ဝိ

ဝမရှိပဲ ဝိလုပ်သည် ဟူသည့်စကားရဲ့အဓိပ္ပာယ်ကို လူတိုင်းနီးပါးသိကြပေလိမ့်မည်။

ဥပမာတစ်ခုအနေနဲ့ပြောရလျှင-်

မိမိအိမ်မှာ စားဖို့ပင်ခက်ခဲနေသည့်ကြားက အဝတ်အစားအကောင်းစားတို့ကိုဝယ်ဝတ်လျက်

မိတ်ဆွေ၊အပေါင်းအသင်းတို့အလယ် ကြွားဝါဝတ်ဆင် ဟန်ရေးလုပ်သူကဲ့သို့သောသူများကို ဆိုလိုသည်။

 

ဝိလုပ်ချင်ချင်းဟူသည် ရောဂါတစ်ရပ်ဟုဆိုရာတွင်မမှား။ဝိလုပ်ချင်သည့်ရောဂါကို စတင်မိပြီဟု သိသည့် အချိန်တွင် ပျောက်အောင်

ကုရင်ကု ထိုသို့မဟုတ်ပဲဝိလုပ်ချင်စိတ ်၌သာယာလျက် ဝိလုပ်မြဲလုပ်နေပါက နာတာရှည်ရောဂါတစ်ခုပမာဖြစ်သွားနိုင်ပေသည်။

လူ့အသိုင်းအဝိုင်းတွင် မူလတန်းအရွယ်မှစ၍ အရွယ်ရောက်ပြီးသည့်ကာလအထိ မိမိတို့နှင့် ပေါင်းသင်းဆက်ဆံသည့်

မိတ်ဆွေတို့ကိုရွေးချယ်ရာ်၌ ငွေကြေးချမ်းသာသည့် လူကုံတန်တို့ကို

အထင်ကြီးအားကျကာပေါင်းသင်းလိုကြ ရွေးချယ်ချင်ကြသည်။ ငွေကြေးချမ်းသာသူတို့နှင့် ပေါင်းသင်းလို

စိတ်ဖြစ်သူတို့တွင်အတွင်းစိတ်သဘောမျိုးမျိုးကြောင့်ပေါင်းသင်း လိုကြခြင်း းဖြစ်သည်။

 

တစ်ချို့သောသူတို့က ငွေကြေးချမ်းသာသူတို့ထံမှ စားရနိုး၊သောက်ရနိုး၊စွန့်ကြဲပေးကမ်းမှုကိုခံယူရ

လိမ့်နိုးဟူသည့်စိတ်နှင့်ပေါင်းသင်းလိုကြသလို၊တစ်ချို့သောသူတို့ကတော့ ဘာစွန့်ကြဲပေးကမ်းမှုကို မှ

တမင်တကာမျှော်ကိုးတာမျိုးမရှိပဲ ငွေကြေးချမ်းသာသူတို့နှင့် ပေါင်းသင်းနေရသောကြောင့် မိမိကိုယ်တိုုင်လည်း

လူကုံတန်တစ်ယောက်ပမာ ဖြစ်နေသလို အထင်ရောက်လျက် မိမိပတ်ဝန်း ကျင်က မိမိကို အထင်ကြီးနေကြမှာပဲ ဆိုပြီး

ကိုယ့်စိတ်ထဲကိုယ်အထင်မှတ်လျက် ပေါင်းသင်းချင် ကြခြင်းဖြစ်သည်။

 

ထိုသို့သောသူများသည် မိမိရဲ့တကယ့်အသိုင်းအဝိုင်းအစစ်အမှန်နှင့် ဝေးကွာသည်ထက်ဝေးကွာ လာ်ကြသလို

မိမိအသိုင်းအဝိုင်းသည် မိမိနှင့်မအပ်စပ်ဟုစိတ်ကြီးဝင်ကာ် မိမိအသိုင်းအဝိုင်းကို အထင်သေးလျက်

ဝေးကွာအောင်ဖန်တီးချင်ကြသည်။

 

ငွေကြေးချမ်းသာသူတို့နှင့်ပေါင်းသင်းလိုသူများတွင် တစ်ချို့ အကျိုးစီးပွားဖြစ်ထွန်းကောင်းဖြစ်ထွန်း ပေမည်။သို့ရာတွင်

