လက်ဖက်အုပ် နဲ့ ပုံစား

ဇီဇီAugust 26, 20151min59042

နေ့ခင်း အိပ်ချင်ပြေ
ဂျင်း လက်ဖက်ပုံစားလေးစားကြပါဦးး။

အသုပ်တွေကို အချိုးမေးတဲ့သူကြီးကို

စိတ်နာလို အသုပ်မတင်တော့ဘူးး
ဒါဗျဲ။ :mrgreenn:

ဒါ ပုဂံက ဝယ်လာတဲ့ လက်ဖက်အုပ်လေးလေ။
ဆွမ်းအုပ်လေးနဲ့ နောက်မှ ရိုက်အူးမယ်။
ဟိ။

 

 

1
1

 

2
2

 

IMG_7772

 

 

42 comments

  • အောင် မိုးသူ

    August 26, 2015 at 1:50 pm

    ဂျင်းသုတ်ဆိုလည်း ကြိုက်တယ် ကြက်သွန်ကြော် နှမ်း နဲ့ ဂျင်းကို ပိုကြိုက်တယ်။ ပုံစားလည်း ကြိုက်တယ်။ ပဲမှုန့်နဲ့ သုပ်စားတာလည်း ကြိုက်တယ်။

    • ဇီဇီခင်ဇော်

      August 26, 2015 at 1:52 pm

      ဟိဟိ။
      ဂျင်းသုပ်ကို ၁၂ မျိုးပြည့်အောင် စောင့်သုပ်လိုက်အူးမယ်။

      လက်ဖက်ကို သုပ်တာ ပိုကြိုက်တယ်။
      ကြက်သွန်နီ
      ဒညင်းသီး
      ပြေါင်းဖူး
      ပါတာတွေလည်း ကြိုက်တယ်

      :k:

      • အောင် မိုးသူ

        August 26, 2015 at 1:58 pm

        လက်ဖက်အညွှန့်
        ချဉ်စပ်ထောင်းထားတာရယ်
        ပြောင်းဖူးပြုတ်
        ဒညင်းသီး
        ပုစွန်ခြောက်
        ဂေါ်ဖီပါးပါး
        ပန်းဂေါ်ဖီရေနွေးဖျော
        ခရီးချဉ်သီး
        ငရုတ်သီးစိမ်း

        • ဇီဇီခင်ဇော်

          August 26, 2015 at 2:00 pm

          ငင်။
          ပန်းဂေါ်ဖိရော မိုးသူပြေါတဲ့ မုံလာဥဖြူရော ထည့်မစားဖူးဘူးး
          ဟီးဟီးးး
          :k:

  • kai

    August 26, 2015 at 2:24 pm

    လဖက်ဆောင်းပါးရေးမယ့်သူရဲ့..
    အမေးခံရတဲ့မေးခွန်းအထဲမှာ.. လဖက်သုတ်ကို.. ဆလပ်ရွက်ရယ်..။ လဖက်အသားရယ်..။ ငရုပ်သီးစိမ်းရယ်ပဲပါပြီး..သုတ်စားကြတာမျိုးရှိလားလို့ပါတယ်..။
    ဘယ်မှာစားလာသလဲဆိုတော့.. အေရှန်းဆိုင်တဆိုင်မှာတဲ့..။
    သေချာမေးတော့မှ.. မြန်မာလဖက်သုတ်က.. စိန့်တိုင်းသားတွေ..။ ဗီယက်နမ်တွေ.. ထိုင်းလူမျိုးတွေဆိုင်မှာ.. ရောင်းနေတာကိုးဗျ..။
    ပေါက်ချက်က..ကောင်းပေမယ့်.. ထိချက်ကနာ..။

    ခုတလော.. မြန်မာဆိုင်တွေထဲ..အပေါက်ဆုံးဖြစ်ပြီး.. လူတွေတန်းစီစားနေတဲ့(ဗမာလူမျိုးမပါ)ဆိုင်တွေက..
    http://www.rangoonruby.com/lunch.html

    အဲဒီမှာ.. စားပွဲထိုးဘိုမက..သံပုရာသီးကိုစတိုင်နဲ့ညစ်.. စတိုင်နဲ့ စားသုံးသူစားပွဲပေါ်တင်..နယ်မွှေပေးတယ်..။
    ဆိုတော့..
    လက်ဖက်သားကို.. ယူအက်စ်မှာထုတ်လုပ်ရောင်းရင်.. သူဌေးဖြစ်မှာသေချာ..။ :k:

