“ဧကရာဇ်များ၏ အတ္ထုပ္ပတ္တိ…၊ သူရဲကောင်းများရဲ့ ရာဇဝင်”

black chawAugust 28, 20151min41623

ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် လေးတွေ ကို စကားဝိုင်းဖွဲ့
မှတ်မိသလောက် ကိုယ်သိမှီ သလောက်လေးတွေ
ပြောလည်းပြော…၊ သူများပြောတာလေးတွေလည်း နားထောင် ရတာ
အရသာ တစ်ခုပါပဲဗျာ…။
အခုလည်း စကားဝိုင်းဖွဲ့ရအောင် အစလေး တစ်ခု ဆွဲထုတ်လိုက်ပါဦးမယ်။
ဇော်ဝင်းထွဋ် မှ ဇော်ဝင်းထွဋ် ဖြစ်နေတဲ့ အချိန်မျိုးမှာ
(ဆေးဆိုးပန်းရိုက်မျက်နှာထွက်ပြီးကာစ)
လေးဖြူ ဆိုတဲ့ အဆိုတော် အသစ်က အားကောင်းမောင်းသန် စွာနဲ့
ပေါ်ထွက်လာခဲ့တာ မှတ်မိကြဦးမှာပါ။ ကန္တာရလမင်း၊ ပင်လယ်အော်သံ တွေ ထွက်ပြီးစ အချိန်)
Emperor နဲ့ ဇော်ဝင်းထွဋ် အတွဲလိုက် ဒိတ်ဒိတ်ကျဲ ဖြစ်နေချိန်မှာ
လေးဖြူကလည်း Iron Cross နဲ့ လေးဖြူ အတွဲလိုက် တိုင်းသိပြည်သိ ဖြစ်လာခဲ့တာမျိုးပါ။
ဟေးဟေး စိုင်းစိုင်း တို့ ဂျောက်ဂျက်တို့ ရဲ့ သီချင်းနာမည်တွေ သုံးလိုက်တာမဟုတ်ရပါဘူးဗျာ။
လေးဖြူ ရဲ့ အရှိန်အဝါကလည်း ကြီးသလားတော့မမေးပါနဲ့။ ဒီနေ့ ဒီအချိန်အထိ နံပတ်တစ်လို့ ပြောလို့ရနေသေးတာကိုသာ ကြည့်ကြပါတော့။
အဲဒီမှာ ဇော်ဝင်းထွဋ် နဲ့ လေးဖြူ ၊ Emperor နဲ့ IC …
Two Men Show လုပ်ချလိုက်ပါလေရော။
မြန်မာနိုင်ငံ လေထီး အဖွဲ့ချုပ် ရန်ပုံငွေ ပွဲ လို့ ခေါင်းစဉ်တတ်ထားတဲ့ အဲဒီပွဲကို
၂၁-၁-၁၉၉၅ (စနေနေ့) က ပန်းဘဲတန်း အ.ထ.က (၁) မှာ ကျင်းပခဲ့တာပါ။
လက်မှတ် တစ်စောင် ကို ကိုးရာကျပ် ဈေးနှုန်း။
အဲဒီအချိန်တုန်းကတော့ စံချိန်တင် ဈေးနှုန်းပေါ့။
ပွဲအမည်ကိုလည်း
“ဧကရာဇ်များ၏ အတ္ထုပ္ပတ္တိ သူရဲကောင်းများရဲ့ ရာဇဝင်” လို့
ပေးထားခဲ့တာပါ။
ဇော်ဝင်းထွဋ် က IC နဲ့ တွဲပြီး ဆို
လေးဖြူက Emperor နဲ့ တွဲပြီးဆို…။
လေးဖြူက က ဇော်ဝင်းထွဋ် သီချင်း တစ်ပုဒ်ကို ဆို (ကိုကင်း သီချင်း)
ဇော်ဝင်းထွဋ် က လေးဖြူ သီချင်း တစ်ပုဒ်ကို ဆို (အလင်းရောင် သီချင်း)
သူတို့ ၂ ယောက် နားချိန်မှာ
မျိုးကျော့မြိုင် တို့ သီရိဂျေမောင်မောင် တို့က ခဏတဖြုတ်ဝင်ဆိုကြပေါ့။
ပွဲသိမ်း သီချင်းက ကိုသန်းနိုင်ကြီးရဲ့ ခေါက်ထားသီချင်း နဲ့ သိမ်းတာခင်ဗျ။
Emperor ရော IC ရော နှစ်ဖွဲ့လုံး ဝိုင်းတီး။
ဇော်ဝင်းထွဋ် ရော လေးဖြူရော ၂ ယောက်စလုံး ဝိုင်းဆို။
အခု ကျွန်တော် ရေးပြတာကို ဖတ်ရတာ ဘယ်လောက်ပျော်စရာ ကောင်းလိုက်ပါသလဲ။
ဒါပေမယ့် အဲဒီပွဲက ကျီးလန့်စာစား ဖြစ်ခဲ့တာတဲ့ ဗျ။
ပရိသတ် ထဲ မှာလည်း အချင်းချင်း ရန်တွေဖြစ်ကြသေးတာ တဲ့။
ကျွန်တော် ကိုယ်တိုင် သွားကြည့်ခဲ့တာ တော့ မဟုတ်ပါဘူးဗျာ။
ပြန်ကြားရတာတွေပါ။
လေးဖြူက ကိုကင်း သီချင်းကို အလွတ် ရနေသတဲ့။ ဒီအတိုင်း အလွတ်ဆိုတာတဲ့။
ဟုတ်မှာပေါ့။ ကိုကင်း က ကိုသန်းနိုင် သီချင်းပေပဲ။
ဇော်ဝင်းထွဋ်က ရှင်သန်ခြင်း စီးရီးမှာ
ပြန်ဆိုလိုက်လို့သာ ဇော်ဝင်းထွဋ်သီချင်း ဖြစ်နေတာပါ။
အဲဒီမှာ ဇော်ဝင်းထွဋ်က အလင်းရောင် သီချင်းကိုဆိုတော့ သီချင်းစာအုပ် ကိုင်ကြည့်ပြီး
ဆိုသတဲ့။
ပြန်ပြောပြသူတွေ ပြောပြလို့ သိခဲ့ရတာတွေပါ။
အဲဒီတော့ ဇော်ဝင်းထွဋ် က ပဲ လေးဖြူကို မခန့်လေးစားလုပ်သလိုလို တွေ လျှောက်ပြောကြတာပဲပေါ့။
အဲဒီအချိန်မှာ မဟေသီ မဂ္ဂဇင်း ရဲ့ အင်တာဗျူး အတိုလေး တစ်ခု မှာ
ဆရာကိုမြတ်ခိုင် က ဇော်ဝင်းထွဋ်ကို မေးထားတာလေး ပါခဲ့ပါတယ်။
တိတိကျကျ ပြောရရင် ၁၉၉၅ ခု မတ်လထုတ် မဟေသီမဂ္ဂဇင်းမှာပါ။

