အင်္ဂလိပ်ဝေါဟာရကြွယ်ဝလိုသော် (၁၃) – ဆရာမျိုးကျော်မြင့်

kaiAugust 22, 20152min1113

အင်္ဂလိပ်စကားကို ခန့်ခန်များ့ငြားငြားထည်ထည်ဝါဝါ ရေးတတ်ပြောတတ်အောင် သိသင့်သည့်ဝေါဟာရလေးများအကြောင်း အရင်လကအတော်အသင့်ဖေါ်ပြခဲ့ပြီးပါပြီ။ထိုသို့ထည်ထည်ဝါဝါခန့်ခန့်ငြားငြားပြောတတ်သူတယောက်ဖြစ်လာရန် အင်္ဂလိပ်ဝေါဟာရ လေးများတတ်ကျွမ်းရုံနှင့် မလုံလောက်သေးပါ။
Latinဘာသာမှ အချို့စကားစုလေများ၊ဝေါဟာရလေးများလည်း အတော်အသင့် သိထားရန်လိုပါသေးသည်။ လူမျိုးခြားတစ်ယောက်က မြန်မာစကားကိုပိုင်ပိုင်နိုင်နိုင် ပြောဆိုနိုင်သည့်အခါ “ဟာဒီကောင့်ကို အထင်မသေးနဲ့ဒီကောင်က ကမ္မဝါဖတ်မယ့်
ကောင်”ဟုေြ့ပာဆိုလေ့ရှိပါသည်။ယနေ့အထိမြန်မာစာပေလောက၌ပညာရှင်တစ်ဆူအဖြစ်ရပ်တည်နေလိုပါက ပါဠိကိုပါပိုင်ပိုင်နိုင်နိုင်တတ်ကျွမ်းဖို့လိုပါသည်။ထိုနည်းအတူပင် အင်္ဂလိပ်စာကို လေးလေးနက်နက် ပြောတတ်ရေးတတ်လာသူများအတွက် Latin ဘာသာအလွန်အရေးကြီးပါသည်။
ဥပမာအလုပ်ခွင်၌ မိမိ၏လက်အောက်ငယ်သားများကို အလုပ်နှင့်ပတ်သက်သည့် မိမိ၏လုပ်နည်းလုပ်ထုံးများကို သင်ကြားပေးသည့်အခါမျိုး၌
“This is how I do things” ဟုပြောမည့်အစား”This is my modus operandi ”
ဟုသုံးလိုက်လျှင် ပိုမိုလေးနက်သွားပြီးလူအထင်ကြီးစရာဖြစ်သွားပါလိမ့်မည်။

အလားတူတစ်စုံတစ်ယောက်က အကူအညီတောင်းလာသည့်အခါမျိုး၌ အလွယ်တကူ “If you want me to do this for you, I need you to do that for me. ”
အပေးအယူလုပ်၍ရသော်လည်း
“If you let me use your car for day, I ‘ll cook you that dish you’ve been dying to taste.Quid pro quo.” လို့ပြောနိုင်ရင်တော့ ပိုမိုခန့်ငြားလှပတာပေါ့။
quid proquo ဆိုတာ မြန်မာလိုတော့ “ရော့ပတ္တမြား ရော့နဂါး”ဆိုတဲ့သဘောမျိုးပေါ့။

လူအများစုဟာ အပြောင်းအလဲ change ကိုကြောက်ကြတယ်။အရာရာကိုမပြောင်းလဲဘဲ နဂိုရှိရင်းအတိုင်းပဲ တွေ့ချင်မြင်ချင်ကြတယ်။တနည်းအားဖြင့်တော့ “ပိုနေမြဲ ကျားနေမြဲ”ပဲဖြစ်စေချင်ကြတယ် ။ ဒါကို အင်္ဂလိပ်လို
“ He likes to keep things as they are . ”လို့ပြော၍ရသော်လည်း “He likes the status quo.”လို့ပြောနိုင်ရင်တော့ ပိုမိုခန့်ငြားထည်ဝါတာပေါ့။ဒီထက်ပိုပြီး
“we prefer the status quo, but changes is inevitable“
တို့တစ်တွေဟာ အရာရာကို ရှိရင်းအတိုင်းပဲ တွေ့ချင် မြငာ်ချင်ကြတယ် ။ဒါပေမယ့် ပြောင်းလဲခြင်းကို ဘယ်သူမှမလွှဲနိုင်မရှောင်နိုင်ဘူး” လို့ပြောနိုင်ရင်တော့ တကယ့်ကိုအထင်ကြီးစရာဖြစ်သွားမှာပေါ့။

