အဝေးရောက် သားသမီးများ

etoneAugust 25, 20101min687

နိုင်ငံခြား တိုင်းပြည်တစ်ခုကို ရောက်နေတဲ့ ကျွန်မ မြေးကလေး နှစ်ဦးဆီက စာများရတယ်။ သူတို့စာတွေထဲမှာ သူတို့ရောက်တဲ့ နိုင်ငံရဲ့ စီးပွားရေး အဆင့်အတန်း၊ လူမှုရေးအဆင့်အတန်းနဲ့ ပညာရေးအဆင့်အတန်းကို သူတို့ အကဲခတ်တတ်သလောက် အကဲခတ်ပြတာလည်း ပါတယ်။ အဲဒီတိုင်းပြည်မှာ ကျွန်မတို့နိုင်ငံလို သယံဇာတ ဘာမှ မကြွယ်ဝဘဲနဲ့ အဲဒီအဆင့်အတန်းမျိုး ရောက်နေကြတယ်ဆိုတဲ့ သူတို့စိတ်ထဲ မချင့်မရဲ ဖြစ်ပုံတွေလည်း ပါတယ်။

မြေးမတစ်ယောက်ဆီက စာမှာတော့ သူတို့ရောက်နေတဲ့ နိုင်ငံမှာ လခလစာ ဘယ်ရွေ့ဘယ်လောက် ရတယ်၊ မြန်မာငွေနဲ့ တွက်ကြည့်ရင် သိန်းချီရနေတဲ့ အဓိပ္ပာယ်ရှိတယ်။ နေရေးထိုင်ရေးလည်း အစစအဆင်ပြေတယ်။ ဒါပေမယ့် သူမပျော်ဘူး၊ အဲဒီနိုင်ငံမှာ အကြာကြီး မနေချင်ဘူးတဲ့။ အခုထိ သူအလုပ်မလုပ်သေးဘူး၊ သူ့ယောက်ျားပဲ အလုပ်လုပ်နေတယ်။ ပုံတော်ရင်တော့ သူအလုပ်ဝင်လုပ်မယ်။ လုပ်ပြီးရင် ငွေစုမယ်။ နှစ်နှစ် သုံးနှစ်ကြာရင်တော့ သူတို့ ပြန်လာမယ်လို့ ပါပါတယ်။

မြေးယောက်ျားလေးရဲ့ စာထဲမှာတော့ သူတို့ရောက်နေတဲ့ နိုင်ငံရဲ့ တိုးတက်ပုံတွေ၊ မြန်မာနိုင်ငံထက် မူလက အောက်ကျတဲ့ နိုင်ငံဟာ နှစ်နည်းနည်းလေး အတွင်းမှာ အင်မတန် တိုးတက်အောင်မြင်နေပုံတွေကို အလွန် ဝမ်းပါးပြီး ရေးထားပါတယ်။

ကျွန်မတို့ နိုင်ငံကနေပြီး ထိုင်းလင်း၊ မလေး၊ စင်္ကာပူ၊ ဂျပန်စတဲ့ နိုင်ငံတွေမှာ ပညာတတ် လူငယ်တွေ အတော်များများ ရောက်ရှိနေကြပါပြီ။ အနောက်နိုင်ငံတွေမှာလည်း ရောက်သင့်သလောက်တော့ ရောက်နေကြတာပဲ။ ဒါမျိုးကို အနောက်နိုင်ငံတွေမှာတော့ ဦးနှောက်ယိုစီးမှု Brain Drain လို့ သုံးနှုန်းပါတယ်။ ကိုယ့်နိုင်ငံထဲက ဦးနှောက်ကောင်းတဲ့ ပညာတတ်တွေ တိုင်းတစ်ပါးရောက်ကုန်တာကို နှမြောတဲ့ သဘောပါပါတယ်။