(မေး။ IC နဲ့ ထပ်တွဲဆိုဖို့ ရှိသေးလား။
ဖြေ။ အခြေအနေက မလွယ်ဘူး။ အများကြီးကွာတယ်။ ညှိရတယ်။
မေး။ ဘာတွေညှိရတာလဲ။
ဖြေ။ ဘာတွေညှိရလဲ ဆိုတော့ ခုနပြောသလိုပေါ့။ ပွဲပြီးတဲ့ အခါမှာ ဇော်ဝင်းထွဋ်ကတော့
လေးဖြူကို ဘာလုပ်လိုက်တယ်ကွ၊ ဆိုတာမျိုးမဖြစ်ချင်ဘူး။ တီးဝိုင်းကိုလည်း မတီးခင်မှာ
နဂိုကတည်းက မှာထားတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့က လျှော့ပေးမယ်။
သည်ပွဲမှာ သူတို့ ကောင်းတယ်…သာသွားတယ်။)

အဲဒီ အင်တာဗျူးထဲက ဘာပဲ ဖြစ်ဖြစ် ငါတို့က လျှော့ပေးမယ် ဆိုတဲ့ ဇော်ဝင်းထွဋ် ရဲ့ စကားကို
လေးဖြူကလည်း မဂ္ဂဇင်း တစ်ခုကနေ တုန့်ပြန်ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။
ဇော်ဝင်းထွဋ်က လျှော့ဆိုရအောင်
သူ့လည်ချောင်းမှာ Volume Control ပါလို့လား
စသည်ဖြင့်ပေါ့။
ပွဲဆူခဲ့တယ်ပေါ့ဗျာ။
လေးဖြူ ပြန်ပြောခဲ့တဲ့ မဂ္ဂဇင်း နာမည်ကတော့ မမှတ်မိတော့လို့ ခွင့်လွှတ်တော့ဗျို့။

