ဘောင်ကျော် X the Line

Ma MaAugust 19, 20151min23513

ကိုယ့်ကို ဘောင်ကျော်တယ်လို့ အပြောခံရရင် အောင့်သက်သက်ရှိလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။

ကိုယ်ကိုယ်တိုင် ဘောင်ကျော်ခံလိုက်ရတဲ့ အရသာကလည်း ခါးသက်သက်ပါပဲ။ :buu:

ခုရက်ထဲမှာ ကိုယ့်လုပ်ငန်းက ဒေတာတွေကို ဘယ်လိုနည်းနဲ့သိသွားမှန်းမသိပဲ လုပ်ငန်းတူတွေကြားထဲမှာ ချပြတာ ခံလိုက်ရတယ်။

ကိုယ့်အနေနဲ့ အသိပေးချင်တာ မဟုတ်တာကို အောက်လမ်းနည်းနဲ့ သိအောင် ကြိုးစားပြီး အများသိအောင် ချပြလိုက်တာ ဘောင်ကျော်တာပဲပေ့ါ။

ဒါပေမယ့်လည်း ကိုယ့်တစ်ယောက်ထဲရဲ့ ဒေတာတင်မဟုတ်၊ လုပ်ငန်းတူတခြားသူတွေရဲ့ဒေတာတွေကိုလည်း ကိုယ့်နည်းတူပဲ လုပ်တာမို့ ဘယ်လိုပြောရမှန်းမသိဘူး။

လူကျင့်ဝတ်အနေနဲ့ ဒါဟာစဉ်းစားရင် မလုပ်သင့်တဲ့ကိစ္စပါပဲ။

လုပ်လိုက်တဲ့သူကတော့ သူ့ကိုယ်သူ အပြစ်ရှိတယ်လို့တောင် ခံစားမိရဲ့လား မသိဘူး။
တောင်းပန်ဖို့ဆိုတာ ဝေလာဝေးပေ့ါ။

ခံရတဲ့ ကိုယ့်ဘက်ကတော့ အောင့်သက်သက်နဲ့။
ဘယ်လိုမှလည်း မတုန့်ပြန်နိုင်ဘူး။


(ပွိုင့်တစ်သိန်းပြည့်တဲ့အထိမ်းအမှတ်နဲ့ တထိုင်တည်းချရေးတဲ့ ပိုစ့်၂ပုဒ် ဆက်တိုက်တင်လိုက်တယ်။
အမှတ်တရပေ့ါ။) 🙂

13 comments

  • မြစပဲရိုး

    August 19, 2015 at 10:36 pm

    မမ ကို မှတ်ချက် ပေးပြီး သများလဲ ပန်းဝင် လိုက်ပြီ။
    အမှတ်တရပေါ့။ :-)))))))))))))))

    • Ma Ma

      August 19, 2015 at 10:40 pm

      နှစ်ယောက်တပြိုင်နက်ပန်းဝင်လို့ သဂျီးချုံးပွဲချငိုပြီး မြန်မာပြည်ရေထပ်ကြီးရင် ဒီသွေးသောက်ညီအမ၂ယောက် ပယောဂမကင်း ဖြစ်နေအုံးမယ်။ :k:

  • မြစပဲရိုး

    August 19, 2015 at 10:43 pm

    အခု တော့ ပို့စ် ကို မန့် မယ်။
    ကျွန်မ သိသလောက် ရွှေပြည်ကြီး ထဲ တကဲ့ အရည်အချင်း နဲ့ အောင်မြင်တာထက် အကပ်အရပ် အမှီ အခို နဲ့ အလုပ်ဖြစ်နေတာ တွေ များတယ်။
    သူတို့ အနေ နဲ့ ရပ်တည်နိုင်ဖို့ က သူများ ကို ခြေထိုးပြီး မှ ရပ်တည်နိုင်တာ မို့ ကျင့်ဝတ်မဲ့ အောက်လမ်းနည်း တွေ ကို မျိုးစုံ သုံးနေတာ မဆန်းဘူး မမ ရေ။
    ကိုယ့်အစ်မ ကိုလဲ ကလိန်ကကျစ် လုပ်သွားတာ ကြားလို့ စိတ်မကောင်းပါ။
    စနစ် တစ်ခု ကို မပြင်နိုင်ရင် နောက်ဆို ပိုဆိုးမှာမို့ တိုင်းပြည် ရဲ့ အနာဂါတ် အတွက် “ဒေါ်အောင်ဆန်းစုကြည်” လက်ထဲကို အာဏာရအောင် ဝိုင်းပံ့ပိုး ကြဖို့သာရှိတော့တယ်။

  • ဇီဇီခင်ဇော်

    August 20, 2015 at 6:41 am

    နည်းးမှန် နဲ့ တက်လို့ မရရင်
    အဆင့်တွေ ကျော်တက်လေ့ ရှိကြ သလိုပေါ့…
    သူများး ပါစင်နယ်တွေ သိချင်ဇော အားးကြီးး သူများး ကို ပြောချင်ဇော အားးကြီးး တာလည်းး
    အစဉ်အလာ တစ်ခု ဖြစ်မှန်းးမသိ ဖြစ်နေတဲ့ ဘောင်ကျော်မှု တစ်ခုပေါ့လေ…
    နောက်မှ ရေးးအူးးမယ်…

    ခုတော့
    Congratulations, Chit Ma and A Yee
    And…
    . . . .
    .
    .
    Da Gyee..

