တစ်နေ့ပြီးတစ်နေ့ (၁၉) Day by Day (19)

Ma MaAugust 23, 20152min3086
CAM04257[1]

ဆရာအော်ပီကျယ်ရဲ့ ကာတွန်းဒဿ    န တွေကို ရေးရင်းနဲ့  ပွိုင့် တစ်သိန်းပြည့်သွားတာ အမှတ်တရပေ့ါ။ 🙂

 

ဒီအပတ် တစ်နေ့ပြီးတစ်နေ့ (၁၉) ကတော့ စက်တင်ဘာလ ၁၁ ရက်နေ့ကနေ ၂ဝ ရက်နေ့အထိဖြစ်ပါတယ်။

CAM04257[1]

ရိုးသားကြိုးစား လုပ်အားဖြင့်နိုင်ငံတည် လို့ ဆောင်ပုဒ်ရှိတယ်လေ။

လုပ်အားဆိုတာမှာလည်း ကာယအားထက် ဉာဏအားက ပိုမိုအကျိုးရှိ ထိရောက်စေနိုင်တယ်။

ကာယအားခြင်း ဉာဏအားခြင်းတူသူတွေထဲမှာဆိုရင်တော့ ကြိုးစားအားထုတ်သူက ပိုပြီးတိုးတက်နိုင်တာပေ့ါ။

 

အခုလိုနည်းပညာခေတ်ကြီးမှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးက အရေးကြီးပါတယ်။

 

ဟိုးတုန်းကအခြေခံအနေနဲ့ လူတိုင်း အ သုံလုံး ကျေဖို့ ဆိုတဲ့နေရာမှာ အရေး၊ အဖတ်၊ အတွက် ကို ပြောတာဖြစ်ပေမယ့်…

ခုခေတ်မှာတော့ အခြေခံအားဖြင့် ကွန်ပြူတာ အင်တာနက် သုံးတတ်ဖို့ကို အ သုံးလုံး လို့ ပြောနေကြပြီ။

****************************************************************************************

CAM04258[1]

အခုကာတွန်းပုံကိုကြည့်ပြီး ရိုးရိုးကျင့် မြင့်မြင့်ကြံ ဆိုတဲ့ မြန်မာစကားပုံကို အမှတ်ရမိတယ်။

မြင့်မြင့်မားမာ ရည်မှန်းချက်ထားပြီး အောက်ခြေမလွတ်ဖို့လည်း သတိပေးချင်တဲ့စာပေ့ါ။

 

ကောင်းကင် မြေကြီးနဲ့ ပတ်သက်တဲ့ ဆုံးမစကားလည်း ကြုံတုန်း လက်ဆောင်ပါးချင်ပါတယ်။

 

=အားငယ်နေတဲ့အခါ ကိုယ်နင်းထားတဲ့မြေကြီးကို သတိရပါ။

=ဘဝင်မြင့်နေတဲ့အခါ ကိုယ့်ခေါင်းပေါ်ကို လွှမ်းမိုးထားတဲ့ ကောင်းကင်ကို သတိရပါ တဲ့။

***************************************************************************************

CAM04259[1]

နားနဲ့ကြားရတာဟာ မျက်စေ့နဲ့မြင်ရသလို ယုံကြည်လို့မရဘူးဆိုတဲ့ သဘောပေ့ါ။

 

နားမှာ ရေစစ်တပ်ပြီး နားထောင်ပါ။ :kwi:

ကြားသမျှကို ယုံကြည်နေရင် အမှားတွေ ပါလာနိုင်တယ်ဆိုတာ သတိထားစရာပေ့ါ။

*************************************************************************************

CAM04260[1]

တိုးတက်တဲ့တိုင်းပြည်တွေမှာ လုပ်ငန်းကို နှစ်ပေါင်းများစွာ ရေရှည်လုပ်ကိုင်ခဲ့တယ်ဆိုတဲ့ ဂုဏ်ကိုပြတဲ့ Sine 19…. ဆိုတဲ့ စာတွေမြင်ရင် သိပ်သဘောကျမိတယ်။

 

ရေရှည်လုပ်ခဲ့တယ်ဆိုတဲ့အတွက် ……..

လုပ်ငန်းကျွမ်းကျင်တယ်၊

မိတ်ဖက်တွေ ယုံကြည်စိတ်ချရတယ် ဆိုတဲ့ ဂုဏ်တွေတပါတည်း ပူးတွဲပါသွားတယ်။

 

ဒါပေမယ့် ဆုတ်ခွာရမယ့်အချိန်ကို သိပါဆိုသလို ပြောင်းလဲတတ်တဲ့ လောကသဘာဝကြောင့် ရေရှည်မှာ မလုပ်သင့်တော့ပဲ ရပ်နားရတော့မယ်ဆိုတဲ့အဖြစ်မျိုး ကြုံလာရင်လည်း မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ဖို့လိုပါတယ်။

 

ရွှေတိဂုံဘုရားမှာ ဓာတ်ပုံရိုက်အုုံးမလားဆိုပြီး ကင်မရာလေးလွယ်ပြီး ဘုရားဖူးတွေဘေးကလိုက်လာတဲ့ ဓာတ်ပုံဆရာကိုကြည့်၊

 

ကိုယ်ပိုင်ဆဲလ်ဖုံးလေးတွေနဲ့ ဓာတ်ပုံရိုက်နေကြတဲ့ ဘုရားဖူးတွေကို ကြည့်ပြီး

 

ဓာတ်ပုံဆရာတွေအနေနဲ့ သူတို့လုပ်ငန်းကို စွန့်ခွာသင့်တဲ့အချိန်ရောက်နေပြီလို့ မဆီမဆိုင်အတွေးဝင်ခဲ့မိတယ်။

************************************************************************************

CAM04261[1]

ဘာမှ မသိရင် ဘာမှမပြောနဲ့ဆိုတော့………..

