The Departed Infernal Affairs – KZ’s ကြည့်မိသမျှ

ဇီဇီAugust 25, 20151min60718

ဒီနေ့တော့ ရုပ်ရှင် အဟောင်းလေး တစ်ကား အကြောင်း ပြေါရအောင်။

တော်တော်များများတော့ ကြည့်ဖူးမယ်ထင်ရဲ့။

The Departed (2006) (Rating 8.5/10) ဆိုတဲ့ကားးပါ။

မူရင်းက ဟောင်ကောင်ရုပ်ရှင် ၂ ကားတွဲ Infernal Affair (2002) (Rating 8.1/10) ဆိုတာပါ။

ဒါကို ဟောလိဝုဒ်က တစ်ကားထဲဖြစ်အောင် သူတို့ နိုင်ငံနဲ့ ကိုက်ညီအောင် ညှိပြီး ရိုက်ယူထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

အရှေ့တိုင်း ဆန် တယ် လို့ ခံစားရတဲ့ ဟောလိဝုဒ် ကား တိုင်း ကြိုက်မိတာမို့ …

ပြီးတော့ ပါဝင်တဲ့ မင်းသား ၂ ယောက်လုံးအပြင် ဇာတ်ရံတွေကိုလည်း နာမည်ကြီး မင်းသားကြီးတွေချည်း သုံးထားတာက လည်း ဒီ ရုပ်ရှင်ရဲ့ ဆွဲဆောင်မှု တစ်ခုပါ။

ကျနော် ပထမ တစ်ကြိမ် ကြည့်တုန်းက Leonado Dicaprio ထက် Matt Damon ကို ပိုကြိုက်တာမို့

Matt Damon ကို ဗီလိန် လုပ်ခိုင်းတယ်လို့ ခံစားရပြီး, ပြီးအောင် ဆက် မကြည့်ဖြစ်။

နောက်ပြီး စကားပြေါတဲ့ အခွန်းတိုင်းလိုလို “F” words က မလွတ်တော့ တော်ရုံသီးခံနိုင်တဲ့သူတောင် စကားပြေါခန်းတွေ စကားလုံးတိုင်း ကြမ်းတာမို့ ဆက်မကြည့်ချင်။

ဟိုတလောကမှ လီယိုနာဒို ကို ပြန်တူးရင်း ကြည့်ရင်း သဘောကျလာတာမို့ ပြန်ကြည့်မယ် ဆိုပြီး ရွေးချယ် ကြည့်လိုက်မိတယ်။

သာမာန်အားဖြင့် ရုပ် လက်ခဏာ အရ Matt Damon ကို အကောင်း

Dicaprio ကို အဆိုး ထားရမှာ ဖြစ်ပေမဲ့ ဒီ ရုပ်ရှင်မှာတော့ ပြေါင်းပြန် ပြန်ထားတာမို့ ထူးဆန်းမှု တစ်ခုပေါ့။

ကြည့်ရင်းနဲ့ သူတို့ မူလ ရုပ်ပျောက်ပြီး Matt ကို အမြင်ကပ် Dicaprio ကို သနားလာအောင် သရုပ်ဆောင်နိုင်တာမို့ စီစဉ်သူရော သရုပ်ဆောင်တွေပါ မှော်အောင်တယ်လို့ ခံစားရပါတယ်။

The Departed (2006)
The Departed (2006)

 

ဇာတ်လမ်း သဘော အရ …

Jack Nicolson က ဒေသ တစ်ခု က Gangster ပါ။ ရပ်ကွက်ထဲက ဆိုးတဲ့ စရိုက်ရှိတဲ့ ကောင်လေးတွေ၊ သူ့ကို အထင်ကြီးတဲ့ ကောင်လေးတွေ၊ သူ့စကား နားထောင်မဲ့ ကလေးတွေကို ပေးကမ်းကျွေးမွေးထားတဲ့ သူတစ်ယောက်ပေါ့။