    :mrgreenn:

  • black chaw

    August 20, 2015 at 7:03 am

    ပွိုင့် တစ်သိန်း ပြည့်အောင် ဖြတ်သန်းခဲ့ရသော
    ခရီးရှည်ကြီးအတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ် မမရေ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • Mike

    August 20, 2015 at 11:12 am

    .Congratulations အကြီးကြီးပါ အန်တီမမ နဲ့ အန်တီ မြစပဲရိုး…
    .

  • ပူးတွဲ နှစ်ယောက် တစ်သိန်းပြည့် တာ ဂေဇက် ရဲ့ ပထမဆုံးသော မှတ်တမ်းဖြစ်မယ်ထင်တယ်

    အခုခေတ် အပိုင်းမှာ အလုပ်အကိုင်နဲ့ပတ်သက်ရင် နည်းပညာခိုးယူမူ့တွေရှိတယ်
    နည်းပညာတင်မဟုတ် လုပ်သက်ရင့် တဲ့ ကျွမ်းကျင်တဲ့ ဝန်ထမ်းကိုလည်း
    မတန်တဆပေးပြီးခေါ်သွားတာလဲရှိတယ်
    အဲတော့ လုပ်ငန်းစီစဉ်သူတွေက သိုသိုသိပ်သိပ်ဘဲလုပ်ကြတာများတယ်
    ဝန်ထမ်းပိုင်းဆိုရင်လဲ အလုပ်ကိစ္စအားလုံးကို သိအောင်မထားဘဲ
    သူ့ကဏ္ဍနဲ့သူ့ ခွဲပြီးတာဝန်ပေးတာ
    လုပ်ငန်းလုပ်ပိုင်ခွင့်ကန့်သတ်တာတွေလုပ်လာကြတယ်။

  • Alinsett @ Maung Thura

    August 20, 2015 at 2:40 pm

    nz@ghi (103558 Kyats )
    MaMa (100301 Kyats )
    Khin Latt (100026 Kyats )
    Anzartone (95099 Kyats )
    တဲ့……
    မကြာသေးခင်ကမှ….အဘနီ.. လေးပေါက်…တို့ တစ်သိန်းစီ ပြည့်…
    အခုလည် းတန်းကို စီ..လို့…. သဂျီးတော့…. ကြည့်ကြည့်ပြီး.. ဝမ်းနည်းရမလား ဝမ်းသာရမလား မသိ ဖြစ်နေပြီလားမသိ….
    :k:
    ဒါမယ့် သဂျီးက သထိန်းကြီးပါ…

    😆

    • ဇီဇီခင်ဇော်

      August 20, 2015 at 2:47 pm

      တဂျီး ကို ရှူဇေးဘူးလေး ဘာလေး ပေးလိုက်ကြဘာအူးးး

      :k:

  • weiwei

    August 20, 2015 at 3:21 pm

    ကျွန်မအတွက်ကတော့ ဒီနှုန်းနဲ့ဆိုရင်တော့ top ten မှာ အကြာကြီး နေရအုန်းတော့မယ် …

    ဘောင်ကျော်တဲ့ကိစ္စတွေက အစိုးရဌာနတွေမှာ ပိုပြီးဆိုးပါတယ် ..
    ပြန်ပြောပြဖို့ တော်တော်ခက်တယ် … အလုပ်ကိစ္စတွေမှာ ခံလိုက်ရတာထက် အခုနောက်ပိုင်း ဖဘ လောကထဲမှာပါ ဖြစ်လာတာတွေ့ရလို့ အလွန်စိတ်ပျက်မိတယ် …

  • Ma Ma

    August 20, 2015 at 8:55 pm

    သဂျီးတော့ နှာနှပ်နေရပြီထင်တယ်။
    မန့်တောင် မမန့်နိုင်ရှာတော့ပြီ။ :k:

    ဘောင်ကျော်ပြီး လုပ်လိုက်မိလို့ စိတ်မကောင်းဖြစ်မယ့်အစား
    အဲဒီလို လုပ်နိုင်တာကို ဂုဏ်ယူနေတတ်တယ်ဆိုတာ ပြောချင်တာ။ :e:

  • Ma Ma

    August 20, 2015 at 9:10 pm

    ဂုဏ်ပြုပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ 🙂

Leave a Reply