ရေဘေးအတွက် ဓာတ်သေလေးတွေရမယ်

ကျွန်တော့ website NayOkkar.com မှာ လွှင့်တင်ထားသော ပုံများကို ရေဘေးအတွက် ဝယ်ယူလှူဒါန်းနိုင်ပါသည်.။

+++ ဈေးနှုန်း ၁၅၀၀ဝ ကျပ် မှ ၅၅၀၀ဝ ကျပ်ထိ အစားစား သတ်မှတ်ထားပါတယ်။ ဈေနှုန်းများကို website မှာကြည့်နိုင်ပေမယ့် အဲဒါဟာ သတ်မှတ်ချက် တစ်ခုသာ ဖြစ်ပြီး မိမိ တတ်နိုင်တဲ့ ပမာဏ အတိုင်း ညှိနှိုင်း ဝယ်ယူနိုင်ပါတယ်။ ဆိုလိုတာက ဒီပုံကို ဒီဈေးရမှ ဆိုတာမျိုးမဟုတ်ပါဘူး. ကိုယ်ကြိုက်တဲ့ပုံရဲ့ သတ်မှတ်ထားတဲ့ ဈေးကိုမတတ်နိုင်ဘူးဆို ရင် ကိုယ်တတ်နိုင်တဲ့ ဈေးပေးပြီး ဝယ်ယူ လှူဒါန်းနိုင်ပါတယ်။ ဒါကြောင့် ဒီဓာတ်ပုံကိုပဲ ဝယ်ယူလိုက်တဲ့ ဈေးနှုန်းခြင်း ကွာခြားနိုင်ပါတယ်။
ကျနော့အနေနဲ့ ဝယ်ယူတဲ့ သူလဲ ကိုယ်တတ်နိုင်တဲ့ ဈေးနဲ့ ကိုယ်လိုချင်တဲ့ ပုံကလေး ရရှိသွားစေချင်လို့ပါ။

ဈေးနှုန်းနဲ့ ID တွေကို website ထဲမှာ ဖော်ပြထားပါတယ်.

ဓာတ်ပုံများကို ဘောင်နဲ့ထုတ်ပေးမှာ ဖြစ်ပြီး အောက်ပါ အတိုင်းပြန်ထုတ်ပေးပါမယ်။

(၁၅၀၀ဝ အတွက် 10 in x 15 in ကို ဘောင်အသေး)
(၂၅၀၀ဝ အတွက် 12 in x 18 in ကို ဘောင်အသေး)
(၃၅၀၀ဝ နဲ့ အထက်ကို 12 in x 18 in ကို ဘောင်အကြီး) နဲ့ ထုတ်ပေးမှာ ဖြစ်ပါတယ်။

၁၅၀၀ဝ နဲ့ ၃၅၀၀ဝ size နဲ့ frame ကွာပါတယ်.. အမှန်တော့ အရင်တူတူပေးပါတယ်။ ဒါပေမယ့် ၁၂-၁၈ ကို frame အကြီးနဲ့ထုတ်ရင် ဓာတ်ပုံထုတ်ခနဲ့ ကုန်ကျစရိတ် တစ်ပုံကို ၆၃၀ဝ ကျသွားပါတယ်. အဲဒီအခါမှာ ကျနော့်အနေနဲ့ ၁၅၀၀ဝ လောက်ထဲက ၆၃၀ဝ ထုတ်လိုက်တဲ့ အခါ တကယ့် လှူမယ့်ငွေ ပမာဏ နည်းသွားတဲ့ အတွက်ပါ..
အဲဒါကြောင့် ၁၅၀၀ဝ တန်ကို ၁၀-၁၅ size နဲ့ frame အသေး.. ၂၅၀၀ဝ တန်ကို ၁၂-၁၈ size ကို ့ frame အသေး၊ ၃၅၀၀ဝ နဲ့အထက်ကို ၁၂-၁၈ size frame အကြီးနဲ့ ထုတ်ပေးနေပါတယ်..

+++ ဝယ်ယူလိုက်တဲ့ ငွေထဲက ဓာတ်ပုံကူးခနဲ့ ဘောင်ဖိုး တွေထုတ်နှုတ်ပြီး ပြန်လည် လှူဒါန်းမှာ ဖြစ်ပါတယ်။

12×18 size နဲ့ 10×15 size ပါ

 

ဂဇက်ထဲက လက်ရှိ အားပေးထားကြတဲ့သူများကတော့

ဇီဇီခင်ဇော်

  • ၁၅၀၀ဝ ကျပ်

20150802_foods_NOK_3519

 

 

 

 

 

 

.

.

.

.

.

မွသဲ

  • ၂ ပုံ
  • ၅၀၀၀ဝ ကျပ်

mt

 

 

 

 

.

.

.

.

.

 

အန်တီဘုံမာ

  • ၃၅၀၀ဝ ကျပ်

.

.

.

.

.

 

ကိုစွယ်တော်

  • ၂၀၀၀ဝ ကျပ်

 

ကျန်ရှိသောသူများလဲ အားပေးကြပါလို့

ဓာတ်ပုံတွေ ကို hard copy အနေနဲ့ပေးအပ်မှာ ဖြစ်ပြီး ချိတ်ဆွဲရန် အတွက်သာ ဖြစ်ပါတယ်.. မိမိ စီးပွားရေးအတွက် ကူးယူခြင်း၊ ပြန်လည် ရိုက်နှိပ်အသုံးချခြင်း၊ မပြုရန် မေတ္တာရပ်ခံပါတယ်.. မိမိ စီးပွားရေးအတွက် softcopy အနေနှင့် လိုအပ် ရင်တော့ သီးသန့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်.

