ဟာသလေးတွေပါ

cobraAugust 26, 20101min661

အမျိုးသမီးတယောက် ဘူတာရုံမှတည်းခိုခန်းသို့ရောက်လာသည်… မန်နေဂျာအား
အခန်းရဦးမလား မေးသည် မန်နေဂျာမှ ဟာ … အခန်းကုန်သွားပြီ…
မရှိတော့ဘူး…. အမျိုးသမီးက … အို ရအောင်လုပ်ပေးပါ…
အချိန်လည်းမရှိတော့ဘူး… တခြားကိုသွားဖို့မလွယ်လို့ပါ… ထိုအခါ
မန်နေဂျာမှ .. အင်း.. ခင်ဗျားလိုချင်ရင် တစ်ခန်းတော့ရှိတယ်… ဒါပေမယ့်
အဲဒီအခန်းထဲမှာ ယောင်္ကျား (၃) ယောက် ရှိတယ်….
သူတို့မေးတဲ့မေးခွန်းကိုဖြေနိုင်ရင်တော့ ခင်ဗျား

တစ်ယောက်တည်းအေးအေးဆေးဆေး အိပ်လို့ရမယ်…. အဲ.. မဖြေနိုင်ရင်တော့
သူတို့အားလုံးနဲ့အိပ်ရလိမ့်မယ်… ဘယ့်နှယ်လဲ… အမျိုးသမီးမှ …
ရတယ်လေ… အဲဒီအခန်းကိုပဲပေးပါ… အခန်းထဲရောက်သောအခါ ….. ယောင်္ကျား (၃)
ယောက်က အမျိုးသမီးအားမေးသည် အပင်ကပုပု.. အသီးကနီနီ.. အဲဒါဘာသီးလဲ…
အဖြေမှန်မှာ စတော်ဘယ်ရီသီးဖြစ်သည်… အမျိုးသမီးကလည်းသိသည်.. သို့သော်
ခရမ်းချဉ်သီးဟုဖြေလိုက်သည်… သို့နှင့် သူတို့အိပ်လိုက်ကြသည်…
နောက်တစ်ကြိမ် ထိုမေးခွန်းပဲထပ်မေးသည် အမျိုးသမီးကလည်း ခရမ်းချဉ်သီးဟုပဲ
ဖြေသည်… နောက်တစ်နေ့မိုးလင်းသော်…. အခန်းထဲမှ ….. အမျိုးသမီးရော
ယောင်္ကျား (၃) ယောက်ပါ ထွက်မလာသေးသဖြင့် မန်နေဂျာမှ ဘာများဖြစ်နေသလဲဟု
သွားကြည့်သည်… ထိုအခါအခန်းထဲတွင် ယောင်္ကျားသုံးယောက်မှာ ကုတင်အောက်မှ
ဒူးတုပ်ထိုင်ပြီး အမျိုးသမီးအားတောင်းပန်နေသည်… လုပ်ပါအစ်မရယ်….
စတော်ဘယ်ရီသီးလို့ပြောပေးပါ…. ဟင့်အင်း….ခရမ်းချဉ်သီးပဲ….
မောင်ကောင်းထိုက် (ဟာသပဒေသာမှ)

