ရင်ခွင်လေးရဲ့ကို

ကာရံAugust 12, 20151min1815

ရင်ခွင်လေးရဲ့ကို

မငိုပါနဲ့လား လွမ်းလို့ကျတဲ့မျက်ရည်စက်များ
ဖမ်းဖို့အားမရှိလို့ပါ သောကအလွမ်းကင်းဖို့
ကိုယ်ဖန်းဆင်းဖူးတဲ့ အိမ်ငယ်လေးမှာ
ပျော်စရာအတွေးတစ်ပိုင်းတစ်စနဲ့ပါမေ ့ ့ ့ ့ ့ ့

ဝေးကွာခြင်းအထိမ်းအမှတ်နေ့တိုင်း
အနမ်းလေးများ အိပ်ရာထက်ဖြန့်ကျဲထားတယ်
တစ်နေ့နီးလာမယ့်ရက်ကို လက်ချိုးရေရင်း
မနက်မိုးလင်းခဲ့တာ ရက်ပေါင်း ၄၅ရ ရက်ပြည့်ပြီလေ

ချစ်ခရီးလမ်းကြမ်းသတဲ့လား အနေမနီးသေးလို့
စိုးထိတ်တို့အနိုင်ယူစဲမှာ သစ္စာဆိုသောစကားကို
ကိုယ်တိုင်တည်ရင်း ဖွင့်ပြောမယ်မေ
သိပ်ချစ်တာ မိုးသိ မြေသိ ကောင်းကင်သိပါလေ

ကမ်းစပ်နားတူပြေးရင်း ဘဝအမောဖြေချင်တယ်မေ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အပြုံးချင်းဖလှည်ရအောင်လေ

ကံပေးလို့ဆုံတဲ့ဘဝတစ်ခဏမှာ ဒေါသ မောဟ မာနကင်းတဲ့ ချစ်ခြင်းတရား ပိုင်ဆိုင်ရအောင်
တူကြိုးစားရင်း

တစ်သက်မမေ့ တွဲလက်မြဲစေ
ရင်မှပျိုးသော ကြာဖူးလေးလည်း
မေတ္တာဆမ်းမှ ပွင့်ပါစေကြောင်း
တောင်းဆုကိုပျိုး တိုးလို့ချစ်သည်
သိမ်ငယ်စိတ်များ ဝေးရချေပြီ
တို့တစ်တွေချစ်ခြင်း သက်ဆုံးတိုင်မို့
တစ်နေ့ဆုံမှတ် နီးပါစေသား

ကာရံ ၁၂ ့၈ ့၂၀၁၅

5 comments

  • ဇီဇီခင်ဇော်

    August 13, 2015 at 10:07 am

    ဆုံမှတ်တွေ အမြန်ဆုံး နီးပါစေ

  • manawphyulay

    August 13, 2015 at 10:13 am

    လရောင်လန်းမှ ပွင့်မယ့်ပန်းလို
    ဆုံမှတ်များ နီးပါစေသား………

  • Alinsett @ Maung Thura

    August 13, 2015 at 3:26 pm

    သိပ် မနုနဲ့နဲ့တော့…
    နီးလာအောင်…ခပ်ကြမ်းကြမ်းလေး ဆွဲစိသင့် စိရမယ်ဟ

  • ဟေသီ

    August 14, 2015 at 10:40 am

    တောင်းတဲ့ဆုနဲ့ ပြည့်နိုင်ပါစေ

Leave a Reply