နားမလည်ဘူး

ခင်ဗျား လက်ဆော ့ခဲ တဲ ့
မျဉ်းကောက်ကြာင်းတွေပေါ်မှာ…

ကျုပ်
အကြိမ်ကြိမ် နေဝင်ခဲ ့တာ
မိုးမလင်းနိုင်ခဲ ့သေးဘူး…
ပီကာဆို

14 comments

    • တောတွင်းပျော်

      August 16, 2015 at 6:59 pm

      စပ်အောင်ရေးကြည် ့ထားတာ
      စပ်သလားမေးတာကို နားမလည်ဘူး။

  • Alinsett @ Maung Thura

    August 12, 2015 at 9:48 am

    အိပ်မက်က လှတယ်
    ဘွက ရုပ်ဆိုးတယ်
    မိုးမလင်းသေးဘူးးးးး
    အိပ်ဦးးးးး

    :k:

    တကယ်တမ်း ပြောရရင် ဒီကဗျာလေး တအား သဘောကျ

    • တောတွင်းပျော်

      August 16, 2015 at 7:03 pm

      အိပ်ချင်မူးတူးထ
      ကော်မန် ့ ဝင်ပေးလိုက်တာကို
      နားမလည်ဘူး။
      ပြန်အိပ်လိုက်ပါအုံး။ ကိုအလင်းဆက်..

    • တောတွင်းပျော်

      August 16, 2015 at 7:09 pm

      နားမလည်တာကို နားလည်သလိုလိုနဲ ့
      နားမလည်ဘူးလို ့ ပြောလိုက်တာကိုလည်း
      နားမလည်ဘူး..
      နောက်တာနော် ကိုမိုက်။

  • ဝင့်ပြုံးမြင့်

    August 12, 2015 at 10:54 am

    .ကောင်းလိုက်တဲ့ ကဗျာ။

    • တောတွင်းပျော်

      August 16, 2015 at 7:14 pm

      ရေးတတ်သလိုသာ ရေးလိုက်တဲ ့
      ကဗျာလေးကို ကောင်းလိုက်တာဆိုလို ့
      နားမလည်ချင်သလိုလို။

      နေကောင်းတယ်နော် ဆရာမ…

  • ဇီဇီခင်ဇော်

    August 12, 2015 at 11:03 am

    ပီကာဆိုရဲ့ ကောက်ကြောင်းတွေကို နားမလည်ကြောင်း ရေးထားတဲ့ ကဗျာကိုနားလည်ပါတယ်။
    ဒါနဲ့ ဝါဆိုမိုးဥ ရဲ့ ကောက်ကြောင်းကိုရော နားလည်လားဟမ်??

    :mrgreenn:

    • တောတွင်းပျော်

      August 16, 2015 at 7:18 pm

      နားမလည်တာကို နားလည်ပေးတဲ ့
      မမချွိကို နားလည်ချင်သလိုလိုနဲ ့
      နားမလည်ဘူး။
      ဒါနဲ ့ နားမလည်လို ့
      ဝါဆိုမိုးဥဆိုတာ ဘာလဲဟင်?

  • Ma Ma

    August 16, 2015 at 8:27 pm

    ဖတ်ပြီးစက နားမလည်ဘူး။
    နားမလည်တာကို နားလည်အောင် ပြန်ဖတ်ရင်းနဲ့
    နားလည်တာကိုပါ နားမလည်သလိုဖြစ်ပြီး
    နားမလည်တာကိုလည်း နားလည်လာသလိုနဲ့
    နားလည်တယ်ဆိုတာဘာလဲ
    နားမလည်ဘူးဆိုတာဘာလဲ
    နားမလည်တော့ဘူး။ :k:

  • naywoon ni

    August 16, 2015 at 8:50 pm

    စဉ်​းစားလို့ မရဘူးဗျာ ။ မိုးမလင်​းဘဲ ​နေ​တွေအကြိမ်​ကြိမ်​ဝင်​တယ်​ဆိုတာကို ။ သဘာဝကိုလွန်​ဆန်​​နေသလိုဂျီးဖြစ်​မ​နေဘူးလား ။ ​နေက အ​ရှေ့ကထွက်​မလာဘဲ အ​နောက်​အရပ်​ဆီသို့ အကြိမ်​ကြိမ်​ဝင်​၏ ။ ဆိုရင်​ …………..
    …. 🙂

  • ပီကာဆိုဘဝ ငါလေရ ချင်ရဲ့ လို့ ဆိုခဲ့တဲ့သူတွေကို သွားမေးကြည့်ရင်
    နားလည်လာမယ်ထင်ပါရဲ့

  • HMM

    August 17, 2015 at 9:46 am

    နားလည်တာကို နားမလည်ချင်ယောင်ဆောင်တဲ့သူ နဲ့
    နားမလည်တာကို နားလည်ချင်ယောင်ဆောင်တဲ့သူတွေကို နားမလည်ချင်ဘူး…

Leave a Reply