ကံ​ကောင်း​အောင်​လုပ်​ခဲ့တဲ့သူ
—————————

” လာပါပီ ​ရွှေမန်း ×××× ​ရွှေမန်း ××× ဦး​ရွှေမန်း ” ဆိုလားပဲ ။ စ​နေရယ်​ တနင်္ဂ​နွေ ရယ်​ အပတ်​တိုင်း ညပိုင်းဆို ​နေ၀န်းနီ ရဲ့ ​မွေးသမိခင်​​ရော အိမ်​နားနီးချင်း တစ်​ချို့​ကော TV ကို ခပ်​ကျယ်​ကျယ်​ ဖွင့်​ထားတတ်​ကြတယ်​ ။ အစက​တော့ သူတို့​ပြောတဲ့ မိုးရာသီ ဇာတ်​သဘင်​ လွှင့်​တဲ့ အစီအစဉ်​ကို သိပ်​မကြိုက်​လှပါဘူး ။ ခုလည်း ကြိုက်​လား ဆို “ဟင့်​အင်း ” လို့ ​ပြောမှာမိမှာပါပဲ ။ အစက ဒီအ​ကြောင်းကို အဆိုးမြင်​နဲ့ ​ရေးမလို့ ရည်​ရွယ်​ရင်းစွဲပါ ။ ဟုတ်​တယ်​​လေ ။ တစ်​​ယောက်​လာလည်း “​ရွှေမန်းဦးတင်​​မောင်​ရဲ့ ​ရွှေ​ကြေးစည်​ ” နဲ့နဲ့ ရိုးသွား​တော့ “​အောင်​ပါ​စေ” ဖြစ်​သွားပြန်​​ရော ။ သီချင်း​တွေ မ​ကောင်းလို့လား ​ကောင်းပါတယ်​ ။ ကြိုက်​​ကောမကြိုက်​ဖူးလား ။ အလွတ်​သာ မရတယ်​ ကြိုက်​ပါတယ်​ ။ ( တစ်​ချို့က သီချင်း တစ်​ပုဒ်​ကို ကြိုက်​ရင်​ အလွတ်​ကျက်​တတ်​တယ်​ ။ ​နေ၀န်းနီ က​တော့ အဲ့ဒိအကျင့်​မရှိဘူး ) နို့ ဘာကို မ​ကောင်းမြင်​​နေတာလဲ ပြစ်​တင်​မ​စောလိုက်​ပါနဲ့ ။ အခု က​နေ သီဆို​နေတာ​တွေအားလုံးက လွန်​ခဲ့တဲ့ နှစ်​ငါးဆယ်​ အလွန်​​လောက်​က အလင်္ကာ ​ကျော်​စွာ ဘွဲ့ရ ​ရွှေမန်းဦးတင်​​မောင်​ရဲ့ အနုပညာ​တွေပဲ ။ ​တော်​ပါ့ တတ်​ပါ့ ​နိုင်​ငံနဲ့အ၀ှမ်း ​ကျော်​ကြားခဲ့သူ​ပေမို့ နိုင်​ငံ​တော်​က​တောင်​ အလင်္ကာ​ကျော်​စွာဘွဲ့ ချီးမြှင့်​​ပေးခဲ့​သေးတာပဲ ။ အခုဆို​နေ က ခုန်​​နေသူ​တွေရဲ့ အနုပညာ ဖန်​တီးမှု တစ်​ခုတစ်​​လေမှ မပါ​လေဘဲ ။ ​နေ၀န်းနီ ကပဲ ​လောဘကြီးတာလားမသိ ။ အနုပညာအသစ်​ဖန်​တီးမှု ကို မြင်​ချင်​တာ ။ အခုဟာက ဘိုး​အေကြီးရဲ့ အနုပညာနဲ့ လုပ်​စား​နေတာလို့မြင်​လို့ ။ အစ နှစ်​ပတ်​သုံးပတ်​​လောက်​ ကြည့်​မရတာနဲ့ လက်​ဖက်ရည်​ဆိုင်​​ရှောင်​​ရှောင်​ထွက်​သွား​သေးရဲ့  ။ ​နောက်​​တော့ သူ့အလိုလို အ​တွေးတစ်​မျိုး​ပြောင်းသွားပြီး ​ရှောင်​မထွက်​ဖြစ်​​တော့ဘူး ။ ကိုယ့်​အခန်းထဲမှာ စာဖတ်​ချင်​ဖတ်​ ။ ဂိမ်း​ဆော့ချင်​​ဆော့နဲ့ ​နေလိုက်​​တော့တယ်​ ။ အဲ့ ဒိအ​တွေး​လေးက ဒီစာကို​ရေးဖြစ်​​အောင်​​စေ့​ဆော်​​ပေးလိုက်​တာပါပဲ ။
( ရွာ​တော်​ရှင်​မ ” မြစပဲရိုး ” ရဲ့
http://myanmargazette.net/216840 မှာ​မေးထားတဲ့ အ​မေး​လေးကိုလည်း ​ဖြေပြီးသားဖြစ်​လိမ့်​မယ်​လို့လဲ ထင်​တယ်​​လေ ။ )
ဦး​ရွှေမန်း အဲ့ ​ရွှေမန်းဦးတင်​​မောင်​ကြီးတို့များ ကံ( အလုပ်​) ကို ဘယ်​လို​ကောင်း​အောင်​လုပ်​သွားသလဲ ကြည့်​စမ်းပါဦး ။ သားစဉ်​​မြေးဆက်​ ဆက်​ပြီးလုပ်​စားလို့ရ​နေတုန်း ။ သူ့သီချင်း သူ့အက​တွေနဲ့
“ဒါ​လေးက​တော့ ဖိုးဖိုး သီချင်းပါ ”
“ဒါ​လေးက ​ဖေ​ဖေ့သီချင်းပါ ”
” ဖိုးဖိုးရဲ့ ဘယ်​သီချင်း​လေး ဆက်​ဆိုပြပါရ​စေဦး ”