ဒီလို ပညာတတ်တွေနဲ့ အတူ ကျွန်မတို့ နိုင်ငံ တနင်္သာရီတိုင်းဘက်က၊ ကရင်ပြည်နယ်ဘက်က၊ မြစ်ဝကျွန်းပေါ် ဒေသက အလုပ်သမား၊ လယ်သမား လူတန်းစားတွေလည်း အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ပြီး အလုပ်လုပ်နေကြတာ တော်တော်များများ ရှိနေပြီလို့ ကြားရပါတယ်။ ဒီလို လယ်သမားတွေ အလုပ်သမားတွေ ထွက်ခွာသွားမှုကိုတော့ လုပ်အားတွေ ဖိတ်စင်ယိုစီးမှုလို့ ခေါ်ရမယ် ထင်ပါတယ်။ ဒီလူတွေဆီကတော့ စာတွေ ဘာတွေ မရနိုင်ပါဘူး။ သူတို့ခမျာမယ် ရရာအလုပ်ကို ပေးသမျှ လခနဲ့ ဝင်လုပ်ပြီး ဖြစ်သလို နေထိုင်ကြရသူများပေကိုး။

သူများနိုင်ငံတွေကို အခုလို ထွက်ပြီး စီးပွားရှာနေကြရပေမယ့် သူတို့အားလုံးဟာ မပျော်ကြဘူး။ အကြာကြီးနေဖို့လည်း စိတ်မကူးကြဘူး။ ငွေရှာလို့ရရင် အမိနိုင်ငံကို ပြန်လာမှာပဲဆိုတာ အားလုံးလောက်နီးပါးရဲ့ စိတ်ထဲမှာ ရှိကြပါတယ်။

ကျွန်မကို အဝေးရောက် ဆွေမျိုးများက တစ်လှည့်တစ်ပတ် သူတို့ဆို လာနေပါလားလို့ ခေါ်သူရှိပါတယ်။ ကျွန်မလည်း တခြားလူတွေလိုပါပဲ၊ နိုင်ငံခြားမှာ ပျော်အောင် မနေတတ်ပါဘူး။ ခဏတဖြုတ် မရောက်ဖူးတဲ့နေရာ၊ မမြင်ဘူးတဲ့ မြင်ကွင်းနဲ့ ရှုခင်းတွေကို ကြည့်ရ၊ မြင်ရပြီးရင် ပြန်ချင်မှာပါ။ ကိုယ့်နိုင်ငံ ကိုယ့်ဒေသလောက် နေပျော်တာ မရှိပါဘူး။ ကိုယ့်လူမျိုးလောက် သဘောကျစရာကောင်းတာလည်း မရှိပါဘူး။ ကိုယ့်လူမျိုး အချင်းချင်းနဲ့ပဲ ပေါင်းသင်း ဆက်ဆံချင်တယ်။

ကျွန်မတို့ဆီမှာ လူမျိုးအလိုက် ရှိနေတဲ့ ဉာဉ်ဆိုးကလေးတွေတော့ ရှိသလောက် ရှိတာပေါ့။ ဥပမာ ပျင်းရိတာ၊ ဇွဲမရှိတာ၊ အနွံအတာ မခံချင်တာ၊ သိပ် အောက်မကျို့ချင်တာ၊ ပျော်ပျော်ပါးပါး ပေါ့ပေါ့တန်တန်နဲ့ အချိန်ကုန်ချင်တာမျိုးကလေးတွေလေ။

ဒီအားနည်းချက် ချို့တဲ့ချက်မျိုးတော့ ကျွန်မတို့ လူမျိုးမှာ ရှိပါတယ်။ နို့ပေမယ့် ဒါက တစ်သက်လုံး ဘယ်လိုမှ ပြင်မရနိုင်တဲ့ လူမျိုးစရိုက်ကြီး ဆိုပြီး ပစ်မထားဘဲနဲ့၊ ယုံကြည်မှု၊ စည်းလုံးမှု၊ တက်ကြွှမှုတွေနဲ့ တိုက်ဖျက်ကြမယ်၊ ရှေ့ဆောင်ရှေ့ရွက်ပြုသူတွေက စနစ်တကျ စည်းရုံးပညာပေးပြီး အားလုံးလက်တွဲ ကြိုးစားကြမယ်ဆိုရင် ပြုပြင်လို့ ရရမှာပေါ့။ ပျော့ညံ့ချက်ဟာ ဘာမို့ ခံနိုင်ရမှာတုန်း။ အရေးကြီးတာက ဒီလိုပြုပြင်မှာက ဘာအတွက်၊ ဘယ်သူ့ဖို့ ပြုပြင်မှာဆိုတဲ့ မှန်ကန်မွန်မြတ်တဲ့ အသိရှိဖို့ပဲ လိုပါတယ်။