အများစုမှာတော့ ငွေကြေးချမ်းသာသူတို့ကို အထင်ကြီး၊အားကျ၊တုပလိုစိတ် တွေဖြစ်ထွန်းနေတာကြောင့်

မိမိစိတ်တွင်ဖြစ်ပေါ်နေသည်များကို ဖြည့်ဆည်းရန်အတွက် ဝမရှိပဲဝိ စလုပ်ဖြစ်ကြတော့သည်။

 

မိမိတွင် ငွေကြေးတစ်စုံတစ်ရာရှိခဲ့ရာတွင်

(၁)အိမ်ဝယ်၍ လိုင်းကားစီးမည်။(၂)အိမ်ငှားနေ၍ ကားဝယ်စီးမည်။

နံပါတ် (၁)ကို ရွေးချယ်မည့်သူသည် မိမိအပေါ်လူအထင်ကြီးခံရဖို့ မခံရဖို့ထက်၊မိမိဘဝအာမခံချက် ရှိဖို့အရေး

ကြိုတွေးပူကာဆုံးဖြတ်သူဖြစ်လျက် ထိုလူအတွက် သွားရေးလာရေ်း၌ထင်သလောက် လိုရာမရောက်သော်ငြား အပင်ပမ်းခံရမည်.

နံပါတ်(၁)ကိုရွေးချယ်သူတို့သည် ဝ ကိုစရေးသူတို့ဖြစ်ကြသည်။နံပါတ်(၁)ကို ရွေးချယ်ခြင်းကြောင့် ရရှိလာမည့်အကျိုး ကျေးဇူးတွေမှာ

အဓိကကျတဲ့အကျိုးတွေက အိမ်ငှားခသက်သာမည်၊မိမိအိုးနှင့်တန်သည့်အဆံသာ ထည့်ရမည်မို့ ကားဝယ်စီးခြင်းကြောင့်

ကုန်ကျရမည့် လောင်စာဆီဖို့၊တခြားဗာရီယဖိုး့ သက်သာမည်။မိမိသည်ပိုလျှံသူတစ်ယောက်မဟုတ် သေးသည့်အတွက်

မိမိသွားလာရေးအတွက် ဇိမ်မခံသင့်သေးဟု ခံယူချက်ရှိနေပေလိမ့်မည်။

 

နံပါတ်(၂)ကို ရွေးချယ်သူတို့သည် အထက်ကပြောချင်သည့်အကြောင်းအရာရဲ့ဇာတ်ကောင်

ဝိလုပ်ချင်သူတို့ဖြစ်လျက် ရွေးချယ်ခြင်းကြောင့် ရလာမည့်အကျိုးအမြတ်တို့သည်နံပါတ်(၁)မှာနဲ့ ဆန့်ကျင်ဘက်ဖြစ်လာလိမ့်မည်။

အိမ်ငှားခကုန်ရမည်၊လောင်စာဆီနဲ့ကားဗာရီယဖိုးရှာရမည်။ထို့အပြင် မိမိသည် ဟန်တစ်လုံး ပန် တစ်လုံးနှင့်

ထည်ထည်ဝါဝါနေနေကြဖြစ်တာကြောင့် တစ်ပါးသူများကလည်း မိမိကို ငွေကြေးချမ်း သာသူဟု

အထင်ရောက်ကြလိမ့်မည်။ထိုသူတို့အထင်ရောက်ခြင်းအပေါ် သာယာနေပေလိမ့်မည်။ ထို့အတွက်ကြောင့်

ထိုသူတို့အထင်ရောက်ခြင်းမှ ပြောင်းပြန်အထင်ရောက်မှုများမိမိအပေါ်ကျ ရောက်မည့်အရေးသည် မိမိအတွက်

ရှက်စရာကိစ္စကြီးတစ်ရပ်ဖြစ်နေပေလိမ့်မည်။

 

တစ်ပါးသူတို့ရဲ့အထင်အတိုင်းဆက်လက်ရှိနေစေရန် အမြဲလိုလို ဝိလုပ်နေရပေမည်။ဝိလုပ်နိုင်ဖို့

အမြဲကြံဆနေရပေလိမ့်မည်။လုံးဝဝိမလုပ်နိုင်သည့်အခြေအနေတွင် မကောင်းမှုဒုစရိုက်တို့သည်

မိမိခေါင်းထဲဝင်လာပေတော့မည်။ထိုမှသည် ဝဆိုတဲ့ အခံမရှိပါပဲ လုံကြီးတင် တင်ချင်သူတို့အတွက်

