. ခြေလှမ်းဦး များ နှင့် ကခုန်ခြင်း “တစ်ဆယ့်ငါး” – ပါဝါ (169)

မြစပဲရိုးAugust 18, 20151min1336

Quota က သုံးပုဒ် ဘဲ ကျန်တော့ လို့ မဲ ဆက် မနှိုက် သေးဘဲ Result ထားတဲ့ ကိုယ့်ရဲ့ ဖေးဘရိတ် ရွာသူ တစ်ယောက်ကို အရင် ဖော်ပြလိုက်ပါတယ်။
သူကတော့ ဂဇက်ရွာ ရဲ့ “အမေ” တီချယ်ကြီး တီတီနု ပါ။
တီချယ်ကြီး တီတီနု ကို လူတိုင်း နီးပါး သိကြမှာပါ။ သူ့ရဲ့ တတ်ကျွမ်းတဲ့ ပညာရပ် ကို ရွာထဲ က သား သမီး တွေ ကို အချိန်တွေမျှပေးပြီး သင်ကြားပေးခဲ့တာပါ။
တီချယ်ကြီး ကို ရွာထဲ ဆွဲခေါ်လာပေးတဲ့ ပုချ်လေး ကို လဲ အထူးကျေးဇူးတင်ပါတယ်။

တီချယ်ကြီး ရဲ့ ပထမ ခြေလှမ်း က Aug 23, 2011 မှာ “Sound Patterns And Grammar In Burmese” ဆိုတဲ့ ပို့စ်လေးပါ။
အဲဒါက သူ နိုင်ငံခြားမှာ နေတုန်း (ယူကေ ဖြစ်မလားဘဲ) ရေးခဲ့တဲ့ စာအုပ်လေး ထဲက စာတွေလို့ မှန်းကြည့်မိတယ်။
စီရီးလိုက် ၅ တွဲ ခွဲပြီး ရှင်းပြထားပါတယ်။
အဲဒါဖတ်ပြီး ကိုယ့်ဘာသာ စကား ရဲ့ တစ်ချို့စာလုံးတွေ ကို ထင်သလို “တုန်း” မမှန်ဘဲ အသံထွက်နေတာ ကို ကွကိုယ် သတိပြုမိသွားပါတယ်။
Sound Patterns And Grammar In Burmese
Sound Patterns And Grammar In Burmese (2)
Sound Patterns And Grammar In Burmese (3)
Sound Patterns And Grammar In Burmese (4)
Sound Patterns And Grammar In Burmese (5)

တစ်ခါတစ်ခါတော့ လဲ စာကို တိုက်ရိုက်မသင်ဘဲ သူ့ အရင်က အတွေ့အကြုံ လေးတွေ ကို ပြောပြီး အားကျ အတုယူတတ်အောင်လဲ ပို့စ် တွေ ရေးပေးပါတယ်။
Best Teacher  မှာ ဖတ်နိုင်ပါတယ်။

အဲဒါကလဲ စီးရီးလိုက် ရေးပြပေးခဲ့တာပါ။
Best Teacher ဆိုတာ ကလေးတွေ ဆီကလဲ ပညာယူတတ်ရတယ် ဆိုတဲ့ အသိ ကို ပေးခဲ့တဲ့ ပို့စ်လေးက
Best Teacher ( Wrong Strategy) တဲ့။
အဲဒီထဲ မှာ အင်မတန် တန်ဖိုးရှိတဲ့ စကားတွေ ကို မြင်နိုင်ပါတယ်။

ဒါ့အပြင် Best Teacher (တပည့်ဝတ်) ထဲ မှာ သူကြီးမင်း စိတ်တိုင်းမကျ ဘဲ အပြစ်ပြောတော့ မဲ့ “(၄) ထံနီးလုပ်ကြွေး” ကို ဆရာမကြီး ဘယ်လို ဖြေပြလဲ ဆိုတာ ဖတ်ကြည့်စေချင်ရဲ့။

