အာဒံလို မစဉ်းစားဘဲ

ko sixAugust 21, 20151min894

မနေ့က
နောက်ပြန်ရစ်ကြည့် မိတဲ့ ကျောက်သင်ပုန်းကလေးဟာ
နုညံ့မှုတွေ ြမြန်မာဆန်ဆန် အဖွေးသားလိမ်းချယ်လို့။
ကတ်သီးကတ်သတ် လွဲချော်ခဲ့ရတဲ့ ဘီးမှာလူကြိုက်များနေတဲ့အရောင်က လက်လို့။
ခုတော့ ပြန်ဆုံကြခြင်းဟာ
ဘာလို့များ ကလေးကလားဆန်နေရပါလိမ့်နော်။
အောင်တန်းစားလို့ အမည်ရတဲ့ သစ်ပင်မှာ
လောင်းရိပ်အတွက် ဓားစာခံဖြစ်ခဲ့ရင်း ဗန်ဂိုးလို ဝါပြခဲ့ဖူးတာ စိတ်ဖိစီးမှုစရာမဟုတ်လောက်ပါဘူး။
လူငယ်ပီပီ
လောကနဲ့ဓါတ်မတည့်လာတဲ့အခါ
အလကိုဟောနဲ့ ကုသခဲ့ဖူးတာ အပြစ်လား။
လူကုန်တန်တွေ ရွံရှာလှတဲံ့ ချောင်ကျကျစားပွဲဟာ
ကတ်ကိုဘိန်းလို အကြံထုတ်ရမယ်နေရာလား။
နှစ်ရောင်စပ်ထားတဲ့ပုံပြင်က
ငါတို့နှစ်ဦးရဲ့ ရေခြားမြေခြားဂီတ တစ်ပုဒ်ပါ။
နားလည်ရခက်တယ်
မင်းပဲရွတ်ပြခဲ့တဲ့ ကဗျာတစ်ပုဒ်က
ကျောသားရင်းသားမခွဲခြားပဲ နားထောင်လို့ ကောင်းတုန်း။
ကြယ်တွေကို ရေတွက်ပြီးမှ
သီချင်းငြီးတတ်တဲ့ တေးသွားမှာ
ဘာလို့များ မင်းမိသာစုက ကခုန်နေကြပါလိမ့်။
နယူတန်ရယ် ငါရယ်က
ပန်းသီးကြွေကျတာကို တွေးကြတာချင်းတူတယ်
တစ်ခုပဲ
အဖြေကတော့ လုံးလုူံမတူညီခဲ့ကြဘူး။
ဟုတ်တယ်
ငါ
အာဒံလို အတီးအတ နဲ့
ဘာလို့များ မျိုချခဲ့မိပါလိမ့် ကျောက်သင်ပုန်းရေ။

ကိုစစ်

4 comments

  • တောင်ပေါ်သား

    August 21, 2015 at 4:42 pm

    good good 🙂

  • kai

    August 22, 2015 at 7:00 am

    ပန်းသီးစားသူက သူမ
    ဧဝစကားနားယောင်
    အေဒင်ကထွက်ရ
    တကယ်တန်းကျ…
    နံရိုးထိုးတိုင်းလိုက်ကြွ
    အလို့ အိုအောင် ဆင်းရဲခဲ့တာတဲ့. .။

  • Alinsett @ Maung Thura

    August 24, 2015 at 5:23 pm

    ဘာပြောရမှန်းတောင်မသိတော့ဘူး…
    ဒါပေမယ့်… ဒီလို နိမိတ်ပုံများ…သင်္ကေတများ..ညွှန်းဆိုမှုများ….ပါနေတဲ့…
    စာသားမြစ်ကိုတွေ့ရရင်…
    ကျနော်လည်း… အရူးအမူး..ဆင်းကူးချင်တာပဲ…

Leave a Reply