    • ဇီဇီခင်ဇော်

      August 26, 2015 at 2:33 pm

      ခွီးးးးး
      တရုတ် နှစ်ကူးသုပ် စတိုင်နဲ့ ရောင်းနေလားမှ မသိပဲ။

      အဲဒီ စတိုင်တွေ ဘေးချိတ်ပြီး ဇလုံထဲ ခုနပြေါတာတွေ အကုန်ထည့်၊
      လက်နဲ့ (အဲ တခါသုံးလက်အိပ်လေးတော့ စွပ်လိုက်ပါ့မယ်လေ)
      နယ်ပြီး သားကို ကျွေးချင်ထာ။

      လက်ဖက် ကို ဘိုဆန်ဆန် ရောင်းရင်လည်း ဖြစ်ပါတယ်။
      ဒါပေမဲ့ အရသာကတော့ မြန်မာဆန်မှပဲ ရမယ်။

      :mrgreenn:

    • ဇီဇီခင်ဇော်

      August 26, 2015 at 2:39 pm

      တဂျီး
      ဆိုင်ရဲ့ အစားတွေပြင်ဆင်ပုံ ဒက်ကို ကတော့ အတော်မိုက်သဗျာ။
      လက်ဖက် သုပ်ဖို့ ပုံထားပုံက အမိုက်စားးး
      ကတောက်။

      👿

      အားမလိုအားမရဖစ်လိုက်ထာ

      • kai

        August 26, 2015 at 3:01 pm

        .. ဈေးကထင်တာထက်..၂ပြန်လောက်ကြီးသဗျ..။
        ဆီလီကွန်ဗယ်လီထဲကစလိုက်တာ.. အခုဆို.. ၄ဆိုင်တောင်ဖြစ်သွားပြီ..။
        ပထမဆုံးဆိုင်ရဲ့.. အပြင်အဆင်မှာ.. နံရံကပ်ထားတဲ့ပုံတွေကို.. ပြက္ခဒိန်ထုတ်မယ့်ဆြာတွေသေသေချာချာကြည့်သင့်တယ်..။
        http://www.rangoonruby.com/uploads/1/3/7/0/13708089/1665112_orig.jpg

        • ဇီဇီခင်ဇော်

          August 26, 2015 at 3:05 pm

          မိုက်တယ်ဗျာ။
          အဲဒီလိုရှင်းရှင်းလင်းလင်း ဒက်ကိုရေးရှင်းကို ကြိုက်တာ။
          ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။
          မြန်မာ အစားအသောက်အတွက် အဲဒမှာ လိုက်ကျွေးရင် မျက်နှာငယ်စရာမလိုတော့ဘူးပေါ့။

          ဒီမှာ လည်း တစ်ဆိုင်ရှိပါတယ်။

          အရသာကတော့ စိတ်တိုင်းမကျဘူးး
          ဒါပေမဲ့ သူများတွေ ကို ခေါ်သွားလို့ ကောင်းတယ်။

          :a:

        • @QUIL@

          August 26, 2015 at 6:54 pm

          Abstract တွေများတယ်ဗျ…
          ပြီးတော့ Frame အကျပ်တွေ..
          တန်ရုံ မရိုက်ရဲလောက်မယ့် Crop တွေ…

          ကောင်းလေစွ…

        • kai

          August 27, 2015 at 4:18 pm

          ဓာတ်ပုံတွေကို… ဒီဇိုင်နာဆြာကပြင်ပလိုက်တာလို့.. ထင်တယ်..။
          ဟောဟို ရွာ့ကလင်န်ဒါမှာ.. ပုံတွေသိပ်များနေရင်အဲလိုလုပ်ပစ်ပေါ့..။ :k:

  • black chaw

    August 26, 2015 at 2:30 pm

    ဖြန့်ထွက်တွေးကြည့်တာပါဗျာ…။
    အခုတင်ထားတဲ့ လဘက်အုပ်လေး က ဆက်စီ ဖြစ်ပါတယ်…။
    မြင်တာနဲ့ တစ်ဇွန်းလောက် နှိုက်မြည်းလိုက်ချင်စရာပါပဲ…။
    ဒါပေမယ့်
    သူ့ချည်းသာလော ဆိုရင်တော့ မဟုတ်ပြန်သေးဘူး။
    ဘေးက ရေနွေးခွက်လေး ကို အသာဖယ်
    ဒဗယ်ဘလက် လေး နဲ့ ဆိုရင် အတိုင်းထက်အလွန်ပါပဲဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

