အမှတ်တရမေ့မရတဲ့မမ

aye.kkAugust 21, 20151min14612

မမနဲ ့ကျွန်မက

အမှတ်တရ၊မေ့မရနိုင်တာတွေ

၊အတော်များနေတာမို့မေ့လို့မရနိုင်တာအမှန်ပါ။

ရေစက်ရှိလို့အမှတ်မထင်၊ဆုံခဲ့ကြရာမှ၊ဘဝတစ်သက်တာအထိ

မေ့လို့မရနိုင်တော့တဲ့မိတ်ဆွေသူငယ်ချင်းမမဆိုတဲ့သူပါ။

မမကကျွန်မကိုစမြင်ကတည်းကရင်ထဲအထိရင်းနှီးတဲ့သံယောဇဉ်ဖြစ်မိတဲ့အကြောင်းကို

တစ်ရက်မှာတိုက်တိုက်ဆိုင်ဆိုင်ဆုံတွေ့ကြရင်းဖွင့်ပြောပြရာကနေ

၊ခင်မင်ရင်းနှီးပြီးသံယောဇဉ်ဖြစ်တွယ်ခဲ့ရပါတယ်။

နောက်ပိုင်းမှာမမက၊ကျွန်မရဲ ့လိုအပ်ချက်ကိုသိလို့

မမကသူနဲ ့အတူလိုက်နေစေချင်ပြီး၊ကျွန်မရဲ့တစ်ပိုင်းတစ်စဖြစ်နေတဲ့ပညာရေးကို

အောင်စေချင်တဲ့ဆန္ဒရှိတာနဲ ့အတူနေဘို့ခေါ်ထားခဲ့ဘူးပါတယ်။

မမကူညီပံ့ပိုးပေးခဲ့တဲ့၊အဲဒီနှစ်မှာဘဲ၊စာမေးပွဲအောင်ခဲ့တာမို့၊မေ့မရတဲ့အမှတ်တရ

ဖြစ်လာခဲ့ပါတယ်။ မမရဲ ့စေတနာကိုကျွန်မမြင်တွေ့သိရှိခဲ့ရပါတယ်။

မမကကျွန်မရဲ့ကေါင်းကျိုးအတွက်၊အမြဲစဉ်းစားပြီး၊ဦးစားပေးခဲ့လို့

မသိတဲ့သူတွေအတော်များများက၊မမနဲ ့ကျွန်မကိုဆွေမျိုးအရင်းလို့ထင်မှတ်ယူကြပါတယ်။

ရှင်းပြလည်းမယုံနိုင်သလို၊ဖြစ်ကြပါတယ်။

မမနဲ ့ကျွန်မတို့ရဲ ့ဆက်ဆံမှုတွေအကြားမှာ၊မေ့မရနိုင်တဲ့အမှတ်တရများစွာရှိခဲ့ပါတယ်။

မမအနေနဲ ့ကကျွန်မကိုအိမ်ထောင်မပြုဘဲအတူနေထိုင်ကြရအောင်ဆိုပြီး၊မမဘက်ကဆန္ဒရှိကြောင်း

ဖွင့်ဟပြောပြပေမဲ့လည်း၊ဒါဟာကျွန်မအနေနဲ ့မဖြစ်နိုင်ခဲ့လို့၊ကျွန်မစိတ်မကေါင်းဖြစ်မိရပါတယ်။

ကျွန်မရဲ ့အရေးကိစ္စမှန်သမျှ၊ဘယ်ကိစ္စမှာမဆို၊ဂရုတစိုက်နဲ ့ကူညီပါတယ်။

မမက၊ကျွန်မအပေါ်မှာဟိုးအရင်စတွေ့သိကျွမ်းခဲ့ကြတည်းကနေ

အခုချိန်ထိ၊အခုလိုအသက်အရွယ်တိုင်အထိ၊ကျွန်မအပေါ်မှာ၊ကျွန်မနဲ့ပတ်သက်တဲ့

မိသားစုအပေါ်မှာပါကေါင်းနေခဲ့တာဟာ၊

ဘဝရဲ ့ရေစက်ဘဲလို့၊ကျွန်မအနေနဲ ့၊အောင်းမေ့မိပါတယ်။

ကျွန်မအနေနဲ ့မမလိုမိတ်ဆွေသူငယ်ချင်းကို၊မေ့မရနိုင်တာအမှန်ပါဘဲ။

အမှတ်တရ၊မေ့မရမှုတွေလည်း၊အများကြီးရှိနေခဲ့လို့၊အမှတ်တရတွေဆိုတာလည်း

ကျွန်မအတွက်၊မေ့မရနိုင်တာကအမှန်ပါဘဲ။။။။

 

