အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၁၃ ( Albany & Las Vegas ) ။

Foreign ResidentAugust 23, 201517min64726

အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား

ပေါ်တာ တောလား – ၁၃ ( Albany & Las Vegas ) ။

 

၁ဝ – ဝ၅ – ၂၀၁၄ ။

 

ဒီနေ့ကတော့ Nexus Holidays ရဲ့

ပင်မ အမေရိကန် ကနေဒါ ခရီးစဉ် အနေနှင့်ဆိုရင်တော့ ၊

အမေရိကန် ကနေ ပြန်ရတော့မယ့် Departure နေ့ပါ ။

ဒါပေမယ့် အဘတို့ကတော့ Optional Tour Extension အနေနှင့် ၊

Las Vegas မှာ ၃ ည အိပ် နှင့် San Francisco မှာ ၂ ည အိပ် ၊

ထပ်ဝယ်ထားတော့ ၊ Las Vegas ကို သွားရတော့မှာပေါ့ ။

 

မနက်စောစော Hotel က ထွက်ပြီး New York State Museum ကို သွားကြပါတယ် ။

နဲနဲလေး ရှင်းပြရရင် New York ပြည်နယ်ထဲမှာ New York မြို့ ပါဝင်ပေမယ့် ၊

New York မြို့ ဟာ New York ပြည်နယ် ရဲ့ မြိုတော် မဟုတ်ပါဘူး ။

New York ပြည်နယ် ရဲ့ တရားဝင် မြိုတော် က အဘတို့ အခုရောက်နေတဲ့ Albany မြို့ ပါ ။

ဒါ့ကြောင့် New York ပြည်နယ် Museum ဟာ Albany မြို့မှာ ရှိပါတယ် ။

 

13 ဒီဟာကတော့ New York ပြည်နယ် Museum ပါ ။

13 ဒီဟာကတော့ New York ပြည်နယ် Museum ပါ ။
13 ဒီဟာကတော့ New York ပြည်နယ် Museum ပါ ။

 

13 ဒါကတော့ New York ပြည်နယ် Museum ရှေ့က မြင်ကွင်းပါ ။

13 ဒါကတော့ New York ပြည်နယ် Museum ရှေ့က မြင်ကွင်းပါ ။
13 ဒါကတော့ New York ပြည်နယ် Museum ရှေ့က မြင်ကွင်းပါ ။

 

13 New York ပြည်နယ် ရဲ့ ဒုတိယ ကမာ္ဘစစ် အထိမ်း အမှတ် ရုပ်တုပါ ။

13 New York ပြည်နယ် ရဲ့ ဒုတိယ ကမာ္ဘစစ် အထိမ်း အမှတ် ရုပ်တုပါ ။
13 New York ပြည်နယ် ရဲ့ ဒုတိယ ကမာ္ဘစစ် အထိမ်း အမှတ် ရုပ်တုပါ ။

 

ဒါကတော့ New York ပြည်နယ် Museum ဘေးကပ်ရက်က ၊

New York ပြည်နယ် ရဲ့ ဒုတိယ ကမာ္ဘစစ် အထိမ်း အမှတ် ရုပ်တုပါ ။

အောက်မှာရေးထားတဲ့ စာသားတွေကတော့ ၊

Freedom Of Speech

Freedom Of Religion

Freedom From Want

Freedom From Fear

The Rights Of All Men Everywhere

သူ့ရဲ့ အောက်မှာတော့ စစ်ပွဲ အမှတ်တရ ရင်ထိုး တံဆိပ်တွေ နှင့် ၊

ဒုတိယ ကမာ္ဘစစ် အတွင်း အမေရိကန်တွေ တိုက်ခဲ့တဲ့ စစ်ပွဲတွေရဲ့ နာမည်တွေပါ ။

အဲ့ဒီ နာမည်တွေထဲမှာ Burma လဲ ပါပါတယ် ။

 

New York ပြည်နယ် Museum ထဲကို ဝင်ကြည့်မိတယ် ။

သိပ်ထူးဆန်းတာတော့ မတွေ့မိလှပါဘူး ၊

ဖွံဖြိုးပြီး နိုင်ငံတွေက Museum တွေ အတိုင်းပါဘဲ ၊ ကျယ်တယ် ၊ ကြီးတယ် ။

အဓိကက New York ပြည်နယ် ကို လူတွေ ဘယ်လို ရောက်ရှိလာကြတယ် ။

New York ပြည်နယ် ရဲ့ သမိုင်းကြောင်း နှင့် ယဉ်ကျေးမှုတွေ ပြထားပါတယ် ။

 

13 New York ပြည်နယ် နှင့် အမေရိကန် ကို လူတွေ ရောက်ရှိလာကြပုံပါ ။

13 New York ပြည်နယ် နှင့် အမေရိကန် ကို လူတွေ ရောက်ရှိလာကြပုံပါ ။
13 New York ပြည်နယ် နှင့် အမေရိကန် ကို လူတွေ ရောက်ရှိလာကြပုံပါ ။

