ကမ္ဘာ​မြေကြီးနဲ့ ကြယ်​​တွေအ​ကြောင်​း

naywoon niAugust 17, 20151min621

ကမ္ဘာ​မြေကြီးနဲ့ ကြယ်​​တွေအ​ကြောင်​း

​ကောင်​းကင်​​ပေါ်ကကြယ်​​တွေကို
ကမ္ဘာ​မြေကြီးက ထမ်​းပိုးမထားရ​တော့
ဝန်​ , မ​လေးရှာပါဘူး ။
​မြေပြင်​​ပေါ်က ကြယ်​​တွေက​တော့
ကမ္ဘာ​မြေကြီးကို ခွစီး​လေ​တော့
သူတို့အတွက်​နဲ့သာ
ကမ္ဘာ​မြေကြီးခမြာ
စိတ်​မသက်​မသာဖြစ်​​နေရရှာတာ ။
အဲ့ဒိ​တော့ …….
​ကောင်​းကင်​​ပေါ်က ကြယ်​​တွေ​ကြွေတာကို
(တစ်​ခါတစ်​​လေ)
ကမ္ဘာ​မြေကြီးက သတိမထားမိလိုက်​ပါဘူး ( တဲ့ ) ။
​မြေပြင်​​ပေါ်က ကြယ်​​တွေ​ကြွေရင်​​တော့
သူထမ်​းပိုးထားရတဲ့ ဝန်​ ​ပေါ့သွားလို့
ကမ္ဘ​မြေကြီးခမြာ
​ပေါ့ပါးသွက်​လက်​
( တစ်​ခါတစ်​​လေ )
သူ့ဝန်​ရိုးကို​တောင်​သူ မထိမ်​းသိမ်​းနိုင်​ရှာ​အောင်​ကို
​ပေါ့ပါးသွား​လေ​တော့
……………………………………………..
……………………………………………..
……………………………………………..
……………………… ။

​နေဝန်​းနီ
10:02 PM
2015 Aug 16

One comment

  • aye.kk

    August 17, 2015 at 10:58 pm

    ကမ္ဘာမြေကြီးပေါ်က…..
    ကြယ်တွေမရှိခြင်းဟာ….
    ကမ္ဘာမြေကြီးတွက်တော့……အကေါင်းဆုံးဖြစ်မှာအမှန်ဘဲလေ။

Leave a Reply