. ခြေလှမ်းဦး များ နှင့် ကခုန်ခြင်း “တစ်ဆယ့်ခြောက်” – ပါဝါ (40)

မြစပဲရိုးAugust 20, 20151min36419

ပွိုင့် တစ်သိန်း ပြည့်သွားပေမဲ့ လက်ကျန် မဲ တစ် မဲ ကျန်နေသေး သည်။
ထိုနောက်ဆုံး နံပါတ် ကိုကြည့်ပြီး ဗိုက်နှိပ်ရီ မိသည်။ (အမှန်တကယ်ကြီး ပါ၊ ပြဇာတ်ကတာ မဟုတ်ပါဘူး)
ရွာထဲ လက်ရှိ ငုတ်တုတ် ရှိနေဆဲသူ တစ်ယောက် အပြင် ရွာ့ ကင်မ်ချိ တုံး ကြီး မို့ နှိုက်မိတဲ့လက် ကို ဆုပေးရမလား၊ ဒါဏ်ပေး သင့်သလား မသိ။
ဒါပေမဲ့ ဒီလောက် သောင်းကျန်း နေသူ ရဲ့ ရာဇဝင် ကို တူးရမှာလဲ စိတ်ဝင်စားဖို့ကောင်းတာမို့ တစ်ဖက်ကလဲ ဝမ်းသာမိသည်။
ထိုသူသည် မည်သူဟု ထင်ပါသလဲ။

သူ့ ခြေလှမ်းဦး ကို ဖတ် ကြည့်ကြည့် ကြပြီးရင် လောကထဲ မှာ သတ်သတ်လွတ်စားတဲ့ ကြောင် ရှိကြောင်း ကြားဖူးကြပြီ လို့ သာမှတ်ပါတော့။
သူ့ကြည့်ရတာ ရွာထဲမယ် မှတ်ချက် တွေ တော့ ဟိုးရွာအစထဲ က ပေးပြီး နေနိုင်တယ်။
ဒါပေမဲ့ သူ့ ပထမဆုံး ပို့စ် ရေးချိန်ကတော့ Aug 14, 2010  လွန်ခဲ့တဲ့ ၅ နှစ် ပေါ့။
ရေးခဲ့တဲ့ အကြောင်းက “သက်သတ်လွတ်စားခြင်းနှင့်ဗုဒ္ဓဝါဒ Vegie” တဲ့။
အဲဒီပို့စ်ထဲ က မှတ်သားစရာကောင်းတာလေး တွေ့လို့ တို့ ပြလိုက်ပါရစေ။
{{
တကယ်တမ်း စားကြည့်တော့ တော်တော်မလွယ်တာ တွေ့ရတယ်။ ပေးဆပ်ရမှုအပိုင်းမှာ သီးခံရခြင်းဖြစ်ပြီး၊ ပြန်လည်ရရှိမှု အပိုင်းမှာ ရောင့်ရဲတင်းတိမ်ခြင်း၊ ခြိုးခြံချွေတာခြင်း၊ ကရိကထနည်းခြင်း စတဲ့ စိတ်ပိုင်ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကို ရတယ်။
ဘုရားက သက်သတ်လွတ်စားခြင်း မစားခြင်း၊ အဘိညာဉ်တန်ခိုး ရှိ၊ မရှိခြင်းတို့သည် နိဗ္ဗာန်ရောက်ကြောင်းနှင့် မသက်ဆိုင်ကြောင်း အတိအလင်း ဟောခဲ့ပြီး ဖြစ်ပါတယ်။
ဒီနေရာမှာ သတိပြုရမှာက သံသရာမှ လွတ်မြောက်ကြောင်း နိဗ္ဗာန်သည် ညဏ်နယ်ဖြစ်ပြီး မလွတ်မြောက်ခင် သက်တောင့် သက်သာစွာ နေထိုင်နိုင်ရေးသည် ကံနယ် ဖြစ်ပါတယ်။
}}

အောင်မယ်လေး။ ကြောင်ကြီး တို့ ရွာအဝင် အစ မှာ ယဉ်ယဉ်ကျေးကျေးလေး ပြောဆိုနေတာ မြင်ရတာ သိပ်ပြီး ဟန်မကျ  မအပ်စပ်သလိုဘဲ။ ကိုယ့် အကြောင်းမှာတော့ သတ်သတ်လွတ် စားဖို့ စိတ်ကူးမရှိပေမဲ့ အသက်ကြီးလာချိန် အသားတွေ၊ ဆီပြန်တွေ သိပ်မစားချင်တော့ဘဲ အသီးအရွက် တွေ၊ အခြောက်အခြမ်း တွေ ကို ပိုပြီး ခုံမင်လာတာဘဲ။