ပျက်ဆီးရာလမ်းကြောင်းစလာပေလိမ့်မည်။

 

တစ်ချို့လူတွေကိုတော့ ချွင်းချက်အနေနှင့်ပြောရပေမည်။မိမိတွင် ကားဝယ်ရန်လုံလောက်သော် လည်း အိမ်ဝယ်ရန်မှာ

မိမိအလုပ်အကိုင်နှင့်ဝေးကွာသောအရပ်တွင်သာတတ်နိုင်မည်။မိမိ ရာထူး၊ဂုဏ်သရေနှင့် မဖြစ်မနေ

ကားလေးတစ်စီးလောက်တော့စီးသင့်သည် စသည်ဖြင့်။

 

ထိုသို့သော လူကြီးလူကောင်းတို့တွင် တစ်ချို့်၌ ဝိလုပ်ချင်စိတ်အလျဉ်းမရှိပါ ဆိုသော်ငြား လူလေးစားအထင်ကြီးစေချင်စိတ်လေးတော့

ကပ်နေပေမည်။လူတိုင်းတွင်စင်းလုံးချောကောင်းသူ

ဟူ၍မရှိ။မိမိရဲ့ပညာရာထူး၊ဂုဏ်ရှိန်၊အလုပ်အကိုင်ကြောင့်ရလာမည့်ငွေကြေးပမာဏ တွက်ချက်ပြီးနှင့်သူ တို့အနေနှင့်တော့

ဝမရှိသေးပဲလဲ ဝိလုပ်ထားသင့်ရင် လုပ်ထားနိုင်ပေသည်။

 

ထိုသို့သောလူမျိုးတွေမှာတော့ ဝိလုပ်ချင်စိတ်ထက် နောင်ရေးအဆင်ပြေစေဖို့ ရွေးချယ်သူ၊ခန့်မှန်းတွက်ချက်တတ်

သူတွေများပေသည်။

သို့ရာတွင် ယနေလူတို့သည် အထူးသဖြင့် မြို့ပြလူနေမှုအသိုင်းအဝိုင်းရှိလူှုအများစုတို့သည် လတ်တလော

လူအထင်ကြီးခံရဖို့အတွက်သက်သက် ဝိလုပ်နေကြသူတွေများပေသည်။

 

အမိုးနဲ့အကာကိုလှပစွာတန်ဆာဆင်လျက် ကြမ်းခင်းမရှိသောခြေတံရှည်အိမ်တွင် သင်ဘယ်လိုနေ

ထိုင်မလဲဆိုတာစဉ်းစားကြည့်ရုံနဲ့သိနိုင်သည်။

 

ဟိတ်ဟန်ကြီးလျက် အပေါ်ယံတန်ဆာဆင်သောသူတို့သည် ပတ်ဝန်းကျင်တွင် ခဏတာမျှသာ

အထင်ကြီးခြင်းကိုရလိမ့်မည်။ယင်းအမှုသည်လည်း ကောက်ရိုးမီးပမာ ခဏတာဟုန်းခနဲနှင့် ငြိမ်းချိန်တန်ကျ ပြာဖြစ်ရပေမည်။

လူကြီးတို့သည် မိမိတို့ ဝိလုပ်ထားမှုကိုပြောင်းလဲရန် ရှက်ရွံ့ကြသည်။တစ်သက်လုံး ဝိလုပ်လို့မရသည့်တိုင် ဝိလုပ်မိသူတို့သည်

ဝိလုပ်နိုင်သရွေ့ဝိလုပ်ကြသည်။ဝိလုပ်ရင်းက တစ်ကယ်ဝိလုပ်နိုင်သည့်အခြေအနေအဖြစ်ရောက်ရှိကုန်သူတို့ ရှိကြပေမယ့်

ရှားလှပေသည်။

 

သို့ဖြစ်ပါ၍ လူငယ်လေးတွေအနေနှင့် မိမိတို့ ဘဝအစစ်အမှန်ကိုမရှက်မရွံ့ပဲ ဝိလုပ်ချင်သည့် အနာရောဂါတစ်ရပ် မိမိထံမစွဲကပ်စေဖို့