ကျွန်မတို့ လူမျိုးဟာ အလွန်အကင်းပါးတဲ့ လူမျိုးပါ။ သင်လိုက်ရင် သိလွယ်မြင်လွယ် တတ်လွယ် သိပ်ရှိပါတယ်။ ဒီအရည်အသွေးဟာ ငွေပေးဝယ်လို့ မရပါဘူး။ ကျွန်မတို့ လူမျိုးနဲ့ တခြားလူမျိုးနဲ့ ယှဉ်ကြည့်စမ်းပါ။ ပညာတတ်ခြင်းဖြစ်ဖြစ်၊ ပညာမဲ့ အလုပ်သမား လယ်သမား လူတန်းစားခြင်း ဖြစ်ဖြစ် လူမျိုးအလိုက် အကင်းပါး ဖျတ်လတ်မှုက အလွန်ကို သဘောကျစရာ ကောင်းပါတယ်။
အဲဒီတော့ ဘာပညာ ဘာအလုပ်မျိုးကိုမဆို ကျွန်မတို့မှာ မသင်ရသေးလို့ မတတ်သေးပေမယ့် သင်ခွင့်ရတဲ့ တစ်ချိန် သူများနည်းတူ ရင်ပေါင်တန်းနိုင်တဲ့ အရည်အသွေး အပြည့်အဝ ရှိပါတယ်။ လူဟာ နုံပြီဆိုရင် ဆွဲတိုင်း မပါနိုင်ပါဘူး။ တွန်းတိုင်း မရောက်လာဘူး။ ကျွန်မတို့ လူမျိုးတွေက အနုံအဖျင်း မဟုတ်ကြဘူး။ သိပ်ကို အကင်းပါးတဲ့ လူမျိုး။

ပြီးတော့ ကျွန်မတို့ နိုင်ငံလောက် လုပ်စရာကိုင်စရာတွေ ပေါကြွယ်ဝတဲ့ နိုင်ငံမျိုး ဒီကမ္ဘာမှာ အတော်ရှားပါတယ်။ ကျွန်မဟာ အကြောင်းအားလျော်စွာ သူများနိုင်ငံ အတော်များများကို ရောက်ဖူးခဲ့ပါတယ်။

တချို့ စက်မှု အလွန်ထွန်းကားတယ်ဆိုတဲ့ နိုင်ငံကြီးတွေမှာ သူတို့ပိုင် ပြည်တွင်းထွက် ဘာမှ မယ်မယ်ရရ ရှိတာမဟုတ်ဘူး။ စက်မှုအတွက် သုံးစာရာ ရေနံလို ကျောက်မီးသွေးလို ရှိတာမဟုတ်ဘဲ သူများနိုင်ငံက ဝယ်သုံးပြီး စက်ရုံတွေကို လည်ပတ်နေကြရတာမျိုး။ တချို့က သတ္တုကို သူများနိုင်ငံက မှာရတာမျိုး။ အထူးသဖြင့် ဥရောပနိုင်ငံတွေဟာ စားရေရိက္ခာလည်း ကိုယ့်မှာက မလုံလောက်၊ စက်ရုံအလုပ်ရုံတွေ အတွက် ကုန်ကြမ်းလည်း သူများနှာခေါင်းနဲ့ အသက်ရှုပြီး လုပ်ဆောင်နေကြတာကို တွေ့ရတယ်။