ဆက်ရရင် သူ့ ခြေလှမ်းတွေ ရဲ့ အစတွေ က ဘုရားနဲ့ တရား နဲ့ ရှင့်။
ဒါပေမဲ့ ကြောင် ကြာကြာ ရေမငုပ်နိုင်ပါဘူး။
Sep 20, 2010 မှာ “ဘာကြောင့်မဲမပေးသင့်သလဲ No”  ဆိုတဲ့ ပို့စ် နဲ့ ဇာတိပြလာပါပြီ။
{{
၂၀၁ဝ ရွေးကောက်ပွဲကို နိုဝင်ဘာလ (၇) ရက်နေ့မှာ စစ်အစိုးရက ကျင်းပ ပြုလုပ်တော့ပါမယ်။
ဒီရွေးကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင် သပိတ်မှောက်ကြတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ရှိကြပေမယ့် ရွေးကောက်ပွဲကတော့ တကယ်ဖြစ်လာမယ့် အခြေအနေ ရှိနေပါတယ်။
တရားမဝင်လို့ပါ၊ ထပ်ဆက်တူးရရင် ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်လို့မရပါ၊
}}

လျှာ ရဲ့ အလို ကို လိုက်တတ်တဲ့ သူ့အကြောင်း ကို ဖွင့်ဟ ထားတာကတော့
“MSG မုန်းကြသူများ” ဆိုတဲ့ ပို့စ်မှာပါ။
သူ့ကြည့်ရတာ အဲဒီဟင်းခတ်မှုန့် ကိုယ်စားလှယ် လားမသိ။
{{
မှိုနဲ့လုပ်တဲ့ Po Lo Ku တံဆိပ် mushroom seasoning ဟင်းချိုမှုန့်ကို ဟင်းချက်တဲ့နေရာမှာ သုံးနေတာ အဆင်ပြေလို့ မိတ်သင်္ဂများ ကို လက်တို့လိုက်ပါတယ်။
သက်သတ်လွတ်လည်း စားရော လျှာဒုက္ခ တွေ့လို့ ဘယ်မှာမှ msg အစားထိုး ဟင်းချိုမှုန့် ရှာမရနဲ့ စိတ်ညစ်နေတုန်း သက်သတ်လွတ်စားသူ မစွမ်း နတ် မ ဆိုတဲ့ ဆိုရိုး အတိုင်း လက်ဆောင် ရတာပါ။
ဒီအကြောင်းကို ပိုသိသူများ တကယ် ကျန်းမာရေး နဲ့ ညီမညီ၊ အလားတူ ပစ္စည်းမျိုး ဈေးကွက်ထဲမှာ ရှိမရှိနဲ့ မြန်မာပြည် မှာရော ရှာရလို့ရ မရ စတဲ့ သတင်း အချက်အလက်များ ရှိရင် အထူး ကျေးဇူးတင်စွာနဲ့ သိပါရစေ။
}}
. တွေ့ကြလား။ {{ အထူး ကျေးဇူးတင်စွာနဲ့ သိပါရစေ။}} တဲ့။
. ကျေးဇူးပြူ၍ ရေချမ်းချမ်း လေးတစ်ခွက်ပေးပါ စတိုင်မျိုး လေသံမျိုး။

“လူမိုက်ရဲ့လူမိုက် Double “
{{
၁ဝ က ပေါက်တတ်ကရ စာကို မဟုတ်တရုတ် ပြန်ရေးတဲ့ ပို့စ်ကို ဖတ်တဲ့ ခင်ဗျားတို့ (နှစ်ခါပြန်မိုက်လို့)
}}
မမိုက်ကြ ပါနဲ့။ သွားမဖတ်ကြ နဲ့ လို့ ဘဲ ပြောပါ့မယ်။ ရီချင်ရင်တော့ တစ်မျိုးပေါ့။