အတွေး တွေ ပြန့်နေတဲ့ ကြားက အကောင်းမြင်စိတ်ကလေး ကို ရသလောက်စု နေနေရတဲ့ အဖြစ်လေး ကို ဟာသနှောပြီး ရေးထားတဲ့ “အတွေးစတွေ ဟိုတစ်စ ဒီတစ်စ ပျံ ့လွင့်နေလိုက်တာ….” ဆိုတဲ့ ပို့စ်လေးက က ဖတ်လို့ ကောင်းလှပါတယ်။

“ရောင်စုံမုသားလေးများ” ဆိုတဲ့ ခေါင်းစဉ် နဲ့ ပို့စ်လေးမှာ ရွာထဲ လူစုံနီးပါး ပါဝင်မှတ်ချက်ပေးခဲ့ ကြတာပျော်စရာပါ။
တီချယ်ကြီး က တစ်ယောက်ချင်းကို ပြန်ပြီး ဆွေးနွေးပေးတာ အရမ်းကို ချစ်ဖို့ကောင်းပါတယ်။
ရွာထဲမှာ ပျော်စရာကောင်း ပြီး စည်ကားခဲ့တဲ့ အချိန်လေးတွေထဲ က တစ်ချိန်ပေါ့။

ဆန့်ကျင်ဘက် အမှန်တရားများ ဆိုတဲ့စကားလေးက စိတ်ဝင်စားဖို့ မကောင်းပေဘူးလား။
စိတ်ဝင်စားရင် “ဘာပဲဖြစ်ဖြစ်” ဖြစ်ဖြစ် ဆိုတဲ့ ပို့စ်လေး ကို ဘာဘဲဖြစ်ဖြစ် ဖတ်ကြည့်လိုက်ပါ။

“ဘုရင့်နောင်ဖေါင်ဖျက်” ပုံစံ နဲ့ အင်္ဂလိပ်စကားပြောဖို့ ကို တီချယ်ကြီးက သူ့ကလေး တွေ ကို ဘယ်လို တွန်းလဲ သိချင်ရင်ဖြင့် “နောင်ရိုးတိုက်ပွဲ နှင့် ကျွန်မ ကလေးများ” မှာ ဖတ်ကြည့် အတုယူနိုင် ပါတယ်။

နောက်ပိုင်းတော့ တီချယ်ကြီးလဲ ရွာထဲသိပ်မဝင်နိုင်တော့ ဘဲ ပျောက်နေရာက Jan 8, 2014 မှာ ခဏဝင်လာ နှုတ်ဆက်ခဲ့တဲ့ ပို့စ်လေးက
“Things you regret when you grow older အသက်ကြီးလာလေလေ နောင်တ ရစရာလေးတွေ ရှိလာလေလေတဲ့။”

ပို့စ်ပေါင်း ၈၈ပုဒ် ရေးပြီး ရွာထဲ ကို သူမဝင်နိုင်တော့ပေမဲ့ ဒီအတိုင်းထားမသွားခဲ့ဘူး။
အင်မတန်ချစ်ဖို့ကောင်းတဲ့ စွယ်စုံရ မိန်းကလေး တစ်ယောက် ကို ချသွားတာ ရွာသူ/သားများ မှာ သူနဲ့ပေါင်းပြီး အစားကျူးတဲ့ ဘီလူး တွေဖြစ်ကုန်ပါပေါ့။ 😉

တီချယ်ကြီး ကိုတော့ ပြန်လာပါ မခေါ်ရက်ပါဘူး။ တစ်ကိုယ်စာသွားလမ်းလေး မှာ အကောင်းဆုံးလျှောက်နိုင်ဖို့ သူ့အတွက် သူ လုပ်နေရတဲ့ အလုပ်တွေ ရှိနေမှာပါ။
ဒါပေမဲ့ ကျွန်မတို့အားလုံး တီချယ်ကြီး ကို သတိတရ ရှိနေတာလေး ကိုတော့ သိစေချင်ပါရဲ့။