 

13 ဒါကတော့ ရှေးခေတ်က Red Indian တွေ နေပုံ ထိုင်ပုံကို ရုပ်ထု နှင့် ပြထားတာ ။

13 ဒါကတော့ ရှေးခေတ်က Red Indian တွေ နေပုံ ထိုင်ပုံကို ရုပ်ထု နှင့် ပြထားတာ ။
13 ဒါကတော့ ရှေးခေတ်က Red Indian တွေ နေပုံ ထိုင်ပုံကို ရုပ်ထု နှင့် ပြထားတာ ။

 

13 ဟိုး အရင်ခေတ်က သုံးခဲ့တဲ့ မေါ်တော်ကား နှင့် Accessories တွေ ။

13 ဟိုး အရင်ခေတ်က သုံးခဲ့တဲ့ မေါ်တော်ကား နှင့် Accessories တွေ ။
13 ဟိုး အရင်ခေတ်က သုံးခဲ့တဲ့ မေါ်တော်ကား နှင့် Accessories တွေ ။

 

့ပြောရမယ် ဆိုရင် ၊ ဒီ Museum မှာ မှတ်မှတ်ရရ ဖြစ်ခဲ့တာ ဆိုလို့ ၂ ချက်ဘဲ ရှိတယ် ။

 

ပထမ အချက်ကတော့ ၊ ၁၁ – ၉ – ၂၀၀၁ နေ့ က ၊

New York ပြည်နယ် ရဲ့ အဓိက မြို့ ဖြစ်တဲ့ New York မြို့ ရဲ့ ၊

World Trade Centre တာဝါ ညီနောင်ကို တိုက်ခိုက်ခဲ့တဲ့ ၊

9/11 အဖြစ်အပျက် မှတ်တမ်းတွေကို ပြသထားတာပါဘဲ ။

 

13 ဒါက World Trade Centre ပြိုကျတုံး ပိပြီး မီးလောင်သွားတဲ့ မီးသတ်ကား ။

13 ဒါက World Trade Centre ပြိုကျတုံး ပိပြီး မီးလောင်သွားတဲ့ မီးသတ်ကား ။
13 ဒါက World Trade Centre ပြိုကျတုံး ပိပြီး မီးလောင်သွားတဲ့ မီးသတ်ကား ။

 

13 ဒါက World Trade Centre က အရည်ပျော် ကွေးကျသွားတဲ့ Frame ။

13 ဒါက World Trade Centre က အရည်ပျော် ကွေးကျသွားတဲ့ Frame ။
13 ဒါက World Trade Centre က အရည်ပျော် ကွေးကျသွားတဲ့ Frame ။

 

13 ဒါက ရဲ နှင့် လုံခြုံရေးတွေ ကိုင်ခဲ့တဲ့ လက်နက်တွေ ဖြစ်ပျက်သွားပုံ ။

13 ဒါက ရဲ နှင့် လုံခြုံရေးတွေ ကိုင်ခဲ့တဲ့ လက်နက်တွေ ဖြစ်ပျက်သွားပုံ ။
13 ဒါက ရဲ နှင့် လုံခြုံရေးတွေ ကိုင်ခဲ့တဲ့ လက်နက်တွေ ဖြစ်ပျက်သွားပုံ ။

 

မှတ်မှတ်ရရ ဖြစ်ခဲ့တဲ့ ဒုတိယ အချက်ကတော့ ဓါတ်ပုံလေး တစ်ပုံထဲပါ ။

New York မြို့ ရဲ့ မြေအောက် ဖြတ်ပိုင်း ပုံပါ ။

အဲ့ဒီ ဓါတ်ပုံကို သုံးပိုင်းပိုင်းပြီး တင်ပေးလိုက်ပါတယ် ။

 

13 New York မြို့ ရဲ့ မြေအောက် ပေ ၃ဝ အထိ မှာ ၊

13 New York မြို့ ရဲ့ မြေအောက် ပေ ၃ဝ အထိ မှာ ၊
13 New York မြို့ ရဲ့ မြေအောက် ပေ ၃ဝ အထိ မှာ ၊

 

New York မြို့ ရဲ့ မြေအောက် ပေ ၃ဝ အထိ မှာ ၊

လျှပ်စစ်မီး လိုင်း ၊ ရေ လိုင်း ၊ Gas လိုင်း ၊ ဖုန်း လိုင်း တွေ ရှိကြတယ်တဲ့ ။

ဒီ အထိကတော့ ဘာမှ မထူးလှပါဘူး OK ပါ ။

 

13 New York မြို့ ရဲ့ မြေအောက် ပေ ၃ဝ ကနေ ပေ ၂၀ဝ ကြား မှာ ၊

13 New York မြို့ ရဲ့ မြေအောက် ပေ ၃ဝ ကနေ ပေ ၂၀ဝ ကြား မှာ ၊
13 New York မြို့ ရဲ့ မြေအောက် ပေ ၃ဝ ကနေ ပေ ၂၀ဝ ကြား မှာ ၊

 