အဲဒီ ဇော်ဝင်းထွဋ် လေးဖြူ  Two Men Show အပြီး ဇော်ဝင်းထွဋ် ရဲ့

စကားတစ်ခွန်းကြောင့် မဂ္ဂဇင်းတွေ ပေါ်မှာ ဂယက်တွေ များစွာထခဲ့ပါတယ်ဗျာ။

အခု ပို့စ်ကလည်း အဲဒီ ဂယက်တွေ ပါတဲ့ မဂ္ဂဇင်း တွေ ကို ကိုးကားပြီး

ရေးလိုက်ရခြင်းပါ။
အဲဒါလေး အစ ပြန်ဆွဲထုတ်ပြီး စမြုံ့ပြန်လိုက်ပါတယ်ဗျာ။

ချစ်ခင်လေးစားတဲ့

ဘလက်ချော…။

23 comments

  • တောင်ပေါ်သား

    August 28, 2015 at 12:06 pm

    ကျုပ်က ကက်ဆက်ဆိုတာကြီးကို ဘကြီးအိမ်မှာ စ မြင်ဘူးပြီး

    စ ကြားဘူးတာက စိုင်းဆိုင်မောဝ် ( ဇနီးအတွက်တေး )

    အိပ်မရတဲ့ညပေါင်းတွေ သီချင်းပါတဲ့စီးရီးပါ ၊ ၁၉၇၈ လောက်ဖြစ်မယ် ၊

    အမေ အရင်ဆုံးဝယ်ပေးခဲ့တဲ့ ကက်ဆက်လေးက ပန်နာဆိုးနစ် အုန်းလီးကက်ဆက်

    ၆၀ဝ ပေးရတယ် ၊ စိန်ဂျွန်းမှာ

    စိုင်းဆိုင်မောဝ်နဲ့ စွဲလမ်းခဲ့ပြီး နောက်မှ

    မင်းအောင် ၊ အနိူင် ၊ အောင်သူ ၊ လွှမ်းမိုးတို့ကို ကြိုက်ခဲ့တာ ၊

    အဲဒီ ၄ ယောက်လုံး ၁ နှစ်ထဲလောက် အတွင်း ဆုံးသွားကြတယ်ထင်တာပဲ ၊

    • black chaw

      August 28, 2015 at 12:20 pm

      @ တောင်ပေါ်သား ;
      မိုနို ကြိုက်သူကြီးပေါ့…။
      မိုနို ဆိုသူတွေကို ဟိုတုန်းက တေးပုလဲ ကိုဘမြင့် တေးသံသွင်းက မူပိုင် ထုတ်တာဗျ။
      အကုန်လုံး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားကြရှာတယ်ဗျာ။
      ကက်ဆက်ဆိုတာ ဟိုတုန်းက ငွေကြေးချောင်လည်သူတွေသာ ပိုင်ခဲ့တာမျိုးပါ။
      အမှောင်ခေတ်ကြီးပေါ့ဗျာ။
      ပိုက်ဆံ ရှိတိုင်း နက်စ် ကော်ဖီ ဝယ်သောက်လို့ ရတာမျိုးမဟုတ်။
      မှောင်ခိုပစ္စည်းတွေအဖြစ် သတ်မှတ်ထားတာလေ။
      ပထမဆုံး ဝင်ပေးသွားတဲ့ ကွန်းမန့်လေး အတွက် ကျေးဇူးပါ ကိုမျိုးရေ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • ဇီဇီခင်ဇော်

    August 28, 2015 at 12:33 pm

    မတူတာတွေ ယှဉ်ပြီး
    သာတယ် မသာဘူး ဆုံးဖြတ်တတ်တဲ့ လူတွေကြားမှာ၊
    အရည်အချင်းရှိသူတွေ ပျောက်ပျောက်သွားတတ်ကြတယ်။

    ကိုယ့်ကိုယ်ကို သူများနဲ့ သွားမယှဉ်မိအောင်ပဲ အနုပညာရှင်တွေက သတိထားရမယ်။
    ကိုယ့်ကိုယ်ကို ယုံကြည်မှု အစစ် ဟာ
    (ဖြူဖြူလောက်) မလွန်ကဲဖူးဆိုရင် သူတို့ လောက မှာ အဲဒီ စိတ် လို အပ်တယ်လို့ ပဲမြင်တယ်။

    ဇော်ဝင်းထွဋ် ကို အရင်ကြိုက် ဖူးတယ်။
    လေးဖြူ ဘယ်သူတွေ ဘယ်လောက် ကောင်းတယ်ပြေါပြေါ သီချင်းကြိုက်မှပဲ ကြိုက်တယ်။
    အဲ။ အငဲ အသံကို ပိုကြိုက်တယ်။ သူ့ သီချင်းတိုင်းကို နားထောင်ဖြစ်တယ်။

