“မပြင်စကောင်း ပြင်စကောင်း ဓါတ်ပုံတစ်ပုံရဲ့အကြောင်း”

ဓါတ်ပုံနဲ့ပါတ်သက်ရင် ၀ိဝါဒ ကွဲပြားလေ့ရှိတာကတော့

ရိုက်ထားတဲ့ပုံကို ထပ်မံပြီး ပြင် မပြင်ဆိုတာပါဘဲ။

ဟိုးအရင်ဖလင်ခေတ်က တော့ ပုံတစ်ပုံ ကို ကူးပြီး ရင် “ခဲထိုး “လေ့ရှိပါတယ်။

အစက်အပျောက်လေးတွေဖျောက်ချင်တာ အလင်းအမှောင်ထည့်ချင်တာကို ခဲတံလေးနဲ့ စိတ်ရှည်လက်ရှည်

ပညာသားပါပါ ပြန်ပြင်ယူတာပါ။

ကွန်ပြူတာခေတ်မှာတော့ ဖိုတိုရှော့  တို့ လိုက်ရွှမ်း တို့နဲ့ပြင်ကြပါတယ်။

လက်ကိုင်ဖုန်း အဆင်မြင့်လာချိန်မှာတော့ ရိုက်ထားတဲ့ ပုံ ကို ဖုန်းထဲမှာတင်ပြင်လို့ရပါတယ်။

ဖုန်းအဆင့်မြင့်လေ ပြင်ရတာပိုမိုလွယ်ကူ သက်သာလေ

ကိုယ်လုပ်ချင်တာ လုပ်လို့ ရလေပါဘဲ။

ရိုက်ထားတဲ့ ပုံကိုပြင်တာနဲ့ပါတ်သက်ပြီးတော့

” ကိုယ်ရိုက်ထားတဲ့ ပုံကို ပြန်ပြင်တယ်ဆိုတာ မိန်းကလေးတစ်ယောက်အပြင်မထွက်ခင် အလှပြင်တဲ့သဘောပါဘဲ” လို့ဆိုသူရှိသလို

“တော်ရုံ တန်ရုံပညာနဲ့လောက်ကတော့ ကိုယ်လိုချင်တဲ့ အလင်းအမှောင်ကွက်တိမရနိုင်ဘူး ဒီတော့ ပြင်သင့်တာတော့ ပြင်ရမယ်”လို့

ဆိုသူတွေလဲရှိပါတယ်။

ပြင်တာကိုလက်ခံတယ်ဆိုတဲ့အထဲမှာတောင်မှ

အချို့က မသိမသာ အလင်းအမှောင်လေး

အချို့က သိသိသာသာ ရိုက်တုံး က မပါတာတွေဆွဲဖြည့်

လူအမျိုးမျိုး စိတ်အထွေထွေ။

ကျနော်က လည်းပုံပြင်တာကို မကြိုက်တဲ့သူထဲမှာပါပါတယ်.

ဒါပေမယ့် လည်းနောက်ပိုင်းမှာတော့ လိုအပ်ရင် အလင်းအမှောင်ပြင်ပါတယ်။

ပုံထဲမှာမပါတာတော့ ဆွဲမထည့်။

 

 

မနေ့ညက ငါးကင်သွားဝယ်ရင်း စောင့်ရတာကြာတော့ ဖုန်းတစ်လုံးနဲ့လက်ဆော့ပါတယ်။

ပြီးတော့ အဲဒီဖုန်းထဲမှာပါတဲ့ ဖန်ရှင်တွေအသုံးချပြိပြီးကြည့်ပါတယ်.

ဒီပုံလေးတွေကတော့

 

မတ်မတ်

မတ်မတ်

မူရင်း

မူရင်း

3 အလင်းတစ်စ

3 အလင်းတစ်စ

မူရင်း

မူရင်း

အမှောင်ထဲမှာ

အမှောင်ထဲမှာ

မူရင်း

မူရင်း

ကျနော်လဲ ဖိုတိုရှော့ လိုက်ရွမ်း သုံးတာမကျွမ်းကျင်ပါဘူး။

ဟိုအရင်မသိတာထက်စာရင်နည်းနည်းလေးသိလာတာထက်မပို။

အခုလဲ ထုံးစံအတိုင်းလက်ဆော့်ကြည့်တာပါ။

 

 

 

ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ

21-8-2015

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1578 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။