. ခြေလှမ်းဦး များ နှင့် ကခုန်ခြင်း “တစ်ဆယ့်ခြောက်” – ပါဝါ (207)

မြစပဲရိုးAugust 19, 20151min1325

ရွာ မှာ ပျောက်နေတဲ့ လူတွေထဲ မှတ်မှတ်ရရ ရှိဖူး တဲ့ တစ်ယောက် ရှိခဲ့ပါတယ်။
နောက်ဆုံး မဲ တစ်မဲ ကို မနှိုက်ခင် Result လုပ် ထားတဲ့ အဲဒီ ကလေးတစ်ယောက် ရဲ့ ခြေလှမ်းလေး တွေ ကိုလဲ ပြောပြလိုက်ချင်ပါသေးတယ်။
သူကတော့ ဂဇက်ရွာထဲ အသက်အငယ်ဆုံး ဖြစ်တယ်လို့ သတ်မှတ်နိုင်တဲ့ “သားပု” ပါ။
ရွာထဲ သူစ ဝင်ချိန်တုန်းက ၉တန်း တက်နေပြီး ၁ဝတန်းစာမေးပွဲ ဖြေခါနီး ပျောက်သွားတာ အခုထိပေါ့။
ဘယ်ရောက်လို့ ဘာတွေလုပ်နေလဲ သိချင်စမ်းပါရဲ့။
သူ့ ကလောင်နာမည်က တော့ Burma ပါ။ သူ ရွာထဲ ရှိတုန်း မှာ စုစုပေါင်း ၄၆ ပုဒ်ရေးထားပါတယ်။

ရွာထဲ သူ့ရဲ့ ခြေလှမ်းချ ခဲ့တာ မေလ ၁၉ရက် ၂၀၁ဝ ခု မှာ “2010 မြန်မာပြည် “ ဆိုတဲ့ ပို့စ်လေးနဲ့ပါ။
သူ့ရဲ့ ကိုယ်ပိုင်အရေး မဟုတ်ခဲ့တာတော့ ဝမ်းနည်းစရာပါ။
ဒါပေမဲ့ သူမျှပေးထား တဲ့ စာလေး ကို ဖတ်ပြီး ရီလိုက် မိရင်ဖြင့် စိတ်ပေါ့ပါးမှုတော့ ရသွားကြမှာပါ။
ဖတ်ပြီးသားလဲဖြစ်နေကြမှာပါ။
အဲဒီထဲ က {{ ဥရောပတွေအတွက် သီးသန့်လုပ်ထားတဲ့ အဖြူရောင်ပုန်းရေကြီး }} ဆိုတာ ကတော့ မလိုပါဘူး။
သူတို့မှာလဲ အဖြူရောင်ချောကလက်ထက် အမဲရောင်ချောကလက် ကို ပိုကြိုက်သူတွေ များမှာပါ။

“သတင်းမီဒီယာတွေ သေသေချာချာရေးဖို့ လိုနေပြီ” ဆိုတာ က လဲ သူ့ ပထမ ခြေလှမ်းနဲ့ တစ်ချိန်ထဲ တွဲပါလာတဲ့ ရင်တွင်းစကားလေးထင်ပါရဲ့။
၂၀၁ဝ ကနေ ၂၀၁၅ ထိ အခု ဖြတ်သန်းခဲ့တာ သက်တမ်း ငါးနှစ် တိုင်ပါပြီ။ မီဒီယာ တွေထဲ သတင်းအမှန် အတွက် လောက်လောက်လားလား အားထားရတဲ့ သိက္ခာရှိ ကျင့်ဝတ်လိုက်နာတဲ့ မီဒီယာ အခုထိ မရှိသေးပါဘူးလို့ ထင်မိတာပါဘဲ သားပု ရေ။
မင်းရောဘယ်လိုထင်လဲ?