New York မြို့ ရဲ့ မြေအောက် ပေ ၃ဝ ကနေ ပေ ၂၀ဝ ကြား မှာ ၊

့မြေအောက် ရထား လမ်းတွေ နှင့် စွန့်ပစ် ရေဆိုး ပြွန်တွေ ရှိကြတယ်တဲ့ ။

့ပေ ၂၀ဝ အနက် အထိ တူးရတယ် ဆိုတာ နဲတဲ့ အနက် မဟုတ်ဘူးနော် ။

ရန်ကုန်မြို့က တချို့ တိုက်ခန်းတွေဆို တစ်ထပ် ကို ၈ ပေ လောက်ဘဲ ရှိတာ ။

့ပေ ၂၀ဝ ဆိုတာ အထပ် ၂ဝ တိုက်ကြီး မြေထဲ မြုပ်ထားသလောက် ရှိတယ် ။

 

13 New York မြို့ ရဲ့ မြေအောက် ပေ ၂၀ဝ ကနေ ပေ ၈၀ဝ ကြား မှာ ၊

13 New York မြို့ ရဲ့ မြေအောက် ပေ ၂၀ဝ ကနေ ပေ ၈၀ဝ ကြား မှာ ၊
13 New York မြို့ ရဲ့ မြေအောက် ပေ ၂၀ဝ ကနေ ပေ ၈၀ဝ ကြား မှာ ၊

 

New York မြို့ ရဲ့ မြေအောက် ပေ ၂၀ဝ ကနေ ပေ ၈၀ဝ ကြား မှာ ၊

New York မြို့ကို ရေပေးဝေနေတဲ့ ပေ ၂ဝ ဗျက်အကျယ်ရှိတဲ့ ၊

အဓိက ရေပိုက်လိုင်းကြီးတွေ ရှိတယ်တဲ့ ။

 

အဲ့ဒီမှာ ၊ ဖြန့်ထွက်စဉ်းစားစရာတွေ ရှိလာပြီ ။

သူများ နိုင်ငံ သူများ မြို့တွေမှာ သာယာဝပြောဖို့အတွက် ၊

ဒီလောက် ဒီလို ခက်ခက်ခဲခဲ အကုန်အကျခံ လုပ်ထားရပါလားပေါ့ ။

( တော်တော့်ကို ပိုက်ဆံကုန်မယ့် ရထား / ရေ / မီး / Gas ကွန်ယက်တွေလေ )

 

ငါတို့ နိုင်ငံ ငါတို့ မြို့တွေကိုလည်း သာယာဝပြောစေချင်ရင် ၊

အဲ့ဒီလိုဘဲ ခက်ခက်ခဲခဲ အကုန်အကျခံပြီး လုပ်မှရတော့မှာပေါ့ ။

အင်းးးးးးး ၊ ငါတို့ နိုင်ငံ ဒီလောက် ငွေ အကုန်အကျခံနိုင့်ပါ့မလားကွယ် ။

ဒါဆို ငါတို့ နိုင်ငံ အဲ့ဒီ့ အဆင့်ကို ရောက်ဖို့ တော်တော်ကြာဦးမှာဘဲ ။

ဟင်းးးးးး ၊ သက်ပြင်းမေါကြီးသာ ချနိုင်ပါတော့တယ် ။

 

13 ဒါကတော့ New York ပြည်နယ် က ထွက်တဲ့ သယံဇာတတွေပေါ့ ။

13 ဒါကတော့ New York ပြည်နယ် က ထွက်တဲ့ သယံဇာတတွေပေါ့ ။
13 ဒါကတော့ New York ပြည်နယ် က ထွက်တဲ့ သယံဇာတတွေပေါ့ ။

 

အဲ့ဒီ New York ပြည်နယ် ရဲ့ တွင်းထွက်တွေထဲက မဟေသီရယ်လေ ၊

လှလို့ နှင့် အမှတ်တရ ဆိုပြီး ဈေးကြီးပေး အလေးခံပြီး ၊

Amethyst Quartz ဆိုတဲ့ သလင်းတုံးကို ဒေါ်လှ ၆၅ နှင့် ၊

Pyrite ဆိုတဲ့ သတ္တုတုံးကို ဒေါ်လှ ၅၅ နှင့် ဝယ်ခဲ့လေရဲ့ ။

သူများတွေများ လုပ်စားတတ်လိုက်တာ ၊ ့ကျောက်တုံးလေး ၂ တုံး ကို ၊

့မြန်မာငွေ တစ်သိန်းခွဲလောက် ပေးလိုက်ရတယ် ။

ဒါတွေက ဈေးကြီးပေး အလေးခံသယ်ရတာထင်မကဘူး ၊

့နောက်ဆုံးတော့ အိမ်မှာ အမှိုက်ရှုပ် ဖုန်တက် ဦးမှာ ရယ် ။

 