သူ့ လက်တံရှည်တာမို့ သူ့ ဒုစရိုက်မှုတိုင်း သက်သေမရှိပဲ သူ လွတ်နေလို့ ရဲ တွေ က အမှားစောင့်ကြည့်ရုံပဲ ကြည့်နိုင်တာပါ။

ဒီ ကြားထဲမှာမှ ရပ်ကွက်ထဲမှာ ဦးလေး နဲ့ နေတဲ့ ကလေးလေးကို ငယ်ကတည်း စ စည်းရုံး ကျောင်းထား၊ ကျောင်းပြီး တဲ့ အချိန်မှာ ရဲ တပ်ဖွဲ့ထဲကို ပို့ပါတယ်။ အဲဒီ ကောင်လေးက Matt Damon ပါ။

 

တချိန်တည်းမှာပဲ တခြါးနေရာက မိသားစု မှာ ဒုစရိုက် နာမည်ပျက်တွေ ပြည့်နေတဲ့ ကောင်လေးတစ်ယောက်ကလည်း မိသားစု ကို စိတ်ကုန်ပြီး ရဲတပ်ဖွဲ့ထဲကို ဝင်ပါတယ်။ Dicaprio ပါ။

တပ်ဖွဲ့မတူပေမဲ့ ထူးချွန်တာ တူတာမို့ အထူးတပ်ဖွဲ့က အင်တာဗျူးပြီး ခေါ်တဲ့ အခါမှာ Gangster Jack Nicolson ရဲ့ မွေးစားသားက အမဲစက် ရက်ကော့မရှိပဲ လူကြီးကြိုက် နဲ့ ရာထူး တစ်နေရာရသွားပါတယ်။

Dicaprio ကတော့ မိသားစု အမဲစက်နဲ့ လူကြီး မျက်စိစူးပြီး Undercover ရဲ အနေနဲ့ ပဲ နေရမယ် လို့ ကမ်းလှမ်းခံရပါတယ်။

Martin Sheen

Mark Wahlberg (နောက်ဆုံး Transformer ကားရဲ့ မင်းသား)

Alec Baldwin တို့က အထက်လူကြီးတွေပေါ့။

Undercover ရဲ Dicaprio ရဲ့ ကိုယ်ရေးမှတ်တမ်းက Martin Sheen နဲ့ Mark Wahlberg တို့ပဲ သိထား ကိုင်ထားခွင့်ရှိတာဖြစ်ပါတယ်။

Matt Damon က သူ့ မွေးစား အဖေ ကို စောင့်ကြည့်ဖမ်းဆီးရမဲ့ အထူးတပ်ဖွဲ့ထဲ ရာထူးတွေ တိုးတိုးလာချိန် တစ်ဖက်မှာ လည်း Dicaprio က လူဆိုး ခေါင်းဆောင် Jack Nicolson နားမှာ နေရာ တစ်ခု ရသူဖြစ်လာပါတယ်။

သူလျှို ၂ ယောက် ဟိုဘက် ဒီ ဘက် သီတင်း အပြန်အလှန် ပေးနိုင်မှုတွေ

ရဲတပ်ဖွဲ့ နဲ့ လူ ဆိုးဂိုဏ်း ကြား ညာဏ်ကစားမှုတွေကို တဖြေးဖြေးချင်းရိုက်ပြသွားတာပါ။

.

.

.

အဲဒီကားကြည့်ပြီး ကြိုက်လွန်းလို့ မူရင်း ဟောင်ကောင် ကားတွေပါ ရှာကြည့်လိုက်တော့ အဲဒီကားကလည်း မင်းသား ၂ ယောက် အပြင် ဇာတ်ပို့တွေကိုပါ မင်းသားကြီးတွေ သုံးထားတာပါ။

ဟောင်ကောင် ကားကတော့ ဇာတ်ရုပ် လိုက်ဖက်တယ်လို့ ခံစားရပါတယ်။

The Infernal Affairs (2002)
The Infernal Affairs (2002)

