မျှော်လင့်နေသော ရုပ်ရှင်ဇာတ်ကားများ – ၂

Disney ဖက် သွားပြီးတော့ Dreamwork ဖက် ပြန်လှည့်ပါဦးမယ်။ Disney နဲ့ Dreamwork ကတော့

ပြိုင်ဖက်တွေဆိုရင်လည်း မမှားပါဘူး။ ကျတော့်အထင်ကတော့ နှစ်ဦးစလုံးဟာ Animation ပိုင်းမှာ

သူ့အောင်မြင်မှုနဲ့ သူရှိနေကြတာပါ။

 

Disney ဟာလည်း သူ့ဟန်နဲ့ သူသွားနေသလို Dreamwork ဟာလည်း သူ့ဟန်နဲ့ သူသွားနေတာပါပဲ။

Dreamwork က 2002 ခုနှစ်က ထုတ်တဲ့ Animation ကားတစ်ကားဟာ အောင်မြင်မှုတော်တော်

ရခဲ့ပါတယ်။ အဲ့သည်ကားကတော့ ‘Ice Age’ ပါ။

 

2002ခုနှစ်မှာ ထွက်ခဲ့တဲ့ ‘Ice Age’ ဟာ ရေခဲခေတ်က သတ္တဝါတွေနဲ့ ပုံဖော်ထားတဲ့ရုပ်ရှင်ကားတကားပါ။

Manny ဆိုတဲ့ ရေခဲခေတ် အမွှေးရှည်ဆင်

Sid ဆိုတဲ့ ရေခဲခေတ် က  ခွေးတူဝက်တူလိုရယ်

Diago ဆိုတဲံ ရေခဲခေတ်က ကျားတစ်ကောင်ရယ်

Scret ဆိုတဲ့ ရေခဲခေတ်က ရှဉ့်တစ်ကောင်ရယ် အဓိက ဇာတ်ကောင်ပေါ်မူတည်ပြီးတည်ဆောက်

ထားပါတယ်။

 

Ice Age (2002)

 

Manny, Sid နဲ့ Diago တို့ဟာ အတူတကွနေထိုင်ကြတဲ့ မိတ်ဆွေများဖြစ်ပါတယ်။ ဇာတ်လမ်းစစချင်းမှာ

တော့ ရေခဲခေတ်ဦးက သတ္တဝါတွေအကြောင်းကို အသားပေးထားတာပါ။ ရေခဲခေတ်မှာနေထိုင်တဲ့

လူတွေရဲ့ ကလေးလေးတစ်ယောက် ပျောက်သွားရာကအစ ဇာတ်လမ်းကိုတည်ထားပါတယ်။ သူတို့သုံးဦး

ဟာ ကလေးကို ရှာတွေ့ဖို့အရေးကြိုးစားပုံကို ရယ်စရာနဲ့နှောပြီး ရိုက်ကူးထားပါတယ်။ Ice Age ဇာတ်ကား

တွေထဲမှာ ထူးခြားတာတစ်ခုက Scret ဆိုတဲ့ ရှဉ့် ဇာတ်ကောင်ဟာ ဇာတ်လမ်းထဲမပါဘဲ သက်သက်ခွဲ

ထွက်ကာ သူသိပ်မက်မောက်တဲ့ သစ်ကြားသီးကို မရရအောင် ကြိုးပမ်းပုံကို ဇာတ်လမ်းဆပ်စပ်ကာ

ဟာသနှောပြီး ပြသတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ IMDB Rating 7.6 ရထားပါတယ်။

 

Ice Age : The Melt Down (2006)

 

2006ခုနှစ်မှာတော့ Ice Age : The Melt Down ဆိုပြီး နော်ကဆက်တွဲ ဇာတ်ကားထွက်ခဲ့ပါတယ်။

သည်ဇာတ်လမ်းမှာတော့ သူတို့နေတဲ့ နေရာဟာ နောက်ဆိုရေတွေလွှမ်းခံရတော့မယ် ဆိုတဲ့အကြောင်း

သိတဲ့အချိန်မှာ ဘေလွတ်ရာကိုရွှေ့ပြောင်းကြရင်း ရေလွှမ်းရင် ကယ်တင်နိုင်မယ် သစ်ခေါင်းလှေကြီးရှိရာကို

