“မထူးခြားတဲ့ ညနေခင်း”

“မထူးခြားတဲ့ ညနေခင်း”

1 အပြာရောင်မိုးသားနဲ့ ကောင်းကင်
1 အပြာရောင်မိုးသားနဲ့ ကောင်းကင်

မွန်းကြပ်တဲ့တစ်ရက်

 

ပြေးထွက်စရာ

 

နေရာရှာ။

 

ဟိုဘက်မှာ ကြည့်

 

မရှိ။

 

ဒီဘက်မှာ ကြည့်

မရှိ။

2 တစ်ဝက်တစ်ပျက်လမင်း
2 တစ်ဝက်တစ်ပျက်လမင်း

စဉ်းစားမရတဲ့အဆုံး

အပေါ်ပြေးတက်

ခေါင်မိုးထက်မှာ

လွတ်လပ်သော

ကျယ်ပြန့်သော

ကောင်းကင်

မြင်တွေ့ ခဏ

စိတ်တွေပေါ့ပါး

အနားရလို့မှမဆုံးသေးခင်

တစတစနဲ့

အမှောင်ဖုံး

နောက်ဆုံးတော့

အရင်လို ပါဘဲလေ။

3အမှောင်ဖုံးစ
3အမှောင်ဖုံးစ
4အမှောင်လွှမ်းတဲ့ည
4အမှောင်လွှမ်းတဲ့ည

ကိုပေါက်လက်ဆောင်အတွေးစဉ်

16-8-2015

7 comments

  • aye.kk

    August 17, 2015 at 10:36 pm

    အပြာရောင်မိုးသားနဲ့ကေါင်းကင်
    တစ်ဝက်တစ်ပျက်လမင်း
    အမှောင်ဖုံးစ
    အမှောင်လွှမ်းတဲ့ညတွေကြည့်ရင်း
    အတွေးနယ်ကျယ်ပြန့်လှတဲ့”စိတ်”ကမိုးနဲ ့မြေမဆုံးသလို
    သံသရာထဲလျှောက်လှမ်းနေကြဆဲ။။။

    • အလင်းတွေနည်းစ
      အချိန်မှာ
      ိအပြာရောင်ကောင်းကင်ထဲအနီရောင်စွက်နေတာ တစ်မျုးိလှနေသလိုဘဲ
      အမအေး။

  • Ma Ei

    August 18, 2015 at 9:51 am

    တစ်ဝက် တစ်ပျက်လမင်း လေးကို
    လယ်ကွင်းပြင် စပါးခင်းလေး
    ဒါမှမဟုတ်
    နေကြာပန်းခင်း
    ပန်းနှမ်းခင်း တစ်ပြင်ကြီးထဲကနေများ
    ငေးကြည့်ခွင့်လေးရချင်လိုက်တာ…….

    • မအိ မြင်ချင်တဲ့မြင်ကွင်းမျိုး မြင်ဘို့စိတ်ကူးယဉ်ကြည့်ဘူးတယ်

      အောင်ပန်း ကလော နဲ့ ရွာငံ ပါတ်ဝန်းကျင်ဆိုရင်မြင်နိုင်မယ်ထင်မိပါရဲ့

      ရွာငံဘက်ကို တစ်ခါမှ ဓါတ်မဖမ်းဘူးသေးတော့
      သွားကြည့်ချင်သေးတယ်

  • ကိုအောင်မိုးသူရေ

    ဒီလို ည မှောင်မှောင်ရိုက်မယ်ဆိုရင် ထရိုင်ပေါ့ ဆိုတဲ့သုံးချောင်းထောက်က မပါ မဖြစ်

    ကင်မရာဝယ်ရင် တစ်ခါထဲ ဝယ်ဖြစ်အောင် ပြောပေးတာပါ

Leave a Reply