ကျွန်မတို့နိုင်ငံမှာ ကျွန်မတို့လူမျိုးတွေ စားဖို့သောက်ဖို့ဆိုတာ ကျွန်မတို့နိုင်ငံထဲက ထွက်တာဟာ လုံလောက်ရုံမက နိုင်ငံခြားတောင် တင်ပို့ရောင်းချနေရပါသေးတယ်။ ရိက္ခာအတွက် ပူစရာ မရှိပါဘူး။ စိုက်ပျိုးနိုင်တဲ့ နေရာမှန်သမျှမှာသာ စိုက်ပျိုး၊ ငတ်မှာ မပူရပါဘူး။ ရိက္ခာတွင်လား၊ လူမှာ စားဝတ်နေရေးလို့ အရေးသုံးပါး ရှိတယ်။ ဝတ်ဖို့အရေးကောလို့ မေးလာရင် ဝါဂွမ်းစိုက်လို့ မြန်မာနိုင်ငံအလယ်ပိုင်းက ကောင်းကောင်းရပါတယ်။ စိုက်လည်း စိုက်နေပါတယ်။ ကျွန်ဘဝတုန်းက စတီးဘရားသားတို့လို အရင်းရှင် လက်ဝါးကြီးအုပ်တွေက မြန်မာ ဝါတောင်သူတွေဆီက ဝါဝယ်ပြီး နိုင်ငံခြား တင်ပို့လာခဲ့ကြတာပါ။ ကျွန်မတို့ ဥတုရာသီနဲ့ တကယ်လိုက်ဖက်တဲ့ ချည်ထည် ရက်လုပ်ဝတ်ဆင်ဖို့ ကိုယ့်နိုင်ငံထဲကချည်း ပြည့်စုံနိုင်ပါတယ်။

နေရေးအတွက်ကော သူများနိုင်ငံတွေမှာ မရှိတဲ့ သစ်တောကြီးတွေ ကျွန်မတို့မှာ ရှိတယ်။ ဒီသစ်တောကြီးက ထွက်တဲ့ သစ်နဲ့ အိမ်ဆောက်နေနိုင်တယ်။ နိုင်ငံခြားကို သစ်ရောင်းပြီး တလျှောက်လုံး နိုင်ငံခြားငွေရအောင် မြန်မာသစ်နဲ့ ငွေရှာလာခဲ့တဲ့ နိုင်ငံပါ။

စားစရာ၊ ဝတ်စရာ၊ နေစရာတွင်လားဆိုတော့ ဟုတ်ပါရိုးလား၊ ရေနံတို့၊ ကျောက်မီးသွေးတို့ကလည်း ထွက်နေသေးရဲ့၊ ရွှေငွေကျောက်သံ ပတ္တမြားတွေကလည်း နေရာပေါင်းများစွာက ထွက်နေသေးတယ်။ ရှိမှန်းမသိလို့ မတူးဖော် မရှာဖွေရသေးတာကလည်း ဘယ်လောက်များဦးမယ် မသိဘူး။ တောက်တီးတောက်တဲ့ မမှတ်ပါနဲ့။ တကယ်ချမ်းသာတဲ့ နိုင်ငံပါ။

ဒါကြောင့် ရိုးရိုးကုတ်ကုတ် လုပ်စားနေတယ်ဆိုဦးတော့ လူဦးရေ ထိန်းချုပ်စရာတောင် မလိုသေးဘဲ ဒူးနန့်ပြီး လုပ်ကိုင်စားနေနိုင်တဲ့ နိုင်ငံပါ။

အမိနိုင်ငံဟာ ဒီလိုပေါကြွယ်ဝတာနဲ့ အတူ အမိနိုင်ငံမှာရှိတဲ့ ဘာသာတရားကလည်း သူတစ်ပါးကို မေတ္တာထားနိုင်တယ်။ ကိုယ့်ထက်ဆင်းရဲ့ ဒုက္ခရောက်သူကို သနားကရုဏာသက်နိုင်တယ်။ ကိုယ်နဲ့အတူရှိသူ၊ ကိုယ့်ထက်သာသူကို ဝမ်းသာအယ်လဲ သာဓုခေါ်နိုင်တယ်။ မရှိရင် ဝေစားမယ်လို့ ပေးနိုင်ကျွေးနိုင်တယ်။ သူတစ်ပါးရဲ့ ကျုးကျော်စော်ကားမှုကို သည်းခံခွင့်လွှတ် ချေဖျောက်နိုင်တဲ့ ဘာသာတရားမျိုးကိုလည်း လက်ကိုင်ထားကြသေးတယ်။ တင်းတိမ် ရောင့်ရဲမှုကိုလည်း ကျင့်သုံးလိုက်ကြသေးတယ်။

