ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ‘ခတ္တာ’ရေ

လွန်ခဲ့တဲ့တစ်ပတ်က ဧရာဝတီတိုင်းဖက် ရေကြည်မြို့ကို ရေဘေးအလှူ  သွားခဲ့တုန်းက ကျတော်မေ့လျော့

နေတဲ့ ပန်းပင်လေးတစ်ပင်ကို မှတ်မှတ်ရရ ပြန်တွေ့ခဲ့တယ်။ ခတ္တာပေမယ့် သူ့ဝတ်ဆံဟာ ဆနွင်းမှုန့်အရောင်

စွန်း၊ ရနံ့ကလည်း သိပ်မမွှေးတာမို့ လူတွေ သိပ်နှစ်သက်ခြင်းမရှိတဲ့ ခတ္တာပင်ေးလတွေကို ပြန်လည်တွေ့ခဲ့

တယ်။

 

တစ်နှစ်မှာတစ်ခါသာပွင့်တဲ့ ခတ္တာမို့ သူလည်း သစ္စာရှိသေးပါလားလို့ ကြည့်ရင်း တွေးမိလိုက်တယ်။

ငယ်ငယ်က နားထောင်ဖူးခဲ့တဲ့ ခိုင်ထူးရဲ့  ‘ခတ္တာ’ဆိုတဲ့ သီချင်းထဲအတိုင်းပဲ ခတ္တာလေးတွေဟာ

ဝါခေါင်မိုးနဲ့အတူ အရင်ကအတိုင်း အမြဲတမ်း ပွင့်ဆဲပဲဆိုတာ တွေ့လိုက်ရတယ်။ လေးကျွန်းကြာခိုင်း

လီလီ တို့လို့ မလှပေမယ့် သူလည်း သူ့အလှနဲ့ သူမို့ အချိန်ခါမီ ဝါခေါင်မိုးနဲ့ လှမ်းလာနေပါပေါ့လား

ခတ္တာရေ…..။

IMG_20150813_145003_HDR IMG_20150813_145021_HDR artworks-000025519546-x08lu3-crop kt

‘ခတ္တာ’

တေးဆို – ခိုင်ထူး

 

စိမ်းလဲ့လဲ့ မြလရိပ်သန်းxxxx အချစ်နှုတ်ခမ်း xxအနမ်းတွေဖူးပွင့်ဖို့လေ

မျှော်သူကို သံသရာကြိုး xxxရစ်နှောင်လွှမ်း ရစ်နေတုန်း

သရဝန် ကူးလှည့်ဦးxxxx ကြင်နာမည် အသည်းရှိတဲ့အရပ် xxxxညွှန်မယ်ဆို

ဝါဆိုပန်းxx နဲ့အလွန်xx ပုန်းညက်xxx နွမ်းရက်လွန် ကြွေပြီမို့

သိဟ်ရာသီxxx ဝါခေါင်မိုးနဲ့ xxxလှမ်းလာခဲ့တော့ ခတ္တာရေ

 

နှောင်းတခက်ခက်ဆူးxxx အချစ်ရိပ်ဦး စွန့်သည့်မြားxxx အသည်းမှာစူးနစ်ခဲ့လို့

ဒီဒဏ်ကို xxxရင်မှောထွေးပွေးပိုက်ထွေးထားနေလို့

သရဝဏ်ကူပါဦး အရင်လူဖျက်ဆီခဲ့တဲ့ xxxxxအသည်းပြင်မယ်ဆို

ဝါဆိုပန်း နဲ့အလွန် ပုန်းညက် နွမ်းရက်လွန် ကြွေပြီမို့

သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ xxxခတ္တာရေ

 

ဆွေးမြေ့မြေ့လေးxxx မောင့်ကိုယ်စားမလွမ်းချင်ဘူး

အသက်ရယ်နှင်း xxxxဆုံးဖြတ်မှ ယုံမယ်နော်

ဒီတစ်ခါမင်းသစ္စာမြဲရစေမယ် xxxxသရဝဏ်ကူညီလို့

ဒီအရင်xxxx ကြေကွဲခဲ့တဲ့အတိတ်ပြင်မယ်ဆို

ဝါဆိုပန်း နဲ့အလွန် ပုန်းညက် နွမ်းရက်လွန် ကြွေပြီမို့

သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ

 

