ပြီးခဲ့တဲ့ ၃ပါတ်လောက် က အလုပ် ထဲမှာ ရခဲ့တဲ့ အီးမေး  အကြောင်းလေးပါ။
လက်ရှိအလုပ်က ချာရတီ အဖွဲ့အစည်း တစ်ခု ရဲ့ Bookkeeper ခေါ်ခေါ်၊ စာရင်းကိုင် ခေါ်ခေါ် ဆိုပါတော့။
တာဝန်ယူရတာ တွေထဲ မှာ ဘော့စ် ကို Supplier  ကို Payment လုပ်ဖို့အတွက် စာရင်း ပြင်ပေးရတာလဲ ပါပါတယ်။
Supplier တွေထဲ က တစ်ယောက် ကို ဟိုးအရင်လ တုန်းက ပိုက်ဆံ နှစ်ခါ ထပ်ပေးမိခဲ့တယ်။
အဲဒီအကြောင်း ကို အဲဒီ Supplier ဆီ email ပို့ ခဲ့တယ်။  Refund လုပ်ပေးဖို့။
ဒါကို သူက စာရင်းမှတ်ထားမယ်ပြောပြီး Refund မလုပ်ပေးဘူး။
အခု New Bill ရောက်လာတော့ လဲ နှုတ်ပေး မထားဘူး။
ဒါနဲ့ ကိုယ့်ဟာကို  Credit Note လုပ်ပြီး   သူ့ Bill Amount ထက်   လျှော့ပေးခဲ့တယ်။
ပြီးတော့ အကျိုးအကြောင်း ကို သူ့ ဆီကိုလဲ အီးမေး ပို့လိုက်တယ်။
သူ့ဆီကလဲ ဘာမှ ပြန်ပြောမလာဘူး။
ဒီတော့ ဇာတ်လမ်းပြီးပြီ ပေါ့။
ဒါပေမဲ့ ပြီးခဲ့တဲ့ ၃ပါတ် က အဲဒါ ကို Outstanding  ဆိုပြီးတောင်းလာပြန်တယ်။
ဒီတော့ အရင် သူ့ကို ပို့ခဲ့ ရှင်းတမ်း ကို Forward လုပ်ပြီး ပြတော့ သူဆီက  အီးမေး ပြန်ရောက်လာတယ်။
Thanks. But I think crossed the line.
တဲ့။
ကိုယ့်မှာ နဲနဲတော့ အီ သွားတယ်။
သူ့ဘက်ကကြည့်ရင်တော့ ကိုယ်က သူ့စည်းကို ကျော်တာ ဟုတ်မှာပါ။
ကိုယ့်ဘက် ကတော့  ကိုယ့်လုပ်ငန်း ဘက် က ကြည့် ရမှာ ကိုယ့်တာဝန်ဘဲ။
မဟုတ်တာ ကို လိမ်ပြီး ကစားထားတာမှ မဟုတ်တာ။
သင်ခန်းစာ တစ်ခု တော့ ရလိုက်တာပေါ့။
.နောက်တစ်ခါဖြစ်ရင်တော့ Supplier   ဆီ ကို email  တင်မက Credit note (သူ့ဘက်ကတော့ Debit Note  ပေါ့) ကို ပါ ပို့လိုက်ဖို့ ကိုပါ။
(အိုင်တီ  Admin လုပ်တုန်းက  စက်တွေ နဲ့ ဆက်ဆံရတာ Crossed the line  လို့ ဘယ်တော့ မှ မပြောရှာဘူး။) :wink:

တကယ်တော့ အရှေ့မှာပြောတာက နိဒါန်း ချီလာတာ လို့ ပြောချင်တယ်။
ဒီအတိုင်း မြုံ ထားရင် အစာမကျေ အိပ်မပျော် အထိ ဖြစ်တော့မှာမို့ အံချပါရစေ။
Cross the line  ဖြစ်ခဲ့ ရင် ခွင့်လွှတ်ကြဖို့။ :wink:


