အနာဂတ်ရဲ့ ကိုယ်ပွား

manawphyulayAugust 12, 20151min22113

ငါ မျှော်လင့်ချက် တစ်ခုနဲ့ ဟိုး မဆုံးနိုင်တဲ့ ကောင်းကင်ကြီးကို ငေးကြည့်နေမိတယ်။ ငါ့ အတွေးပင်လယ်ထဲ မှာ ငါ့ကိုယ်ငါ စီးမျောရင်း ဒီ အချစ်တစ်ခုကို ငါ ရဲရဲကြီး မွေးဖွားခဲ့တယ်။ ငါ ပျော်နေတယ်။ ငါ ဝမ်းသာတယ်။ ငါတွေးပြီး ကြည်နူး နေမိတယ်။ ဒါဟာ အချစ် ကိုယ်ပွားတဲ့လား?

ရင်ထဲက မေတ္တာတရားက အဆမတန် ဖွံ့ဖြိုးလာခဲ့ပြီ။

ငါသိတာ တစ်ခုက ငါ့ရင်ထဲမှာ ဒီအချစ်သစ် နဲ့ အတူ ပေါက်ဖွားလာတဲ့ မျှော်လင့်ချက် ရောင်စဉ်တွေက နံနက်ခင်း ရောင်စဉ်နဲ့ အတူ ငါ့ဘဝကို အရောင်တွေ ခြယ်နေပြီ။ ပေပေတေတေနေတတ်ခဲ့တဲ့ ငါ့အတွက် အနာဂတ်ကို လှမ်းမျှော်ကြည့်တတ်လာပြီ။ ဟိုး အရှေ့က ဝိုးတဝါးဝါး မြင်နေရတာ “အနာဂတ်” တဲ့လား။ ဒါမှမဟုတ် “ထောင်ချောက်တစ်ခု” လား?

အချစ် ဆိုတာ ထောင်ချောက်တစ်ခုလို့ ငါ အတိတ်မှာ သင်ယူခဲ့တယ်။ အချစ်ဆိုတာ ရှိလည်းကောင်း မရှိလည်းကောင်း ဆိုတာ ငါနားလည်ထားတယ်။ ၅၂၈ မေတ္တာတရား ရင်မှာ ဖြစ်ထွန်းလာခဲ့ပြီ။ အိမ်ရဲ့ ဆည်းလည်းလေး ဖန်ဆင်းဖြစ်တည်လာခဲ့ပြီ….
အချစ်ဆိုတာ ပျော်တဲ့ အခါလည်း အရမ်း ပျော်ရတတ်သလို၊ စိတ်ဆင်းရဲတဲ့အခါ ဘာနဲ့မှ လဲလို့ မရအောင် စိတ်ဆင်းရဲ ရတယ် ဆိုတာ ငါ ကောင်းကောင်းကြီး သိနေတယ်။ ဒါပေမယ့် ငါ အခု ခံစားရနေတာက နံနက်ခင်းရဲ့ လန်းသစ်မှု တွေနဲ့ အတူ၊ အနာဂတ်ရဲ့ မျှော်လင့်ချက် တွေနဲ့ အတူ ပျံသန်းနေတဲ့ လေပြေ လေညင်းလေး … ငါ့ရဲ့ ရင်ထဲ အသဲနှလုံးထဲကို ပြေပြေလေးတိုးဝှေ့နေတဲ့ လေပြေလေညင်းလေး .. ငါ့ရဲ့ ဘဝထဲကို အင်အား အပြည့်နဲ့ တိုးဝင်နေတဲ့ အချစ်လေပြေအေး ..