“ဂျပန်မလေးပေးတဲ့ သင်ခန်းစာ Jgirl”  မှာ ချပြထားတဲ့ သူ့အတွေးအခေါ် ကိုဖတ်ပြီးရင် တကယ်တော့ ဒီကြောင်က သိပ်ပြီး ခေသူတော့ မဟုတ်ဘူး ဆိုတာသိကြလိမ့်မယ်။
ဖတ်ကြည့်သင့်တဲ့ ပို့စ်လေး တစ်ပုဒ် ပါ။
ဒီမှာတော့ တိုယိုတာ က သူ့ကား တစ်ချို့ ကို တစ်ချိန်လုံး ရီကောလ် လုပ်နေတာနဲ့ ကြာတော့ ဇဝေဇဝါတောင် ဖြစ်လာတယ်။

. ဒေါ်အောင်ဆန်းစုကြည် ကို  ကြောင်ကြောင် တို့ အကောင်းမြင်ကာလ ရှိခဲ့ဖူးခဲ့ တစ်ချိန်တုန်းက အကြောင်းကို သိချင်ရင် “စုအအတွက်လူထု Vigil” ပို့စ်မှာ ဖတ်ကြည့်ရင် တွေ့မယ်။ ၂၀၁ဝ ရွေးကောက်ပွဲရဲ့ အရိပ်တစ်စ ကိုလဲ အဲဒီက သူ့စာထဲမှာ ပြန်မြင်နိုင်ပါတယ်။
{{
မြန်မာနိုင်ငံရဲ့ ပထမဆုံးရွေးကောက်ပွဲကို နိုဝင်ဘာရ ရက်နေ့က အနှစ်၂ဝအတွင်း ကျင်းပခဲ့ပြီး အစိုးရ လိုလားတဲ့ပါတီ တဖက်သတ်အနိုင်ရဖို့ မတော်မလျော် စီမံချယ်လှယ်ခဲ့တယ်လို့ ဝေဖန်သူများက စွတ်စွဲကြပါတယ်။
မဲရလဒ်များကို နည်းနည်းခြင်း ထုတ်ပြန်နေပြီး စစ်အစိုးရ ကျောထောက်နောက်ခံပြု ကြက်ဖွတ်ပါတီဟာ လွှတ်တော်နှစ်ရပ်စလုံးမှာ နေရာအများစုကို ရရှိနေပြီးဖြစ်ပါသည်။
}}

ဂဇက်ရွာထဲဝင်ရင် ဟင်းမချက်တတ်သူ ဟင်းချက်သွားစေရမယ်လို့ အဆိုတွင်အောင် ကြောင်ကြောင်တို့ကလဲ ဟင်းချက်ပြလိုက်ပါသေးတယ်။
သူဘာတွေချက်လဲ သိချင်ရင် “စားတော်ကဲ ကြောင်ကြီး၏လက်ရာ Easy “ မှာ ဖတ်ကြည့်ကြပါ။
{{
ရွာထဲမှာ ဟင်းချက်သင်တန်းတွေ ခေတ်စားနေလို့ သဂျီးစကားအတိုင်းဆို သမိုင်းမှတ်တမ်း ကျန်သွားအောင် အဂ္ဂမဟာ သုဓမ္မာ မင်းလှရာဇာ သတိုးသေနာပတိ စားတော်ကဲ မဟာကြောင်ရဲ့ လက်စွမ်းလေးပါ။
}}
သမိုင်းမှတ်တမ်း ဆိုတာ အခုလို ပြန်တူး သူ ရှိ မှ တန်ဖိုးရှိတယ် ဆိုတာလဲ မမေ့ကြပါလေနဲ့။

“ငှဲလျောင်းငှဲလျောင်း… Top Ten” ကိုဖတ်ပြီး ဝင့်ဝင့်ကြီး ပြုံးနေနိုင်ပါပြီ ကြောင်ကြောင် ရာ။
လက်ရှိ ကျန်ရှိ စာရင်းပေါက်များ အသေသေချာဖတ်ကာ ပန်းဝင်နိုင်ရန် ကြိုးစားကြပါလော့။
{{
တော့ပ်တန်းမှာ ရောက်နေပေမဲ့ ဟော့ရမ်းကာ မနေဝံ့ပါဘု
မလျှော့တမ်းကွယ် ဆက်ခါရေးနိုင်မှ မြဲနိုင်မယ့် သည်နေရာ…

သတိတချက် လွတ်တာနဲ့ နောက်ကနေ ထိုးကြပေမှာမို့
ပြေးပါတယ် သည်ခရီးကိုဖြင့် မောတယ်လို့ မဆိုနိုင်…