13 Amethyst Quartz သလင်းတုံးကို ဒေါ်လှ ၆၅ နှင့် Pyrite သတ္တုတုံးကို ဒေါ်လှ ၅၅ ။

13 Amethyst Quartz သလင်းတုံးကို ဒေါ်လှ ၆၅ နှင့် Pyrite သတ္တုတုံးကို ဒေါ်လှ ၅၅ ။
13 Amethyst Quartz သလင်းတုံးကို ဒေါ်လှ ၆၅ နှင့် Pyrite သတ္တုတုံးကို ဒေါ်လှ ၅၅ ။

 

မနက် ၁၁ နာရီ ကျော်လောက်မှာ New York ပြည်နယ် Museum ကနေထွက်ပြီး ၊

အဘတို့ လေယာဉ်စီးရမယ့် New York မြို့ JFK လေဆိပ် ကို ထွက်လာခဲ့ပါတယ် ။

 

အ ဟဲ ဟဲ ၊ ကျေနပ်မိတာ တစ်ခုက ၊

အဘတို့ Tour Guide က ကနေဒါ နယ်ခြားမှာ အရက်တွေ ဈေးပေါတယ် ဆိုလို့ ၊

ကနေဒါ Duty Free မှာ Blue Label 1 Ltr ကို 180 US$ နှင့် ဝယ်ခဲ့တာလေ ။

Johnney Walker’s လက်ဆွဲအိတ်တစ်လုံးတောင် လက်ဆောင်ရတယ်လေ ။

အဲ့ဒဟာကို အခု အမေရိကန် JFK လေဆိပ် Duty Free မှာ 258 US$ တဲ့လေ ။

 

13 Blue Label 1 Ltr ကို JFK လေဆိပ် Duty Free မှာ 258 US$ တဲ့လေ ။

13 Blue Label 1 Ltr ကို JFK လေဆိပ် Duty Free မှာ 258 US$ တဲ့လေ ။
13 Blue Label 1 Ltr ကို JFK လေဆိပ် Duty Free မှာ 258 US$ တဲ့လေ ။

 

ညနေ ၆ နာရီလောက်မှာ New York မြို့ JFK လေဆိပ် ကနေ ထွက်လာပြီး ၊

Las Vegas မြို့ Mac Carran လေဆိပ် ကို ည ၉ နာရီလောက်မှာ ရောက်ပါတယ် ။

 

13 Las Vegas မြို့ Mac Carran လေဆိပ် ကို ည ၉ နာရီလောက်မှာ ရောက်ပါတယ် ။

13 Las Vegas မြို့ Mac Carran လေဆိပ် ကို ည ၉ နာရီလောက်မှာ ရောက်ပါတယ် ။
13 Las Vegas မြို့ Mac Carran လေဆိပ် ကို ည ၉ နာရီလောက်မှာ ရောက်ပါတယ် ။

 

Mac Carran လေဆိပ် ကနေ

Las Vegas မြို့ထဲ တည်းမဲ့ Stratosphere Hotel ကို ပို့ပေးမယ့် Transfer Bus က ၊

့နောက် နာရီဝက်လောက် စောင့်ရဦးမယ် ဆိုတာနှင့် လေဆိပ်မှာ လှည့်ပါတ်ကြည့်ရင်း ၊

သဘက်ခါ ၁၂ ရက်နေ့မှာ အမေရိက ရဲ့ နာမည်ကျော် Grand Canyon ကို သွားကြည့်ဖို့ ၊

ရဟတ်ယာဉ် ခရီးစဉ်ကို ၂ ယောက်စာ လက်မှတ်ကို ဒေါ်လှ ၁၀၀ဝ နှင့် ဝယ်လိုက်ပါတယ် ။

13 အဲ့ဒါက ၄ နာရီခွဲ လောက်ကြာမယ့် အသွားကော အပြန်ပါ ရဟတ်ယာဉ် နှင့် ခရီးစဉ်ပါ ။

13 အဲ့ဒါက ၄ နာရီခွဲ လောက်ကြာမယ့် အသွားကော အပြန်ပါ ရဟတ်ယာဉ် နှင့် ခရီးစဉ်ပါ ။
13 အဲ့ဒါက ၄ နာရီခွဲ လောက်ကြာမယ့် အသွားကော အပြန်ပါ ရဟတ်ယာဉ် နှင့် ခရီးစဉ်ပါ ။

 

အဲ့ဒါက ၄ နာရီခွဲ လောက်ကြာမယ့် အသွားကော အပြန်ပါ ရဟတ်ယာဉ် နှင့် ခရီးစဉ်ပါ ။

Grand Canyon မှာ ၄၅ မိနစ်ရပ် ၊ ရှန်ပိန်တိုက် ၊ Snack ဘာညာ ကျွေးမယ်ပေါ့လေ ။

မဟေသီ နှင့် အဘ က အရက်မှ မသောက်တာ ၊ နွား ပလာတာကျွေးသလိုပါဘဲ ။

 