 

 

 

 

 

 

 

12 comments

  • အမ အေးမှာ ရေးစရာတွေအများကြီးနော်
    အမ စိတ်တွေ့တုံးချရေးရင် အခန်း ဆက်ဇာတ်လမ်းရှည်ကြီးဖြစ်မှာသေချာတယ်
    ရေးပါ အမအေးရေ/

  • Ma Ma

    August 22, 2015 at 9:08 am

    မအေးနဲ့ မအေးရဲ့ မမအကြောင်းက တော်ရုံတော့ မဟုတ်ဘူးနော်။
    ဒီလိုတွေကြောင့်လည်း ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းလို့ ဆိုကြတာပေ့ါ။
    ရေစက်တွေဆိုတာ မမြင်နိုင်ပေမယ့် အတော်အံ့ဩဖို့ကောင်းတယ်။
    ဘာပဲဖြစ်ဖြစ် ဘဝမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ရင်းနှီးကြရတာ ကံကောင်းတာပါပဲ။ 🙂

  • aye.kk

    August 22, 2015 at 3:40 pm

    ကိုပေါက်
    အားပေးတာကျေးဇူးပါ။

    မမ
    မှန်ပါတယ်လို့ပြောပြပါရစေ။

    အောင်မိုးသူ
    မေတ္တာရရှိခြင်းဟာကံကေါင်းလှပါတယ်။

  • kai

    August 23, 2015 at 4:55 am

    ယူအက်စ်မှာတော့.. လိင်တူခြင်း.. လက်ထပ်… တူတူနေလို့ရအောင်.. တရားရေးမဏ္ဍိုင်က..တနို်ငံလုံးအတွက်.. တရားဝင်ကြောင်းအသိအမှတ်ပြုပေးလိုက်ပြီဗျ..
    အဲလိုပြောလို့.. တခြားမတွေးနဲ့..
    ခင်ရတဲ့မိတ်ဆွေတွေ.. ။ ညီအကို..ညီအမလို စုံတွဲတွေ…
    အသက်ကြီးလို့.. အပြန်အလှန်ကူညီဖေါ်တွေအတွက်လည်း အင်မတန်အကျိုးရှိ..။

    တချို့များ.. သားသမီးမြေးမြစ်တွေ ပစ်ထားလို့.. အသက်ကြီးမှတယောက်ထဲနေကြရတာ…
    သူတို့တွေအတွက်လည်း.. အိုကေ…။
    လက်ထပ်ခြင်းတရားဝင်ဖြစ်တယ်ဆိုတာမှာ.. နောက်ပိုင်းအမွေ.. သေတမ်းစာ.. အာမခံ.. ပင်စင်.. စုဆောင်းငွေတွေ..ဗီဇာ.. နေထိုင်ခွင့်.. အကုန်တွဲပါလာတယ်လို့တော့.. သိစေချင်..။

  • ဇီဇီခင်ဇော်

    August 23, 2015 at 8:43 am

    ကျနော့မှာ မမ တွေ အများကြီး ရှိတယ်။
    ဆွေမျိုးမတော်ပဲ အရမ်းချစ်ကြတယ် ဆိုတာ အတော် ရေစက်ကြီးလို့ ပါပဲ တီအေးရေ