စားပါများဗိုက်အင့် မေးပါများအာပေါက် သွားပါများခြေညောင်း
အမျိုးမျိုးအထွေထွေ ဆိုရိုးတွေ ရှိခဲ့ပေမယ့်လည်း
ကိုယ့်ဒုက္ခ ကိုယ်ရှာမိတယ် ရပ်ဖို့အချိန်နှောင်း…
}}

ဒီတစ်ပုဒ် ကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာချိန် နောက်ပိုင်း ပေါ့။
. ကြောင်ကြောင် ရဲ့ အစွယ် နဲနဲ ဟ လာပါပြီ။ သူ့စိတ်တိုင်းကျ လုပ်ဖို့ စပြီး အော်ဒါ ပေးနေခဲ့ပါတယ်။
. ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဗျူဟာ အပြောင်းကို ခါးခါးသီးသီး စပြီးဖြစ်တော့မဲ့ နိဒါန်းအစဖြစ် နေခဲ့ပြီ။
“စစ်အစိုးရကို အာဇာနည်နေ့မှာ ဒေါ်စု ဘယ်လိုတုံ့ပြန်သင့်သလဲ Martyrdom Day”
{{
ဒါကြောင့် ရန်၊ငါ စည်းခြားပြဖို့ လိုနေပါပြီ။ ခေါင်းလျှိုဝင် နိုင်ငံရေးသမားများ၊ သာကူးများ၊ အစိုးရသစ္စာခံများ၊ ပုလင်းတူဗူးစို့ အစိုးရများ၊
ပရောဂျက်မုဆိုး အဖွဲ့အစည်းများရဲ့ ဝေဖန်မှုကို ဂရုပြုစရာမလိုဘဲ ကိုယ်လျောက်မဲ့ လမ်းကြောင်းကိုပဲ  အာရုံစိုက်ပါ။
နိုင်ငံတကာ မပြောနဲ့ အာဆီယံအဖွဲ့ အတွင်းမှာတောင် ထောက်ခံမှု လုံလုံလောက်လောက် မရဘူး။
ဒီအချိန်ဟာ လူထုနဲ့ နိုင်ငံတကာကို ပြတ်ပြတ်သားသား အချက်ပြဖို့ အကောင်းဆုံးဖြစ်လို့ လုပ်သင့်လုပ်ထိုက်တာကို ပြတ်ပြတ်သားသား လုပ်ပါလို့ တိုက်တွန်းလိုက်ပါတယ်။
}}

Oct 31, 2011 “အဘွားကြီး ဆေးခတ်ခံလိုက်ရဘီ Drugged”  မှာတော့ ကြောင်ကြောင်တို့ ပေါက်ကွဲလေပြီ။ သူတို့ ရဲ့ လမ်းစဉ် ကနေ ပြောင်းထွက် သွားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို စတင်ပြီး တိုက်ခိုက်လာကြပြီ။
ဒီ ရွာထဲ မှာ ကြောင်ကြောင် ရေးတာထက် ပိုပြီး ဆိုး တဲ့ စကား တွေ တစ်ခြား ဆိုက် တွေ ထဲ မှာ ပလူပျံ နေခဲ့ပြီ။
{{
“အားလုံးနားထောင်ကြ၊ အဘွားကြီးသည် သူ့စိတ်နဲ့သူ့ကိုယ် မဟုတ်တော့ဘူး။ လူဆိုးတွေရဲ့ မနောဓာတ် ကြိုးကိုင်ချယ်လှယ်ခြင်း ခံနေရပြီ။ သူ့ဆုံးဖြတ်ချက်တွေ မမှားရလေအောင် ငါတို့ဝိုင်းဝန်း ဖိအားပေးရမယ်။
လိုအပ်ရင် ကန့်ကွက် ဆန္ဒပြရမယ်။ အဘွားကြီး ဆုံးဖြတ်ချက်ကို မီးလောင်ရာလေပင့် လုပ်သူများသည် အောက်လမ်းဆရာ၊ နာနာဘာဝ၊ သရဲ တစ္ဆေ၊ စုန်းပြုစားတတ်သူတွေ ဖြစ်တယ်။
သင်းတို့ကို အချိန်မဆိုင်း ချေမှုန်းသုတ်သင် ပစ်ရမယ်။ အပြင်မှာဖြစ်ဖြစ်၊ အင်တာနက်မှာဖြစ်ဖြစ် တွေ့ရာသင်္ချိုင်း ဒါးမဆိုင်းကြနဲ့လို့ ငါပြောချင်တယ်”
. ကြောင်ကြီးမိန့်မှာချက်ကို အားလုံးလက်ခုပ်လက်ဝါးတီး ထောက်ခံကြပြီး ရန်သူရှာဖွေရေး၊ ဘွားတော်ကို စောင့်ကြည့်လေ့လာရေး၊ တားဆီးပိတ်ဆို့ရေး ဆပ်ကော်မတီများ ဖွဲ့စည်းကြလေတော့သည်။
ပဉ္စမံတပ်သားကြောင်ကြီး 😎
}}

