2Millions ကျော်ရှိ Page တစ်ခု အလိမ်လည်ခံရခြင်း

ဖြစ်ပုံက ဒီလိုပါ။ ကျတော်က Web နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ပါတယ်။

ရုံးမှာက POS တွေလည်းရောင်းပါတယ်။ Web Server တွေလည်းရောင်းပါတယ်။

ကျွန်တော်ကတော့ Graphic ပိုင်းပေါ့။ အဲ့ဒါတွေအပြင် Facebook Page တွေကို Admin ယူပြီး

ဝန်ဆောင်မှုတွေပေးပါသေးတယ်။

 

ကိုယ်ပိုင်သတင်းနဲ့ ဗဟုသုတ Facebook Page လည်းတစ်ခုရှိပါတယ်။ တော်တော်အောင်မြင်တဲ့ Pageပါ။

စာဖတ်သူ Like (၂)သန်းကျော်ရှိပါတယ်။ အဲသည် Page ကနေ စာဖတ်သူ (၂)သန်းကျော်ကို မှီခိုပြီး

ကြော်ငြာတွေလည်းလက်ခံပါတယ်။

 

ပြသနာက သည်လိုပါ။ Page က Like (၂)သန်းကျော်လာပေမယ့် Page Name ဘေးမှာ Facebook က

အသိအမှတ်ပြု Blue Tick လေးမရသေးပါဘူး။ စုံစမ်းကြည့်တော့ အဲသည် Blue Tick လေးဟာ Facebook

က ဘယ်စည်းမျဉ်းနဲ့ ပေးသလဲတော့မသိပါဘူး။ ဥပမာ – Eleven , 7Day News, Sai Sai Kham Leng Page

တွေမှာဆို Blue Tick လေးတွေရနေပါပြီ။ ခု (၂)သန်းကျော်ပေ့ချ်က မရသေးဘူးပေါ့။

 

အမှန်တော့ ဒါလည်း image တစ်ခုလို့မှတ်ယူပုံပါ။ ရုံးက ဘော့စ်ကလည်း လိုချင်ပုံရပါတယ်။ သည်လိုနဲ့

ပြသနာက စခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ရက်က Page ဟာ Facebook မှာ ရှာမရဖြစ်သွားပါတယ်။ ပျက်သွားသလို

ပါပဲ။ ဒီလိုနဲ့ ဘော့စ်ဆီက မက်ဆေ့ဝင်လာပါတယ်။ နယူးယောက်က မိန်းမတစ်ယောက်ဟာ သူဟာ

Facebook Office မှာ အလုပ်လုပ်တဲ့သူလို့ပြောပါတယ်။ သူ့ အကောင့်မှာကြည့်တော့ Facebook Office

ပုံတွေတော့ တွေ့ပါတယ်။ နာမည်က Kelly Lee ပါ။ သူဟာ ဘော့စ်ဆီဆက်သွယ်လာရင်း ဘော့စ်ကို

Page ကို Blue Tick ရအောင် လုပ်ပေးမယ်လို့ပြောပါတယ်။ အဲ့လိုလုပ်ဖို့အတွက် အသုံးပြုနေတဲ့

Master Card နံပါတ်ရယ် Page မှာ သူ့ကို အက်ဒမင်ပေးဖို့ရယ် ပြောခဲ့ပါတယ်။

 

အလကားဆိုတာနဲ့ လိုချင်တက်ပြီး အယုံလွယ်တဲ့ဘော့စ်ဟာ သူ့ကို အက်ဒမင်ပေးခဲ့ပါတယ်။

အက်ဒမင်ပေးပြီးပြီးချင်းပဲ Page မှာ ရှိသမျှ အက်ဒမင်အကုန်လုံးကို သူက ဖြုတ်ချပစ်ပြီး သူတစ်ယောက်

တည်း အက်ဒမင်နေရာဝင်ယူလိုက်ပါတယ်။ Page ကိုလည်း Unpublished လုပ်ပစ်လိုက်ပါတော့တယ်။

ဒီနေ့မန်ကမှာတော့ Page ဟာ Publish ပြန်ဖြစ်လာပေမယ့်။ အက်ဒမင်ဘယ်သူမှ မရှိတော့တဲ့အတွက်

ဘာမှလုပ်လို့မရတော့ပါဘူး။

 

Page မှာလည်း အင်္ဂလိပ်စာတွေနဲ့ ဝက်ဘ်ဆိုက်ဒ်တွေကို ညွှန်းတဲ့ ပို့စ်တွေတက်လာပါတော့တယ်။

ဘော့စ်က ဆက်သွယ်ရာမှာလည်း reply မလာတော့ပါဘူး။ ရုံးက အက်ဒမင်တစ်ယောက်နဲ့

Facebook Chatbox မှာ ပြောရာက သူဟာ Facebook မှာ Accountant တစ်ယောက်လို့လည်း

ပြောသလို အားလုံးပြန်ကောင်းဖို့အတွက် ဒေါ်လာ တစ်ထောင်ပေးရမယ်လို့လည်းဆိုလာပါတယ်။

သူ့ဖေ့ဘွတ်အကောင့်ကို ဝင်ကြည့်မိလိုက်တော့ Facebook Office က ပုံတွေဟာ လွန်ခဲ့တဲ့ လေးလ