အသိနဲ့ထိန်းသင့်သည်။

လူငယ်တို့ဟူသည် အနာဂတ်ကိုများစွာပုံဖော်နိုင်သည့်အခွင့်အရေးနဲ့အချိန်တွေပိုင်ဆိုင်နေသေး သည်။

မိမိတို့ပိုင်ဆိုင်သည့်အရာတွေကို

မိမိဘဝမှန်ကိုမပြတ်သတိပြုဆင်ခြင်ရင်းက တိုးတက်မှု လမ်းကိုကြိုးပမ်းလှမ်းကိုင်သင့်သည်။

 

ငါးကျပ်ရှိချိန် တစ်ဆယ်မသုံးမိအောင်၊အထူးသဖြင့် လူအထင်ကြီးစေရန်သက်သက်ဖြစ်သည့် ကိစ္စအသေးအမွှားလေးတွေကစ၍

တမင်တကာရည်ရွယ်၍ ဝိရောဂါကိုအစမပျိုးမိစေရန်လို ပေသည်။

 

ပေါင်းသင်းဆက်ဆံရေးမှာလည်း လူချမ်းသာ၊လူလတ်တန်း၊လူဆင်းရဲ ဆိုသည့် အတန်းစားတွေ ထက်

အကျင့်စာရိတ္တမှန်ကန်သူနှင့်သာ အဆွေခင်ပွန်းကောင်းဖွဲ့ခြင်းဖြင့် ကြီးပွားတိုးတက်မှုအမှန် ကိုရောက်ရှိနိုင်ကြပါလေသတည်း။

 

 

နန်းတော်ရာသူ

18-8-2015

11:19(am)

 

 

 

 

22 comments

  • ဇီဇီခင်ဇော်

    August 19, 2015 at 12:51 pm

    အကျိုးရှိတဲ့ ပို့(စ) ဗျ။

    သများ ဒီ လာခါနီးတော့ ဦးလေးက မှာလိုက်တာ။
    ရုပ် ပြ ပစ်စည်းတွေ ရဲ့ ဖျားယောင်းမှုကို ကြံ့ကြံ့ခံရမတဲ့။
    တကယ် မရှိမဖြစ်အသုံးမဝင်တဲ့ အရာတွေ မဝယ်ရဘူးး ဆိုတာ တင်းတင်းကြပ်ကြပ်မှာလိုက်တယ်။
    အဲလိုမှ မဟုတ်ရင် သူများ တိုင်းပြည်မှာ သူများလို မရှာနိုင်ပဲ သူများလို သုံးမိရင်ပျက်စီးခြင်း အစ လို့ ပြေါတယ်။

    ပတ်ဝန်းကျင်လည်း စကားပြေါမယ်ထင်ရဲ့။
    မြန်မာ သူငယ်ချင်းတွေ ကြားမှာ တော့ သူဘာသုံးတယ် ကိုယ်ဘာသုံးတယ် ကြည့်ကြပေမဲ့ တခြါး သူတွေကတော့ ဖာသိဖာသာပဲ။
    လိုက်ကြည့်ပြီး ပြေါမနေကြဘူးးး
    အရည်အချင်းကိုပဲ ကြည့်ကြတယ်။

    တချို့ စိတ်တွေတော့ နားမလည်ဘူးးး
    သုံးရင်လည်း ကြွားတယ်ထင်။
    မသုံးရင်လည်း နှိမ် နဲ့ အတော် ရှုပ်တယ်။

    • သများက​တော့ တကယ်​ကြွား​နေတာ​တွေ့လဲ ပြုံး​နေ​ပေးလိုက်​တယ်​။တကယ်​ကြွားသူနဲ့တကယ်​ရှိလို့ဝတ်​စားသုံးစွဲသူက ကြည်​့တာနဲ့ကွာပါတယ်​။ကြည်​့တာနဲ့ကွာပါတယ်​။
      ကိုယ်​့သူငယ်​ချင်​းတစ်​ချို့ ဝိ​နောက်​လိုက်​​နေကြလို့ စိတ်​မ​ကောင်​းပဲ ​တွေး​ရေးမိတာ။အချစ်​ဆုံးသူငယ်​ချင်​း​တွေဖြစ်​​နေ​တော့သူတို့ တကယ်​မဟုတ်​တာ အဟုတ်​လုပ်​​နေမှန်​းသိ​တော့ ပျက်​ဆီးရာပျက်​ဆီး​ကြောင်​းမလိုလားဘူး။​ပြောဖြို့လည်​း မနာလိုဘူးထင်​မှာ​ကြောက်​​နေတာ။