….
အဲဒီအချိန်ကစပြီး အင်မတန် ယဉ်ကျေးသိမ်မွေ့ ခဲ့သော ကြောင်ကြီး တစ်ယောက် ပုံသဏ္ဍာန် ပြောင်းပြောင်းလာတာ နောက်ဆုံး ကင်မ်ချိဘဝ ရောက်သွားတော့ တဲ့ အထိပါဘဲ။
….
အဲဒီလို  ကြောင်ကြောင်တို့ရဲ့ ပဉ္စမံတပ်သား တွေ အင်တာနက် ထဲ နေရာအနှံ့ လေတိုက်ပွဲ ဝင် နေခဲ့ကြတော့တာ။ အဲဒီ သူ တွေ နဲ့ မှတ်ချက် ပေးရုံ ဒိုင်ခံရန်ဖြစ် နေရတာ ကို အားမရ ဘဲ ပို့စ်ပါ ဝင်ရေးချင်တော့ တာကြောင့် ရွာထဲ မှာ “. အောင်ဆန်းစုကြည် တို့ အဖေ – Posted by မြစပဲရိုး on Sep 30, 2011”
ဆိုတဲ့ ပို့စ် နဲ့ ခြေလှမ်းချခဲ့ ခြင်းပါ။
သို့ပေမဲ့ ရွာထဲ မှာ ပဉ္စမံတပ်သားကြောင်ကြီး ရှိနေခဲ့ တာကိုတော့ မသိခဲ့။

ကြောင်ကြီး ဆေးခတ်ခံ ရပြီ ပုံသဏ္ဍာန် ပြောင်းနေခဲ့ တဲ့ အချိန် နဲ့ အတူတူ ရွာထဲ ဝင်လာခဲ့တာမို့ လောကကြီး ထဲ ဖြစ်ချင်သလို ဖြစ်နေတဲ့ အရာ တွေ ဟာ စနစ်တကျ ဆက်စပ်မှု ရှိနေတယ် ဆိုတဲ့ သူကြီးမင်း ရဲ့အဆို ကို လက်ခံရတော့ မလားပါဘဲ။

ဘာဘဲ ဖြစ်ဖြစ် ခြေလှမ်းအစိတ်အကြဲ မတူ ၊ လားရာမတူ တောင် မှ ရည်မှန်းချက်ခြင်း တူ ရင် စကားပြောလို့  လက်ချင်းတွဲ နေလို့ ရနေပါတယ် မဟုတ်လား ကြောင်ကြောင်။
လက်တွဲထားတော့ အားသာသူက ဆွဲခေါ်တာ လိုက်ပေါ့။ နော။ 😉


ဤ တွင် ခြေလှမ်းဦးများနှင့်ကခုန်ပွဲ ပြီးပါပြီ။ :-))))

19 comments

  • Alinsett @ Maung Thura

    August 20, 2015 at 2:55 pm

    .ကြောင်သားကို ကြွပ်ကြွပ်ကြော်ပြီး…ထန်းရည်စစ်စစ်နဲ့.. …မြည်းချင်သယ်…

  • ဇီဇီခင်ဇော်

    August 20, 2015 at 2:58 pm

    လုံးဝ ခေသူမဟုတ်။

    ခိခိ

    ခေနေတာက အချစ်ကံ။
    ချဉ်းကပ်သမျှ ရွာသူတွေရဲ့ ဘလော့ခြင်းကို ခံရသူ။

    ဟေးဟေးဟေးးးး

    ရွာထဲမှာ ခေါင်းစဉ်ကိုရော အသုံးအနှုံးကိုရော သုံးတတ်တာ သူ့လောက် တော်တာမတွေ့ဖူးဘူးးး

    တစ်ချို့ကတော့ သူ့ကို မျက်နှာမပြရဲတဲ့ အမှုနဲ့ မကြိုက်ကြဘူးးး

    မလိုပါဘူးးး
    မျက်နှာပြပြီး နောက်ကျော ဒါးနဲ့ထိုးဖို့ ကြံတတ်တဲ့ ယောက်ကျားရင့်မကြီးတွေထက်စာရင် သူ ပြေါချင်ရာ ပြေါနေတဲ့ ကြောင်ကြောင် ကို ပို နားလည်နိုင်ပါတယ်။
    :chit:

    I am one of the Kyaung Kyaung’s Fans.