လောက်ကသာ ဖြစ်ပါတယ်။ အခုထိတော့ လေးနှစ်သက်တမ်းရှိ Like (၂)သန်းကျော်ရနေတဲ့ Page

ကို ထိုင်ကြည့်နေရုံမှတစ်ပါး ဘာမှ မတတ်နိုင်သေးပါဘူး။

 

သူတောင်းတဲ့ငွေပဲပေးရမလား

ဘာလုပ်ရမလဲ

ဘော့စ်ကတော့ ငြိမ်နေဆဲပါပဲ။

 

……..

အောင်မိုးသူ

15 comments

  • အတော်ညံ့တဲ့ဘော့်စ်လို့ အရင်ပြောလိုက်မယ်.. 😀

    ဒေါ်လာတစ်ထောင်ဆိုတာ မနည်းဘူး.. လွှဲပေးပြီးမှ ကိုယ့်ကို ပြန်မပေးရင်လည်း ဒုက္ခ… ဘာပြောရမလဲတောင် မသိတော့ဘူး.. online ဆိုတာမျိုးက အပြင်မှာ အလဲအလှယ်လုပ်သလို ရော့ပတ္တမြား ရော့နဂါး လုပ်လို့ရတာမျိုး မဟုတ်ဘူးဆိုတော့လေ…

    ပိုသိတဲ့သူတွေ ဝင်ပြောမှာကို စောင့်ဖတ်နေပါမယ်…

    • အောင် မိုးသူ

      August 19, 2015 at 3:36 pm

      အခုတော့ ဘယ်လိုလုပ်တော့မလဲ ဟိုမိန်းမက ပေ့ချ်ပေါ်မှာ လျှောက်တင်နေပြီ။ မူမှန်ပါဘူး။ Like ၂သန်းကျော်
      ဆိုတာ နည်းတာမဟုတ်ဘူး။

  • kai

    August 19, 2015 at 3:32 pm

    ၁ထောင်ပြီး.. ၂ထောင်.. ၂ထောင်ပြီး.. ၃ထောင်.. ၃ထောင်ပြီး.. ပြီး..
    အဲဒါမျိုးဖြစ်ရင်တော့.. ဒါက.. ပုံမှန်ပါပဲ..။
    ပုံမှန်လိမ်နည်းလို့ပြောတာပါ..။ :k:

    • အောင် မိုးသူ

      August 19, 2015 at 3:34 pm

      ပြောချင်တာ သူ့ကိုပဲ ဟိုအလကားလုပ်ပေးမယ်ဆိုပြီး လိုချင်တက်သွားတာ။ သူက အဲ့လိုပဲ ဘယ်သူ့ဆီက ဘယ်လိုရမလဲဆိုတာပဲ ကြည့်တာ ခုတော့ထိပြီ။ ဟိုမိန်းမကို တစ်ထောင်ပေးလိုက်လည်း ပြန်ပေးမလား
      ထပ်တောင်းမှာပဲလို့ပဲ ထင်တယ်။

  • ဇီဇီခင်ဇော်

    August 19, 2015 at 3:39 pm

    နှမြောစရာ…

    :a:

    ကိုယ့် ပိုက်ဆံများ မသိတဲ့ သစိမ်းနောက် ဒီလောက်လွယ်လွယ်ပါရလားကွယ်။
    နာ ဆို လူရင်း အားနာမှ ပါတာ။
    ဟီးဟီးးး :mrgreenn:

    • အောင် မိုးသူ

      August 19, 2015 at 3:43 pm

      အခုက ပိုက်ဆံမပါသေးဘူး ပေ့ချ်ပြန်ရဖို့ ပိုက်ဆံတောင်းနေတာ။ ဒေါ်လာ တစ်ထောင်လောက်ကတော့ ပေးနိုင်ပါတယ်။ ဒါမယ့် တစ်ထောင်နဲ့တော်မှာမဟုတ်ဘူး။

  • Alinsett @ Maung Thura

    August 19, 2015 at 3:46 pm

    တရုတ်သိုင်းကားတွေထဲက ဘုရင်မင်းမြတ်လို ပြောရရင်..
    ”အဲ့သလို အဖြစ်မျိုးလည်း ရှိသေးသကိုးးးးးး”