  • black chaw

    August 19, 2015 at 3:19 pm

    ဟုတ်တယ်ဗျ…။
    ကျွန်တော် ခတ်ငယ်ငယ် တုန်းက
    ဝ မရှိပဲ ဝိ လုပ်ခဲ့တာတွေ အတော်များခဲ့ပါတယ်…။
    အခု ကတော့ အရွယ်လည်း ရလာ…၊
    အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးတာကလည်း အတွေ့အကြုံတွေဖြစ်…၊
    ဆိုတော့
    နည်းနည်း တော့ မြင်တတ်လာပါပြီဗျာ…။
    ဒါတောင် အကြိမ်ကြိမ် ရှုံးနိမ့်နေရတုန်းပါဗျာ…။
    ဦးဘလက် က အပေါ် အသင်း သိတ်အားပေးတတ်တဲ့ ကောင်ကိုး ဗျ…။
    ဟေးဟေး…။

    • ငယ်​တုန်​းအရွယ်​က အဲ့လိုပဲ​လေ။အားကျအထင်​ကြီးစိတ်​​တွေကအ​ခြေ ခံတာ​ပေါ့။အ​တွေ့အကြုံနဲ့ယှဉ်​ပြီးအငယ်​​တွေကို သတိ​ပေးရတာ​ပေါ့။
      စမဝိမိစမဝိမိဖို့နဲ့ ဝိမိရင်​ဆက်​ဝိ​နေမိမှာမို့ပါ။

  • အဲတော့.. ယောက်ျားမယူရသေးဘဲ ခေးလိုချင်တာကိုလည်း ဝိ လို့ ခေါ်တယ် ဆိုပါတော့.. :k: :k: :k:

    • ဇီဇီခင်ဇော်

      August 19, 2015 at 3:28 pm

      အာ့က အလှမ်းကျယ် အလယ်လတ်

      :mrgreenn:

    • kai

      August 19, 2015 at 3:37 pm

      ကလေးရသွားပြီးမှ.. ယောက်ျားယူတာမျိုးကျ… ဝိဖြစ်ပြီးမှ.. ဝလှမ်းတာပေါ့နော… :k:

  • ဂျက်စပဲရိုး

    August 19, 2015 at 3:32 pm

    မိဘ တွေက နယ်ဘက်က ဖြစ်ပြီးတော့ ငယ်ငယ်တုန်းက ကြပ်တည်းခဲ့လို့ နေမယ်။
    ကျနော်ငယ်ငယ်ထဲက တစ်ခုခု လိုချင်ပြီဆို ဘာအတွက် သုံးမှာလဲ ဘယ်လို အကျိုး ရှိမလဲ ဆိုတဲ့ မေးခွန်းတွေ အရင် ဖြေရတယ်။
    အဲ့ဒါတွေကို ကျေနပ်အောင် ရှင်းပြနိုင်မှ လိုချင်တာ ရတာ။ း)
    အခု ကြီးလာတော့ ကိုယ့်လစာ နဲ့ ကိုယ် ဖြစ်လာတော့ လိုချင်တာတွေ လိုက်လျှောက် ဝယ်မိတာများပြီး ငတ်ပဟဲ့ ဆိုရင် သတိပြန်ရတယ် ငါ မလိုတာတွေ ဝယ်ထားမိပါပကော ဆိုပြီး း)

  • Alinsett @ Maung Thura

    August 19, 2015 at 3:48 pm

    ဝိ လုပ်ချင်ပေမဲ့… ဝ ပျောက်လို့ လိုက်ရှာနေရသူ….
    ဘယ်သူလဲဆိုတော့ ”ဝ” ပါပဲ…

  • တောင်ပေါ်သား

    August 19, 2015 at 3:51 pm

    ပေါ်တော်မူကြီးပါလား

    ဝိ လုပ်ဖို့နေနေသာသာ ဝ တောင် ဘယ်ရှာရမယ် မသိ

    • အမွန်​၊အလင်​းဆက်​၊ဦးမျိုးတို့
      ဝ ကို အရင်​ စဆွဲပါမှ လုံးကြီးတင်​အတွက်​အုတ်​မြစ်​ရမှာပါ။