တကယ့် တကယ်က Tour Bus နှင့် သွားတဲ့ ခရီးစဉ်က ဈေးလဲ ပိုပေါပြီး ၊

လမ်းတောက်လျှောက် မြင်ကွင်းလဲလှတယ် ၊ နေ့လည်စာလဲ အပြည့်ကျွေးမှာပါ ။

ဒါပေမယ့် Tour Bus နှင့်ဆို တစ်နေကုန် အချိန်ကုန်ပြီး ညမိုးချုပ်မှ ပြန်ရောက်မှာပါ ။

အဘ မဟေသီ က တစ်နေကုန် အချိန်ကုန် မခံနိုင်ဘူးတဲ့ ၊ နေ့ဝက်ပဲ ပေးမယ်တဲ့ ။

 

ဘာဖြစ်လို့လဲ ဆိုတော့ ၊ Las Vegas မှာ LV North Premium Outlet နှင့် ၊

LV South Premium Outlet ဆိုပြီး Premium Outlet ၂ ခုရှိတာကို ၊

အဲ့ဒီ Premium Outlet ၂ ခု စလုံးကို နေ့ဝက်စီ အချိန်ပေးပြီး ဝယ်ဦးမှာတဲ့ ။

( ဒါတောင် Woodbury Premium Outlets မှာ သေတ္တာ တစ်လုံးစာ ဝယ်ပြီးသားပါ )

အဲ့ဒီတော့ကာ နေ့ဝက်ဘဲ Grand Canyon အတွက်ရတော့ ရဟတ်ယာဉ် ဘဲပေါ့လေ ။

 

အင်း ၊ ရွာသူားတွေ ဗဟုသုတ အတွက် တစ်ခုထပ်ပြောရဦးမယ် ။

အဘ ရဲ့ ခရီဆောင် Baggage ထဲမှာ ဘက်ထရီတွေ Charger တွေ နှင့် ၊

တခြား Electronic Equipments တွေကို အိတ် တစ်အိတ်ထဲမှာ စုထည့်ထားမိသကွယ် ။

အဲ့ဒါကို လေဆိပ် Security က မသင်္ကာလို့ အဘ Baggage ကို ဖွင့်ကြည့်ပုံ ရသကွယ် ။

အဲ့ဒီမှာ အဘ Baggage ကိုခတ်တဲ့ သော့ခလောက်က မရှိတော့ဘူး ။

့လေဆိပ် လုံခြုံရေးက သော့ဖျက်လိုက်ပုံရတယ် ။ ပစ္စည်းတွေတော့ မပျောက်ပါဘူး ။

 

့လေဆိပ် လုံခြုံရေးက အဘ Baggage ထဲမှာ ဒီစာရွက်လေးဘဲ ချန်ထားခဲ့သကွယ် ။

အဘ Baggage ကို သော့ဖျက်ပြီး ဖွင့်စစ်ခဲ့ကြောင်း နှင့် စိတ်မကောင်းကြောင်း ပေါ့လေ ။

ဒါမျိုး သော့မဖျက်ရအောင် TSA တံဆိပ်ပါတဲ့ သော့တွေ သုံးပေးဖို့ပေါ့လေ ။

TSA ဆိုတာ Transportation Security Administration ရဲ့ အတိုကောက်ပေါ့ ။

 

TSA Approved logo ပါတဲ့ သော့တွေဟာ ၊ TSA လုံခြုံရေး အရာရှိက ၊

Master Key နှင့် ဖွင့်လို့ရအောင် တည်ဆောက်ထားတာကို တွေ့ရတယ် ။

ဆိုလိုတာက ၊ သော့ကိုဖျက်ဖို့ မလိုဘဲ Master Key နှင့် ဖွင့်လို့ရသွားတာပေါ့ ။

အဲ့ဒီ Master Key ကိုတော့ TSA လုံခြုံရေး အရာရှိတွေကို ထုတ်ပေးထားမပေါ့ ။

TSA Approved logo ဆိုတာ ပုံထဲက အနီရောင် လေးထောင့်ပုံလေးလေ ။

 

အဲ့ဒဟာ နှင့် အဘလည်း ၊ Las Vegas က Premium Outlet မှာ ၊

TSA တံဆိပ်ပါတဲ့ Combination သော့ တစ်လုံး ထပ်ဝယ်လိုက်ရတယ်လေ ။

ဒါ့အပြင် ၊ အဘ မဟေသီက Las Vegas က Premium Outlet ၂ ခု မှာ ၊

ဒလမန်းဂျန်း ကို ပက်ပက်စက်စက် ကို ဈေးထပ်ဝယ် လိုက်တာနှင့် ၊

ပစ္စည်းတွေ ထည့်ဖို့ အိတ် မလောက်တော့တာ နှင့် ၊

Samsonite Hard Cover လက်တွန်းအိတ်ကြီး တစ်လုံး ထပ်ဝယ်လိုက်ရတယ် ။

 