ခရီးဆက်ရင်း ဇာတ်လမ်းကို အခြေပြုထားပါတယ်။

Manny ဟာ ကမ္ဘာမှာ သူဟာ အမွှေးရှည်ဆင်နောက်ဆုံးမျိုးဆက်လို့ သိထားရာက သူ့နဲ့ မျိုးတူ

အမျိုးရှည်ဆင်နောက်တစ်ကောင်ကို ထပ်မံတွေ့ရတဲ့အခါ ဇာတ်လမ်းကို ပုံဖော်ထားပါတယ်။

 

Ice Age : Dawn of the Dinosaurs (2009)

 

တစ်ကားနဲ့တစ်ကား မရိုးတဲ့ရသပေးတဲ့ Ice Age ဟာ တတိယမြောက်တစ်ကားမှာတော့ ရေခဲခေတ်ကနေ

ပျောက်ဆုံးနေတဲ့ ဒိုင်နိုဆောတွေနေတဲ့ နေရာကို တွေ့ရတဲ့ နေရာကနေ အခြေတည်ထားပါတယ်။ ပထမကား

ကနေ စလို့ ဇာတ်လမ်းကို အဆက်မပြတ်ရိုက်ကူးခဲ့ရာကနေ Dawn of the Dinosaurs ဟာ စွန့်စားခန်း

ဘက် အနည်းငယ်ရောက်ခဲ့တဲ့ ကားတစ်ကား ဖြစ်ခဲ့ပါတယ်။

 

2016 မှာစောင့်မျှော်ရမယ့် နောက်ဇာတ်ကားတစ်ကားကတော့ ICE AGE 2016 ပါ။

အရင်ကားတွေထက် အချိန်တွေနောက်ကျမှ ထွက်လာတယ်ဆိုတော့ ဘယ်လိုမျိုး

ခံစားမှုအရသာတွေ ပေးဦးမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်နေရင်း။

FB_IMG_1440048545730

 

 

 

လေးစားစွာဖြင့်

အောင်မိုးသူ

 

 

 

11 comments

  • @QUIL@

    August 21, 2015 at 1:11 pm

    Ice Age 4: Continental Drift 2012
    is left

  • ဇီဇီခင်ဇော်

    August 21, 2015 at 3:55 pm

    စောင့်ရသေးတာပါ့!!

    🙂

  • Foolish Girl

    August 21, 2015 at 4:29 pm

    ICE AGE 2016 ကဘယ်လိုဖြစ်လာမလဲမသိဘူး ?????

  • ဂျက်စပဲရိုး

    August 22, 2015 at 1:07 pm

    သူမျှော်တာက ကာတွန့်ကားတွေချည်းပဲဟ…
    Attach on Titan ရုပ်ရှင် ကို မျှော်နေမိတယ်။ အတော် ကြမ်းကြမ်း ကြီးတွေ ပါမယ် ထင့်။

    • အောင် မိုးသူ

      August 22, 2015 at 1:16 pm

      အရင်ဆုံး ကာတွန်းနဲ့ စတာပါ။ နောက်လာပါ့မယ် တခြားဇာတ်ကားတွေ။ ဟီးးး

      • ဇီဇီခင်ဇော်

        August 24, 2015 at 9:45 am

        ကာတွန်းကားကြည့်ပြီး ကြိုက်ပြီး တဲ့သူတွေက သိပ်မကြိုက်ကြ။
        ဒီတိုင်းကြည့်တဲ့သူတွေက ကောင်းတယ်ပြေါတယ်။
        ဟီးဟီးးး

        :mrgreenn:

        • ဂျက်စပဲရိုး

          August 24, 2015 at 2:23 pm

          ကာတွန်းကား ကြည့်ပြီးပြီ
          ဒါပေမယ့် သိပ်မကြိုက်
          သူ့ဟာက ခုတ်နေ ထစ်နေတုန်း စဉ်းစားခန်းတွေ flashback တွေ အတွေးတွေ အရမ်း ပါတော့ကာ ကြည့်ရတာ ဖီးလ်ငုတ်တယ် း)
          ရုပ်ရှင် မှာတော့ အဲ့ဒီ ပေရှည်နေတာတွေ မပါတော့လောက်ဘူး ထင်လို့ း)

Leave a Reply