    • black chaw

      August 28, 2015 at 12:51 pm

      @ ဇီဇီခင်ဇော် ;
      ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ပေါ့ဗျာ…။
      ဒီဖြစ်ရပ်က တကယ်ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်ပါ…။
      အဲဒါကို ပြန်ရေးပြီး မှတ်မိသလောက်လေးတွေ စကားဝိုင်းဖွဲ့တဲ့ သဘောပါ…။
      ဒီဖြစ်ရပ်မှာတော့ ဇော်ဝင်းထွဋ် ရဲ့ အင်တာဗျူး အဖြေစကား က နည်းနည်းကျွံသွားသလို ဖြစ်သွားတာပါ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • အောင် မိုးသူ

    August 28, 2015 at 1:48 pm

    လေးဖြူ ရဲ့ သီချင်းတွေကြိုက်သလို ကိုညီထွဋ်သီချင်းတွေကိုလည်း တမ်းတမ်းစွဲ ကြိုက်ဆဲပါပဲ။ ဒါပေသိ ကိုညီထွဋ်သီချင်းတွေကို ပိုစွဲတာ ဘာကြောင့်လဲတော့ မပြောပြတတ်ဘူး။

  • black chaw

    August 28, 2015 at 2:17 pm

    @ အောင်မိုးသူ ;
    သူ့ အကြိုက်နဲ့ သူပေါ့ ညီလေးရယ်…။
    အပေါ်က ကိုမျိုးသန့်ဆို မိုနိုတွေပဲ ကြိုက်တာလေ…။
    လေးဖြူ မှ လေးဖြူ ဆိုတဲ့ လူတွေလည်း ရှိတာပဲ ညီလေးရဲ့…။
    ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးပါညီလေးရေ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • Alinsett @ Maung Thura

    August 28, 2015 at 3:43 pm

    .လေးဖြူရဲ့ အသံကို သိပ်မကြိုက်မိဘူး…
    .ဇော်ဝင်းထွဋ်ရဲ့ အသံကိုတော့… ကြိုက်မိတယ်.. .
    ဒါပေမဲ့…စိတ်ရှုပ်ထွေးချိန်မှသာ …. Rock သံစဉ် အပြင်းစားတွေကို…နားထောင်ပြီး…
    .အော်ဟစ်လိုက်ဆိုပြီး…ဖောက်ခွဲ ခံစားတတ်သူမို့…
    သာမန်အချိန်မှာတော့… ဇော်ဝင်းထွဋ်လည်း နားမထောင်ချင်…လေးဖြူလည်း နားမထောင်ချင်…

    .ဆိုင်မဆိုင်ထက်….လေးဖြူ ဇော်ဝင်းထွဋ်ဆိုတဲ့ နာမည်ကို တွေ့ရင်…တွေးမိတဲ့အတွေးရယ်ပါ…
    ပလို့ဂျိ…

    • black chaw

      August 28, 2015 at 4:27 pm

      @ Alinsett @ Maung Thura ;
      အမှန်တော့ ဒီပို့စ်က လေးဖြူ ကပိုကောင်းတယ် လေးဖြူကိုပိုကြိုက်တယ် ဆိုတာမျိုး
      ဇော်ဝင်းထွဋ် က ပိုကောင်းတယ် ဇော်ဝင်းထွဋ်ကို ပိုကြိုက်တယ် ဆိုတာမျိုးတွေ
      ပြောချင်တာမဟုတ်ပါဘူးဗျာ။
      လွန်ခဲ့တဲ့ အနှစ် ၂ဝလောက်က အဆိုတော်ကြီး ၂ ယောက် ပူးပေါင်းပြီး
      ဖျော်ဖြေခဲ့ကြဖူးတယ် ဆိုတာရယ်
      ပွဲအပြီး ဒီလို ဂယက်တွေ ထခဲ့ဖူးတယ် ဆိုတာရယ် ကို
      သတင်းပေးချင်တာပါပဲ။
      ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးအထူးပါ ညီလေးရေ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • @QUIL@

    August 28, 2015 at 3:48 pm

    ဖွဆြာတွေ လက်ချက် ကြောင့် လို့ပဲ အကြမ်းဖျဉ်း ပြောရမယ် ကျောင်းဒကာ။
    အဆိုတော် ၂ယောက် က တီးဝိုင်း၂ခု ကို လဲပြီး ဆိုကြတာ ကိုက.. အတော်လှတဲ့အကွက်။

    ငယ်တုန်းက သင်ခဲ့ရတဲ့ ဘုရင်တပါးက သားတော်၂ပါးကို မြင်းစီးပြိုင်ခိုင်းတဲ့ ပုံပြင် သွားအမှတ်ရတယ်။
    ပြိုင်ပွဲစည်းကမ်းက အရင်ရောက်တဲ့သူ အရှုံးတဲ့။ လမ်းမှာ သူ့ထက်ငါ နှေးအောင်စီးရင်း စားသောက်ဆိုင်ရောက်တော့
    ဘယ်လို ဝင်း-ဝင်း လုပ်မလဲ တိုင်ပင်မိကြတယ် လေ။