ကဲ၊ ဘယ်လောက် နေချင်စဖွယ်ကောင်းတဲ့ နိုင်ငံပါလဲ။

ဒါနဲ့များ လူတွေ ဘာလို့များ သူများနိုင်ငံတွေထွက်ပြီး ရှာဖွေနေကြရသလဲလို့ မေးလာရင်တော့ ဒါဟာ အခိုက်အတန့်ကိစ္စ၊ အစာဝတော့ ဌာန ပြန်မည့်သူချည်း။ ကျွန်မတို့နိုင်ငံမှာ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း စည်းစည်းလုံးလုံးနဲ့ ညီညီညွတ်ညွတ် အချင်းချင်း လက်တွဲ လုပ်ဆောင်နိုင်ကြရင် ဘာမှမကြာတဲ့ ကာလမှာ လုပ်စရာအလုပ်တွေ တောင်ပုံရာပုံ ရှိလာမှာ၊ အဲဒီတော့ အဝေးရောက် သားသမီးတွေလည်း အားလုံး ပြန်လာကြမှာ၊ သူများနိုင်ငံတွေလို ခုမချမ်းသာသေးသကောလု့ိ စိတ်ဓာတ်မကျပါဘူး။ ကျွန်မတို့ဟာ မြန်မာ့ရေမြေပေါ်က မြန်မာတွေပါ။

လူထုဒေါ်အမာ

7 comments

  • Patriot

    August 25, 2010 at 10:01 am

    Very interest post !!! After i read this post, i miss my country and want to go back. Also believe that all those people who work in foreign countries have same feeling like i have. but we don’t have choice and there is no enough spaces in our country for us to apply our skill and knowledge which is learned from universities. So need to wait until the new government which can provide us the better career opportunities. whatsoever, one day, we have to use our experiences to rehabilitate our country as all of those education we have is taught by our mother country, Myanmar.

  • kopauk mandalay

    August 25, 2010 at 10:01 am

    အမေမာရေ
    တကယ်ဖြစ်နေတာက တရားမဝင်သောငွေလွှဲနုှန်းကွာခြားချက်ကြောင့်ပါ။
    လူတွေကဟိိုမှာ ရတဲ့ငွေကို မြန်မာငွေနဲ့မြှောက်ကြည့်ပြီး အများကြီးဆိုပြီး ကိုယ်နိုင်ငံကို စွန့်ပြီးအလုပ်တွေသွားလုပ်နေကြတာပါ။
    တရုပ်ငွေ ပြားခြောက်ဆယ် မြန်မာငွေ တစ်ရာကျပ်
    အမေရိကန်တစ်ဒေါ်လာ မြန်မာငွေ 900ကျပ်ဖြစ်နေသမျှကာလပါတ်လုံး မြန်မာပြည်အတွင်းမှာလုပ်စရာဘယ်လောက်ပေါပေါ လူငယ်တွေက သူများနိုင်ငံကိုသွားလို့
    မြန်မာပြည်မှာ လုပ်မယ်လို့စိတ်ကူးမထားတဲ့ အလုပ်ကြမ်းတွေ (ခပ်ရိုင်းရိုင်းပြောရရင် သူတို့သွားတဲ့နိုင်ငံကလူတွေမလုပ်ချင်တဲ့ အောက်တန်းးကျတယ်)ဆိုတဲ့အလုပ်တွေကို
    မက်မက်စက်စက်သွားလုပ်နေကြအုံးမှာသေချာပါတယ်။

  • ghost

    August 25, 2010 at 10:44 am

    ဟုတ်ပါတယ် အမေ
    စီးပွားရေး အဆင့်အတန်း၊ လူမှုရေးအဆင့်အတန်းနဲ့ ပညာရေးအဆင့်အတန်း အဖက်ဖက် ကနှိပ့်ကျ နေတာ
    ကိုယ့်လူမျိုး ကို နှိမ်ထားမှတော်ရာကျမယ် ဆိုတဲ့ နအဖ ရဲ အယူအဆ ကြောင့် တိုင်းပြည်ကိုစွန့်သွားသူတွေ အများကြီးရှိပါတယ်။