တစ်ခု ကောင်းတာက ၊ နောက်ပိုင်းပေါ်တဲ့ ၊ ဈေးကြီးတဲ့ ၊

Branded အိတ်တွေမှာ TSA Approved logo ပါ ပါပြီးတာတွေ့ရတယ် ။

 

ကဲ စာလည်း တော်တော်ရှည်သွားပြီ ဆိုတော့ ၊ တော်သေးဘီကွယ် ။

 

အဘ ဖေါ ( F R ) ။

 

13 လေဆိပ် လုံခြုံရေးက အဘ Baggage ထဲမှာ ဒီစာရွက်လေးဘဲ ချန်ထားခဲ့သကွယ် ။

13 လေဆိပ် လုံခြုံရေးက အဘ Baggage ထဲမှာ ဒီစာရွက်လေးဘဲ ချန်ထားခဲ့သကွယ် ။
13 လေဆိပ် လုံခြုံရေးက အဘ Baggage ထဲမှာ ဒီစာရွက်လေးဘဲ ချန်ထားခဲ့သကွယ် ။

 

13 အဘ ထပ်ဝယ်လိုက်ရတဲ့ TSA Approved logo ပါတဲ့ Combination သော့ ။

13 အဘ ထပ်ဝယ်လိုက်ရတဲ့ TSA Approved logo ပါတဲ့ Combination သော့ ။
13 အဘ ထပ်ဝယ်လိုက်ရတဲ့ TSA Approved logo ပါတဲ့ Combination သော့ ။

 

13 Branded ( Samsonite ) အိတ်တွေမှာ TSA Approved logo ပါ ပါပြီးတာတွေ့ရတယ် ။

13 Branded ( Samsonite ) အိတ်တွေမှာ TSA Approved logo ပါ ပါပြီးတာတွေ့ရတယ် ။
13 Branded ( Samsonite ) အိတ်တွေမှာ TSA Approved logo ပါ ပါပြီးတာတွေ့ရတယ် ။

 

P S ;

အဘ ရဲ့ အမေရိက ၊ ကနေဒါ သွား တောလား ၁၂ နှင့် ၁၃ ကြားမှာ ၊

အချိန် အကြာကြီးကွာသွားတဲ့အတွက် ရွာသူားတွေကို တောင်းပန်ပါတယ်ကွယ် ။

 

အဘလဲ ဩဇီ ပြန်ဖို့ သင်္ဘောဆင်းကာနီးမှာ သင်္ဘော ရုံးချုပ်ကနေပြီး ၊

လာမယ့် Captain အသစ်ဆိုရင် သင်္ဘော အကြောင်း စမ်းတဝါးဝါး ဖြစ်နေမယ် ။

လက်ရှိ Captain အဟောင်း နှင့်ဘဲ Survey တွေ ဖြတ်သွားချင်တယ် ဆိုလို့ ၊

သင်္ဘောဆင်းကာနီးမှာ Survey ၁ဝ ခု ကို အပြတ် လုပ်ပေးသွားခဲ့ရတော့ ၊

အဲ့ဒီ သင်္ဘောပေါ်က နောက်ဆုံး တစ်လက ယားလို့တောင် မကုပ်အားပါဘူးကွယ် ။

 

့ဩဇီ ပြန်ရောက်ပြန်တော့လဲ လာမယ့် အောက်တိုဘာမှာ သွားမယ့် ၊

တူရကီ နှင့် ဂရိ ၂ နိုင်ငံ ခရီးစဉ် အတွက် Visa ကိစ္စ နှင့် အလုပ်ရှုပ်နေနြ်ရော ။

ပြီးခဲ့တဲ့ အပါတ်ကမှ တူရကီ နှင့် ဂရိ Visa ၂ခုလုံးရပြီး နဲနဲအားသွားတာရယ် ။

 

တူရကီ နှင့် ဂရိ ခရီးစဉ် ကနေ နိုဝင်ဘာလ မှာမှ ပြန်ရောက်မယ် ။

မတ်လအတွင်းမှာ ဘရာဇီး ၊ အာဂျင်တီးနား ၊ ပီရူး ခရီးစဉ် သွားဖို့ရှိတယ် ။

အဲ့ဒီတော့ တူရကီ နှင့် ဂရိ ခရီးစဉ် ကနေ ပြန်ရောက်တာနှင့် ၊

အဲ့ ၃ နိုင်ငံ Visa ကိစ္စကို ဆက်လုပ်ရတော့မယ် ။

 

အင်းးး ၊ မြန်မာ ဖြစ်ရတာ ၊ Pass port အနီကြီး ကိုင်ရတာ မလွယ်ပါဘူးကွယ် ။

ကမာ္ဘကို ဂဒီး ဂဒီး ပါတ်ချင်နေတဲ့ မဟေသီ ကို ရထားတာလဲ မလွယ်ဘူးရယ် ။

26 comments

  • black chaw

    August 23, 2015 at 2:43 pm

    ကမာ္ဘကို ဂဒီး ဂဒီး ပါတ်ချင်နေတဲ့ မဟေသီ ကို ရထားတာလဲ မလွယ်ဘူးရယ် ။

    ဟင် အဘကလည်း
    ကျေနပ်သံကြီး နဲ့…။

    • Foreign Resident

      August 24, 2015 at 10:16 am

      ” ဟင် အဘ ကလည်း ကျေနပ်သံကြီး နဲ့ ”

