မှတ်သားဖွယ်စုံ မြန်မာစကားပုံ

badbabylay09@gmail.comAugust 25, 20101min1112

ယခုခောတ် လူတော်တော်များများ အနောက်တိုင်းပုံစံကို အတုခိုးနေထိုင်ပြောဆိုသော်လည်း စကားထဲတွင် ရှေးစကားပုံများကို ထည့်သွင်းပြောလေ့ရှိကြသည်။ ထိုကြောင့် ကျွန်ုပ်သိသလောက် မြန်မာစကားပုံများကို သူငယ်ချင်းတို့လည်းသိစေရန် မှတ်သားထားသလောက် မျှဝေတင်ပြလိုက်ပါတယ်။

ဆင်ကျီစားရာ ဆိတ်မခံသာ

ဆင်ကကျီစားသည့်သဘောဖြင့်ပြုမှုသော်လည်း ဆိတ်အဖို့မခံသာအောင်နာကျင်သကဲ့သို့
အင်အားကြီးသူက ထိခိုက်စေလိုသောသဘောမပါဘဲ ခပ်ပေါ့ပေါ့ ပြုလိုက်သောအမှုသည်
အင်အားနည်းသူအဖို့ အခံသာအောင်ဖြစ်ရသည်။

ဖွတ်မရ ဓားမဆုံး

ဖွတ်လည်းမရ ဓားမလည်းဆုံး သကဲ့သို့ ရည်မှန်းသည်ကို မရသည်အပြင်
ရင်းနှီးစိုက်ထုတ်ထားသမျှပါ ဆုံးရှုံးရသည်။

မြင်းစီးလို့မှ အထီးမှန်း အမမှန်း မသိ

မိမိစီးသောမြင်းကိုပင် အထီးမှန်း အမမှန်း မသိသကဲ့သို့ မိမိပြုလုပ်နေသော ကိစ္စကိုပင် ကွဲကွဲပြားပြားမသိပေ။

မစားရ အညှော်ခံ

ဟင်းကိုမစားရဘဲနဲ့ အညှော်ခံပြီး သက်သက်မျှဖြစ်သကဲ့သို့ အခွင့်အရေးများကို မခံစားရဘဲနှင့် မျှော်လင့်ရရုံသက်သက်မျှဖြစ်သည်။

ကျည်ပွေ့အတက်ပေါက်

ကျည်ပွေ့မှအသက်ပေါက်သည်ဆိုသကဲ့သို့ မည်သို့မျှအောင်မြင်မှုမရနိုင်ဟု အထင်ခံရသူသည်
မယုံနိုင်လောက်အောင် ဖြစ်ထွန်းသွားသည်။

နေမြင့်လေ အရူးရင့်လေ

နေမြင့်ပိုပူလာလေလေ စိတ်မနှံ့သူများ ပို၍စိတ်ဖောက်လာလေလေ ဖြစ်သကဲ့သို့
အချိန်ကြာမြင့်လေလေ အခြေအနေပိုဆိုးလာလေလေ ဖြစ်သည်။

ငရဲကလာသူ ပြာပူမကြောက်

He who has been to hell fears nothing.
ကြီးမားတဲ့ဒုက္ခကို ခံစားဖူသူဟာ တော်တန်ရုံဒုက္ခဆင်းရဲတို့ကို မမှုတော့ပါ။

စုပေါင်းညီညာ အောင်ကြောင်းဖြာ

Many hands make light works.
မည်သည့်အမှုကိစ္စမဆို တစ်ဦးတစ်ယောက်ထဲ ဆောင်ရွက်ခြင်းထက် အားလုံးစုပေါင်းပြီး စည်းစည်းလုံးလုံးနှင့်
ဆောင်ရွက်ခြင်းက ပိုမိုကိစ္စပြီးပြတ်အောင်မြင်နိုင်သည်။

အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်

Testing lie brings serious sovows.
မကောင်းတဲ့အလေ့အထတစ်ခုကို အစပျိုးမိရာကနေ မဖျက်တောက်နိုင်တော့ဘဲ ဆက်လုပ်မိသဖြင့်
မကောင်းမှုသံသရာထဲကနေ ရုန်းမထွက်နိုင်တော့ပေ။

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်

ပုတ်သောငါးခုံးမတစ်ကောင် လှေပေါ်တွင်ပါသောကြောင့် တစ်လှေလုံးပုပ်သည်ဟု အထင်ခံရသကဲ့သို့
မကောင်းသူတစ်ဦးကြောင့် အသိုင်းအဝိုင်းတစ်ခုလုံး နာမည်ပျက်ရသည်။

2 comments

  • kopauk mandalay

    August 26, 2010 at 2:23 am

    ဒီစကားပုံလေးတွေက သိရုံဖတ်ရုံအတွက်သက်သက်မဟုတ်ပါ။
    အရေးကြုံလာရင် သုံးလို့လဲရပါတယ်နော်။

  • etone

    August 27, 2010 at 2:27 am

    နောက်ထပ်ရှိရင် တင်ပေးပါဦး ။

Leave a Reply