    • ဇီဇီခင်ဇော်

      August 26, 2015 at 2:34 pm

      ဒေါ်ဘယ်ဘလက်နဲ့ တော့ မတွဲဖူးဘူးးး
      ရှန်ပိန်နဲ့ တွဲပြီး နောက်ရက် အိမ်သာထဲက မထွက်ရတာတော့ မှတ်မိတယ်။
      :mrgreenn:

    • kai

      August 26, 2015 at 2:40 pm

      ရှုမဝဦးကျော်ရဲ့.. မြေးတယောက်က.. ယူအက်စ်မှာနေသဗျ..။
      သူကတော့.. အရက်သောက်ရင်.. အမြည်းက.. လဖက်ချဉ်ငန်စပ်အသားချည်း..။

    • ဇီဇီခင်ဇော်

      August 26, 2015 at 2:46 pm

      အမြည်းအတွက်ဆို ဂလိုလုပ်။
      လက်ဖက်ကြမ်း ကို ဆားနဲ့ ထောင်းး
      ထောင်းရင်း ငရုတ်သီးစိမ်းပါ ညက်အောင် ထည့်ထောင်း
      ကြက်သွန့်ဖြူပါ ထည့်ထောင်းး
      ပုဇွန်ခြေါက်ပါ ထည့်ထောင်းးးး
      အကုန်ညက်ရင် သံပုရာသီးကို လက်ဖက်အနှံ့စိမ့်ဝင်အောင် ညှစ်ပေး။
      ဆီစိမ်း စိမ်
      တစ်ညထားပြီး မြည်းလို့ရပြီ။
      :mrgreenn:

      • kai

        August 26, 2015 at 2:52 pm

        အရက်ကလည်း..အရသာခါးသွေးကြွ..။ လဖက်ကလည်း..အရသာဖန်ခါးသွေးရွနဲ့.. ကြွရွကြီးဖြစ်နေမလားတော့မသိ..။

        ကျုပ်ကတော့.. လဖက်ကိုရေနွေးကြမ်းနဲ့မြည်းတာ..အကြိုက်ဆုံး..။
        တမျိုးတဘာသာစီ..။

        • ဇီဇီခင်ဇော်

          August 26, 2015 at 2:54 pm

          သူတို့ မြည်းချင်တယ် ဆိုလို့ ပြေါတာပါဗျာ။
          လက်ဖက်နဲ့ အကြမ်းရည်ပဲ လိုက်ပါတယ်။

          🙂

    • ဇီဇီခင်ဇော်

      August 26, 2015 at 2:56 pm

      – လက်ဖက်ကို ခရမ်းချဉ်သီးလေးကို ပါးပါးလှီး၊ ငရုတ်သီးစိမ်းလေးကို ပါးပါးလှီးး ပြီး သံပုရာရည်၊ငံပြာရည်နဲ့ စိမ်ထား

      – ဂေါ်ဖီထုတ်လေး ပါးပါးလှီးပြီး တစ်ပုံ ပုံ၊

      – ဒညင်းသီးကို ပြုတ်ထားတာလေး ပါးပါးလှီးပြီး တစ်ပုံ ပုံ၊

      – ကြက်သွန်နီလေး ပါးပါးလှီးပြီး တစ်ပုံ ပုံ

      – ကြက်သွန်ဖြူ အသေးအမွှာလေးတွေ တစ်ပုံ၊

      – ပြောင်းဖူးပြုတ်ထားတာကို ချွေထားတာကို တစ်ပုံ ပုံ၊

      – ၂ ပြန်ကြော်လေး ထည့်

      – ပုဇွန်ခြောက်မှုန့်လေး ထည့်

      – ဆား နဲ နဲ ထည့် ဆီလေး ဆမ်းပြီး နယ်လိုက်ပါ။

      တစ်ချို့က သံပုရာသီးအစစ် အခွံပါးလေးတွေ ညှပ်ထည့်တယ်။

      သုတ်ပြီး ပန်းကန်လှလှလေးထဲ ထည့်၊ အပေါ်က ပုဇွန်ခြောက် အကောင် လှလှလေးတွေ ဖြူးပြီး မြည်း။