Andy Lau ကရဲ သူလျှို နေရာက ဖြစ်ပြီး

Tony Leung ကတော့ လူဆိုးဘက်ရောက် Undercover ရဲ အဖြစ်

ဒါ့အပြင် Anthony Chau-Sang Wong နဲ့ Eric Tsang စ တဲ့ မင်းသားကြီးတွေပါ ပါ လို့ ကားကောင်း တစ်ကား ဖြစ်မယ် ဆိုတာ ငြင်းမရပါဘူးနော့။

ဟောင်ကောင်ကားကို ၂ ကားလုံး ကြည့်မယ် ဆိုရင် ၂ က စကြည့်ပြီးမှ ၁ ကို ကြည့်ပါလို့။

၂ က ငယ်ဘဝတွေကို ရိုက်ထားတာမို့ Edison Chen   နဲ့ Shawn Yue   စတဲ့ မင်းသား အငယ် ၂ ယောက်ကို သုံးထားပါတယ်။

တစ်ကားပဲ ကြည့်မယ် ဆိုရင်တော့ ၁ ကို ပဲ ကြည့်ပါ။ ၁ ဇာတ်သိမ်း ကြည့်ပြီးရင် ၂ က ကြည့်လည်း မထူးတော့ဘူး ခံစားရပါတယ်။

ဒီ ကားတွေ ကြည့်ပြီး ကျနော် ခံစားမိတာကတော့ ကျနော်တို့ကို အန်ဒရယ်ကနေ ကာကွယ်နေတယ်လို့၊

ထင်ရ …

ယုံကြည်ရ…

အသံကောင်းဟစ်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ထဲမှာရော ဘယ်လောက် ပရော်ဖစ်ရှင်နယ်ဆန်တဲ့ စိတ်ဓာတ်မျိုးတွေ ရှိမလဲ၊ ဘယ်လို စိတ်ဓာတ် ပုပ်ပွမှုတွေရှိမလဲ ကျနော်တို့ ဘယ်လောက် အထိ သိနိုင်မလဲ မသိ။

 

18 comments

  • အောင် မိုးသူ

    August 25, 2015 at 1:19 pm

    လီယိုနာဒိုကားကတော့ ကြည့်ဖူးတယ် သေချာမကြည့်ရသေးဘူး။ သိတာတစ်ခုက အဲသည်ကားနဲ့
    လီယိုနာဒိုက အော်စကာ စကာတင်ဝင်သေးတယ်နော်။ ခဏခဏ တင်နေတဲ့သူ့ကို ရစေချင်မိနေပြီ။

    • ဇီဇီခင်ဇော်

      August 25, 2015 at 1:29 pm

      နိုမိနိတ်တက်စာရင်းထဲ ဝင်လိုက် မရလိုက်ဖြစ်နေတာ ရ ခါ လောက်ရှိပြီ။

      🙂

  • kai

    August 25, 2015 at 1:39 pm

    .. အော်စကာရွေးတာက.. အဲဒီအော်စကာအဖွဲ့ထဲပါတဲ့..လူတွေထောင်ချီအများကြီးဗျ..။
    ဘယ်သူတွေလည်းတောင် သိကြတာမဟုတ်..။
    ပြောချင်တာက…
    ဒီလ.. သတင်းစာထဲပါတဲ့.. အောက်က ကိုရင်ဘလက်နုတ်ထုတ်ထားတဲ့စာကို.. အဖြေရှာနည်း.. သိစေချင်လို့ပါ..။

    “ဒီနှစ် အကယ်ဒမီ အတွက် စိစစ် အကဲဖြတ် အဖွဲ့ ဖွဲ့စည်းဖို့အခက်အခဲ ဖြစ်နေရတဲ့ အကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးလူမင်း
    ကထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။“အတွေ့အကြုံရှိတဲ့ အနုပညာရှင် အတတ်ပညာရှင် တွေ အများကြီး ရှိပါတယ်။ဒါပေမယ့် ကိုယ့်ဘာသာကိုယ်နေနေတာ မှ အကောင်း၊ အများအတွက် ဆိုပြီးတော့ထုံးစံအတိုင်း ဝင်ပြီး ကူညီလိုက်ကာမှ အပြောအဆိုခံ၊ ဝေဖန်ခံရတာမျိုးကို မလုပ်ချင်ကြတော့ဘူး”လို့ ဆိုပါတယ်။အကယ်ဒမီ ပေးပွဲကြီးကို လာမယ့် ၂၀၁၆ ဖေဖေါ်ဝါရီ နောက်ဆုံးပတ်လောက် ကျင်းပဖို့လျာထားတယ် လို့ ဦးလူမင်း က ပြောကြားလိုက်ပါတယ်။

    ======================
    The following is a detailed and yet hopefully clear description of exactly how the Oscar nominees are determined.