. အဲဒီနောက်ပိုင်းမှာ သူ့ ကိုယ်ပိုင် အယူအဆလေး တွေ ကို စကားလုံးများများ နဲ့ ရွာထဲ ကို ချပြီး ပေးလာခဲ့တယ်။ သူ့အတွေးအခေါ်လေး တွေ ကို ကလေး နဲ့ မလိုက်ဘူးလို့ ပြောလို့ မရပါဘူး။ စာဖတ်တဲ့ ကလေးတိုင်း မှာ ဒီ လို စမ်းစစ်တတ်တဲ့ အမူအကျင့် တွေ ရှိပါတယ်။
အဲဒါကို မိဘ တွေ ဆရာ တွေ က အပြန်အလှန် ဆွေးနွေး ပေးတတ်ဖို့ အရေးကြီးပါတယ်။
သူ့မှာ အဲဒီလို ထိန်းကျောင်းနိုင်တဲ့ မိဘ တွေ ရှိမယ်မှန်းပါတယ်။ မှန်ကန် တဲ့ လမ်းပေါ်ရောက်နေတဲ့ ကလေး တစ်ယောက်လို့ သူ့ရဲ့ စကား တွေ ကနေ မှန်းကြည့်မိတာပါ။
ဥပမာ အနေ နဲ့  “အလယ်တန်းကျောင်းသားများနှင့်အချစ် (ထင်မြင်ချက်ကိုတင်ပြသည်။)”
မှာတွေ့နိုင်ပါတယ်။ အဲဒီ ပို့စ် မှာ ပြန်ဆွေးနွေး ထားတာလေးတွေ နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ပါတယ်။

ကျွန်ုပ်ကျောင်းတော်ကြီးရဲ့ နေ့များစွာထဲက တစ်ရက် မှာ  ဒီကလေး ရဲ့ ကျောင်းတော်ကြီး ကို မှန်းကြည့်တာ ဒဂုံ(၁) လို့ ထင်လိုက်တာဘဲ။ မဟုတ်ရင် တီတီစီ။
ဘာရယ်မဟုတ် နိုင်ငံတော်အလံ ကို အလေးပြုခြင်း/မပြုခြင်း ကို တွေးထားတဲ့ ကလေး တစ်ယောက် အတွေး နောက်မှာ ပိုပြီး ချဲ့စရာ အတွေးတွေ ပွါးမိရဲ့။

သူ့ကို ကလေး မဟုတ်ဘူးလို့ ထင်တဲ့သူ တွေ ကို ပြန်စွာထားတဲ့ “ကိုးတန်းကျောင်းသား ကျွန်တော့ရဲ့ရှင်းတမ်း”  ဆိုတဲ့ ပို့စ်လေး ကလဲ ချစ်ဖို့ကောင်းသား။

“၁၁ တန်း ဘာလဲ? ဘယ်တော့လဲ?” ကတော့ လောလောဆယ်တော့ အဘတို့ တိုင်ဦးတန်း ကစား နေတုန်း မို့ မရေရာသေးဘူး ကလေး ရဲ့။

“ဒေါ်အောင်ဆန်းစုကြည်အပေါ် ကျွန်တော့ရဲ့ အမြင် ၊ အတွေး :)” ဆိုတာကို သူတင်တော့ ကျွန်မ ရှိနေခဲ့ပြီ မို့ အဲဒီ အကြောင်းကို သူ နဲ့ အပြန်အလှန် ဆွေးနွေးဖြစ်လိုက် တာ ကဘဲ ဂဇက်ရွာထဲ ရွာသူ ဖြစ်လိုက်ရကျိုးနပ်တယ် ထင်မိပါတယ်။
{{
အိုကေ.. တန်ဖိုး… ဒေါ်အောင်ဆန်းစုကြည်ကို တန်ဖိုးထားကြတယ်။. . ဗမာပြည်ကြီးတိုးတက်ဖို့ လက်တွေ့ကျကျဘာတွေများလုပ်ပီးဘီလဲ သိချင်ပါတယ်။
ကျွန်တော့ 15 နှစ်အသက်အရွယ်နဲ့ သိသလောက်ကတော့ နှစ်၂ဝ လောက် နေအိမ်အကျယ်ချုပ် ကျပြီးတော့ စာအုပ်ဖတ်ပီး စာစကားပြောနေတာဆိုတာတော့သိတယ်။
ကျွန်တော့အတွက်တော့ ဒေါ်အောင်ဆန်းစုကြည်ထက် ဟိုနေ့က ဖြစ်ရပ်ဆိုးထဲမှာ ကျသွားတဲ့ မီးသတ်ရဲဘော်ငါးယောက်က ပိုပြီးလေးစားဖို့ကောင်းတယ်လို့ ထင်တယ်။ ဒါ ကျွန်တော့ Opinion.
}}
အဲဒီလို အစချီပြီး ရေးထားတဲ့ သူ့ပို့စ် က စိတ်ဝင်စားဖို့ မကောင်းပေဘူးလား။ မှတ်ချက်ပေါင်းများစွာ ချူ ယူနိုင်ခဲ့တဲ့ ပို့စ်ပါ။
အခုချိန်မှာရော ဒီကလေး ဒီအတိုင်းဘဲ တွေးနေတုန်းလား။ သိချင်နေမိပါတယ်။