သူ့အနုပညာထဲမှာ နိုင်​ငံ​တော်​ရဲ့ သစ်​​တော​တွေလည်းမပါ ။ ​ရေနံဓာတ်​​ငွေ့​တွေ​ဝေလာ​ဝေး ။ ပြည်​သူ​တွေရဲ့ အမုန်းလည်းမခံရ ။ ဘယ်​​လောက်​ မွန်​မြတ်​သန့်​စင်​တဲ့ ကံ ( အလုပ်​) ပါလဲ ။ ဒါကိုပဲ ​နေ၀န်းနီ ဆိုတဲ့ ဘာမဟုတ်​ ညာမဟုတ်​ ​ကောင်​က မလိုမုန်းထား မနာလိုစိတ်​နဲ့ အနုပညာအသစ်​မပါဘူး ။ ​ပြောလို​ပြော ။ လုပ်​စား​နေတာပါကွာ ဆိုလိုဆို ။ တစ်​ကယ်​​တော့ မူလ ကံ( အလုပ်​) ကသာ ​တော်​အိ ​ရော်​အိ နဲ့ အိ​ယောင်​ဝါး သာဆိုရင်​ သူတို့​လေး​တွေကို ပြည်​သူလက်​ခံပါဦးမလား ။ ကံ ဆိုတာ ​ကောင်း​အောင်​လုပ်​ဖို့ မခဲယဉ်းပါဘူး ။ အတတ်​ပညာရယ်​ ​စေတနာရယ်​ အချိန်​ရယ်​​တော့ ​ပေးဆပ်​ရမှာ​ပေါ့ ။ အတတ်​ပညာလည်းနဲ ​စေတနာလည်းမပါ အချိန်​ရှိသမျှ လူတစ်​ကာမျက်​ခုန်း​မွှေး​ပေါ် စင်္ကြံ​​လျှောက်​ ဖို့​လောက်​ပဲစဉ်းစား​နေရင်​​တော့ အလုပ်​ဖြစ်​ဖို့ လမ်းမမြင်​ ။

နေ၀န်းနီ
12:17 AM
2015 Aug 18

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010