    :mrgreenn:

    • မြစပဲရိုး

      August 20, 2015 at 3:09 pm

      အားပေးတယ်ပေါ့။ ကြောင်ကြောင် စိတ်ချမ်းသာ စေ သတည်း။ စိမ်းပေးပြီ။ lol:-)))

      “ခေနေတာက အချစ်ကံ” ဆိုရအောင် လူ အစစ် ဟုတ်လို့လား။ 🙄

  • အောင် မိုးသူ

    August 20, 2015 at 3:04 pm

    ခေသာ မခေတယ် သူက နှာတော့ သန်သလားမမေးနဲ့နော်။ တံစို့နဲ့ ကြောင်မီးကင် စားချင်တယ်။ ဟိဟိ

  • တောင်ပေါ်သား

    August 20, 2015 at 3:19 pm

    ခြေလှမ်းတွေထဲမှာ ကြောင်ကြီးပါရမယ်လို့ အာရုံရပြီးသား

    ကျုပ်ဘယ်သူဆိုတာ နားမလည်သေးလို့ ယောက္ခမတော်ချင်နေတာ

    ဟွန်း ဟွန်း ဝီစကီနဲ့ အလိုက်ဆုံးက ကြောင်သားကင်ဗျ 🙂

  • kai

    August 20, 2015 at 3:19 pm

    Gee!
    WP Update လုပ်လိုက်တာ..အောက် အယ်ရာကြီးတက်နေလေရဲ့..။
    ဘီလိုလုပ်ရမလည်းမသိ..။ အရီးလတ်များသိမလားလို့..။

    Warning: call_user_func_array() expects parameter 1 to be a valid callback, no array or string given in /home/mandalay/public_html/wp-includes/plugin.php on line 213

    ဆိုတော့..
    ကကြောင်.. ဒေါ်လှ၁၀ဝ ပို့ထားတယ်ဗျ..။ အိတုံကိုပေးခိုင်းတာက.. အကြွေး ၅သောင်းလားမသိ..။
    မအားလို့မလုပ်အားသေး..
    ပြောရရင်.. အဲ့ကြောင်ကြောင်က.. အလှူရေစက်လည်း..လက်နဲ့မကွာသူပါ..။

    • မြစပဲရိုး

      August 20, 2015 at 3:27 pm

      plugin.php on line 213 မှာ ရေးထား တဲ့ Command ကို ပြောပြပေးလို့ ရမလား သူကြီး။

      • kai

        August 20, 2015 at 3:29 pm

        if ( empty($args) )
        $args = func_get_args();

        do {
        foreach( (array) current($wp_filter[$tag]) as $the_ )
        if ( !is_null($the_[‘function’]) ){
        $args[1] = $value;
        213: $value = call_user_func_array($the_[‘function’], array_slice($args, 1, (int) $the_[‘accepted_args’]));
        214: }

        ====================
        http://developer.infoymas.com/wordpress/warning-call_user_func_array-expects-parameter-1/
        မှာတော့.. တော်တော်သိရခက်တဲ့အကြံကြီးပေးထားတယ်..။

        • မြစပဲရိုး

          August 20, 2015 at 4:06 pm

          From
          http://wordpress.stackexchange.com/questions/128864/getting-a-warning-call-user-func-array-error-whenever-i-install-update-a-pl
          ================================
          This is a tricky one. You don’t really need to look at wp-includes/plugin.php, there is nothing wrong with that file, it’s a core file so you should just leave it alone, like all the other core files.

          The reason it’s tricky is because actions and filters in core expect a working callback function, but when you add_action or add_filter it never really validates the callback. In fact, it never validates it when doing do_action and apply_filters either, but instead it’s passing it straight to call_user_func_array.