  • မြစပဲရိုး

    August 19, 2015 at 10:16 pm

    ဒီမှာနေရတာ အဲဒီ ကြွားစ် ဒုက္ခငြိမ်းတယ်။
    စိတ်ချမ်းသာတယ်။
    သူ့ဟာသူ ကိုယ့်ဟာကို ဂရုကို မစိုက်ကြတာ။
    ဒါပေမဲ့ လူအချင်းချင်း အသားလွတ် နှိမ် ရင်တော့ ရှုံ့ချခံ ရလိမ့်မယ်။

    သတိပေး ပို့စ် လေးအတွက် ကျေးဇူးပါ မနန်းရေ။ :-))

    • မပြည်​့တဲ့အိုး​ဘောင်​ဘင်​ခတ်​ဆိုသလို။ပြည်​့စုံသူအများစု​နေတဲ့အရပ်​၊တကယ်​့ချမ်​းသာချင်​းအစစ်​ဆိုတာ ​တွေးတတ်​တဲ့အရပ်​နဲ့ဘယ်​ဟာကဂုဏ်​လုပ်​သင်​့တဲ့ကိစ္စဆိုတာသိတဲ့သူ​တွေ​နေတဲ့အရပ်​​တွေမှာ​တော့ဘယ်​ဟာက ကြွားသင်​့တဲ့အရာဆိုတာကွဲပြါး​နေကြပါလိမ်​့မ​ပေါ့အရီး​ရေ။

  • Ma Ma

    August 19, 2015 at 10:37 pm

    ဝိလုပ်တယ်ဆိုတာလည်း ကိုယ့်ဒုက္ခကိုယ်ရှာတာပါပဲ။
    ဝ ရှိလို့ ဝိ လုပ်ရင်တောင် လုံးကြီးတင်ကို ထမ်းနေရတဲ့ ဒုက္ခရှိသေးတယ်။
    ဝ မရှိပဲ ဝိ လုပ်ရင်တော့ လုံးကြီးတင်ပါပြုတ်ကျသွားလိမ့်မယ်။ 🙁

    • ဟုတ်​ကဲ့ ဝဆိုတာပြည်​့စုံရုံနဲ့ ဝိလုပ်​ပြ​နေစရာမလိုပါ။ကိုယ်​ပိုင်​ဟန်​နဲ့သွားလာဝတ်​စား​နေထိုင်​မှုက ပုံမှန်​တဆင်​့ချင်​းတက်​လာမှာပါပဲ။

  • Mike

    August 20, 2015 at 4:22 pm

    .က ျုပ်လည်းသဘောတူပါတယ်…

  • “ဘုရင် အစစ်မှာ မင်းမြောက်တန်ဆာငါးပါးမလိုဘူး”တဲ့
    ဘုရင်မဟုတ်သူတွေသာ ဘုရင်လို့ ထင်အောင် မင်းမြောက်တန်ဆာငါးပါးကိုအားကိုးနေရတာပေါ့

    ဝမရှိဘဲ ဝိလုပ်ချင်သူဆိုတာ ဒီအတိုင်းပါဘဲ

    • မှန်​ပါ့​လေး​ပေါက်​။အဓ်ိက​ပြောချင်​တာက ဝိ​နောက်​လိုက်​ရတာ ပင်​ပမ်​း​ကြောင်​းနဲ့ အရပ်​စကားအရဆို ​ကြွေးထူ၊ဖိုးတွမ်​တိဖြစ်​တဲ့အထိ ဆိုးကုန်​လှတတ်​တယ်​။

  • ဦးကျောက်ခဲ

    August 21, 2015 at 11:24 am

    0 (zero) မရှိပဲ 8 (eight) လုပ်ချင်လို့ဖြစ်မလား…
    အလှမ်းကျယ် အလယ်လပ် ၊ မပြည့်တဲ့အိုး ဘောင်ဘင်ခတ်သတဲ့…
    ဒါပေသည့် … ဟန်ကိုယ့်ဖို့ ၊ ဟောက်စား ဖိန့်ဖိန့်လေးလည်း ရှိဦးမှ… ဂတ်စ် :k:

Leave a Reply