  • aye.kk

    August 23, 2015 at 11:11 am

    သူကြီး
    ကျွန်မသူငယ်ချင်းတစ်ယောက်က၊လိင်တူချင်းလက်ထပ်ထားပါတယ်။
    သူငယ်ချင်းကဗမာမ၊သူယူထားတဲ့သူကယိုးဒယားမပါ။
    သူကြီးပြောပြတဲ့၊အခွင့်ရေးခံစားခွင့်တွေရစေချင်မိပါတယ်။
    ဒီနှစ်ထဲ၊မွေးရပ်မြေပြန်ဖြစ်တော့
    ရန်ကုန်မှာနေနေတဲ့မမနဲ ့တွေ့ဖြစ်ကြတယ်။
    မမလည်းအဖော်မရှိတော့၊သူ ့ဆီအဖော်လာလုပ်ပေးနေတဲ့သူ
    နဲ ့နေနေတာတွေ့မိတော့၊ကျွန်မအံ့အားသင့်မိခဲ့တယ်၊အဲဒီအဖော်ကလည်း
    ကျွန်မတို့နဲ ့သူငယ်ချင်းတွေပါဘဲ။ကျွန်မကိုကြည့်ပြီး
    ခင်ဗျားကကျွန်တော်ထက်အရင်တွဲခဲ့တဲ့ငယ်ချစ်ကြီးဆိုတော့
    ကျွန်တော်ကဦးစားပေးရမှာလို့ပြောတော့၊မမကိုသူ့ရဲ ့ကွယ်ရာမှာ
    မနေနိုင်လို့မေးမိပါတယ်။မမမှာလည်းအဖော်မရှိတော့၊သူကမမနဲ ့လာနေပေးတာ
    လတ်တလောအရအဆင်ပြေနေလို့ညီမလေးအေးဆိုပြီး၊ပြောတော့၊သူ့ကိုစိတ်ထဲကျေးဇူးတင်မိတယ်။
    သူဆိုတာကမန္တလေးသူပါ၊စကါးပြောရင်၊ကျွန်တော်,ခင်ဗျားလို့ပဲသူကသုံးတတ်ပါတယ်။
    မမအတွက်တော့သူ့ကိုကျေးဇူးတင်မိပါတယ်။
    သူကမမကိုလည်းအမြဲအဖော်လုပ်ပေးနိုင်ရင်ကေါင်းမယ်လို့စိတ်ထဲထင်မိလို့
    မမကိုပြောပြကြည့်တော့မမကသူနဲ ့ရေရှည်နေထိုင်ဘို့အတွက်၊မမကဆန္ဒမရှိတာ
    သိရတော့မမအတွက်စိတ်မကေါင်းဖြစ်မိပါတယ်။
    မမအတွက်တော့ခုချိန်ထိစိတ်မသက်မသာဖြစ်နေမိပါတယ်။။

    ခင်ဇော်
    မမက-၂ယောက်ရှိတယ်။
    အခုပြောတဲ့မမက၊အမှတ်တရများလွန်းပြီး၊မေ့မရတဲ့မမ
    နောက်မမက၊မိတ်ဆွေဘဘကြီးရဲ ့သမီးမမပါ။
    မိတ်ဆွေဘဘကြီးရဲ ့သမီးမမမက၊မိတ်ဆွေဘဘကြီးကိုယ်စား
    လေးစားချစ်ခင်ရတဲ့မမပါ။မမကိုချစ်တဲ့အချစ်ကမိုးမြေပမာလိုပါဘဲ။။

  • Alinsett @ Maung Thura

    August 23, 2015 at 4:14 pm

    ရွာထဲက (အန်တီ)မမ ကိုလည်း မေ့မရတဲ့ ပုဂ္ဂိုလ်တွေထဲ ထည့်ထားတယ်..
    သူ့ရဲ့ ပိုစ့်တွေကို ဖတ်ပြီး….

  • aye.kk

    August 23, 2015 at 7:28 pm

    အလင်းဆက်
    အန်တီအနေနဲ ့လည်း
    ရွာထဲကမမကိုတော့သံယောဇဉ်ဖြစ်ခဲ့တာကြာပါပြီ
    စာပေညီအစ်မတွေဆိုတော့အမြဲတွေ့နေကြဖြစ်တာဆိုတော့
    စာပေသံယောဇဉ်ကြီးတာအမှန်ပါ။

  • ဦးကြောင်ကြီး

    August 24, 2015 at 12:13 pm

    မေ့မြမမ တွေ့မှထက နေ့ညလှပ ပွေ့ပြဗလ

  • Mike

    August 24, 2015 at 2:27 pm

    .အော်..ရွာထဲကသတ်ပုံမမအကြောင်းမှတ်လို့ 🙂
    .အန်တီအေးရဲ့ သီးခြားသံယောဇဉ်မမတွေကိုး

  • aye.kk

    August 25, 2015 at 10:14 am

    ကြောင်
    တွေ့မှထက
    ကြည့်လို့မဝ
    ဆက်ပြီးမောရသံသရာ။

    Mike
    င်္သီးခြားသံယောဇဉ်မမအပြင်
    ရွာထဲကမမလည်းစာပေညီအစ်မတွေမို့
    စာပေဗဟုသုတတွေပေးနေတဲ့မမကိုလည်း
    သံယောဇဉ်ဖြစ်မိရပါတယ်ဆိုတဲ့အကြောင်းပြောပြပါရစေ။။

Leave a Reply