          So whenever you see this error (or it’s non-array sister errors), it simply means that some theme or plugin is doing something wrong with add_action or add_filter:

          add_action( ‘init’, ‘function_that_does_not_exist’ );
          add_action( ‘init’, array( ‘Class_Name’, ‘method_that_does_not_exist’ ) );
          add_action( ‘init’, array( ‘Non_Existent_Class’, ‘method’ ) );
          add_action( ‘init’, array( ‘Class_Name’, ‘method’, ‘huh?’ ) );
          add_action( ‘init’, array( ‘Just a bogus array’ ) );

          Your specific error is the case #4, which is passing a callback as an array, but has more than 2 values in the array, and that’s what PHP is complaining about. It’s a pretty common mistake with WordPress actions, priorities and arguments:

          add_action( ‘foo’, array( $this, ‘bar’, 10, 2 ) );

          See, it sort of looks like we attached to foo with our bar method at priority 10 with two arguments. But in reality we’re passing an array of four elements as the callback function. This is what we really intended to do:

          add_action( ‘foo’, array( $this, ‘bar’ ), 10, 2 );

          Note how the callback is a 2-element array, and 20 and 2 are the third and fourth arguments to add_action.

          Hope that sheds some light onto what’s happening with your plugins.
          ========================
          http://developer.infoymas.com/wordpress/warning-call_user_func_array-expects-parameter-1/

          When you get this type of error on WordPress, there’s a huge percentage of probability that your theme is broken. You normally get this type of error because a function on the functions.php for your theme is missing but there’s still the call for that function.

          For example, let’s say you wanted to delete a function you’re not going to use anymore that is currently declared on your theme:

          add_action(‘wp_loaded’,’my_function’);
          function my_function () {}

          Normally you would delete or comment out the function declaration for my_function. But if, for any reason, you forget to delete the add_action call, then you’re going to start seeing errors related to the call_user_func_array() on wordpress.

          This normally happens when you have an add_action for that function in a different part of the code and you forget about it when deleting your function.

          This error is very difficult to detect and solve as it doesn’t show which function is missing and where is the wrong add_action on the code.

          To solve it, just comment one by one all the add_action calls that you suspect are causing the error, until you see the error go away. Then you will know which deleted function was causing the problem.

          PD: This error could be also related to plugins authors that declared a function on a previous version of their plugin and then on a newest version they delete it but forget to delete the action related.
          =========================
          ဒီတော့ သူကြီး ရေ /plugin.php က ဖြစ်နေတာ မဟုတ်ဘဲ add_action or add_filter မှာ ဖြစ်နေတာ မို့
          သူအကြံ ပြု ထားသလို
          To solve it, just comment one by one all the add_action calls that you suspect are causing the error, until you see the error go away.
          Then you will know which deleted function was causing the problem.
          ဒီတော့ အဲဒီ နေရာ တွေ ဟာ တစ်ခု ချင်း comment ပေး (Command ကို ပိတ် ထားတာ) ပြီး တစ်ဆင့်ချင်း ရှာကြည့်ပါလား။ ဘယ် အဆင့် မှာ မှားတယ် ဆိုတာ ပေါ်လာမယ် ထင်ရဲ့။
          ရမရ အီးမေး ပို့ပါလား။
          add_action( ‘init’, ‘function_that_does_not_exist’ );
          add_action( ‘init’, array( ‘Class_Name’, ‘method_that_does_not_exist’ ) );
          add_action( ‘init’, array( ‘Non_Existent_Class’, ‘method’ ) );
          add_action( ‘init’, array( ‘Class_Name’, ‘method’, ‘huh?’ ) );
          add_action( ‘init’, array( ‘Just a bogus array’ ) );
          Command ဘယ်လို ပိတ် တယ် ဆိုတာ ဒီမှာ (I believe taht you know 🙂 )
          https://codex.wordpress.org/Commenting_Code

        • kai

          August 20, 2015 at 4:26 pm

          အဲဒီ Comment လုပ်ရမဲ့ဟာတွေက ဘယ်မှာရှိသလည်းမသိလို့..။
          ဖြစ်သွားတာကတော့.. ကို BulletProof Security Plugins အပ်ဒိပ်လုပ်နေရင်း.. database ကို Optimize လုပ်လိုက်တာ။
          Plugin update လုပ်တာကြာလွန်းနေတာမို့.. page ပြောင်းလိုက်တာ..။ တခုခုတန်းလန်းကြီးဖြစ်သွားပုံပဲ..။