စပြီ။ :-))))
မနေ့ က ထူးအိမ်သင် က အစ မောင်အောင် ရဲ့ ကင်မရာ အလယ် ဇာတ်လမ်းပေါ့။
အဲဒီ အတွက် မောင်ဂီ ရဲ့ ပို့စ် “အိမ်သုံး compact digital camera ကို ဘယ်လို ရွေးချယ် ၀ယ်ယူမလဲ(၃) Personal Advice” ကို ရှာတွေ့လိုက်တယ်။
အဲဒီမှာ သူကြီး ရဲ့ မှတ်ချက် ကို ဖတ်လိုက်မိတယ်။

=======
kai says:
ဒီစာကို.. မန္တလေးဂေဇက်သတင်းစာထဲ သုံးချင်ပါတယ်..။
.နိုင်ငံခြားနေသူဖြစ်တာမို့.. စာမူခမရပေမဲ့ ပွိုင့်တော့ ၅၀၀၀ တိုးပေးထားပါမယ်..။ :)

ဖြစ်နိုင်မယ်ဆိုရင်..
၁) စာလုံးအဖြတ်အတောက်နဲ့ စာလုံးပေါင်းတွေပြန်စစ်ပေးပါ..။
၂) ရွာသားနာမယ်တွေညွှန်းထားတာ.. ဖြုတ်ပေးပါ..။
၃) ဒေါ်လာ ၂၀၀ကနေ ၅၀၀ကြားမှာ.. ကိုရင်ကစိတ်ကြိုက်ရွေးတဲ့.. ကင်မရာမိုဒယ် ၅ခု ချပြပေးပါခင်ဗျား.။
၎) စာမူကို.. editor@myanmargazette.net ဆီ တိုက်ရိုက်ပို့ပေးစေလိုပါတယ်..။

==================================================

(အဲဒီမှာ မောင်ဂီ ကတော့ ကြိုက်သလို သုံးပါ လို့ သဘောထားကြီး ထားပါတယ်)

သူကြီး ရဲ့ ရွာ ထဲက ပွိုင့်ပေးစနစ် မှာ နိုင်ငံခြား က ရေးသူ တွေကို ပွိုင့်ပေး လဲ ငွေ နဲ့ ဖလှယ် မပေးဘူး။
သဘောကတော့ ဒီ ပွိုင့် က အလကားတန်ဖိုးမဲ့  အပျော် မြင်ဖို့ ပေါ့။
ကျွန်မတို့ ပြင်ပ လူ များကလဲ ဒီ စည်းမျဉ်း ကို ကျေကျေနပ်နပ် ကြီး ကို 101% လက်ခံ ပါတယ်။

အခု မြင်လိုက်ရတဲ့ မှတ်ချက် မှာတော့ ” ရွာထဲ က စာ ” ကို “Business သတင်းစာ” မှာ သုံး မယ်။
ဒါပေမဲ့ ပွိုင့် ဘဲပေးမယ်။
. ပြသနာက အဲဒီလူက နိုင်ငံခြား က လူ ဖြစ်လို့ အဲဒီပွိုင့် ကလဲ ဘာမှ သုံးလို့ မရတဲ့ တန်ဖိုး မဲ့ အလကား ပွိုင့်။
.မောင်ဂီ  ပို့စ် တွေထဲ အလကား ပွိုင့် ၅၀၀၀ တိုးပြီး ဘယ်နှစ်ပုဒ် သုံးထားခဲ့လဲ။ သူပို့စ် တွေ ကို သတင်းစာထဲ အလကားပုံစံ နဲ့ သုံးထားတဲ့ သဘောလို့ မြင်လိုက်မိလို့ပါ။

တကယ်တော့ အဲဒါတွေ က သတင်းစာသုံး မို့ ဘယ်မှာ နေတဲ့ သူ ဖြစ်ဖြစ် ငွေ ဘဲ မပေးသင့်ဘူးလား။
ဒါတွေ ကတော့ ရွာ နဲ့ သတင်းစာ ကြား  လိုင်းကျော် သုံး နေတာလို့ မြင်ပါတယ်။
ဒါကို ပြောမိလို့
ကျွန်မ ကို Crossed the Line ဆိုလဲ Crossed the Line ပေါ့ သူကြီး ရယ်။
အတည် နောက်တာပါ။  :-))))))))

About မြစပဲရိုး

Khin Latt has written 240 post in this Website..