6 comments

  • ဇီဇီခင်ဇော်

    August 18, 2015 at 6:24 am

    ခင်ညာ??
    ဘယ်ဒူ့ ပေါဒါရဲ??
    🙄
    တီချယ် ပြန်မေးးအူးးမှ..!!
    :mrgreenn:

  • ဆရာမကြီး ရယ် မယ်ပု ရယ် ထိုင်ပြီး စကားတွေအများကြီးပြောဘူးတယ်

    အခုတော့ ဆရာမကြီးကလဲ မအား ( တရားအလုပ် စာသင်တဲ့အလုပ်)
    ကျနော်ကလဲ မန္တလေးမှာ အမြဲမရှိ
    အဲတော့ မတွေ့တာကြာပြီ
    သတိရပေမယ့် မရောက်ဖြစ်
    ဆရာမကြီးနဲ့ ကျနော်က ကပ်လွဲတဲ့အဖြစ်လေးရှိဘူးတယ်
    ဆရာမကြီး ကျနော်နေခဲ့တဲ့ကျောင်းကို ရောက်တဲ့နှစ်
    ကျနော်ကလဲ အဲဒီနှစ်မှာဘဲအခြားကျောင်းကိုပြောင်းသွားတော့ လွဲသွားခဲ့တယ်
    “ကိုပေါက် မင်းကံကောင်းတာပေါ့ နို့မို့ရင် ငါ့ရဲ့ကြိမ်စင်္ကြာနဲ့မိအုံးမယ်” လို့ဆိုခဲ့ဘူးပါတယ်.
    ကြိမ်စင်္ကြာနဲ့မိတာ မမိတာထက် ဆရာမကြီးရဲ့စာသင်သားမဖြစ်ခဲ့တာက ပိုနာတယ်လို့ထင်မိပါတယ်.

  • Mike

    August 18, 2015 at 1:33 pm

    .တီချယ်နုကိုတော့ အဲ့အချိန်ကရွာထဲရှိခဲ့သူအားလုံး သိလည်းသိကြ..လေးလည်းလေးစားကြပါတယ်…
    .အင်္ဂလိပ်သင်ခန်းစာပို့စ်တချို့မှာတော့မမန့်ခဲ့မိဘူး…ဖတ်တော့ဖတ်ခဲ့ပါတယ်…သတိတရလည်းရှိပါရဲ့
    .ရွာထဲမရောက်တော့ပေမဲ့ FBမှာတော့ဆရာမကြီးကိုတခါတခါတွေ့ရပါရဲ့…

  • Ma Ma

    August 18, 2015 at 6:35 pm

    ကိုယ်ကလည်း ဆရာမလုပ်ချင်တဲ့သူဆိုတော့ ဆရာစိတ်နဲ့ စေတနာအပြည့်နဲ့ တီချယ်ကြီးကို လေးစားအားကျမိတယ်။
    တီချယ်ကြီးပိုစ့်တွေ စတင်ခါစက ရန်ကုန်က ထင်လို့ တက်ချင်မိသေးတယ်။
    (တကယ်တက်ဖြစ်ရင် ဆရာလက်မခံ အော့ကြောလန် ဖြစ်ပြီး နာမည်ပျက်နေရအုံးမယ်။) :kwi:

  • black chaw

    August 19, 2015 at 2:42 pm

    တီချယ်ကြီးဆီမှာ
    သင်တန်းမတက်ဖူးပေမယ့်
    ကျောင်းတုန်းက ကျွန်တော့်ကို သင်ကြားပေးခဲ့တဲ့
    ဆရာမ အရင်း ခေါက်ခေါက်ကြီး တစ်ယောက်လို
    ချစ်ခင်လေးစား မိပါတယ် ဗျာ…။
    သတိတရ ရှိတယ်ဆိုရင်တော့ ကျွန်တော်က ပိုမှာပါ အစ်မရေ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

Leave a Reply