ဘီယာအဖြတ်တော်သူ

တစ်ခါတုန်းက မန္တလေး နည်း ပညာ တက္ကသိုလ် ကြီးမှာပေါ့ သူငယ်ချင်း
သုံးယောက်ရှိတယ် -ဘိတ် ကြီး ရယ် ၊ သိုး ကြီးရယ် ၊ ငှက်ဖကြီးရယ်တဲ့။
သူတို့က သောက်ဖော် သောက် ဖက် တွေပေါ့ ကွယ်။ သူတို့က အရမ်းချစ်ကြတဲ့အတွက်
သောက် တိုင်းမှာ ညီတူမျှတူ သောက်လေ့ ရှိတယ် တဲ့။တစ်နေ့ ကျောင် း
ပိတ်ချိန် သူတို့ ခွဲသွားရတဲ့အချိန်မှာ……………………….
ဘိတ်ကြီးတစ်ယောက်ထဲ ဘီယာဆိုင်ထဲ ဝင်လာသည်။ထို့နောက် ဘီယာသုံးခွက် မှာ
ပြီး တစ်ခွက်ပြီးတစ်ခွက် သောက်လေသည်။ထို့နောက် သုံးခွက် ထပ်
မှာသည်။ထိုအခါ စားပွဲ ထိုးက ဘီယာ အေးအေး သောက်ချင် ပါ က တစ် ခါထဲ
သုံးခွက် မှာ ရန် မလို ကြောင်း၊ တစ်ခွက် ကုန် လျှင် နောက်တစ်ခွက် သူငဲ့
ပေးမည် ဖြစ်ကြောင်းပြောလေသည်။ ထို အခါ
ဘိတ်ကြီး -မင်း ဘာသိလို့လဲ ကွ၊ ငါ့မှာ သူငယ်ချင်း နှစ်ယောက်ရှိသေးတယ်ကွ၊
သူတို့နှစ် ယောက်စာအတွက် ပါ သောက်နေတာ။
နေစဉ်နေတိုင်း ဘိတ် ကြီး သည် ထိုကဲ့သို့ သောက်လေသည်။တစ် လခန့် ကြာသောအခါ
ဘိတ်ကြီး တစ် ယောက် ဆိုင်ထဲ သို့ ဝင် လာ ကာ ဘီ ယာ နှစ်ခွက် သာ မှာ လေ
သည်။ ထိုအခါ
စားပွဲထိုး- နောင်ကြီး၊ ထူးဆန်းလှချည်လား၊ ခင်ဗျား သူငယ်ချင်း တစ် ယောက်
များ ဆုံး သွားလို့လားဗျာ။အဲဒီလို ဆို ရင် တော့ စိတ် မကောင်း ပါဘူး။
ဘိတ်ကြီး – ဟာ မဟုတ်တာဗျာ၊ ကျုပ်သူငယ် ချင်းတွေ ဘာမှ မဖြစ်ကြပါဘူး၊
စားပွဲထိုး- ဟင် ဒါဆို ၊ဘာလို့ ဘီယာနှစ်ခွက်ထဲ မှာ တာလဲဗျ။
ဘိတ်ကြီး -အော် ဒါလား ၊ ကျုပ် က ဘီယာ ဖြတ်လိုက် ပြီဗျ၊ ဒီ နှစ်ခွက် က
ကျုပ်သူငယ်ချင်းတွေ အတွက် သောက် တာ။

တော်တော်ဆိုးတဲ့ တိုက်ဆိုင်မှု

မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်
ဆရာမ။ ။ မနီ ကမာ္ဘ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း မနီ အိပ်အိုက်နေသဖြင့်
မကြားသော်ကြောင့် သူမ နောက် တွင် ထိုင်နေ သော ကို ဖြိုးမှ ဘော့ပင်နှင့်
ထိုး၍ သ တိ ပေးလိုက် သည်။ ထိုအခါ မနီ။ ။” ဘုရားသခင်” ( လန့်သွား သဖြင့်
ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။
ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က
ဘယ်သူလဲ သမီး ဆရာမမေး သည် ကို မနီမ မကြား ၊ အိပ် လို့ ကောင်း နေသည် ၊
ထို့ ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန် သည်။ မနီ။ ။
(လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက်
တဖန်အိပ်ပျော်ပြန်လေသည် ) ” ဂျီးဆပ် ခရစ်” ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ
နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက် ကလေး
မွေးပြီးတဲ့နောက် မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ။ ဒီတစ်ခါ တော့
ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍
သတိပေးလိုက်သည်။မနီ အတော် နာ သွား သည်။ထို့ကြောင့် အိပ် ယာ မှ နိုုး လာ
သဖြင့် ရုတ်တရတ် ထလိုက် ကာ မနီ။ ။ နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ
ထိုးကြည့် ၊ နင့် ဟာ ကို ထက်ပိုင်း ချိုးပစ်မယ် ဆရာမခမျာ ဘုမသိ ဘ မသိ
ဖြင့် သတိလစ် သွား ရှာသည်။