    ဆိုတော့ မြင်းလဲစီးကြလေသတည်းပေါ့။

    အဆုံးသတ်မှာ သားတော်ကြီး နဲ့ သားတော်ငယ်ရဲ့မြင်းပဲ အရင်ဝင်ဝင်။
    သားတော်ငယ် နဲ့ သားတော်ကြီးရဲ့မြင်းပဲ အရင်ဝင်ဝင်။
    ဘယ်သူရှုံးတယ် နိုင်တယ် ပြောမရတဲ့ သရေပွဲဖြစ်သပေါ့။

    ဘုရင်လိုချင်တဲ့အရာ ကလည်း အဲ့ဒါပါပဲ။ ဝင်း-ဝင်း စကျူရေးရှင်း ဖြစ်အောင် တွေးခေါ်စေချင်တာ။
    သည်ပွဲကလည်း သည်သဘောပါပဲ။

    သို့သော် ပရိတ်သတ်က ဝင်း-ဝင်း နားမလည်ဘူး။
    ဖွဆြာတွေက ပွဲဆူရေးအဓိက။
    အဆိုဆြာတွေကလည်း အဲ့သည့်နောက် ရောပြီးပါ…။
    ဟုတ်တော့ဟုတ်နေတာပဲဗျာ..။

    ဂီတဘက်က လှည့်ပြောရရင်တော့ ညှိရတယ် မတူတာတွေများတယ် ဆိုတာကို နားလည်သလိုရှိသဗျ…။
    ဘာကြောင့်တုန်းဆိုတော့ အင်ပါယာ က ရှေးဦး ရော့ခ်အင်ရိုး ပုံစံကျ ဘက်သွားလွန်းတဲ့ ဂီတဗျ…။
    သိတဲ့အတိုင်း ရှေးက ရော့ခ်အင်ရိုးမှာက ဘလူးစ် တေးသွားတွေ လွှမ်းမိုးမှု အရိပ်အာဝါသ များသဗျ။
    (နောက်ပိုင်း အင်ပါယာ က ဘလူးစ့်တွေ လုပ်ဖြစ်သွားတာလည်း သည်သဘောတွေဗျ)
    အိုင်စီကျတော့ ပိုပြီး ခေတ်ဆန်တဲ့ (၁၉၉ဝ ပတ်လည်လောက်က ခေတ်စားတဲ့) ဟန်ပါတဲ့ ရော့ခ်တွေများသဗျ..။
    သူတို့ကျတော့ မက်တယ်လ် ဟန်တွေ အရိပ်တွေပါတယ်။ တချိန်ကတော့ ဟဲဗီးမက်တဲလ် တွေပေါ့ နောက်ပိုင်း (လိပ်ပြာလောက်မှာ)
    မော်ဒန်ရော့ခ် ဆန်လာသပေါ့..။

    သည်တော့ ရော့ခ်တော့ ရော့ခ်တွေပဲ ဒါပေမယ့် မခြားနားပေမယ့် ကွဲပြားတယ် ဆိုရမလိုပဲ။
    same နဲ့ similar မတူသလိုပေါ့ဗျာ..။
    same က ထပ်တူညီတာ ဆိုရင်
    similar က ဆင်ဆင်တူ တာ လို့ ပြန်ရမှာပဲ။ similar ဆိုတဲ့ စကားစုမှာ ဆင်တယ်ဆိုပေမယ့် မတူဘူး identical မဖြစ်ဘူး ဆိုတာ
    ဝန်ခံထားပြီးတဲ့ သတ္တိပါနေတယ်။ သည်သဘောပေါ့ဗျာ…။
    ရော့ခ်တော့ ရော့ခ်ပဲ …ဒါပေမယ့် ခြားနားတဲ့ ရော့ခ်တွေ…။

    ကျုပ်အဖို့ကတော့ ရှေးလက်ရာ ခမ်းနားတဲ့ ဟော်တယ်ကြီး တလုံး ရယ် ခေတ်ပေါ် ဖိုက်စတား ဟော်တယ် တလုံးရယ်လိုပါပဲ..။
    ကလပ်စစ်ကယ်ကြိုက်သူက ကလပ်စစ်ကယ် ဘက်သွား ခေတ်ပေါ်ကြိုက်တဲ့သူက ခေတ်ပေါ်မှာတည်း..။