တွေ့ဖူးကြပါလိမ့်မယ်။တစ်ချို့လူတွေဟာ သာမန်အချိန်မှာ အင်မတန်သဘောကောင်း၊
အင်မတန်ပျော့ပြောင်းပြီးနူးညံ့သိမ်မွေ့ကြပေမယ့် ကားမောင်းနေသည့်  အခါ၌ဖြစ်စေ ၎င်းတို့ စိတ်အားထက်သန်သည့် အားကစားပွဲ၊ကခုန်ပွဲများ၌ဖြစ်စေ လုံးဝ မမှတ်မိနိုင်လောက်အောင် စရိုက်တစ်မျိုးပေါ်လာပြီး ခပ်ကြမ်းကြမ်းခပ် ရမ်း ပြောဆိုဆက်ဆံတတ်ကြပါသည်။ထိုအခါမျိုး၌
“Wow! Nancy is usually very gentle and polite,but when driving she truns into a completely different and starts swearing and cursing at other drivers.”
ဟု ပြောနိုင်သော်လည်း
“… when driving her alter ego appears and she starts swearing and cursing at other drivers.”ဟုပြောတတ်ရင်တော့ ပိုခန့်ငြားထည်ဝါပါလိမ့်မည်။

alter ego ကို အင်္ဂလိပ်လို a second self မြန်မာလိုတော့စရိုက်တစ်မျိုးလို့ ဘာသာပြန်ဆိုနိုင်ပါသည်။alter ego မကောင်းတဲ့ စရိုက်ဟူ၍ မမှတ်ယူသင့်ပါ။ အထက်ပါ
နမူနာကြောင့်နားလည်မှုလွဲမှာ စိုးရိမ်ပါသည်။ထို့ကြောင့်နမူနာအား ထပ်မံဖေါ်ပြလိုပါသည်။
“John is usually shy and quiet, but put him in front of a class and you will see a totally different person.He is funny,fearless and can easily capture the interest of his students.
ဆိုသည့်ဝါကျကို”ဂျွန်ဟာ သာမန်အချိန်မှာ ရှက်တတ်ပြီး စကားသိပ်မပြောတတ်သူ တစ်ယောက်ပါ ။ဒါပေမယ့် သူ့ကို အတန်းရှေ့ပို့လိုက်ရင်တော့ လုံးဝပြောင်းလဲသွားတာ တွေ့ရပါလိမ့်မည်။ အဲ့ဒီလိုအချိန်မျိုးကြတော့ သူဟာ ရယ်စရာတွေပြောတတ်ရုံမက အရှက်အကြောက်လုံးဝမရှိတော့ဘဲ သူ့ကျောင်းသားတွေအားလုံးရဲ့ အာရုံကို အလွယ်တကူဖမ်းစားနိုင်တဲ့ ဆရာကောင်းတစ်ယောက်အဖြစ်ကို ပြောင်းသွားပါတယ် ”
ဟုမြန်မာလိုပြန်ဆိုနိုင်ပါသည်။ ထိုဝါကျကိုပင်
“…and his alter ego will take over turning him into a funny ,fearless teacher who can easily capture the interest of his students.”
ဟုပြောင်းသုံးလိုက်သည့်အခါ အမှန်တကယ်ကိုလူအထင်ကြီးစရာ ဖြစ်သွားပါလိမ့်မည်။