အင်းးးး သိတိုင်းရော ပြောလို့ဖြစ်ပါ့မလားဆိုတာလည်း ထည့်စဉ်းစားသင့်သေးတာ။ 🙄

***************************************************************************************

 

CAM04262[1]

လိမ်မှန်းမသိအောင် ဟန်ဆောင်နေရတာကိုက ကိုယ့်ကိုယ်ကို လိမ်ညာခြင်းလို့ ဆိုလိုချင်ဟန်တူတယ်။

 

မြန်မာစကားပုံကတော့ မုသားမပါ လင်္ကာမချော တဲ့။

******************************************************************************************

CAM04263[1]

မြန်မာစကားပုံမှာ ကိုယ့်မျက်ချေးကိုယ်မမြင်ဘူး လို့ ဆိုတယ် မဟုတ်လား။

 

ကိုယ့်အကြောင်းကိုယ် ယထာဘူတကျကျ အမှန်အတိုင်းဆန်းစစ်ပြီး မြင်နိုင်ဖို့ဆိုတာ…

လွယ်မယောင်နဲ့ ခက်၊ တိမ်မယောင်နဲ့ နက်။ :b:

*************************************************************************************

CAM04264[1]

 

များများနားထောင်၊ နည်းနည်းပြောပါ လို့ သဘာဝတရားကြီးက အသံတိတ်ပြောထားတဲ့သဘောပေ့ါ။

 

ပြောတာ နားထောင်တာနဲ့ ပတ်သက်ပြီး ဒလိုင်လားမားပြောတဲ့ စကား လက်ဆောင်ထည့်ပေးလိုက်ပါတယ်။

 

mmexport1440326455635[1]

**************************************************************************************

CAM04265[1]

ဘာ့ကြောင့်လဲ ဆိုတဲ့ အကြောင်းရင်းအမှန်ကို သိအောင်လုပ်တတ်တဲ့ အလေ့အကျင့်ဆိုတာ တိုးတက်ရေး အောင်မြင်ရေးတွေအတွက် သော့ချက်ပေ့ါ။

 

သို့သော် လူကြီးပြောစကား နားထောင်ရမယ်ဆိုတဲ့အရှေ့တိုင်းယဉ်ကျေးမှုနဲ့အတူ

ဘာ့ကြောင့်လဲ ဆိုတဲ့ မေးခွန်းကို မထုတ်တတ်ကြတော့ဘူး။

 

တစ်နေ့ပြီးတစ်နေ့ကို

တစ်ပုဒ်ပြီးတစ်ပုဒ်နဲ့

တစ်ရွေ့ပြီးတစ်ရွေ့ ရေးလာလိုက်တာ

ဒုတိယမ္ပိ တစ်သိန်းသို့ ……………… :k:

6 comments

  • Ma Ma

    August 23, 2015 at 8:31 pm

    ကွန်မန့်က ၁၅၊ ပိုစ့်က ၂၂ဝ ဖြစ်သွားပြီ။
    :k:

  • ဇီဇီခင်ဇော်

    August 24, 2015 at 8:43 am

    ဖတ်ရင်း နဲ့ ကို တွေးမိနေတာ အချိန်တွေ ကုန်တာ မြန်လွန်းလိုက်တာ။

  • ဦးကြောင်ကြီး

    August 24, 2015 at 12:10 pm

    လေရဲမိုးစာ ရှယ်ပါအူးဂ ျ…

  • Mike

    August 24, 2015 at 1:06 pm

    “နားနဲ့ကြားရတာဟာ မျက်စေ့နဲ့မြင်ရသလို ယုံကြည်လို့မရဘူးဆိုတဲ့ သဘောပေ့ါ။”
    .ခုအင်တာနက်ခေတ်၊ .ဖိုတိုရှော့ခေတ်မှာတော့ မြင်ရလည်းအလွယ်တကူယုံလို့မရတော့..ပိုသတိထားသင့်တယ်

    • Ma Ma

      August 24, 2015 at 4:29 pm

      အင်တာနက်ခေတ်၊ ဖိုတိုရှော့ခေတ်မှာ မြင်ရတိုင်းလည်း ယုံလို့မရတော့ဘူးဆိုတာကို မေ့သွားတယ်။
      သတိထားစရာတွေချည်းပါပဲ။

  • Alinsett @ Maung Thura

    August 24, 2015 at 4:16 pm

    အနှစ်တွေ…ချည်း..လို့ ပြောရတော့မှာပဲ…

    ”အနှစ်တွေချည်း”

Leave a Reply