    ဂလိုနဲ့ပဲ ကျုပ်တို့ တည်းခို စားသုံးရင်း ဖြတ်သန်းလာလိုက်ခဲ့တာ … သည်တသက်ပေါ့…။

    • black chaw

      August 28, 2015 at 4:35 pm

      @ @QUIL@ ;
      ဒီအထဲ ထည့်မရေး လိုက်တာ တစ်ခုက
      ပရိသတ် အနေအထားနဲ့ ကိုကျောက်ပြောသလို
      ဂစ်တာ သမား အနေအထားမှာ လေးဖြူက သိသိသာသာကြီးကို
      အသာရသွားတယ်ရယ်လို့ ကြည့်ခဲ့ကြတဲ့ ပရိသတ်တွေက မှတ်ချက်ပေးကြပါတယ်။
      ဆိုနိုင်စွမ်းမှာလည်း လေးဖြူက တက်လူကိုး။
      အဲဒါကို ဇော်ဝင်းထွဋ် ကလည်း ဝန်ခံထားပါတယ်။

      တီးဝိုင်းကိုလည်း မတီးခင်မှာ
      နဂိုကတည်းက မှာထားတယ်။
      ဘာပဲဖြစ်ဖြစ် ငါတို့က လျှော့ပေးမယ်။
      သည်ပွဲမှာ သူတို့ ကောင်းတယ်…သာသွားတယ်။

      အဲဒီ ငါတို့က လျှော့ပေးမယ် လို့ ကြိုပြောထားတယ် ဆိုတဲ့ စကားက
      နည်းနည်း ကျွံသွားတယ် ထင်ပါရဲ့။
      သာတာကို ဝန်ခံလိုက်ပေမယ့် လျှော့ပေးလို့ သာသွားတာမျိုး ပြောသလို
      ဖြစ်သွားတာကိုး။
      အဲဒီက စတဲ့ ပြသနာပါ။
      အဲဒါ ကိုပဲ တင်ပြချင်တာပါ။
      ဆိုတော့ စိတ်ဝင်တစား ဆွေးနွေးပေးသွားတဲ့ ကိုယ့်ညီကို
      ကျေးဇူးအထူး ပါဗျာ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • ဦးကျောက်ခဲ

    August 28, 2015 at 4:27 pm

    ဇာတ်သိမ်းတော့ ပေါက်သွားတာက မဟေသီနဲ့ မြတ်ခိုင် …
    စူပါတွေကို ရုံသွင်းပြီးထိုးခိုင်းတဲ့ မြန်မာနိုင်ငံ လေထီးအဖွဲ့ချုပ်လည်း ထောသွားတာပေါ့…
    ကိုယ့်ကိုယ်ပိုင်ဟန် ကိုယ့်ပရိသတ်နဲ့ကိုယ်ရှိသူတွေချင်း ပြိုင်သလိုဖြစ်နေမလားပဲ…
    ကြားက သဘောထားမကြီးနိုင်တဲ့ ပရိတ်သတ်တွေကလည်း ခုံနဲ့တောင် ရိုက်ကြသေး…
    သေချာတာတော့ Emperor နဲ့ IC က ပညာရှင်တွေ လက်ကွာတာ “နား” ကမြင်တယ်ဗျ …
    ဝေထွန်းနဲ့ ချစ်စမ်းမောင် မှတ်ကျောက်အတင်ခံရတဲ့ပွဲလို့ဆိုရင် ပိုမှန်လိမ့်မယ်… :k:

    • black chaw

      August 28, 2015 at 4:38 pm

      @ ဦးကျောက်ခဲ ;
      ဟုတ်တယ် ကိုကျောက်ရေ။
      အဲဒီပွဲဟာ ချစ်စမ်းမောင် နဲ့ ဝေထွန်းတို့ ပွဲ ဖြစ်ခဲ့ပါတယ်ဗျာ။
      တစ်ချိန်လုံး လေးဖြူ လေးဖြူ လို့ အော်နေကြတဲ့
      လေးဖြူ ပရိသတ်တွေကလည်း စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်ဗျာ။
      ဒီအဆိုတော်ကြီး ၂ ဦး ရဲ့ ဒိတ်ဒိတ်ကျဲ အချိန်မျိုးမှာ
      ဒီလို ပွဲကြီးတစ်ပွဲ ကျင်းပနိုင်ခဲ့တယ် ဆိုတာကတော့
      သမိုင်း ဖြစ်သွားပြီဗျာ။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • Mike

    August 29, 2015 at 10:02 am

    .ဖတ်သွားရုံပါပဲ…ဂီတလောကနဲ့ဝေးနေတဲ့သူမို့ ဘာမှဝင်မပြောတော့ဘူး
    .က ျုပ်ကတော့ ဇော်ဝင်းထွဋ်ပိုကြိုက်သဗျ :))

