မျှော်လင့်နေသော ရုပ်ရှင်ဇာတ်ကားများ – ၃

Animation Movie တွေဖက်လှည့်ပြီးပြန်တော့ ဇာတ်ကားအသစ်တွေဖက်ကို လှည့်ကြည့်မိပြန်ပါတယ်။

နောက်ပိုင်းထွက်တဲ့ ဇာတ်ကားတွေမှာ နာမည်ရပြီးသားပေါက်ပြီးသားတွေကိုပဲ ၁ ၊ ၂ ၊ ၃ ဆိုပြီး

ထွက်လာတတ်ကြပါတယ်။ ဇာတ်ကားအသစ်တွေ ဇာတ်ကောင်အသစ်တွေကို ကြည့်ရှုလိုစိတ်ရှိတာနဲ့

စောင့်မျှော်ကြည့်ချင်တဲ့ ဇာတ်ကားနှစ်ကားကတော့။

 

In The Heart Of The Sea (2015)

FB_IMG_1440048514416

 

1820ခုနှစ်ပတ်ဝန်းကျင်အချိန်ကို ရိုက်ကူးထားပါတယ်။ ဖြစ်ရပ်မှန်ကို အခြေတည်ရိုက်ကူးထားတဲ့

ဇာတ်ကားဖြစ်တယ်လို့လည်း သိရပြီ။ အက်ရှင် နဲ့ စွန့်စားခန်းတွေ ရောနှောပါဝင်မယ်လို့လည်း

ထင်မိပါတယ်။ ပင်လယ်ပြင်မှာ ရွက်လွှင့်နေတဲ့ သဘောင်္သားတစ်စုဟာ ကြီးမားလှတဲ့ ဝေလငါးတစ်ကောင်

ရဲ့ တိုက်ခိုက်ခြင်းကို ခံရတဲ့အဖြစ်အပျက်ပေါ်မူတည်ပြီး ဇာတ်အိမ်တည်ထားရာကစပါတယ်။

ဇာတ်ကားအသစ်မို့ စောင့်မျှော်မိတဲ့ ကားထဲကဆိုလည်း မမှားပါဘူး။ 2015, December မှာ ထွက်ရှိလာမယ်

ဆိုတော့ အစောဆုံးကြည့်ရမယ့် စောင့်မျှော်ဇာတ်ကားဖြစ်ပါတယ်။

ထွေလာကိုကြည့်ချင်ရင်တော့ ဒီမှာပါ။

 

 

Knock Knock (2015)

FB_IMG_1440048525742

 

သူကတော့ အောက်တိုဘာမှာ ထွက်ရှိမယ်လို့ ကြေငြာထားရင်တော့ သိပ်ကြည့်ချင်မိတဲ့ အစောဆုံးရုပ်ရှင်

ဖြစ်လာဦးမှာပါ။

 

သားတစ်ယောက် သမီးတစ်ယောက်နဲ့ မိသားစုကို ပိုင်ဆိုင်တဲ့ ဖခင်တစ်ဦးတစ်ယောက်နေရာမှာ

ကျွန်တော်တို့နဲ့ မစိမ်းတဲ့ မင်းသား Keanu Reeves က ပါဝင်ထားပါတယ်။ တစ်နေ့တော့ မိန်းနဲ့

ကလေးတွေဟာ ခရီးတစ်ခုထွက်ရာကနေ သူတစ်ယောက်တည်းသာ အိမ်မှာ အိမ်စောင့်အဖြစ်

ကျန်ရစ်ခဲ့ပါတယ်။ သည်လိုနဲ့ မိုးရွာတဲ့ ညတစ်ညမှာ သူ့အိမ်ရှိရာကို မိန်းကလေးနှစ်ယောက်ဟာ

မိုးမိလို့ ခဏတာ တည်းခိုဖို့ တောင်းဆိုတဲ့အခါ ခွင့်ပြုလိုက်ပါတယ်။

မိန်းမပျို နှစ်ဦးဟာ သူ့ကို အမျိုးမျိုးမြူဆွယ်ရာကနေ ထိုမိန်းမပျိုနှစ်ဦးနဲ့ နယ်ကျွံမိပါတော့တယ်။

နောက်ပိုင်းမှာ ထိုမိန်းမပျိုနှ်စ်ဦးဟာ သူနဲ့ သူ့မိသားစုအပေါ် ကို ဘယ်လို

အသက်အန္တရာယ်ကိုပေးလာမလဲဆိုတာကို..။ စောင့်မျှော်ရပါဦးမယ်။

ထွေလာကတော့ ဒီမှာပါ…….

 

https://www.youtube.com/watch?v=ti6S3NZ5mKI

 

နောက်တစ်ခုမှာတော့ ဘယ်ဇာတ်ကားတွေ စောင့်မျှော်ဦးမယ်ဆိုတာကို………။

 

လေးစားစွာဖြင့်

အောင်မိုးသူ

 

4 comments

  • kai

    August 23, 2015 at 4:10 am

    ယူအက်စ်ဥပဒေအရတော့.. ကိုယ့်အိမ်ထဲဆို.. တစိမ်းကိုပစ်သတ်လို့ရသဗျ..။
    ဘယ်လို၂ပါး… အဲ.. ၃ပါးသွားကြသလဲတော့ကြည့်ချင်..။ :k:

  • ဇီဇီခင်ဇော်

    August 23, 2015 at 8:41 am

    In The Heart Of The Sea (2015) တော့ မင်းသားကြိုက်ပေမဲ့ ပင်လယ်မှာ ရုန်းကန်ရတဲ့ ကားတွေ မကြိုက်ဘူးး
    Knock Knock (2015) ကတော့ ကြည့်ပြီး ပညာလိုက်ပေးအူးမှာ၊ ခိခိ။ ဟွာ ရုပ်ရှင်ကိုပြပြီး ဒါမိုးမယုံစားနဲ့တော့ ဘာတို့ပြောတာပါ။

    နိုဝင်ဘာကို Hunger’s Game အသစ်ထွက်မယ်လို့ ကြားတယ်။

  • @QUIL@

    August 23, 2015 at 8:55 am

    နိုဝင်ဘာမှာ Spectre ကိုလည်း မျှော်ပါတယ်။
    ဒီတခါ 007 မှာ ချစ်လှဇွာသော မမဂျီး မနေကာ ဘလူချီ ပါမယ်လေ…
    ပလပ် ပလပ်

    😀

  • Alinsett @ Maung Thura

    August 24, 2015 at 4:46 pm

    In The Heart Of The Sea လို ဇာတ်ကားမျိုးဆို… ကြည့်ချင်လိုက်တာ….မှ…

Leave a Reply