အကယ်ဒမီ…ရှော ့…။

black chawAugust 19, 20151min22514

Come Wayy ရေ
လောကဓံ တရားထက် ပြင်းတဲ့ အရက်
ငါ ကိုယ်တိုင် ချက် နေတယ်ကွာ
ကြက်သောက်စမ်းလေးနဲ့ မြည်းကြဦးစို့…ရဲ့…။
ပြီးတော့မှ
နင်လားဟဲ့ လောကဓံ
နင်လားဟဲ့ လောကဓံ
နင်လားဟဲ့ လောကဓံ
လို့ သုံးကြိမ်တိတိ ရွတ်ပြီး
ရေ လုံးဝ မရောပဲ
ဇွတ်ကနဲ မော့ချ…
မူးပြီဆိုတော့မှ
ဖိုးမောင်လာပြီ ကဗျာကို
သံနေသံထားနဲ့ (လေးဖြူ ကီးမျိုးနဲ့)
ပါဖေါ့မန့် ကောင်းကောင်းနဲ့ (ဖြူဖြူကျော်သိန်း စတိုင်မျိုးနဲ့)
ဟိတ်နဲ့ ဟန်နဲ့ (ဦးအောင်သောင်း ယပ်တောင်ခပ်ခံနေပုံမျိုးနဲ့)
ရွတ်ထည့် လိုက်စမ်းပါ။
ကဗျာအဆုံးသတ်လေးမှာ
နှလုံးသားမြို့တော်ထဲက
မို့မို့မြင့်အောင် မျက်ရည်ကျသလို
မင့် ဘယ်ဘက်မျက်ဝန်းရဲ့
ဒေါင့် နားလေးဆီကနေ
မျက်ရည်ပေါက်ကြီးတစ်ပေါက်
ပစ်ကျပစ်လိုက်စမ်းပါ
အဲဒါ အကယ်ဒမီ ရှော့နော်
သေသွားမယ်
ဘာမှတ်နေလဲ။

 

ဘလက်ချော…။

14 comments

  • black chaw

    August 19, 2015 at 3:22 pm

    @ အောင်မိုးသူ ;
    ဘာရယ်မဟုတ်ပါဘူးဗျာ…။
    ကွန်းမန့် ဖတ်ပြီး ဘီစီ ပေးချင်စိတ်က
    ထိန်းမနိုင် သိမ်းမရ ဝင်လာလို့
    စိတ်အလို ကို လိုက်လိုက်ရတာပါ…ညီလေးရေ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • ဇီဇီခင်ဇော်

    August 19, 2015 at 3:29 pm

    နိမ့်တုံ မြင့်တုံ
    နိမ့်တုံ မြင့်တုံ
    နိမ့်တုံ မြင့်တုံ
    နိမ့်တုံ မြင့်တုံ
    နိမ့်တုံ မြင့်တုံ
    နိမ့်တုံ မြင့်တုံ
    နိမ့်တုံ မြင့်တုံ။

  • black chaw

    August 19, 2015 at 3:42 pm

    @ ဇီဇီခင်ဇော် ;
    ဟုတ်ပါတယ်ဗျာ…။
    လောကဓံတရား ဆိုတာ
    နိမ့်တုံး မြင့်တုံ တစ်လှည့်စီပါပဲ…။
    ချစ်ခင်လေးစားတဲ့
    ့ဘလက်ချော…။

    • nozomi

      August 19, 2015 at 3:50 pm

      စောစောကတင် အဖြူရောင် ဝမ်းဆက် နဲ့ လောကဓံကြီး တွေ့လိုက်သေး

      တော်တော် လှသဗျာ

      ဂလု

      • black chaw

        August 19, 2015 at 4:01 pm

        @ nozomi ;
        အေးလေ…၊ အေးလေ…၊
        အဲဒါလည်း ဥပမာအလင်္ကာ မြောက်ပါတယ်ဗျာ…။
        နိမ့်တုံ မြင့်တုံ ဆိုတာကိုး နော…။
        ဒါနဲ့ စကားမစပ်
        မာဆတ်က သဒါ လေး က
        မလာတာကြာလို့ မျှော်နေတယ်လို့
        ပြောပေးပါတဲ့။
        အဲဒါလည်း လောကဓံပဲ ထင်ပါရဲ့…။
        ချစ်ခင်လေးစားတဲ့
        ဘလက်ချော…။