    • black chaw

      August 29, 2015 at 10:09 am

      @ Mike ;
      ဖတ်သွားတယ်ဆိုတာနဲ့တင် ကျေးဇူး တင်ပြီးသားပါဗျာ…။
      ကွန်းမန့်လေး ပါ ဝင်ရေးပေးသွားတယ် ဆိုတော့ အထူး အထူး ပေါ့…ကိုမိုက်ရယ်…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • Mr. MarGa

    August 29, 2015 at 12:06 pm

    ကျနော်က သီချင်းနဲ့ ဝေးသဗျ
    သို့ပေမင့်
    ငယ်ဘဝမှာ ဇော်ဝင်းထွဋ်နဲ့ ကြီးလာပြီး
    နည်းနည်း အရွယ်ရောက်တော့ လေးဖြူကို နားထောင်ခဲ့ရသူပေါ့ဗျာ….

    • black chaw

      August 29, 2015 at 2:11 pm

      @ Mr. MarGa ;
      အချစ်စစ်စစ် ကို တွေ့ တဲ့သူတစ်ယောက်အတွက်
      သီချင်းတွေဟာ တကယ် လိုအပ်လာပါတယ် ညီလေးရေ…။
      အဲလိုပဲ ဖြစ်သင့်ပါတယ် ကွာ…။
      ဇော်ဝင်းထွဋ် နဲ့ အတူ ပြေးခဲ့ပြီး လေးဖြူနဲ့ အတူလိုက်ခဲ့သူ တစ်ယောက်အနေနဲ့
      ဇော်ဝင်းထွဋ် ကပိုကောင်းတယ် လေးဖြူက ပိုကောင်းတယ် ဆိုတဲ့
      နှိုင်းယှဉ်မှုတွေ မလိုအပ်ပါဘူးဗျာ…။
      မတွေ့ရတာ ကြာပြီဖြစ်တဲ့ ညီလေး ရဲ့ ကွန်းမန့်လေး အတွက်
      ကျေးဇူးတင်ပါတယ်ဗျာ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • black chaw

    September 2, 2015 at 11:28 am

    @ လုံမလေးမွန်မွန် ;
    ဗဟုသုတ အတွက်ပဲ ရည်ရွယ်တာပါ လုံမလေး ရဲ့…။
    ဒီနေ့ အထိ ကွယ်ပျောက်မသွားသေးတဲ့ အဆိုတော်ကြီး ၂ ယောက်ရဲ့
    နုစဉ်က ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တာကို အမှတ်တရ ပြန်ပြောပြတာပါဗျာ…။
    ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • kai

    September 2, 2015 at 2:59 pm

    အယ်လ်အေကို.. လေးဖြူတို့အိုင်စီ ပထမဆုံးအခေါက်လာတော့..ကျုပ်က.. လေးဖြူဆိုတာလည်းမသိ.. အိုင်စီဆိုတာလည်းမသိ…။
    သိတာကတော့.. အဲဒီပွဲလုပ်တဲ့ တက္ကသိုလ်ရဲ့သီရေတာထဲ.. အသံအင်ဂျင်နီယာဖြစ်တဲ့ အဖြူတယောက်က.. ကော်ပီသီချင်းတွေဆိုနေတဲ့.. အဲဒီတယောက်က ဘယ်သူလည်းလို့လာမေးတာပဲ…။
    ဇာတိမြို့က.. ဝါသနာရှင်အဆိုတော်ပါလို့ပြောလိုက်ရတယ်..။
    တော်ကြာ.. ရဲခေါ်နေမှ.. ဒုက္ခလေ..။ :k:

  • black chaw

    September 2, 2015 at 7:30 pm

    @ kai ;
    ဇော်ဝင်းထွဋ် က ကော်ပီ လုံးဝ မဆိုတော့ဘူးဆိုတဲ့
    သူ့စကားနဲ့ သူ ချည်ပြီးတုတ်ပြီးဖြစ်နေလို့
    ကိုယ်ပိုင်သံစဉ် တွေ ရေးဆိုနေတာ ကြာပါပြီဗျာ…။
    လေးဖြူကလည်း ကော်ပီ လေးတွေဆိုရင်း
    ကိုယ်ပိုင်သံစဉ်တွေ လည်း ဖန်တီးနေပါပြီ သူကြီးရယ်…။
    စု…တု…ပြု ဆိုတဲ့ လှေကား ကို တစ်ထစ်ချင်းတက် နေပါပြီဗျာ…။
    နောက်ဆုံးပိတ်အိတ်နဲ့လွယ် တဲ့ ကွန်းမန့်လေးမို့
    ဘီစီ ချီးမြှင့်လိုက်ပါတယ်ဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