  • nga thar pouk kyi

    August 25, 2010 at 12:14 pm

    မယားပါသား ပေါက်ကြီး မင်းအဖေပေါက်ကြီး စာပြန်ရေးလို်က်ပါတယ် (မင်းလို့ပဲ ခပ်ရိုင်းရိုုင်းပြောလိုက်မယ်ကွာ )
    ငါသား ငပေါက်ပြောသလုို့ မင်းအဖေ သူများနိုင်ငံ အခုလို့ လုပ်ကတာ
    မင်းနဲ့ မင်းအမေ ဖာခံစားရမှာ စိုးတာရယ် မင်းခွက်ဆွဲရမှာ စိုးလို့ပါ
    မင်း ရွာမှာပဲ ဖင်ခံပါကွာ ခွေးငပေါက် နောက်ဆို မင်းနဲ့ မဆိုင်ရင် သူူများကိစ္စကို ဝင်မပါနဲ့ မင်းအဖေ ပြောချင်ပါတယ် စကားဆိုတာ မပြောတတ်ရင် မပြောရဘူး မယားပါသားရ ဒူးမနား သားရ မင်းအဖေ
    ပေါက်ကြီး ခေတ္တ ကိုရီးယား

  • chitsayar

    August 25, 2010 at 12:43 pm

    ရေသည်မြင့်ရာမှ နိမ့်ရာသို ့စီးဆင်းသလို၊ လေသည် ဖိအားများရာမှ ဖိအားနည်းရာကို တိုက်ခတ်သလို
    လူတွေဟာလည်း ရေကြည်ရာ မျက်နုရာ ကို ရွေ ့ပြောင်းနေကြတာ သဘာဝဆိုတာ အားလုံးသိပါတယ်
    အကြောင်းရင်းတွေကို စမ်းစစ်ရန်မှာတော့ တစ်မျိုးစီကွာမှာပါ
    တစ်ခြားနိုင်ငံတွေကို သွားရခြင်းအကြောင်းကတော့ ကိုယ့်နိုင်ငံမှာ ဝင်ငွေနည်းလို ့ပါ ဝင်ငွေနည်းရတာက
    စီးပွားရေးမကောင်းလို ့ပါ စီးပွားရေးမကောင်းတာက နိုင်ငံရေးမတည်ငြိမ်လို ့ပါ မတည်ငြိမ်ရတာက ့ ့ ့ ့ ့ ့
    အဲသည်မှာအမြင်တွေ ကွဲကြပါပြီ
    ဒီမိုကရေစီတို ့ အာဏာရှင်တို ့ ဘာတို ့ညာတို ့ပေါ့
    ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားအကွဲအပြဲတွေကို သေသေချာချာ စုစည်းနိုင်ခဲ့တယ်ဆိုတာ ကို သိကြပါရဲ ့နဲ ့
    ယနေ ့ နိုင်ငံရေးအဖွဲ ့စည်းတွေဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတွေကို လုံးဝနီးပါး ဂရုမစိုက်ဘူးဆိုတာကို သိစေခြင်ပါတယ်
    အဲ့သည်အားနည်းချက်တွေကို ဟိုကောင်တွေက ကောင်းကောင်းအသုံးချပြီး ဘာတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတဲ့လား?
    ဝင်ငွေနည်းရတာက စီးပွားရေးမကောင်းလို ့ စီးပွားရေးမကောင်းရတာက နိုင်ငံရေးမတည်ငြိမ်လို ့ မတည်ငြိမ်ရတာက . . . . . .
    ကိုရွေ ဗမာ လူမျိုးတို ့ရယ် တိုင်းရင်းသားလူမျိုးတွေရဲ ့ ရင်ထဲကသံစဉ်တွေကို ကျေးဇူးပြုပြီး သုတေသနလေးပြုပြီး ဒီမိုကရေစီနည်းနဲ ့ ပေါင်းစပ်ကြည့်ကြပါကွယ်
    နိုင်ငံရေးပါတီတွေကလည်း ဒီမိုကရေစီတွေကို ပြောနေလိုက်ကြတာ များ တိုင်းရင်းသားတွေကို မေ့နေသလိုဘဲ
    ဒါတွေကိုသိလို ့ ဘဘကြီးက တိုင်းရင်းသားတွေနဲ ့ဗမာလူမျိုးတွေကို ကောင်းကောင်းခွဲပြီး ကွဲပြဲတော့မယ့်နိုင်ငံတော်ကြီးကို ထိမ်းသိမ်းနေရပါတယ် ဆိုပြီး ကောင်းစားနေတယ်ဆို တာကို
    မြင်အောင်ကြည့်စမ်းပါကြ အသံကောင်းတောင်ဟစ်လိုက်သေးတယ် ဘာတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတဲ့လား?
    ဘာရယ်ဟုတ် ဝါဝူး နိုင်ဂျမ်ဂါးကို အလုပ်သွားလုပ်ကြရတဲ့အကြောင်းလေးကို မူးမူးလေးနဲ ့ကိုယ့်အမြင်ကို ကိုယ်ပြောကြည့်တာ