      :mrgreenn:

  • Alinsett @ Maung Thura

    August 26, 2015 at 2:38 pm

    လက်ဖက်ကို.. ရိုးရိုး ကြွေပန်းကန်မှာ ထည့်ထားတာထက်… ဒီလို ယွန်းအုပ်ကလေးထဲ ထည့်ပြထားရင်..
    ပိုပြီး သွားရည်ကျတယ်…
    ရှလွတ်…

    :k:

    • ဇီဇီခင်ဇော်

      August 26, 2015 at 2:40 pm

      ဟုတ်တယ်။
      ယွန်းနံ့ရယ် လက်ဖက်ရည်ကြမ်း နံ့ရယ်။
      ဒါတောင် လက်ဖက်ရည်ပန်းကန်လုံးတို့ ကရားတို့ မရှိလို့ပေါ့ကွာ။

      :k:

  • အောင် မိုးသူ

    August 26, 2015 at 3:13 pm

    တစ်ရက်တော့ ရိုက်ဦးမှပါ ခက်တာက ကိုယ်က ဖုန်းကင်မရာလေးနဲ့ဆိုတော့။ ဒါပေသိ အမေပိုက်ဆံရရင်
    ကင်မရာတစ်လုံး ပူဆာထားတယ် ရရင်တော့ ရိုက်ပြီပဲ ဟိဟိ။

    • ဇီဇီခင်ဇော်

      August 26, 2015 at 3:32 pm

      ရိုက်စမ်းဘာ့ အေ။
      ဒီဇိုင်းသမားက အမြင်ရှိပြီးသားရယ်။

      🙂

  • Mike

    August 27, 2015 at 10:15 am

    .လဖက်နဲ့ထမင်းဖြူစားရတာကိုသဘောက ျတယ်…ကေ ျာင်းတုန်းက ဆူးလေမီးသတ်ရုံးကြီးနား
    .ဒေါ်ရိတ်ကြီး ဆိုတဲ့ လဖက်ဆိုင်သွားစားတာသတိရမိတယ်…နာမည်နဲ့လိုက်ပါ့
    .အခုတော့ က ျုပ်နေတဲ့ ဆင်ရေတွင်းမှတ်တိုင်ထိပ်မှာတစ်ဆိုင်ရှိရဲ့..ညနေရုံးဆင်းချိန်တွေဆို
    .လူစီမှစီပေါ့…ဒီတစ်ခါ ကေဇီပြန်လာရင်ဝယ်ကျွေးမယ် 🙂

    • ဇီဇီခင်ဇော်

      August 27, 2015 at 1:12 pm

      ထမင်းကြမ်းနဲ့ လက်ဖက်လေး စားလိုက်
      ငရုတ်သီးလေးကိုက်လိုက်
      ကြက်သွန်ဖြူလေး ကိုက်လိုက်
      ရေနွေးလေးသောက်လိုက် နဲ့ဆို မိုက်နေရောပဲ

      🙂

  • Ma Ma

    August 27, 2015 at 9:07 pm

    လက်ဖက်ဆိုရင် ကိုယ်တိုင်သုတ်တာ မကြိုက်ဘူး။
    သူများသုတ်တာဆို ကြိုက်တယ်။
    လူအများနဲ့ စားရရင် ကြိုက်တယ်။ 🙂

    • ဇီဇီခင်ဇော်

      August 28, 2015 at 8:59 am

      လက်ဖက် ထမင်းသုတ် တို့ လက်ဖက်ထမင်းကြော်တို့လည်း ကောင်းတယ်။

      🙂

  • Ma Ei

    August 28, 2015 at 12:56 pm

    လက်ဖက်သုပ်ကို ငယ်ငယ်ကတော့ အဆာပလာမျိုးစုံလေကြိုက်လေပေါ့
    ခုတော့ လက်ဖက်ညွန့်ဆီစိမ် ကြက်သွန်ဖြူကြော် နှမ်းလှော် ပုဇွန်ခြောက်နဲ စားရတာဘဲကြိုက်တော့တယ်…
    အဖွားကြီးသုပ်လေ……
    🙂

