လက်​ရှိအ​ခြေအ​နေ

naywoon niAugust 16, 20151min1226

လက်​ရှိအ​ခြေအ​နေ
==============

​ဟောရတာများလွန်​းလို့
နှုတ်​​တွေလည်​း သစ်​​ခေါင်​းဖြစ်​​တော့မယ်​ ။
နာ ရတာအကြိမ်​အ​ရေတွက်​နိုင်​ခဲ့
နား​တွေလည်​း သစ်​​ခေါင်​းဖြစ်​လုခမန်​း

အ​ရေးဟယ်​ အ​ကြောင်​းရယ်​​ပေါ်လာ​တော့
​ဟောတဲ့သူမှာ​ကော
နာတဲ့သူမှာပါ
တရားဆိုတဲ့ အရာ
ရှာလို့မ​တွေ့ဘူးတဲ့ ။

​နေဝန်​းနီ
11:55 PM
2015 Aug 5

6 comments

  • ဇီဇီခင်ဇော်

    August 17, 2015 at 8:44 am

    ကိုယ့်ကိုယ်ကို မှာပဲ ရှာရတဲ့ တရား ကို အပြင်မှာ ရှာနေလို့ထင်ပါရဲ့။

  • naywoon ni

    August 17, 2015 at 8:14 pm

    ကျ​နော်​​ပြောချင်​တဲ့ ” တရား ” ဆိုတာက ” မတရားမှု ” ” အဓမ္မ” ဆိုတဲ့ အ​ကြောင်​းတရားရဲ့ ” ဆန်​့ကျင်​ဖက်​” အရာကိုပါ ။ ကို​အောင်​မိုးသူ 🙂

  • aye.kk

    August 17, 2015 at 8:15 pm

    ၁။လာဘကြီးရင်မီးဘေး
    ၂။ဒေါသကြီးရင်ရေဘေး
    ၃။မောဟကြီးရင်လေဘေး
    တရားမတွေ့သေးသမျှ၊
    လက်ရှိအခြေအနေအရ၊တွေ့နေရမဲ့ဘေး၃-ဘေး။။

  • Ma Ma

    August 17, 2015 at 8:30 pm

    (​ဟောတဲ့သူမှာ​ကော
    နာတဲ့သူမှာပါ
    တရားဆိုတဲ့ အရာ
    ရှာလို့မ​တွေ့ဘူးတဲ့ ။ )

    နှလုံးသားမှာ ဘုရားတည်နိုင်တဲ့အထိ မရောက်နိုင်သေးသမျှ
    ပါးစပ်က ဘုရားဘုရား လက်က ကားရား ကားရား ဖြစ်နေအုံးမှာပဲ။

  • တရား ကို မျှတခြင်း တွဲတော့
    လွဲမှ လွဲပေါ့အေ
    အတွင်းရှာရှာ
    အပြင်ရှာရှာ
    ရှာစမ်းပါ့လေ
    ဖိနပ်ပါးလို့
    ထမင်းသာသိုးဘို့ပြင်
    ရလမ်းတော့ ဘယ်မမြင်။

Leave a Reply