  • Alinsett @ Maung Thura

    August 19, 2015 at 3:45 pm

    ဘာမှတ်နေလဲ…
    ဒါ…. လေးဘလက်ရဲ့ စာသားမြစ်ကြောင်း….
    နားထောင်ကြည့်လေလေ…. မြစ်ရဲ့ စီးသံက…ဂီတတစ်ခုအလား..ဖမ်းစားနို်ငလေလေပဲ…

  • black chaw

    August 19, 2015 at 3:49 pm

    @ Alinsett @ Maung Thura ;
    ဗုံမဟုတ် ပတ်မဟုတ် ကဗျာလေးကို
    ဝင်ဖတ်ပေးတာ ကျေးဇူးပါ ညီလေး ရေ…။
    အခုတလောက ကဗျာဘက် ဓါတ်ကျနေတယ် ဗျာ…။
    ရေးလိုက် ပြန်ဖတ်လိုက် မကြိုက်လိုက် မို့ မတင်ဖြစ်ပါဘူးဗျာ…။
    ဆိုတော့
    အားပေးသွားတာ ကျေးဇူးအထူးပါဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • naywoon ni

    August 19, 2015 at 4:05 pm

    ဘလက်​​ချော ဂျီးကကို အကယ်​ဒမီ​ရှော့ခ်​ ကြီးပါဗျာ ။ ခင်​ဗျား​ပြောသမျှ ​ရေးသမျှ အကယ်​ဒမီ ​ရှော့ခ်​ဖြစ်​တာမဆန်​းပါဘူး 🙂

  • black chaw

    August 19, 2015 at 4:09 pm

    @ naywoon ni ;
    အသာလုပ်ပါ…။
    ဒါနဲ့ စကားမစပ်
    လောကဓံတရားထက် ပြင်းတဲ့ အရက်
    သောက်ဖူးပြီလားဗျ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • မြစပဲရိုး

    August 19, 2015 at 10:04 pm

    စိုးမြတ်သူဇာ လို တော့ မငိုခိုင်း ဘဲ မို့မို့မြင့်အောင် လို ဘာလို့ ငိုခိုင်း နေတာတုန်း။
    မောင်ကမ်း က ပိန်လို့လား။ lol:-)))

  • black chaw

    August 20, 2015 at 6:56 am

    @ မြစပဲရိုး ;
    မောင်တင်ဦး ရိုက်တဲ့ အဲဒီ ရုပ်ရှင်မှာ
    မို့မို့မြင့်အောင် ကြီး အကယ်ဒမီ ရခဲ့တာ
    အစ်မလည်း မှတ်မိဦးမှာပေါ့…။
    ပါးပြင်တစ်ဘက်တည်းက မျက်ရည် ပေါက်ကနဲ ကျသွားတဲ့ အခန်းလေးကလည်း
    မို့မို့ ကြီးရဲ့ အကယ်ဒမီ ရှော ့ ပဲလေ အစ်မရယ်…။
    အဲ့ဒါကြောင့်ပါ…။
    စိုးမြတ်သူဇာ အကယ်ဒမီ ရတာ ဘာကားတွေမှန်းတောင်
    မမှတ်မိတော့ပါဘူး ဗျာ…။
    ကွန်းမန့်လေး ဝင်ရေးပေးသွားတာအတွက်
    ကျေးဇူး အထူး ပါ အစ်မရေ…။
    ချစ်ခင်လေးစား တဲ့
    ဘလက်ချော…။

  • Mike

    August 20, 2015 at 3:56 pm

    .နင်လားဟဲ့ လောကဓံ
    .လို့ပြောပြောပီး
    .က ျုပ်လည်း ကြက်သောက်ဆမ်းလေးမြည်းရင်း
    .ခီများကြီးချက်တဲ့အရက်
    .ဂွတ်ကနဲမော့ချင်သေးသဗျာ..
    .ပီးမှကေ ျာ်ဟိန်းကြီးလို
    .လက်ဆယ်ချောင်းထောင်ပြပီး
    .ရီပစ်လိုက်ချင်ရဲ့ :))

  • black chaw

    August 20, 2015 at 6:04 pm

    @ Mike ;
    လက်ဆယ်ချောင်းထောင်ပြပြီး
    ရီ(ရယ်) ပစ်လိုက်ရုံနဲ့ မပြီးသေးဘူးဗျို့…။
    ဆယ်နှစ် ဆယ်နှစ် လို့ လည်း ပြောဖို့ မေ့နေဦးမယ်ဗျ…။
    ကွန်းမန့်လေး အတွက် ကျေးဇူးပါဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

Leave a Reply