ဘဲနင်းမိသူ….:P

လူသုံးယောက်ကွယ်လွန်ပြီးနောက်ကောင်းကင်ဘုံကိုရောက်လာတယ်။

ဂိတ်ဝမှာစိန့်ပီတာ
(ဂိတ်ဝစောင့်တဲ့တမန်တော်)ရပ်နေတယ်(ဝင်ခွင့်ဗီဇာစစ်တယ်ပေါ့ဗျာ)။
ကောင်းပြီ အချက်အလက်ပြည့်စုံတယ်…မောင်မင်းတို့ို့ကောင်းကင်ဘုံကိုဝင်နိုင်ပြီ။
တစ်ခုတော့မှာချင်တယ် ဒီမှာ”ဘဲ”တွေသိပ်ပေါများတယ်…ဒါပေမယ့်…”ဘဲ”တွေကို
တက်မနင်းမိစေနဲ့လို့ စိန့်ပီတာကအသေအချာမှာကြားပြီးဂိတ်တံခါးဖွင့်ပေးလိုက်တယ်။
ကောင်းကင်ဘုံမှာခြေချဘို့တောင်အတော်ခက်ခဲအောင်”ဘဲ”တွေကိုဖွေးဖွေးလှုပ်မြင်ရတာ
အံ့စရာပါတဲ့။ ၅မိနစ်လောက်ကြာတော့လူသုံးယောက်ထဲက တစ်ယောက် “ဘဲ”
တစ်ကောင်ကိုနင်းမိတယ်။ ချက်ချင်းဆိုသလို စိန့်ပီတာရောက်လာတယ်။
အဲဒီလူနဲ့ရုပ်ဆိုးလွန်းတဲ့အမျိုးသမီးတစ်ဦးကိုအတူတွဲချည်ပြီး
“ကဲ…ဘဲကိုတက်နင်းမိသူ
မောင်မင်း ရရှိသင့်တဲ့အပြစ်ဒဏ်က
ဒီအမျိုးသမီးနဲ့သံသရာတိုင်အောင်ပေါင်းသင်းနေထိုင်
စေသတည်းတဲ့”။ ၁ဝမိနစ်လောက်ကြာပြန်တော့နောက်တစ်ယောက်က “ဘဲ”ကို
နင်းမိပြန်တာပေါ့။ မြန်လိုက်တဲ့စိန့်ပီတာ လှစ်ခနဲရောက်လာတယ်။
ဒီတစ်ခါပိုလို့တောင်ရုပ်ဆိုးတဲ့
အမျိုးသမီးပါလာတယ်။ ထုံးစံအတိုင်းအပြစ်ဒဏ်ကတော့ မကွဲမကွာအနှီအမျိုးသမီးနဲ့
ရာသက်ပန်ပေါင်းသင်းစေသတည်းပေါ့။ နောက်ဆုံးလူကတော့ အတော်သွေးပျက်နေတယ်။
ရုပ်ဆိုးတဲ့မိန်းမနဲ့အိမ်ထောင်ကျမှာသူသိပ်ကြောက်တယ်။”ဘဲ”မနင်းမိအောင်အရမ်းကို
ဂရုတစိုက်နေလိုက်တာအတော်ကြာကြာဘဲတဲ့။ သူကောင်းကင်ဘုံရောက်တဲ့နှစ်ပါတ်လည်နေ့
ရောက်တော့ စိန့်ပီတာရောက်လာတယ်။ ညနေဆည်းဆာမှာသူ့ကိုသာယာလှပတဲ့ကမ်းစပ်ကို
ခေါ်သွားတယ်။ အဲဒီမှာအလွန်ချောမောလှပတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့ရတယ်တဲ့။
သေချာတာကတော့ သူနဲ့အဲဒီအမျိုးသမီးနဲ့စုံဖက်ပေးတော့မှာပါ။
စိတ်လှုပ်ရှားစွာနဲ့ စိန့်ပီတာကို
မေးလိုက်တယ်…”အရှင်အဘယ်အမှုအရာတွေကြောင့်ကျွန်တော်မျိုးအနှီကောင်းချီးမင်္ဂလာနှင့်
ထိုက်တန်ရပါသလဲ”။ စိန့်ပီတာမဖြေခင်ဘဲ အမျိုးသမီးကဝင်ဖြေလိုက်တယ်…
“ရှင့်ကိစ္စကိုတော့မသိပါဘူး…ကျွန်မအပြစ်ကတော့တချက်ကလေး
သတိလက်လွတ်ဖြစ်ပြီး အဲဒီသောက်ဘဲတစ်ကောင်ကိုနင်းမိတာပါဘဲ”
..လို့စိတ်ဆိုးမာန်ဆိုးပြောလိုက်သတဲ့။

ကဲ…နောက်ဆုံးတတိယလူဘယ်လိုဆိုတာသဘောပေါက်မယ်လို့
ထင်ပါတယ်။ လက်စသတ်တော့ သူကိုယ်တိုင်ကရုပ်ဆိုးအကျည်းတန်သူဖြစ်နေတော့တာကိုး။
လူဆိုတာက ကိုယ့်အားနည်းချက်ကိုသိပ်မစဉ်းစားကြဘူးနော်။
သူရဲ့ထိုက်တန်မှုကြောင့်ကောင်းမှုခံစားကြတယ်လို့တဘက်သတ်ထင်ကြတာကလား။
ဘာဘဲဖြစ်ဖြစ်ပေါ့လေ…ရုပ်ဆိုးလို့စိတ်ဓါတ်တော့မကျနဲ့ပေါ့ဗျာ။ “ဘဲ”နင်းမိသူတွေထဲက
ချောမောလှပသူလေးတွေရနိုင်ပါသေးတယ်။



One comment

  • unclegyi1974

    August 26, 2010 at 3:49 pm

    ရယ်သောသူအသက်ရှည်တတဲ့၊ အသက်ရှည်ဆေးလေးတွေပါ။
    ကျေးဇူးတင်ပါတယ်၊

Leave a Reply