ဒီ ချမ်းအေးတဲ့ လေပြေလေးက ပြင်းထန် ဆိုးရွားတဲ့ လေဆင်နှာမောင်းကြီးဖြစ်နေစေဦး .. ငါ့မှာ ပူပင် ကြောက်ရွံ့ဖို့ စိတ်ကူးမရှိနေဘူး။ ဒီအရာတွေ
ငါ့ဒီရင်ထဲက ခံစားမိနေတာတွေ အားလုံး ကြောက်စရာ အကောင်းဆုံးသော “အချစ်ထောင်ချောက်ကြီး” ဖြစ်နေပါစေဦး .. ငါရဲရဲကြီး တိုးဝင်ရဲတယ်။ ငါရဲရဲကြီး ရင်ဆိုင်ရဲတယ်။ ဘာကြောင့်လဲ လို့တော့ ငါ့ကို လာမမေးနဲ့။ ဒါဟာ အချစ်သစ် တစ်ခု မွေးဖွားခြင်းရဲ့ ခွန်အား … ဒါတွေဟာ အချစ်ရဲ့ အင်အား .. နောက် ချစ်သူရဲ့ ကိုယ်ပွားလေးကြောင့်ပေါ့။

13 comments

  • ဇီဇီခင်ဇော်

    August 13, 2015 at 9:46 am

    မိခင်စိတ်ပေါ့လေ။

    :chit:

  • ဝင့်ပြုံးမြင့်

    August 13, 2015 at 1:05 pm

    .သမီးမိန်းကလေးဆိုရင် ပိုချစ်ရတယ်။ အသည်းတုန် အူတုန်ချစ်ရတာ။ သားကျတော့ မတူဘူး။ သားကျတော့ ၂ နှစ်သားလောက်ဆို ကန်ထုုတ်ချင်ပြီ။ သမီးကတော့ ကြီးလေ အချစ်ပိုလေ။

  • kai

    August 13, 2015 at 1:40 pm

    ငယ်တုန်းနို့များများတိုက်..
    ကြီးလာရင်.. အမဲသား.. ဝက်သား.. အသားမရှောင်ကြွေး..။
    ဘယ်သူ့ကိုမှ.. ဘယ်အကြောင်းနဲ့မှ.. ဖူးမျှော်မာန်ချမရှိခိုးခိုင်းနဲ့…။

    ကြားလား.. ကျားလား.. :k:

    • မြစပဲရိုး

      August 13, 2015 at 6:07 pm

      ဒါကို မနက် က မြင်တာ နဲ့ အတွေးများ ဆက်နေလို့ပါ။
      kai says: ဘယ်သူ့ကိုမှ.. ဘယ်အကြောင်းနဲ့မှ.. ဖူးမျှော်မာန်ချမရှိခိုးခိုင်းနဲ့…။

      သူကြီးမင်း ပိပိလေး ကို သာ အဲလို တကယ် သင်ပေးထား ရင် ကလေး အတွက် ဝမ်းနည်းစရာဘဲ။
      အဲဒီလို သင်ထားတဲ့ သူကြီး လို မိဘ က ရော “ဖူးမျှော်မာန်ချကန်တော့” လို့ ပြောတဲ့ မိဘ နဲ့ ဘာထူး လို့လဲ။
      ကလေး ကို သူတို့ ဘာသာ လွတ်လပ်စွာ တွေးခေါ်ခွင့်မပေးဘဲ အဲလိုမလုပ်နဲ့ ပြောနေတာလဲ ဦးဏှောက်ဆေး နည်း တစ်မျိုးဘဲ။
      ပိုဆိုးတာက ကလေး ကို သူများ တကာ ရဲ့ ယဉ်ကျေးမှု ဓလေ့ကို မလေးစားမလိုက်နာ တတ်အောင် သင်ပေးလိုက်တာဘဲ။
      ကလေး ကို စာအစုံ ဖတ်ခိုင်းပါ။ သူများ ဘာသာ၊ ယဉ်ကျေးမှု အကောင်း အဆိုး ယှဉ်ပြီး ဘက်မပါဘဲ ပြောနိုင်အောင် ကြိုးစားပါ။
      ကျန်တာ သူ့ဟာသူ ရွေးချယ်ပါစေပေါ့။
      သူကြီး တို့ မှာ က မြန်မာ ကွန်မြူနတီ အကြီးကြီး ရှိနေတာ မို့ ပိုတောင် ဆိုးသေး။
      ဘုန်းကြီး တွေ နဲ့ လဲ တကယ် ကင်းနိုင်တာ မဟုတ်ဘဲ နဲ့ ကိုယ့်ကလေး က အရိုင်းလေးဖြစ် နေဦးမယ်။
      ပြောသာပြောတာပါ။
      သူကြီး ကြည့်ရတာလဲ ရွာထဲ မှာသာ လာစွာ ပြနေတာ။
      အပြင်မှာတော့ သူကိုယ်တိုင် ထီးဖြူဆောင်း လိုက်၊ ခြေသုတ်ပေးလိုက်၊ ဖင်ဗူးတောင်းထောင်ကန်တော့ လိုက်လုပ်နေရတာ မဟုတ်လား။
      lol:-))))

