တစ်ခါတစ်လေတော့လည်း ရုပ်ရှင်နဲ့ပတ်သက်တာတွေ ရုပ်ရှင်အက်ဆေးလိုမျိုးတွေ အေးဆေးစွာ

ရေးချင်စိတ်ဖြစ်မိပါတယ်။ အခြေအနေအရလည်း မပေးသေးတော့ အလုပ်လုပ်ရင်း လက်တန်းရေးဖြစ်

တာတွေ များလာတယ်ထင်ရဲ့။

 

ကိုယ်တိုင်ကလည်း ရုပ်ရှင်ခရေဇီဆိုတော့ လောလောလတ်လတ်မှာ  စိတ်ဝင်စားတဲ့

ဇာတ်ကားလေးတွေ ကိုယ်တိုင်လည်း စောင့်ကြည့်မယ် ဇာတ်ကားလေးတွေကို မျှဝေပေးလိုက်ပါရဲ့။

 

ပထမဆုံးအနေနဲ့ Animation ဇာတ်ကားတွေကို မျှော်လင့်မိပါတယ်။ အခုတင်ပြပေးမယ် ဇာတ်ကားတွေ

ကတော့ ကိုယ်တိုင်ရင်းနှီးဖူးသားဖြစ်တဲ့ ဇာတ်ကောင်းအဟောင်းတွေရဲ့ ဇာတ်လမ်းအဆက်တွေပါ။

အကြိုက်တူရဲ့သလားတော့မသိပါဘူး။

 

Alice Through The Looking Glass (2016)

2016, May 27 မှာ ထွက်ရှိလာမယ့်ကားပါ။ Animation ချည်းပဲ မဟုတ်ပေမယ့် ရောစပ်ထားတဲ့ကားမို့

ညွှန်းပါရစေ။ သည်ဇာတ်ကားရဲ့ ပထမကားကတော့ Alice in Wonder Land ပါ 2010 ခုနှစ်မှာ

ထွက်ရှိခဲ့ပြီး ခြောက်နှစ်အကြာမှာ ဒုတိယမြောက်ကား ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ သူတို့ဆီမှာ

ဇာတ်ကားတစ်ကား ထွက်ဖို့ ဒီလောက်အချိန်ကြာသလားဆိုတော့ ကွာလတီကလည်း ကောင်းလို့ပေါ့နော်။

ပထမကားမှာတော့ အဲလစ်စ်ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ထူးဆန်းတဲ့ကမ္ဘာက ဒဏ္ဏာရီထဲက

သူရဲကောင်းမင်းသမီးလေးတစ်ယောက် ဖြစ်နေတဲ့အကြောင်းပါ။ IMDB 6.5 rating သာ ရရှိထားပါတယ်။

Disney က ထွက်တဲ့ကားတွေဟာ ပုံပြင်ဆန်ဆန်တွေဆိုတာ သတိထားမိပေမယ့်။

သဘောကျမိတဲ့ကားထဲမှာ ပါပါတယ်။ ဒုတိယမြောက်ကားကိုတော့ ပထမကားထက်ပိုမိုမျှော်လင့်မိတာတော့

အမှန်ပါပဲ။

FB_IMG_1440048251985

Alice Through The Looking Glass (2016) 2016

 

Finding Dory (2016)

2003 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ Finding Nemo ရုပ်ရှင်ကားရဲ့ နောက်ဆက်တွဲ

ရုပ်ရှင်ကားဖြစ်ပါတယ်။ နီမိုဆိုတဲ့ကားလေး ဖမ်းခေါ်သွားခြင်းခံရတာကစလို့ နီမိုကိုလိုက်ရှာတဲ့

Animation ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အရမ်းအောင်မြင်ခဲ့ပါတယ်။ IMDB 8.3 Raiting ရရှိထားပါတယ်။

အဲသည်ရုပ်ရှင်ကား ဖန်တီးဖို့အတွက် ရေအောက်က ရေသတ္တဝါတွေရဲ့ နေထိုင်ပုံအပြုအမူတွေကအစ

မှတ်တမ်းတင်လေ့လာခဲ့ရတယ်လို့ဆိုခဲ့  ပါတယ်။ အခု Finding Dory မှာတော့ ပထမကားရဲ့ နီမိုဆိုတဲ့

ငါးလေးရဲ့ သူငယ်ချင်း ဖြစ်သူ ဒိုရီဆိုတဲ့ အပြာရောင်ငါးလေး ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ပထမကားရဲ့ ရသကို

မီနိုင်မလားလို့ မျှော်လင့်ရင်း စောင့်နေမိတဲ့ ရုပ်ရှင်ဇာတ်ကားပါပဲ။

 

url

မျှော်လင့်နေသော ရုပ်ရှင်ဇာတ်ကားများ – ၁ ကို ဒီမှာအဆုံးသတ်ပြီး (၂)မှာ ဘယ်လို ရုပ်ရှင်ဇာတ်ကားတွေ

ကို မျှော်လင့်ဦးမလဲဆိုတာ တွေးရင်း။

 

လေးစားစွာဖြင့်

အောင်မိုးသူ

About အောင် မိုးသူ

ဘကြီး အောင် has written 208 post in this Website..

နာမည်အရင်းကော ကလောင်နာမည်ကော အောင်မိုးသူပါ။ လူဆန်တဲ့ လူ့ဘ၀ထဲမှာ နေထိုင်တဲ့လူတစ်ယောက်ပါ။