    • kai

      September 3, 2015 at 3:16 am

      အစိမ်းလေးအတွက်ကျေးကျေး…

      လေးဖြူတို့.. ယူအက်စ်လာတိုင်း.. ဒီကသီချင်းတွေ ပြန်ဆိုပြနေရတဲ့.. ကော်ပီသီချင်းကိစ္စက.. သူ့အတွေးအခေါ်…အကြည့်အမြင်တွေကို.. ရိုက်ခတ်မှာသေချာပါတယ်…။

      ဒီနှစ်ထဲ.. ပထမဆုံးအကြိမ်အဖြစ်.. လာသွားကြသူတွေကတော့… စိုင်းစိုင်းတို့ပေါ့..။
      နယူးယောက်လိုမြို့မှာ.. အမည်းရက်ပါတွေပုံစံတုပြီး… စင်ပေါ်တက်လုပ်ပြနေ(ကြရ)တဲ့… သူတို့အဖွဲ့ရဲ့… စိတ်ထဲခံစားရနေနိုင်မှုကို.. တွေးကြည့်… မြင်ကြည့်…။
      သူတို့.. အယ်လ်အေလာတော့… ငှားထားတဲ့သီရေတာရဲ့ဘေးမှာ.. နိုက်ကလပ်..။
      အဲဒီမှာလည်း.. ရက်ပ်သီချင်းတွေ.. အီလက်ထရိုတွေဖွင့်ထား.. ဆိုနေတာပဲ…။
      အပြိုင်ကြီးဖြစ်လို့နေရဲ့…။

      မကြာပါဘူး..
      သူတို့လည်း.. ပြင်ကြ(ရ)မှာပါပဲ…။ :k:
      =
      အသစ်တွေဖန်တီးကြ..။ အနုပညာကို … မြန်မာ့မာန်နဲ့ပုံဖေါ်ကြ…။
      အသစ်ဖန်တီးသူတွေကို.. အားပေးကြ..။

      =========
      http://www.npr.org/2011/12/01/143014871/shakira-and-collective-souls-hits-with-a-burmese-twist
      ira And Collective Soul’s Hits, With A Burmese Twist
      December 01, 2011 4:25 PM ET
      NPR Staff
      Listen Now

      All Things Considered
      4:30

      Playlist
      Download
      Embed
      Transcript

      A “copy song” of Shakira “Whenever, Wherever.”
      YouTube
      https://www.youtube.com/watch?v=TDX_8oJZrPM
      A “copy song” of Collective Soul’s “December.”
      YouTube

      Despite decades of repression, and even isolation, the pop music scene in Myanmar is thriving. And it’s not just any pop music: In many cases, carbon copies of American pop songs spring up with a Burmese twist.

      Heather MacLachlan, a music professor at the University of Dayton, traveled to Myanmar a few years ago to study the country’s traditional music, only to discover that most people were listening to pop. She writes about the phenomenon in her new book, Burma’s Pop Music Industry: Creators, Distributors, Censors.

      “A lot of Burmese people — and musicians especially — when they talk about what is a good song, what is a quality piece of work, what they say is, ‘It’s a song that sells a lot, a song that’s commercially successful,’ ” MacLachlan says in an interview with NPR’s Guy Raz. “That’s how they judge artistic quality. So they know as well as everybody else that the best-selling music in the world comes out of the American and British pop-music industries. That’s the music that they’ve very much taken to themselves, and it has become something that’s really part of Burmese life since the early 1970s.”

      These bands do write original material, but the “copy songs” often feature different lyrics to subversively spread political messages.

      “They sometimes write lyrics that are rather poetic, and they use different kinds of metaphors that can be interpreted as undermining the regime,” MacLachlan says. “But they have to be very subtle because, of course, the music is censored and the censors immediately ban any kind of music that is overtly pro-democracy.”

  • CharTooLan

    September 5, 2015 at 9:17 am

    ကျေးကျေး အူးဘလက် အဲ့ပွဲနဲ့ အဲ့အဖစ်ကိုခုမှသိတာ 😀
    ၂ယောက်စလုံးက ိုကြိုက်ပါတယ် ဒါမဲ့ ဘယ်ချိန်ဖစ်ဖစ်နားထောင်ချင်တာ ကြိုက်နေတာက
    ဇော်ဝင်းထွဋ် သီချင်းပဲဖစ်နေတတ်တယ်…..
    ~~မင်းကျေနပ်အောင်~~ မထားနိုင်တဲ့သူ~~ အမှားများရှိရင်အမှန်ပြင်ပေးမိသူ~~
    😀

Leave a Reply