      • kai

        August 14, 2015 at 12:22 am

        ကမ္ဘာ့လူသားတွေအတွက်.. ကုလသမဂ္ဂရယ်…
        အမေရိကန်တွေအတွက်.. အမေရိကားလွတ်လပ်ရေးကြေငြာစာတန်းရယ်က.. လူသားတွေသိနားလည်အောင်.. ခွင့်တူညီမျှမှုရှိသွားအောင်.. အဲဒီအတိုင်း သင်ခိုင်းထားတယ်..။
        မိဘတိုင်းက.. ကိုယ့်သားသမီးကို.. အဲလိုသင်ကြားသင့်လှတယ်..။
        ဆိုတော့…
        မြန်မာ့ယဉ်ကျေးမှုအရ.. ကန်တော့လို့ရပါတယ်..။ ဒါပေမယ့်…
        “ဘယ်သူ့ကိုမှ.. ဘယ်အကြောင်းနဲ့မှ.. ဖူးမျှော်မာန်ချမရှိခိုးခိုင်းနဲ့…။”
        ===========================
        Article 1.

        All human beings are born free and equal in dignity and rights. They are endowed with reason and conscience and should act towards one another in a spirit of brotherhood.
        UNIVERSAL DECLARATION OF HUMAN RIGHTS
        ==================

        https://en.wikipedia.org/wiki/All_men_are_created_equal
        All men are created equal
        The second paragraph of the United States Declaration of Independence starts as follows: We hold these truths to be self-evident, that all men are created equal, that they are endowed by their Creator with certain unalienable Rights, that among these are Life, Liberty and the Pursuit of Happiness.
        ==================

  • Alinsett @ Maung Thura

    August 13, 2015 at 3:19 pm

    ငယ်ငယ်တုန်းက… ညာဘက် လက်မမှာ… အပွားအဖြစ်… အလုံးသေးသေးလေးပါလာဖူးတယ်..
    အဲ့ စပျစ်သီးလောက် အလုံးလေးမှာ… လက်သည်းလည်း ပေါက်တယ်.. ။
    အရေပြားနဲ့ တွဲစပ်ထားတဲ့ လက်မဘေးက
    လက်လုံးလုံးလေးကို အကြောင်းပြုပြီ… ကိုပွါးလို့…ကျနော့် ငယ်နာမည် တွင်ဖူးတယ်…
    သုံးတန်း နှစ်မှာတော့… ခြံနောက်က ခြုံတွေထဲ အတင်းတိုးပြီးး စစ်တိုက်တမ်း ဆော့ချိန်မှာ…
    လက်မနဲ့ လက် အလုံးကလေးရဲ့ ကြားက အရေပြားကို နွယ်ကြိုးနဲ့ ငြိ… ဒဏ်ရာ အတိပြီးသွားတာ..
    မကြာပါဘူး…ဒဏ်ရာကို သေချာ မကုမိတော့… အတွင်းလှိုက်စားသတဲ့…
    အဲ့ဒါနဲ့ပဲ…. လက် အပါွးလေးကို တွဲစပ်ထားတဲ့ အရေပြားကနေ ဖြတ်ပစ်ရမတဲ့…
    အဲ့လိုမှ မဖြစ်ရင်…
    လက်မ အထိ..ဖြတ်ပစ်ရနိုင်ချေ ရှိသတဲ့…

