိုးခွေလေးတွေ ဖြည့်ပေးလိုက်ချင်သေးရဲ့။
    သာဓု သာဓု သာဓု ပါခင်ဗျာ။
    အမေ့ဘက်က အမျိုးတွေ ဒေသပါ့။
    ရောက်ချင်ပါသေးရဲ့။
    With respect,
    Swal Taw Ywet.

    • Ma Ma

      March 7, 2016 at 11:02 pm

      လျှပ်စစ်မီးအတွက် ကိုယ်ပိုင်မီးစက်သုံးရလို့ ခြိုးခြံချွေတာတာလည်း ဖြစ်မယ်ထင်တယ်။
      ရောက်ဖူးချင်ရင် မခဲယဉ်းပါဘူး။
      ပြန်ရောက်တဲ့အခါသာ သံချောင်းခေါက်လိုက်။
      ရန်ကုန်နဲ့က အိမ်ဦးနဲ့ ကြမ်းပြင်လောက် ရှိပါတယ်။ 🙂

  • Thint Aye Yeik

    March 7, 2016 at 4:42 pm

    ဟွှာလေ. . .
    သတ်ပုံမှန်လို့ သဘောကျပြီး ရိုက်လာတဲ့ပုံ
    အဲ့ထဲမှာ သတ်ပုံ မှားနေတာ တစ်ခု ပါတယ် မထင်ဘူးလား တီမမ

    😆

    ”ဒုတ်” တဲ့။
    ဖတ်တော့ အသံ ရေးတော့ အမှန်ဆိုစကားအရ
    ”တုတ်” လို့ ရေးရမယ် ထင်တယ်နော့။

    ”မြွေမသေ တုတ်မကျိုး”တို့. . .
    ”တုတ်ကောက်” တို့. . . လို ရေးရမယ် ထင်တာပဲ။

    :k:

    • Ma Ma

      March 9, 2016 at 10:45 pm

      “ဒုတ်” မဟုတ်ပဲ “တုတ်” လို့ ရေးရမှာ ဟုတ်သားးးး

  • Crystalline

    March 9, 2016 at 6:58 pm

    ဆရာမောင်နှံမျက်နှာလေးတွေကငြိမ်းချမ်းလိုက်တာ….. ရွာသူရွာသားတွေအလှူပိုစ့်က ဓာတ်ပုံတွေကို အခုထိကိုမျကိစိထဲကမထွက်..

    • Ma Ma

      March 9, 2016 at 10:50 pm

      အဲဒီတုန်းက အဲဒီလောက်လူတွေ စုစည်းနိုင်ခဲ့တာ ခုချိန်မှာ ဟုတ်မှ ဟုတ်ရဲ့လားလို့တောင် ထင်မိတယ်။

      ဆရာဝန် ဇနီးမောင်နှံကို ဓာတ်ပုံရိုက်ဖို့ ခွင့်တောင်းတော့ ဆရာတော်နဲ့ရိုက်မယ်ဆိုပြီး ဆရာတော်ဘေးနားသွားကြလို့ အဲဒီပုံ ရလာတာ။
      အမှန်က ရွာသူားတွေနဲ့ တပြေးညီ တသားတည်း နေနေကြတဲ့ပုံကို ရိုက်ချင်ခဲ့တာ။

Leave a Reply