          ဒါနဲ့.. Plugin လည်း delete လုပ်.. ပြန်ထည့်..။ ဒါလည်းမရ..။
          Template လည်း.. ပြောင်း.. ပြန်ထည့်..။ ဒါလည်းမရ..။

    • ဇီဇီခင်ဇော်

      August 20, 2015 at 3:27 pm

      ရွာကောင်းဖို့ ဘာတွေ ကူ စရာလိုသေးတုန်းးး
      တစ်ကျွန်းစံ တွေ က ကူ လို့ ရပါသေးတယ်။

      ကိုယ် ပြေါချင်တိုင်း ပြေါလို့ရတာ ဒီ ရွာလေးရှိတာ။

      :mrgreenn:

      • မြစပဲရိုး

        August 20, 2015 at 3:31 pm

        အစား တွေ နဲ့ ကူ၊ စာ တွေ နဲ့ ကူ၊ လူ တွေ မွေးပြီး ကူ။ :-)))

  • မြစပဲရိုး

    August 20, 2015 at 3:24 pm

    အဲဒါ တကယ်ဘဲ နှိုက် ပြီး ရလာတဲ့ နောက်ဆုံး မဲ ပါ ကိုမျိုးရယ်။ သူ့ရဲ့ ပါဝါ က ကြီးနေတာလဲ ဖြစ်မယ်။ :-)))
    Error ကို မြင်နေရ တယ်။ ညဖက် ကျ ကြည့်ကြည့် လိုက်ပါ့မယ် သူကြီး ရေ။

  • weiwei

    August 20, 2015 at 3:30 pm

    တစ်ခေတ်တစ်ခါက ရွာထဲမှာ အတူတူ ပြောဆိုငြင်းခုန်ခဲ့ဖူးတာတွေ မှတ်မိပါသေးတယ် ..

  • ဟေသီ

    August 20, 2015 at 4:43 pm

    ငှယ် ကြောင်ဆိုတာ အဲ့လိုကြီးလား…….. ဒါနဲ့ စကားမစပ် ဂျေကေ မိန့်ခွန်းနဲ့ ပတ်သက်ပြီး ပို့စ်ရေးနေသေးတယ်… အလုပ်ကများ စာမေးပွဲက ရှိနဲ့ဆိုတော့ ခဏလေး အဆက်အသွယ်ပြတ်နေတာပါလို့… ပျောက်သွားတာ မဟုတ်ဘူးလို့ ဒီက ပြောပါရစေရှင့်

  • Ma Ma

    August 20, 2015 at 8:52 pm

    ကြောင်ကြောင်ဆိုတာ ရွာထဲမှာ သဂျီးရဲ့အတိုက်အခံပါတီ။
    ပါပါပေါင်းများစွာရဲ့…. :k:

    ကြောင့်အကြောင်းပြောရင် ဘွပုကို သတိရတယ်။

    ရွာထဲစရောက်ခါစက သူအကြောင်ရိုက်တာ ခဏခဏခံရပြီး မယုံကြည်ရသူစာရင်းထဲ ထည့်ထားခဲ့တဲ့သူပေ့ါ။

    ခြေလှမ်းဦးတွေကလည်း တမင်ရွေးထားသလား အောက်မေ့ရအောင်ကို ရွာအတွက် မရှိမဖြစ်ကြောင်အကြောင်းနဲ့ စာရင်းပိတ်လိုက်တာ အလွန်လှပါ့။ 🙂

  • ဦးကျောက်ခဲ

    August 21, 2015 at 9:21 am

    အဲသည့် ကြောင်ရိုက်မနာဂျီးက အတော်ပြောရခက်တာ…
    တွေ့သမျှ လိုက်ခြစ်လို့ သင်းကို ဘလော့ထားကြတာ ကြောင်သင်းကွဲဖြစ်နေပြီ…
    ပြောလို့ပြောတာမဟုတ် Catology ထေ့စာ ရွဲ့စာ သရော်စာတော့ အတော်ကောင်း…
    တော်တော့တော်တယ်… ကြောင်ဏှာထတာခက်တာခီည … ဟီ ဟိ :k:

  • Mike

    August 21, 2015 at 1:14 pm

    .ဘာမှမပြောတော့ဘူးဗျာ..အားလုံးသိပီးသားတွေပဲကို :))

  • ဦးကြောင်ကြီး

    August 24, 2015 at 11:55 am

    …. ငါ……………………………………………ကွ

Leave a Reply