    အဲ့ဒီနောက်… ကိုပွါးဆိုတဲ့ နာမည် တွင်လောက်စရာ…လက်အပွါးလေး…ပျောက်ကွယ်သွားလေရဲ့..

    ကိုယ်ပွါး ဆိုတဲ့ စကားလုံးကို မြင်တိုင်း…
    တချိန်က… စစ်တိုက်တမ်း ကစားရတာကို ကြိုက်ခဲ့သော ကိုပွါး ဆိုတဲ့ ကိုယ့်ငယ်ဘဝကို ပြန် သတိရမိ….

    :k:

  • မြစပဲရိုး

    August 13, 2015 at 6:11 pm

    မနော ကို မိခင်တော်ရမဲ့ သမီးလေး တော့ ကံကောင်းတယ်။ မမြင်ရသေးခင်ကထဲ က ဒီလောက် အင်အားတွေ ရှိနေတာ မြင်ပြီးရင် ပိုပြီး အားတွေ တိုးလာမှာ မပူ နဲ့။
    All the best my Sis!
    ဘယ်တော့ မွေးမှာလဲ ပြောထားဦး။ :-))

  • aye.kk

    August 13, 2015 at 6:23 pm

    မေတ္တာ
    မမြင်ရခင်ထဲကမြင်နေရတာမေတ္တာ။
    အနာဂတ်ရဲ ့ကိုယ်ပွား
    သမီးလေးကို ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ ့ မွေးဖွားနိုင်ပါစေ။။။

  • ဟေသီ

    August 14, 2015 at 10:50 am

    မိခင် တစ်ယောက်ဖြစ်ဖို့ ဆိုတာ နည်းတဲ့ အခွင့်ထူးမှ မဟုတ်တာ။ လိမ္မာတဲ့ သားသမီး ရတနာလေး ပိုင်ဆိုင်နိုင်ပါစေ။ 🙂

    ဒါနဲ့ စကားမစပ် သူကြီးရေ ဘယ်သူ့ကိုမှ.. ဘယ်အကြောင်းနဲ့မှ.. ဖူးမျှော်မာန်ချမရှိခိုးခိုင်းနဲ့…။ ဆိုတဲ့ စကားတော့ သိပ်မကြိုက်ချင်ဘူးရယ်။ ကျွန်မ အဖေက ခရစ်ယာန်တောင်မှ အဲ့လိုမျိုးသင်မပေးခဲ့ဘူး။ မာန်မာနကို ချိုးနှိမ်ဖို့ပဲ သင်ပေးခဲ့တာ။ အဲ့အယူအဆ တစ်ခုနဲ့ တူတာတော့ သင်ပေးတယ်။ အလွယ်တကူနဲ့ ဘယ်သူကိုမှ ဖူးမျှော်မာန်ချ မရှိခိုးပါနဲ့တဲ့ ဒါလည်း ဗုဒ္ဓဘုရား ဟောခဲ့တာပဲတဲ့။ သူကြီး အတွေးအခေါ်နဲ့ အတော်လေး တူပြီး အလွန်အမင်း အဓိပ္ပါယ် ကွာပါတယ်။ ကျွန်မ အခုထိ အဖေပြောတဲ့ စကားကို နားထောင်တယ်။ ဘယ်တော့မှ အလွယ်တကူနဲ့ ဘယ်သူကိုမှ ဖူးမျှော်မာန်ချ မရှိခိုးပါဘူး သူကြီးရယ် 🙂

Leave a Reply