ရင်ခွင်လေးရဲ့ကို
ရင်ခွင်လေးရဲ့ကို
မငိုပါနဲ့လား လွမ်းလို့ကျတဲ့မျက်ရည်စက်များ
ဖမ်းဖို့အားမရှိလို့ပါ သောကအလွမ်းကင်းဖို့
ကိုယ်ဖန်းဆင်းဖူးတဲ့ အိမ်ငယ်လေးမှာ
ပျော်စရာအတွေးတစ်ပိုင်းတစ်စနဲ့ပါမေ့ 
ဝေးကွာခြင်းအထိမ်းအမှတ်နေ့တိုင်း
အနမ်းလေးများ အိပ်ရာထက်ဖြန့်ကျဲထားတယ်
တစ်နေ့နီးလာမယ့်ရက်ကို လက်ချိုးရေရင်း
မနက်မိုးလင်းခဲ့တာ ရက်ပေါင်း ၄၅၇ ရက်ပြည့်ပြီလေ
ချစ်ခရီးလမ်းကြမ်းသတဲ့လား အနေမနီးသေးလို့
စိုးထိတ်တို့အနိုင်ယူစဲမှာ သစ္စာဆိုသောစကားကို
ကိုယ်တိုင်တည်ရင်း ဖွင့်ပြောမယ်မေ
သိပ်ချစ်တာ မိုးသိ မြေသိ ကောင်းကင်သိပါလေ
ကမ်းစပ်နားတူပြေးရင်း ဘဝအမောဖြေချင်တယ်မေ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အပြုံးချင်းဖလှည်ရအောင်လေ
ကံပေးလို့ဆုံတဲ့ဘဝတစ်ခဏမှာ ဒေါသ မောဟ မာနကင်းတဲ့ ချစ်ခြင်းတရား ပိုင်ဆိုင်ရအောင်
တူကြိုးစားရင်း
တစ်သက်မမေ့ တွဲလက်မြဲစေ
ရင်မှပျိုးသော ကြာဖူးလေးလည်း
မေတ္တာဆမ်းမှ ပွင့်ပါစေကြောင်း
တောင်းဆုကိုပျိုး တိုးလို့ချစ်သည်
သိမ်ငယ်စိတ်များ ဝေးရချေပြီ
တို့တစ်တွေချစ်ခြင်း သက်ဆုံးတိုင်မို့
တစ်နေ့ဆုံမှတ် နီးပါစေသား
ကာရံ ၁၂့ ၈့ ၂၀၁၅
ဆုံမှတ်တွေ အမြန်ဆုံး နီးပါစေ
Was this answer helpful?
LikeDislikeလရောင်လန်းမှ ပွင့်မယ့်ပန်းလို
ဆုံမှတ်များ နီးပါစေသား………
Was this answer helpful?
LikeDislikeသိပ် မနုနဲ့နဲ့တော့…
နီးလာအောင်…ခပ်ကြမ်းကြမ်းလေး ဆွဲစိသင့် စိရမယ်ဟ
Was this answer helpful?
LikeDislikeဆုံမှတ်
Was this answer helpful?
LikeDislikeတောင်းတဲ့ဆုနဲ့ ပြည့်နိုင်ပါစေ
Was this answer helpful?
LikeDislike