    (1) The Academy is made up of approximately 6,000 members. Each member belongs to a branch — the directing branch, the writing branch, the cinematography branch, etc. You can’t belong to multiple branches, so the Coen brothers are out of luck even though they direct, write, and edit their movies.

    (2) Each branch votes within its own category: Actors vote for all the acting categories; directors vote in the direction category; and so on. Everybody gets to vote for Best Picture.

    (3) Voters are asked to list up to five names, ranked in order of preference. The Academy instructs voters to “follow their hearts” because the voting process doesn’t penalize for picking eccentric choices, as we will see. Also, listing the same person or film twice doesn’t help their cause — in fact, it actually diminishes the chance that the voter’s ballot will be counted at all.

    (4) A “magic number” is devised for each award category. This number is calculated by taking the total number of ballots received for that category and dividing it by the number of possible nominees plus one. So, for Best Actress, say that 600 ballots were received. There are always five nominees chosen for Best Actress, so you divide 600 ballots by six (five potential nominees plus one), which equals 100. That’s your magic number.

    (5) The magic number is important because as soon as a potential nominee reaches that number, they automatically become an official nominee. And so, the counting begins…

    (6) The ballots are sorted into piles based upon each voter’s first-choice selection. A nominee must have at least one first-choice vote to be eligible. If any nominee reaches the magic number based solely upon first-choice selections, they’re in. So, for the 1939 race, let’s say Bette Davis received 125 first-choice votes. She’s now an official nominee, and all the ballots that listed her as a first-choice are set aside — those ballots are done.

    (7) We now have four nominee slots left to fill. The actress who received the fewest first-place votes is eliminated, and those ballots are redistributed to the other piles based upon those voters’ second-place selections and another round of tabulations begin. Let’s say Vivien Leigh started out with 98 first-choice votes, and now has received two more votes from ballots that were redistributed. She has reached the magic number (100) — she’s in! All the ballots in Vivien Leigh’s pile are set aside.

    (8) This process is continued. The actress who has the fewest ballots in her pile has those ballots redistributed to other piles based upon the voters’ second-choice selections, and if need be, their third-choice, fourth-choice, and fifth-choice selections. If a ballot runs out of selections, that ballot is voided and is no longer in play, which is why it’s important for voters to list five different nominees.

    (9) The magic number will drop as ballots are voided. For instance, if 12 ballots are voided, the new magic number becomes 588 divided by 6 = 98.

    (10) Actresses continue to be eliminated and ballots redistributed until five nominees reach the most current magic number, OR until there are only 5 nominees left in the running.

    • ဇီဇီခင်ဇော်

      August 25, 2015 at 1:44 pm

      ဟိ။
      ဒါကတော့ ဘယ် အဖွဲ့အစည်းထဲရောက်ရောက် ပရိုကျတဲ့ စိတ်မျိုး အမူအကျင့်မျိုးရှိရင်တော့ အပြေါခံရတာကို မကြောက်သင့်တော့ဘူးးး လို့ပဲ ယူဆပါတယ်။

      ကိုယ့်ဘက်က လည်း မမှန်ပဲ မမှန်ဘူး အပြေါခံရရင်လည်း မနာတတ်ဖို့ (ဟို ယူနီဖောင်းဝတ်တွေလို)
      ကိုယ့်က တရားနည်းလမ်းကျ စံချိန်မှီ လုပ်ကိုင်တာကို လာပြေါရင်လည်း ဂရုမစိုက်ပဲ နေနိုင်ဖို့ (ဒို့ လေဒီလို) စိတ်ဓာတ်လေးတွေ လိုသားကလားး