  • unclegyi1974

    August 25, 2010 at 3:18 pm

    ဟုတ်ပါတယ်အမေမာရေ မြန်မာလူမျိုးတွေက အနုံအဖျင်း မဟုတ်ကြဘူး။ သိပ်ကို အကင်းပါးတဲ့ လူမျိုး။
    ဘာမဆိုသင်လွယ်တတ်လွယ်ပါတယ်၊ ဦးနေဝင်းလက်ထက်ကမြန်မာမှာB600 တို့ TE11 တို့ထုတ်နေတဲ့အချိန်
    အဲဒိနိုင်ငံတွေဘယ်အဆင့်ဆိုတာလူတိုင်းသိပါတယ်၊
    ဒါပေမဲ့သယံဇာတဒီလောက်ပေါတဲ့နိုင်ငံကအခုလိုဖြစ်နေတာကပြည်သူတွေကမလိုက်နိုင်တာလား၊
    ခေါင်းဆောင်တွေကမဟုတ်တာလားဆိုတာ….
    လူဆိုတာ အထူးသဖြင့်မြန်မာလူမျိုးဟာကိုယ့်အိုးကိုယ့်အိမ်အင်မတန်ခင်ပါတယ်၊
    ဟိုမှာသွားလုပ်ရင်ရမဲ့ငွေလောက်မရ ရင်တောင်မှလူတန်းစေ့နေနိုင်ရင်ဘယ်သူမှနိုင်ငံခြားထွက်ပြီးအလုပ်မလုပ်
    ပါဘူး ဟိုနိုင်ငံတွေကတောင်ဒီလောက်ရတဲ့လခပေးနိုင်တဲ့အလုပ်ဖန်တီးပေးနိုင်ရင်ဒီမှာရော…
    ဘယ်သူတွေမှာတာဝန်အရှိဆုံးလဲဆိုတာ…

  • bigcat

    August 25, 2010 at 9:54 pm

    ကျွန်တော်တို့ကို နိုင်ငံချစ်ပါ၊ တိုင်းပြည်ကိုမမေ့ပါနဲ့၊ လွတ်လပ်ရင် သိပ်မကြာတဲ့ကာလမှာ လုပ်စရာတွေရှိလာမှာ လို့ ဆိုခဲ့တဲ့ အမေ လူထုဒေါ်အမာ ကတော့ ့စစ်ခွေးတွေ အမဲဖျက်သလိုဖျက်တာ ခံနေရဆဲဖြစ်တဲ့ ငမွဲတိုင်းပြည်ကို စွန့်သွားခဲ့နိုင်ပါရောလား။ အမေ့သား၊သမီးတွေမှာသာ ဆက်ပြီး ဘယ်မှာဆုံးမှန်း မသိတဲ့ လမ်းကြမ်းကြီးကို ဆက်ပြီးလျှောက်လမ်းနေရဆဲပါ။

Leave a Reply