    • ဇီဇီခင်ဇော်

      August 28, 2015 at 1:07 pm

      ဟုတ်တယ်။
      ပုံစားလေ။
      ဟိဟိ

  • Mr. MarGa

    August 29, 2015 at 12:09 pm

    တော်သေးရဲ့
    လက်ဖက်အုပ်ကိုပဲ ရိုက်ထားလို့
    ခုရက်ပိုင်းမှာ လက်ဖက်တွေ အမြင်များပြီး လက်ဖက်သုပ် (ပုံစား မဟုတ် တကယ့်အသုပ်) စားချင်စိတ်ပေါက်နေတာ
    ဒါပေမင့်
    အခုထိ မွေးသမိခင် လက်ရာကလွဲရင် မတိုးဘူး ဆိုတော့လည်း………
    စားရရင်တောင် အာသာပြေပါ့မလား မသိ..
    ဆိုတော့
    လက်ဖက်အုပ်ကိုတော့ သည်းခံနိုင်သေးသဗျာ
    အဲ…. အသုပ်တော့ ရိုက်မပြနဲ့ဦး
    ဒါဗျဲ
    :a:

  • ဦးဦးပါလေရာ

    August 30, 2015 at 12:11 am

    .ဒီပိုစ့်ကို ဝင်သာဝင်ကြည့်မိတာ ပုံတွေမြင်ရမယ်မထင်ထားဘူး
    .ဘာကြောင့်လဲဆိုတော့ အခြားပိုစ့်တွေ ဥပမာ အဘဖေါ၊ မမ၊ ကိုမိုက်၊ စသူတွေရဲ့ပိုစ့်တွေမှာ ပုံတွေမမြင်ရလို့ …
    .ဒါပေမယ့် ဒီပိုစ့်ကျတော့ မြင်ရတာ အစားအသောက်ပိုစ့်မို့ထင်တယ် 🙂

    .ကျုပ်အကြိုက်ဆုံး အစားအစာထဲမှာ လဘက်က ထိပ်ဆုံးကပါပြီး
    .ဒီကနေ့အထိ ပုံစံအမျိုးမျိုးနဲ့ စားနေတုန်းပဲ…
    .သူငယ်ချင်းတစ်ယောက်ကတော့ မှတ်ချက်ချဘူးတယ်
    .ဒီလောက်ဆေးလိပ်သောက်နေတာတောင် ကင်ဆာမဖြစ်သေးတာ လဘက်စားပြီး လဘက်ရည်ကြမ်းသောက်လို့ဖြစ်မယ် ဆိုပဲ….

    • Foreign Resident

      August 30, 2015 at 7:18 am

      ဦးဦးပါလေရာ says:
      ” ဒီပိုစ့်ကို ဝင်သာဝင်ကြည့်မိတာ ပုံတွေမြင်ရမယ်မထင်ထားဘူး
      အခြားပိုစ့်တွေ ဥပမာ အဘဖေါ၊ မမ၊ ကိုမိုက်၊ စသူတွေရဲ့ပိုစ့်တွေမှာ ပုံတွေမမြင်ရလို့ …
      .ဒါပေမယ့် ဒီပိုစ့်ကျတော့ မြင်ရတာ ”

      ပုံတင်တဲ့ Style တွေ မတူကြဘူး ဖြစ်နေတယ် ။
      ဇီဇီ ဒီပုံတွေ ဘယ်လိုတင်တာတုန်း ။

      • ဇီဇီခင်ဇော်

        August 30, 2015 at 8:34 am

        1. Adjust to document size 600×400 in Picture manager at PC first.
        2) and Add Media From Post as usual.
        That is all.

        🙄

      • Foreign Resident

        August 30, 2015 at 9:02 am

        ဇီဇီခင်ဇော် says:
        ” 2) Add Media From Post as usual. That is all. ”

        မတူဘူး ဇီဇီ ရဲ့
        ဇီဇီ ရဲ့ Post ကပုံတွေ ပေါ်ထောက်ကြည့် Arrow မျှား ဘဲ ပြတယ် ။
        ဘယ်ကိုမှလဲ ဆက်မသွားဘူး ။
        အဘ ရဲ့ Post ကပုံတွေ ပေါ်ထောက်ကြည့် လက်ညိုးလေး ပြတယ် ။
        ့ပြီးတော့ အဘတို့ Original Upload လုပ်ထားတဲ့ ၊
        Gazette ရဲ့ Media Library ကို ရောက်သွားတယ် ။