Immigration ကိစ္စများနှင့်ပတ်သက်ပြီးရှေ့နေရှေ့ရပ်များနှင့်မကြာခဏတွေ့ဆုံ ဆက်ဆံရသည် မြန်မာအားလုံးသိထားသင့်သော Latin ဝေါဟာရလေးတစ်ခုမှာ pro bono ပင်ဖြစ်ပါသည်။အခကြေးငွေမယူဘဲ မေတ္တာဖြင့် ဆောင်ရွက်ပေးသည့် သဘောကိုဆောင်သောကြောင့် pro bono ဟုဆိုလျှင် အားလုံးက သဘော ကျကြပါသည်။ဥပမာ-“He’s handing the case pro bono.”ဟုဆိုလျှင် အမှုကိစ္စကို အခကြေးငွေမယူဘဲ မေတ္တာသက်သက်ဖြင့် ဆောင်ရွက်ပေးမည်ဟုဆိုသည့်အတွက် ဝမ်းသာစရာပင်ဖြစ်ပါသည်။

ကျွန်တော်တို့မြန်မာလူမျိုး အများစုဟာ ဉာဏ်လည်းကောင်းကြတယ် ၊အရည်အသွေးလည်း ထက်မြက်ကြတယ် ၊ကြိုးစားအားထုတ်ရတဲ့နေရာမှာလည်း ပြောစရာမလိုဘူး။
ဒီတော့ အခုနာမည်မကြီးသေးတောင် နောင်အချိန်မှာ နာမည်ကျော် အနုပညာရှင်ကြီး၊စီးပွားရေးသမားကြီးသို့မဟုတ်ပညာရှင်ကြီးတွေ မြန်မာ့အသိုင်းအဝိုင်းမှာ အများကြီးပေါ်လာမှာသေချာပါတယ် ။အဲ့ဒီလို နာမည်ကြီးလာတဲ့အခါ
incognito ဆိုတဲ့ Latinကလာတဲ့ ဝေါဟာရလေးကို မမေ့ပါနဲ့။ နာမည်ကျော်ရင် ပရိသတ်ကဝိုင်းနေတတ်တယ်ဆိုတော့ ကိုယ်သွားလိုရာ လွတ်လွတ်လပ်လပ် သွားနိုင်အောင် incognito တနည်းအားဖြင့် ရုပ်ဖျက်ပြီး၊နာမည်ပြောင်း ပြီးသွားရပါလိမ့်မည်။ အသိမိတ်ဆွေတွေကိုတော့
“I am travelling incognito to avoid my fans.”
လို့ပြောပြပေါ့။သူတို့နားလည်ကြမှာပါ။

ဖေါ်ပြခဲ့ပြီးတဲ့ Latin ကလာတဲ့ဝေါဟာရ လေးတွေကို ကိုယ်တိုင်မသူံးရင်ထား သူများသုံးလာခဲ့ရင် သိနားလည်ဖို့လိုပါတယ် ။
ကဲ.. ဒီတစ်လတော့ ဒီမျှနဲ့ပဲ နားပါဦးမယ်။

3 comments

  • kai

    August 23, 2015 at 4:46 am

    မြန်မာတွေ ပါဠိကို ဘာသာပြောင်းယူသုံးစွဲတာမှာ.. ဆရာကြီးသခင်ဘသောင်းပြောဖူးတယ်..။
    မဂ္ဂကို.. လမ်းလို့တိုက်ရိုက်မပြန်.. မဂ်ဆိုပြီး.. ပါဠိစာတွေကို နောက်မြီးက အသတ်ထည့်ဖျက်တတ်တယ်တဲ့..။
    အဲလိုလုပ်လို့.. မူလအဓိပ္ပါယ်ပျောက်.. သိရခက်ကုန်တာတွေရှိသတဲ့…။

    ပညာလွန်လျှင်.. ကွန့်သည်ပေါ့..။

  • Ma Ma

    August 23, 2015 at 10:01 am

    ဒါတော့နည်းနည်းမြင့်သွားပြီ။ :kwi:

  • ဇီဇီခင်ဇော်

    August 23, 2015 at 11:07 am

    သိဝူးးး
    လက်တင် ဆိုရင် ဂျေလို နဲ့ ရှကီရာ ပဲ သိတယ်။
    အဲ။ မာ့(ခ) အန်တနီ နဲ့ ရစ်ကီမာတင်ကိုလည်း သိသေးတယ်။
    သူတို့ ဆိုတာပဲ နားမလည် ပါးမလည်နားထောင်တယ်။
    ဟိဟိ

    :mrgreenn:

Leave a Reply