    😆

  • ကထူးဆန်း

    August 19, 2015 at 4:11 pm

    thank you . လိမ်နည်း တစ်ခု သိသွားပြီ ။။

    • အောင် မိုးသူ

      August 20, 2015 at 9:06 am

      ကျေးဇူးတင်ပါတယ် အရီးရေ ဒါပေမယ့် ရုံးမှာ ကျွန်တော်က အဲ့သည်ပေ့ချ်နဲ့ ပတ်သက်လို့ အာဏာမရှိသူပါ။
      ကျွန်တော့်အထက်က မန်နေဂျာတောင် ဘော့စ်ကို အကြံပေးတာ ပြန်ပက်ခံရပါတယ်။ သူ ဘယ်လို ဆုံးဖြတ်ပြုလုပ်မလဲဆိုတာတော့ ကျွန်တော်လည်း မတွေးတတ်သေးပါဘူး

  • Ma Ma

    August 19, 2015 at 9:15 pm

    ဟုတ်ပ့ါ။ ကထူးဆန်းပြောသလို လိမ်နည်းတစ်ခု သိလိုက်ရပြီ။ 🙁

  • တောင်ပေါ်သား

    August 22, 2015 at 11:37 am

    http://7daydaily.com/story/44684
    ပြည်တွင်း၌ လူကြည့်အများဆုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ရိုးရာလေးစာမျက်နှာကို နိုင်ငံခြားသားတစ်ဦးက Profile အတုဖြင့် ဖေ့စ်ဘွတ်ခ်မှဝန်ထမ်းတစ်ဦးဟန်ဆောင်ကာ လိမ်လည်ရယူခဲ့ပြီး အကျပ်ကိုင်ငွေတောင်းမှုဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
    နိုင်ငံတကာမှ ဖေ့စ်ဘွတ်ခ် စာမျက်နှာများ၏ ကြည့်ရှု့သူစာ ရင်းကို စစ်တမ်းကောက်လေ့ရှိသည့် socialbakers.com ၏ စစ် တမ်းအရ ရိုးရာလေး Page သည် Like လုပ်ထားသူ ၂ဒသမ၃ သန်း ကျော်ရှိပြီး ပြည်တွင်း၌ လူကြည့်အများဆုံးဖေ့စ်ဘွတ်ခ်တွင် နံပါတ်လေး၌ ရပ်တည်နေသည်။

    ( ဒီသတင်းတွေ့လို့ )

  • kai

    August 22, 2015 at 1:13 pm

    https://www.facebook.com/MyanmarNewsAlerts
    အဲဒီမှာသွားကြည့်တော့… သူတို့ဝက်ဘ်ဆိုက်ဆိုပြီး..
    http://MyanmarNewsAlerts.com/
    ကိုတွေ့တယ်..။

    သွားစစ်တော့..အဲဒီDomainကြီးက …ဘယ်သူမှ Registered လုပ်မထား…
    အံ့ဖွယ်…
    ဝယ်လိုက်ရင်.. ပထမတနှစ်.. 2.99ဒေါ်လှတဲ့..

    ကောက်ဝယ်လိုက်မှနဲ့တူတယ်..။ :k:

  • အောင် မိုးသူ

    August 22, 2015 at 2:53 pm

    ပထမကတည်းက ဘလူးတစ်ရအောင် ဗရီဖိကေးရှင်းလုပ်ပေမးယ်ဆိုပြီးလာတယ်။ ဘောစိဆီက ဒေတာတွေတောင်းတယ်။ သူ့အကိုအက်မင်ပေးခိုင်တယ် အက်မင်ပေးလိုက်တော့ ရှိသမျှအက်မင်တွေအကုန်ဖြုတ်ချလိုက်တယ်။ ရပလိုင်းမလာတော့ဘူး။ ပထမဆုံး Yoyarlay Myanmar News ဆို နာမည်ပြောင်းတယ်။ အမှန်ဆို လူများရင် နာမည်ပြောင်းလို့မရဘူး။
    ဒါနဲ့ ရုံးကတစ်ယောက်ကိုလာချက်တယ် ဒေါ်လာတစ်ထောင်ပေးရမယ်ပြောတယ်။ ဘောစိက မပေးချင်ဘူး ဘာလုပ်ရမယ်ဒစိရှင်မချဘူး။ အဲ့လိုနဲ့ နှစ်ရက်ကုန်သွားတယ်။ Myanmar News Rooms ဆိုပြီး ပေ့ချ်က နာမည်ပြောင်းသွားတယ်။ ရိးရာလေးဒေတာတွေအကုန်ရှိသေးတယ်။ အဲ့လိုဖြစ်ပြီး နောက်ထပ ်နာမည်တူပေ့ချ်အသစ်ထွက်လာတယ် Myanmar News Room ဆိုပြီး။
    ဟိုဘက်က လိုက်ခ်တွေကို ဒီဘက်ပေ့ချ်အသစ်ကိုပြောင်းပြီ။ အခု Myanmar News Alert ဆိုပြီးဖြစ်သွားတယ်။ အရင် ရိုးရာလေးပေ့ချ်ကို ဖျက်ဖြစ်လိုက်တယ်။ ကျွမ်းတယ်နော်။ အခု ရပို့တောင် ထုလို့မရအောင်လုပ်ထားတယ်။

Leave a Reply