ဝါဆိုပန်း နဲ့အလွန် ပုန်းညက် နွမ်းရက်လွန် ကြွေပြီမို့

သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ

 

ဝါဆိုပန်း နဲ့အလွန် ပုန်းညက် နွမ်းရက်လွန် ကြွေပြီမို့

သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ

 

လေးစားစွာဖြင့်

အောင်မိုးသူ

 

 

13 comments

  • ဇီဇီခင်ဇော်

    August 20, 2015 at 3:01 pm

    အာ့တွေ မဂျီး တို့ ရုံးဘက်မှာ လမ်းဘေး တလျှောက် ပွင့်တာ။
    သိပ်လှတာပဲ။
    ဟိုနေ့က ဓာတ်ပုံရိုက်ချင်တာ ပန်းတွေက မလန်းလို့သာ။
    ဒါပေမဲ့ အဖြူတွေအများကြီး မြင်နေရတဲ့ ကိုယ် အတွက်တော့ လန်းဆန်းတယ်။
    :chit:

  • black chaw

    August 21, 2015 at 10:13 am

    ခိုင်ထူး သီချင်း အကြောင်းရေးတာ မှတ်လို့ ဝင်ဖတ်လိုက်တာ
    ခိုင်ထူး သီချင်း ဖြစ်နေတယ်…။
    တေးရေး က ကိုနေဝင်း ပါ ညီလေးရေ…။
    ခတ္တာပန်းတွေကိုရော ခတ္တာ သီချင်းလေးကိုရော အားပေးသွားပါတယ်ဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

    • အောင် မိုးသူ

      August 22, 2015 at 9:18 am

      ဒီပို့စ်တင်ပီးမှ အူးဘလက်က တိုက်တိုက်ဆိုင်ဆိုင် ခိုင်ထူးအကြောင်းရေးလာတယ်။ 🙂

  • ဦးကျောက်ခဲ

    August 21, 2015 at 10:30 am

    ဒီဘက်ခေတ်မှာ သံစဉ် စာသား ဒီလိုအရသာပြည့်တာမျိုး မတွေ့မိ…
    မချစ်ခဲ့ဖူးပေမယ့်… လွမ်းတယ် ခတ္တာရေ…
    နန်းထိုက်တော်ဝင် မဟုတ်ပေမယ့် …
    သဲမြညှာမှာ သိဟ်ရာသီတိုင်း… ဖူးပွင့်ဝေဆာပါဦးလို့….

    • အောင် မိုးသူ

      August 22, 2015 at 9:18 am

      ဟုတ်တယ် ဒီသီချင်းကို နားထောင်ပြီး စာသားရေးမှသာ စာသားတွေက တော်တော်ကောင်းမှန်းသိတယ်။

  • Mike

    August 21, 2015 at 1:01 pm

    .ဂွတ်တယ်…ခုလေးတင် ကိုဘလက်ရဲ့ ခိုင်ထူးပို့စ်ဖတ်လာတာ..ဒီမှာလည်းခိုင်ထူးပဲကိုး :))

  • Ma Ma

    August 21, 2015 at 9:04 pm

    သီချင်းတွေ သိပ်မသိပေမယ့် အဲဒီသီချင်းလေး ကြိုက်တယ်။ 🙂

  • HMM

    August 24, 2015 at 9:53 am

    အဲဒါကို ခတ္တာလို့ခေါ်မှန်းမသိဘူးကော…

      • HMM

        August 24, 2015 at 11:26 am

        မှားပြန်ပြီ…
        တော်ကြာဦးကျောက် ပေါက်လာပီး သူ့မဟေသီ နှင်းမမ မဟုတ်ကြောင်း လာရှင်းအုံးမယ်… 🙂

Leave a Reply