 

NayOkkar.com ထဲကိုဝင်ပါ

nok

 

 

 

 

 

 

 

 

 

 

 

 

 

 

ကိုယ်ကြိုက်တဲ့ ပုံပေါ်ကိုလက်ထောက်ပြီး အထဲကပုံတွေ ကိုဆက်ကြည့်နိုင်ပါတယ်

 

nok

 

 

 

 

 

 

 

 

အထဲကပုံတိုင်းအောက်ခြေမှာ ဈေးနှုန်း နဲ့ ID နံပါတ်ပါပါတယ်.. ဝယ်လိုတဲု့ပုံရဲ့ ID ကိုပြောပေးရင်ရပါပြီ။

ဆက်သွယ်ရန် Nay Okkar 09 26 1600061 nokphotos@gmail.com
facebook.com/nayokkar
facebook.com/GandaryiPhotos

8 comments

  • ဇီဇီခင်ဇော်

    August 12, 2015 at 1:02 pm

    ဘာမှ လာမပြောနဲ့။
    သများ ငပိရည်ဆိုင် ဖွင့်ရင် သုံးပစ်မှာ။
    ဟိဟိ

    :mrgreenn:

    • kai

      August 12, 2015 at 1:38 pm

      ကမ္ဘာ့မူပိုင်ဥပဒေအရတော့…ဓာတ်သေသမားရဲ့.. မူပိုင်ခွင့်ဟာ.. ဓာတ်ရိုက်သူထံမှာပဲရှိတယ်တဲ့…။
      ငပိရည်ဆိုင်ဖွင့်လို့ဓာတ်ပုံယူသုံးရင်.. မူပိုင်ခွင့်အတွက်.. ငပိရည်အဝယူသာသောက်..ဓာတ်သေဆရာ… :k:

      • ဇီဇီခင်ဇော်

        August 12, 2015 at 1:42 pm

        အာ့ဆို နောက် ဆို ဝယ် စာ လိုတော့ဘူးးးပေါ့။
        ဟိဟိ။
        မူပိုင်ခွင့် မရတဲ့ တူတူ ခိုးမယ်။
        ဟေးဟေးဟေးးး

        :mrgreenn:

  • manawphyulay

    August 12, 2015 at 2:32 pm

    ဝယ်တဲ့သူတွေက မူပိုင်ခွင့်မပေးဘူးပေါ့နော်…. အွန့်

    • kai

      August 12, 2015 at 2:44 pm

      ပန်းချီကားကျ.. ဝယ်သူက.. အဲဒီပန်းချီကိုထပ်ပုံနှိပ်ခွင့်အပါအဝင် မူပိုင်ခွင့်ရတယ်တဲ့..
      ဓတ်ပုံကျ.. ဝယ်ထားသူက.. ထပ်ပြီးပုံနှိပ်လို့မရသလို.. ကော်ပီပွားသုံးစွဲလို့မရဘူးတဲ့ဗျ…။
      ဓတ်ဆရာကျ.. အဲဒီတပုံထဲ.. အကြိမ်ကြိမ်ပုံကူးရောင်းစားနေလို့ရတယ်တဲ့..။

      ဗဟုသုတ… ပြောပြတာပါ..။ အခုဓတ်ဆရာက.. သူ့ပုံကိုလှူဖို့ရောင်းမှတော့.. စွန့်လွှတ်စိတ်ထားပြီးပုံရပါတယ်..။

      စကားအတင်းစပ်..
      ကျုပ်လည်း.. မနက်ဖြန်ကျ.. မြန်မာပြည်လှူဖို့.. ဆေးဝါးပစ္စည်းတွေသွားဝယ်ရဦးမယ်..။
      လူကြုံက.. ၂သေတ္တာစာဆေးတွေ.. အခမယူ..လေယဉ်နဲ့သယ်ပေးမယ်ဆိုတာမို့ပါ…။

  • Alinsett @ Maung Thura

    August 12, 2015 at 2:49 pm

    အနုပညာသည် ပြည်သူ့အတွက် ဆိုတဲ့ ကြွေးကြော်သံများးးး ပြန်ကြားမိလေပြီ
    😆

  • ဓါတ်ပုံရောင်းကျတာတော့ ဥပဒေရယ်လို ့ မရှိပေမယ့်

    ကိုယ်လိုချင်တဲ့အပေါ်မှာ မူတည်ပြီးကြေးသတ်မှတ်ကြပါတယ်။

    ဓါတ်ပုံတစ်ပုံကို အပြီး အပြတ်ယူမယ် ဒီဓါတ်ပုံကို အခြားနေရ လုံးဝ မသုံးရ ဆိုရင် ဈေးတစ်မျုးိ

    စီးပွားရေးကြော်ငြာအတွက်ဆိုရင်ဈေးတစ်မျုးိ

    အိမ်မှာအလှချိတ်ဘို့ဆိုရင်ဈေးတစ်မျုးိ အဲလိုခွဲခြားရောင်းကြပါတယ်

    အခု အခြေအနေကတော့ရေဘေးအတွက်မို့ အခြေခံဈေးသတ်မှတ်ပေမယ့်
    ဝယ်သူအဆင်ပြေအောင်ရောင်းမှာပါ

Leave a Reply