တကယ်မသိလို့မေးတာပါ ..

fattyAugust 25, 20101min13211

ကျနော်သိချင်တာ လေး တွေကိုမေးခွင့်ပြုပါ ။ ….

မကြာမီ ရွေးကောက်ပွဲ ကြီး လုပ်ပါတော့ မယ် …. ကြံ့ ဖွံ့ပါ တီ ရဲ့ နယ်မှာ တောင်သူတွေကို ချေးငွေ ထုပ်ပေးပြီး ချေးငွေလိုချင်ရင် သူတီု့ပါတီထဲဝင်ရမယ် …ဆိုတော့

လောလော ဆယ်စားဝတ်နေရေး စိုက်ရေးပျိုးရေး အခက်အခဲ ရှိနေသူတွေ ကတော့ ရတာအရင်ယူရမဲ့ သဘောဖြစ်နေပါတယ်။

တရားဥပဒေ ကို အားကိုး ရအောင်ကလည်းမှန်မှန် ကန်ကန် ရပ်တည် ပြီး ကိုယ့်အတွက် မှန်ကန်မှုနဲ့ အားကိုးလောက်ရဲ့လား …….

ဝင်ပြိုင်ကြမဲ့ ပါတီ တွေရဲ့ ဥ က္က ဌ ဆိုသူ တွေရဲ့ အတွေ့ အကြုံ တွေဖတ်ကြည့် တော့လည်း ….အမှန်ပြောရရင် အားရစရာ သိပ် မရှိပါ …..

ရွေးကောက်ပွဲ ကို သပိတ်မှောက် လို့ ပြောတဲ့ အဖွဲ့ ကလည်း ပြောပါတယ် …..

လူကောင်း လူတော် တွေကို ရွေးပြီး မဲထည့် ကြပါလို့ ပြော တဲ့အဖွဲ့ ကလည်း ပြောတယ် ……

ကျနော် တို့ မှာ ရွေး ကောက် ပွဲ အတွေ့အကြုံ က မရှိ တော့ ဘာတွေ လုပ်ကြ ရမှာ တုံး …..  တကယ်မသိလို့ပါ ………

11 comments

  • chitsayar

    August 25, 2010 at 3:54 pm

    ဘာမှမသိတဲ့အတွက် ဘာမှမလုပ်ပါနဲ ့

  • Patriot

    August 25, 2010 at 5:31 pm

    Yeah, No vote is better if you are not familiar. because if you vote wrongly to those lucrative party, it become cultivation of poisonous plant.

  • timothy

    August 25, 2010 at 8:23 pm

    NLD had made the voter`s right known to public recently. NLD want every citizens to use their right not to cast any vote on the election.
    1.Military guys in civilian suits+ some cash-strapped opposition+ some voters= Than Shwe`s victory with 99% yes for army.
    Whatever you vote, Than Shwe got ready-made ballot boxes to replace your boxes from polling booths+ ready-made government to put the country in Military`s yolk.
    2. Military guys in civilian suits+ some cash-strapped opposition+ nil voter ( Boycott)= Than Shwe would stupidly declare victory again.
    3. Military guys in civilian suits+ Nil opposition ( Boycott)+ nil voter (Boycott)= Than Shwe will shamelessly declare victory.
    In scenario 2 and 3, we will have Than Shwe no leg to stand situation. Let see whether he could count the vote with no voters attendance on election day. Let see what he will do if he has to declare victory for all his ghosts and dogs winning the election without any contestants in election. No voters turn up to booths. Where can he find any vote to make up his 99% yes? He got no chance to defend his crime this time. Burma will be under spotlight of UN and leading nations.
    Follow the NLD`s advice to boycott the election.

  • bigcat

    August 25, 2010 at 11:21 pm

    ဘေးထိုင်ဘိုင်ကျပြီးဘုတောတာ မဟုတ်ဘဲ ဘာဘာ ဘာမှမသိလို့ မဘုတ်ဘူးလို့ ဘေးဘီကြည့်ပြီး ဘိုင်းကနဲ ဘေလိုက်ကြရင် ဘဘဘိုကြီးတွေ ဘွတ်အဲ လို့တောင်အော်နိုင်မည် မထင်ပါ။

  • Ba Gyi Taw

    August 26, 2010 at 4:11 am

    ဒို ့ကတော့ ဒို ့ကတော့ လို ့ဗဒင်သီချင်းထဲကလိုဘဲ ဆိုလိုက်တော့မယ် ။

  • Pyaung Gye

    August 26, 2010 at 4:43 am

    သိနေရင် စိတ်ညစ်မယ်၊ ဒေါသဖြစ်မယ်၊ အကုသိုများမယ် –
    ဒီတော့
    အလကား အလကား လို လုပ်နေတာတွေကို
    စိတ်ကူးထဲထည့်မနေနဲ့
    ကိုယ်ပေးတဲ့မဲတစ်ပြားဟာ ကိုယ့်ကိုပြန်ဆော်၊ နှိပ်ကွတ်မှာ အသေအခြာဘဲ
    ကိုယ်ကတော့ SORRY

  • tunaung

    August 26, 2010 at 5:21 am

    ဒီလူဒီမူတွေနဲ့ဒီရွေးကောက်ပွဲကိုကိုယ့်လူကဘာလုပ်ချင်သေးလို့တုံး အရှက်မရှိ ရှက်ရကောင်းကောင်းမှန်းမသိတဲ့အလိမ်အညာရွေးကောက်ပွဲကိုခြေညောင်းခံမနေပါနဲ့ ကိုယ်တို့ကတော့ပွဲပြီးမှပြန်လါတော့မယ်

  • Yin Nyine Nway

    August 26, 2010 at 9:20 am

    မသိတာကောင်းတယ်
    သိတာများလေလေ
    စိတ်ညစ်ရတာများလေပဲ
    အဲဒိတော့ မသိရင ်မသိဘူးလို့ ပဲမှတ်ထားလိုက်တော့

  • Outsider

    August 30, 2010 at 1:04 pm

    ဘာမှမသိတဲ့သူတွေအတွက် ဘာမှမသိအောင် လုပ်ထားတဲ့ ပွဲကိုးဗျ … ဒီလောက်တော့ ရှိမှာပေါ့ … ဟဲဟဲ

  • ko ko

    September 3, 2010 at 5:12 pm

    ဒေါ်စုပြောသလို မဲမပေးဘဲနေနိုင်ခွင့်ရှိတယ်။ ဒါမှမဟုတ် မဲ ကမောက်ကမ ဖြစ်အောင် မဲကို မျှထည့်တာမျိုး ဘယ်ပါတီမှ အနိုင်မရအောင် ရပ်ကွက်တိုင်း၊ ကျေးရွာ၊ မြို့နယ်တွေစည်းရုံးလုပ်ဆောင်နိုင်ရင်ပိုကောင်း မယ်လို့ထင်ပါတယ်။

  • yokesoelay

    September 3, 2010 at 7:20 pm

    အသက်ပြည့်ရင်လဲ စဉ်းစားပေးပါတယ်…….အမေကနောက်ကျမွေးလိုက်တော့ ဦးနှောက်စားသက်သာတာပေါ့….

Leave a Reply