      အဟမ်းးးး

      :mrgreenn:

  • @QUIL@

    August 25, 2015 at 1:39 pm

    အဲ့ဘဲက အော်စကာ စံမီ မဟုတ်တော့ … စံလွန်နေလို့ ပေးမရလို့ မပေးတော့တာ…
    😛

    • ဇီဇီခင်ဇော်

      August 25, 2015 at 1:46 pm

      အေးဆို။
      အော်စကာ ဝင်တဲ့ ကားတွေကို ပြီးမှ သိတာချည်းပဲ။
      အဟင့်။
      :a:

  • black chaw

    August 25, 2015 at 1:47 pm

    လီယိုနာဒို ရဲ့
    အဲဒီကားကို အလွတ်ရနေလောက်အောင်ကို
    ကြိုက်လွန်းလို့ အကြိမ်ကြိမ် ပြန်ကြည့်ခဲ့ဖူးပါတယ်…။
    ဇာတ်က မထင်မှတ်တဲ့ အချိန်မှာ မထင်မှတ်တဲ့ အလှည့်လေးတွေနဲ့
    ဟာကနဲ ဟင်ကနဲ ဖြစ်သွားရလောက်အောင်
    စွဲဆောင် မှု ရှိပါတယ်…။
    မထင်မှတ်တဲ့ အချိန်မှာ Matt Damon က သူ့ မွေးစားအဖေ Jack Nicolson ကို
    သတ်လိုက်ပါတယ်…။
    လီယိုနာဒို ကို သတ်လိုက်တော့လည်း
    ဟာကနဲ ဖြစ်ရလောက်အောင် ကရုဏာသက်စေခဲ့ပါတယ်…။
    Matt Damon တစ်ယောက်တော့ အေးအေးဆေးဆေး ပဲ အခက်အခဲတွေကို
    ကျော်ဖြတ်သွားနိုင်ပြီလို့ ထင်မှတ်ထားချိန်မှာမှ
    Mark Wahlberg ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာကလည်း
    ထင်မှတ်မထားမိတဲ့ လှည့်ကွက်မျိုးပါပဲ…။
    Mark Wahlberg ရဲ့ စမတ်ကျတဲ့ သတ်ဖြတ်ခြင်းကြောင့်
    ခုနက လီယိုနာဒိုကို သတ်လိုက်လို့
    မကျေမနပ်ဖြစ်နေတဲ့ စိတ်တွေကို ကျေနပ်မှု ရစေပါတယ်…။
    အဲဒီကားမှာ တစ်ယောက်ခြင်းစီ က အံဝင်ခွင်ကျဖြစ်နေပြီး
    ဒါရိုက်တာကလည်း ဇာတ်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်မောင်းနှင်သွားနိုင်ခဲ့ပါတယ်…။
    ကျွန်တော် အဲဒီကားမှာ အကြိုက်ဆုံးက Mark Wahlberg ပါပဲ…။
    ဟောင်ကောင်ကားတော့မကြည့်ဖူးပေမယ့် အဲဒီလို ဇာတ်လမ်းပုံစံလေးတွေကို
    ကြိုက်တတ်တာကြောင့် ရှာဖွေကြည့်ရှုရတော့မှာပါပဲဗျာ…။
    ကျွန်တော် တကယ် စွဲစွဲ လန်းလန်း ကြိုက်ခဲ့တဲ့ ရုပ်ရှင် တစ်ကားအကြောင်း
    ပြန်အစဖေါ် ပေးလိုက်လို့ ကျေးဇူး အများကြီးတင်ပါတယ်ဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

    • ဇီဇီခင်ဇော်

      August 25, 2015 at 1:57 pm

      ကျနော်က အဲဒီ မင်းသားကို မကြိုက်ဘူးဗျ။
      အမူအရာအသက်မဝင်ဘူး ခံစားရလို့။

      ဘာပဲပြေါပြေါ ဒီလောက် အသေးစိတ်မှတ်မိလို့ကို စိမ်းလိုက်ပါတယ် ကိုဂျီးဘက်။

      :k:

  • အောင် မိုးသူ

    August 25, 2015 at 1:56 pm

    Blood Diamond, The Departed, Walk of Wall Street, The Great Gatsby, Catch me If you can တို့နဲ့ ကြိုက်ခဲ့တာ အဲ့သည်ထဲမှာ The Great Gatsby ကို သဘောအကျဆုံး။

    • ဇီဇီခင်ဇော်

      August 25, 2015 at 2:00 pm

      The Great Gatsby တော့ မကြည့်ရသေးးး

      Wolf of Wall Street ကားလည်း စကားတွေက ကြမ်းလွန်းလို့ အတော်သည်းခံပြီး ကြည့်ရတယ်။
      ပြကွက်တွေရောပဲ။
      အမူအရာက အတော်ကောင်းတယ်။
      အဲဒါလည်း နိုမိနိ ဝင်သလေ။

      🙂

      • အောင် မိုးသူ

        August 25, 2015 at 2:06 pm

        နိုမီနိတ် အခါခါဝင်ပြီး အခါအခါမရခဲ့လို့ မကျေနပ်သာပါလေ ဒါပေမယ့် မနှစ်တုန်းကတော့ British Acadamy Award ရသွားလို့ အနည်းငယ် စိတ်ကျေနပ်မိတယ်။
        🙂

    • ဂျက်စပဲရိုး

      August 25, 2015 at 2:18 pm

      Wolf of Wall Street နဲ့ The Great Gatsby ကို ဘာလို့ လူကြိုက် များ ကြသလဲ တယ်ပြီး နားမလည်ဘူး။
      ဒရာမာ ဆိုတာထက် ပိုပြီး ဇာတ်ဆန် နေသလို ခံစားရလို့။

      Django ထဲမှာလဲ လီယိုနာဒို တစ်ယောက် ကောင်းတယ်။
      ဖတ်ဖူးတာတော့ အဲ့ ဇာတ်ကား မှာ ပုလင်း ကို ရိုက်ခွဲတဲ့ ဇာတ်လမ်းမှာ သူ့လက်ကို တကယ်ကြီး ပုလင်းကွဲ တွေ ရှပြီး သွေးတွေ ထွက်ကုန်တာ
      အဲ့ဒါကို မရပ်ဘဲ ဆက်ပြီး သရုပ်ဆောင် သွားတယ် တဲ့။

      • ဇီဇီခင်ဇော်

        August 25, 2015 at 2:22 pm

        အင်း နည်းနည်းတော့ ဇာတ် က အိုဗာဖြစ်တာပေါ့။
        ဒါပေမဲ့ သူ့ အမူအရာမှာ သူက လီယိုနာဒို ဆိုတာ ပျောက်သွားအောင် သရုပ်ဆောင်နိုင်တာမို့ ပြေါရတာ။

        ဂျက် ပြေါတဲ့ ကား မကြည့်ဖူးဘူးးး 🙂

        • အောင် မိုးသူ

          August 25, 2015 at 2:30 pm

          ကျော်လည်း မကြည့်ဖူးသေးဘူး။ The Great Gatsby ထဲမှာတော့ တစ်ဖက်မင်းသားနဲ့ အပြိုင် သူ့ချစ်သူကို တစ်ဖက်ယောက်ျားကို မချစ်ပါဘူးလို့ ပြောခိုင်းတဲ့အခန်းဟာ အရမ်းမိုက်တယ်။

      • @QUIL@

        August 25, 2015 at 2:39 pm

        Django Unchained (2012)
        ရှယ်ဗဲ

        😀

  • Mike

    August 25, 2015 at 2:41 pm

    .The Departed ကြည့်ဖူးတယ်..ကြိုက်ပါတယ်..

  • မစုဉာဏ်

    August 26, 2015 at 1:20 am

    The Departed ကို ကြည့် ဖူးပေမယ့် Infernal Affair ကိုတော့ မကြည့်ဖူးပါ။
    ဒီ post လေး ကြောင့် ခွေငှား ကြည့်ပါဦးမယ်။

Leave a Reply