“ဆေကိနာရာမ ကျောင်းတိုက် တရားစခန်း သွား တောလား 27 28 29 အမှတ်တရ (အပိုင်း-၂)”
မှာ ရေးထားတာ ကို ကြည့်ပြီး ဒီကလေး က ငါထက် တော်သဟ လို့ ကြိတ်ပြီး ချီးကျူးမိသေးတယ်။ ဓာတ်ပုံလေး တွေ ကို တော့ မမြင်ရတော့ပေမဲ့ အရေးကောင်းမို့ သူ့ပုံလေး ကို မြင်လာနိုင်မှာပါ။

{{ “နိုင်ငံတစ်နိုင်ငံမှာ လူနဲ့မူ ဘယ်ဟာ ပိုအရေးကြီးလဲ လို့ မေးကြတယ်။ ကျွန်မ ပြောမယ်နော် ၊ မူက အရေးကြီးတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ မူက လူတွေကို ထိန်းထားလို့ရတယ်။ မူမကောင်းရင် တော့ ကောင်းတဲ့သူတွေတောင် ပျက်စီးကုန်မယ်”
ဒေါ်အောင်ဆန်းစုကြည်
(နွားထိုးကြီးမြို့နယ် လူထုဟောပြောပွဲ) }}
အဲဒီ မိန့်ခွန်းပေါ်မူတည်ပြီး သူ ဆွေးနွေးထားတဲ့ “မူနဲ့လူဘယ်ဟာပိုကောင်းသင့်သလဲ” ပို့စ်ကလဲ အခု လောလောဆယ် ကိုယ်တိုင်ခေါင်းကုတ်ပြီး အကြိမ်ကြိမ် ဟိုပြန် ဒီလှည့် စဉ်းစားနေ တဲ့ အကြောင်းပေါ့။

“လာမဲ့ Sony Xperia Z ကို လှမ်းမျှော်ကြည့်ခြင်း” ကတော့ Sony Xperia Z အကြောင်းကို ကျကျနန အပိုင်းလေးတွေခွဲ ပြီး ပြောပြခဲ့တာ လက်ရှိမှာ သူ့နောက်ဆုံးပို့စ်ပါ။
ဒီကလေးလေး တစ်ယောက် သူတစ်ချိန်က အကြောင်းတစ်ချို့ ကို ရင်ဖွင့်ခဲ့တဲ့ဘူး တဲ့ နေရာလေး တစ်ခု ကို သတိရသေးရဲ့လား။
တစ်နေ့ကျ ပြန်မပေါ်လာဘူး လို့ ဘယ်သူပြောနိုင်မှာလဲ။ နော။

 

5 comments

  • Ma Ma

    August 19, 2015 at 10:43 pm

    Burma ကို နာမည် သိပ်မမှတ်မိဘူး။
    သူ့ပိုစ့်တွေကို ကြည့်မှ အထက်တန်းကျောင်းသားလောက်အရွယ်နဲ့ စာတွေ ရေးပြီးတင်လာတဲ့သူလို့ မှန်းထားတာကို မှတ်မိလိုက်တယ်။
    သူ့အရွယ်နဲ့ သူ့စာတွေဖတ်ပြီး ကိုယ်တွေ အဲဒီအရွယ်တုန်းက အဲလိုအသိတွေ မရှိခဲ့ဘူးလို့ တွေးခဲ့မိဖူးတယ်။

  • ဇီဇီခင်ဇော်

    August 20, 2015 at 6:45 am

    ကျနော် သိတဲ့ မြင်ဖူးတဲ့ (သားပု) ကတော့
    ဖဘ မှာ anti-Su ဖြစ်နေတယ်..

    ၁ ယောက်တည်းး ဟုတ်မဟုတ် မသေချာ
    🙄

  • Mike

    August 20, 2015 at 11:43 am

    .သူ့စာလေးတွေဖတ်ဖူးတယ်…မမန့်ဖြစ်ခဲ့ဘူးနဲ့တူရဲ့
    .တော်လိုက်တဲ့ ကလေး…ခုလောက်ဆို…တက္ကသိုလ်မှာထင်ရဲ့

  • လုံမလေးမွန်မွန်

    September 2, 2015 at 12:17 pm

    မှတ်မိတယ်… “ကိုးတန်းကျောင်းသား ကျွန်တော့ရဲ့ရှင်းတမ်း” ပို့စ်ကိုလည်း သေချာသိတယ်…
    အနော်တို့သူငယ်ချင်းရွာသားတွေ အပြင်မှာ စကားပြောဖြစ်တုန်းကတောင် သူ့အကြောင်း သတိတရနဲ့ ပြောဖြစ်သေးတယ်..

Leave a Reply