        • ဇီဇီခင်ဇော်

          August 30, 2015 at 10:36 am

          အဘပြောမှ ပြန်ကြည့်တာ ဟုတ်တယ်။
          ဘာလို့ပါလိမ့် ချာလပတ်လည်သွားပြီ။
          ကျနော်ပုံတွေလည်း Media Library ထဲမှာ ရှိတယ်လေ။
          အဲဒီထဲက မှတဆင့်ထည့်တာပဲ။
          ဟီးဟီး

    • ဇီဇီခင်ဇော်

      August 30, 2015 at 8:37 am

      ပုံ မြင်ရတယ်ဆို တော်သေးး ဦးးပါ..
      ပုံပြချင်လို့ တင်တာ ဆိုတော့

      :mrgreenn:

  • aye.kk

    August 30, 2015 at 7:27 am

    လဖက်သုပ်က
    မရိုးနိုင်ပဲနေ့စဉ်စားသုံးတဲ့စားစရာအနေနဲ ့
    မိဘလက်ထက်ကနေ၊ဒီနေ့အချိန်ထိပါဘဲ
    လဖက်သုပ်ကိုလဆန်း၁ရက်နေ ့တိုင်း
    သင်္ဘောရွက်အညွန် ့နဲ့အစဉ်အမြဲစားသုံးလေ့ရှိတဲ့
    ခင်ပွန်းရဲ ့ဖွားလေးကိုသတိရတယ်၊ဆေဒဖက်ဝင်တယ်ဆိုပြီး
    ဆေးကျမ်းမှာဖော်ပြထားလို့ဆိုပြီးပြောပြတာမှတ်သားရဘူးတယ်။
    ကိုယ်တွေကမိဘလက်ထက်ပေါ့နော်
    လဖက်သုပ်အကြိုက်လွန်ပြီးနေ့စဉ်စားတော့ နဝမတန်းကျောင်းသူအရွယ်လောက်မှာ
    မီးယပ်သွေးမပေါ်တော့ပဲ၊တစ်ကိုယ်လုံးအနှံ ့အရေပြားမှာအနီကွက်တွေထွက်လာလို့
    ဆေးရုံမှာပြယူရတယ်၊အရေပြားကုဌာနမှာပြယူရတဲ့အထိပါဘဲ၊သူငယ်ချင်းတွေကလည်း
    နူတယ်ထင်ပြီးအနားတောင်မကပ်ရဲကြတော့ဘူး၊ကျောင်းပါတစ်လတိတိပျက်ခဲ့ရတယ်။
    နောက်ပြီးအဖေအသိ၊ဆရာဝန်က၊၊အရေပြားကိုအပ်နဲ ့ထိုးကြည့်ပြီးနာကျင်တော့
    အရေပြားရောဂါမဟုတ်တာသေချာသွားမှအဖေကစိတ်အေးသွားတယ်၊လဖက်စားလို့ဖြစ်တာဆိုပြီး
    မပေးစားတော့ဘဲ၊လဖက်အကြော်ထည့်ထားတဲ့ဖန်ပုလင်းတွေ၊အိမ်ခန်းထဲထည့်ပြီးသော့ခတ်ပြီးသိမ်းရတယ်။
    လဖက်ကိုအကြိုက်လွန်သွားတာ၊ကိုယ်တွေလည်းကြောက်စိတ်ပါဝင်သွားတယ်၊နောက်လဖက်ကို
    သတိထားပြီးစားတော့တယ်၊ခုချိန်ထိလည်းလဖက်ကိုတော့စားနေမြဲပါဘဲ။

    • ဇီဇီခင်ဇော်

      August 30, 2015 at 8:35 am

      တီအေးးပြောမှ လန့်ထှာ..
      ကျနော် က တပတ် တခါလောက်ပဲ စားးတာ .. တော်သေးးး

  • ဦးကြောင်ကြီး

    September 1, 2015 at 9:01 am

    ဖိုက်တင်းဘောဟင်း နီတခါမှ မြေးဖူးဗူးနော ်….

    • ဇီဇီခင်ဇော်

      September 1, 2015 at 12:04 pm

      ဥကြောင် ဥ ကို ရိုက်ပြီးမှ တင်တော့မားလို့ စဉ်းစားတာပဲ။

      :kwi:

  • Shar Thet Man

    June 28, 2018 at 4:26 pm

    စားချင်တယ်နော်…

Leave a Reply