      ကို ဘလက် ရေ ။
      ကျနော် သေရေးရှင်ရေးကလွဲရင် မုသား မပြောတတ်ပါဘူးဗျာ ။

      ဘရာဇီး ၊ အာဂျင်တီးနား ၊ ပီရူး ခရီးစဉ် ဆိုရင် မသွားချင်ဘူးလို့ ၊
      မဟေသီ ကို အဘ ၃ ခါတိတိ ငြင်းဆန် ခဲ့ပါတယ်ကွယ် ။
      ၄ ခါ မြောက်မှာမှ အဘ လက်ခံလိုက်တာပါကွယ် ။

      ၃ လ အတွင်းမှာ ၃ နိုင်ငံ Visa ကို အပြီးလုပ်ရမယ့် ကိစ္စက ၊
      တကယ့်ကို မ လွယ်တာပါကွယ် ။

      အမှန်ဆို ကျနော်က Alaska Cruise & Rockey Mountaineer ဆိုတဲ့ ၊
      Alaska ရေခဲပြင် Cruise နှင့် Rockey Mountain Express ရထား စီးချင်နေတာ ။
      အဲ့ဒီ ခရီးစဉ်က US ကို ၂ ခါ Canada ကို ၂ ခါ စီဝင်လို့ cancel လိုက်တာ ။
      ကျနော်က Visa တွေ လိုက်လျှောက်ရတာ မုန်းတယ် ။

  • kai

    August 23, 2015 at 3:24 pm

    ကမ္ဘာပါတ်နိုင်တာ.. နည်းနည်းနောနောကုသိုလ်တော့…မဟုတ်..။
    အထူးသဖြင့် ငယ်တုံး.. သွားနိုင်တုံးပေါ့..။

    တော်တော်များများက.. ပင်စင်စားချိန်မှ.. ပါတ်နိုင်ကြတာ..
    အဲဒီအချိန်ကျ.. ပျော်စရာတွေမယ်.. ဇရာကြောင့်ပင်ပန်းတာတွေရောပြီး.. အပြည့်မခံစားနိုင်တော့ဘူး..ဆိုကြပါတယ်….။

    အားကျပြီး… ဒီလေဘာဒေးပိတ်ရက်.. ရဲလိုးစတုန်းကို.. တပါတ်သွားနေမှနဲ့တူတယ်..။
    တလောကတင်… အဲဒီမှာဟိုက်ကင်းလုပ်နေတဲ့သူကို.. ဝက်ဝံဆွဲပြီးသတ်သွားတာတဲ့..။
    သွားရင်..သေနတ်ပါ..ငှားရမယ်ထင်တယ်..။ :k:

    Geeeeeeee!
    နယူးယောက်က.. အဲဒီလောက်အနက်ထိ.. လူလုပ်တာတွေရှိမှန်း… အခုမှသိတယ်..။

    • Foreign Resident

      August 25, 2015 at 2:39 am

      kai says:
      ” ကမ္ဘာပါတ်နိုင်တာ.. နည်းနည်းနောနောကုသိုလ်တော့…မဟုတ်..။
      အထူးသဖြင့် ငယ်တုံး.. သွားနိုင်တုံးပေါ့..။
      တော်တော်များများက.. ပင်စင်စားချိန်မှ.. ပါတ်နိုင်ကြတာ..
      အဲဒီအချိန်ကျ.. ပျော်စရာတွေမယ်.. ဇရာကြောင့်ပင်ပန်းတာတွေရောပြီး..
      အပြည့်မခံစားနိုင်တော့ဘူး..ဆိုကြပါတယ်….။ ”

      အဲ့ဒဟာပေါ့ သူဂျီးရယ် ။
      မဟေသီ က အဲ့ဒလို ပြောပြောပြီး ၊ သွားမယ် ဆိုတာကြီးဘဲ ။
      တစ်နှစ်ကို တစ်ခါလောက်ဘဲလုပ်ပါ ဆိုတာ ၊ ပြောလို့ မရဘူး ။

  • ဇီဇီခင်ဇော်

    August 23, 2015 at 3:53 pm

    ဂျော်နီ ဝေါ့ကား အိတ်က အနက် လက်ဆွဲအိတ် အဝတ်ထူသားလေးမလားးး
    ကြိုက်လို့ ရုံးတက် ဆွဲမို့။
    အဟွတ်။
    ဒါလည်း ဘရန်းပဲဟာကိုနော်။

    :mrgreenn:

    • Foreign Resident

      August 24, 2015 at 10:26 am

      ” အနက် လက်ဆွဲအိတ် အဝတ်ထူသားလေးမလား ”

      ဇီဇီ ရေ ။
      ဂျော်နီ ဝေါ့ကား အိတ်က သားရေတု အနက် တွန်းလှည်း အိတ်ပါ ။
      အဘ ရဲ့ အမေရိက ၊ ကနေဒါ သွား – ၁၂ မှာ ပုံပါတယ်လေ ။
      ဇီဇီ သာ ကြိုက်မယ် ဆိုရင်တော့ လက်ဆောင်ပေးချင်ပါတယ် ။
      လုံးဝ မသုံးရသေးဘူး ။ အသစ်စက်စက် အတိုင်း ရှိနေသေးတယ် ။
      ဒါပေမယ့် ဇီဇီ့ ဆီ သယ်ဖို့ ပို့ဖို့က လွယ်ဘူးရယ် ။

      • ဇီဇီခင်ဇော်

        August 24, 2015 at 10:58 am

        ဘယ်လာယူ ခိုင်းးရမတုန်းး
        :mrgreenn:

        ကျနော့် လူကြုံ ခု ရန်ကုန်မှာာာ
        :k:

        • Foreign Resident

          August 24, 2015 at 1:36 pm

          ဇီဇီခင်ဇော် says:
          ” ဘယ်လာယူ ခိုင်းးရမတုန်း ”

          အဘ က အခု ဩဇီ ရောက်နေတာ ။

      • ဇီဇီခင်ဇော်

        August 24, 2015 at 1:42 pm

        ငင့် မေ့လို့ မေးမိတာ။
        အာ့ဆို ရန်ကုန်ပြန်ရောက်မှ ပြေါတော့။
        ဟိ။
        စလုံး ဂျူတီ ဖရီးက အိတ်လေး အရင် ကိုင်တော့မယ်။
        အဟေးဟေး

        :mrgreen:

  • Mg Yit Htoke

    August 23, 2015 at 6:24 pm

    ပုံလေးတွေ ကူးသွားပါတယ် အဘ
    လေးစားလျက်

  • Ma Ma

    August 23, 2015 at 8:29 pm

    (Branded ( Samsonite ) အိတ်တွေမှာ TSA Approved logo ပါ ပါပြီးတာတွေ့ရတယ် ။)
    သဘောကျတယ်။
    သော့ပျောက်မှာ မပူရတော့ဘူး။
    🙂

    • Foreign Resident

      August 24, 2015 at 10:30 am

      Ma Ma says:
      ” သော့ပျောက်မှာ မပူရတော့ဘူး ”

      မဟုတ်သေးဘူးလေ မမ ရဲ့ ။
      TSA သော့ ရဲ့ Master Key က လုံခြုံရေး အရာရှိတွေဆီမှာဘဲ ရှိတာလေ ။

      • Ma Ma

        August 24, 2015 at 4:35 pm

        ကိုယ့်ဖာသာကိုယ် Pass word နဲ့ ခတ်ရတာ မဟုတ်ဘူးလား။
        Master Key နဲ့ တခြားသူက ဖွင့်လို့ရတယ်ဆိုရင် စိုးရိမ်စရာပဲ။ 🙄

  • အဲဒီက ပြတိုက်က ခေတ်အလိုက်စုဆောင်းထားတာမြင်တော့

    နန်းဆောင်တွေထဲမှာ ဟောင်းလောင်းကြီးဖြစ်နေတဲ့
    ြုမနန်းစံကျော်ရွှေနန်းတော်ကိုပြေးမြင်မိတယ်
    နည်းနည်းဘဲကွာပါတယ်

    • Foreign Resident

      August 24, 2015 at 10:35 am

      ကိုပေါက်(မန္တလေး) says:
      ” မြနန်းစံကျော်ရွှေနန်းတော်ကိုပြေးမြင်မိတယ် ”

      နန်တော် အစစ်က ဗုံးထိလို့ ပျက်သွားတာ မဟုတ်လား ။
      တချို့ ကိစ္စတွေမတော့ ကံ ကိုဘဲ ရိုးမယ်ဖွဲ့ရမှာဘဲ ကိုပေါက် ရေ ။

  • intro

    August 24, 2015 at 10:59 am

    ဘာပဲ ပြောပြော ဗဟုသုတ တွေ ဝေမျှဖော် ရတဲ့ အတွက် ကျေးဇူး အထူးပါ အဘဖောရေ။
    တို့တွေ အတွက်ကတော့ အဘဝေမျှတာတွေကို အားပါးတရ အားပေး သွားပါကြောင်း။

  • Mike

    August 24, 2015 at 11:26 am

    .New York မြို့ ရဲ့ မြေအောက် ဖြတ်ပိုင်း ပုံနဲ့ အဲ့အောက်မှာတည်ဆောက်ထားတာတွေတော့ လက်ဖျားခါ
    .လောက်ပါရဲ့ဗျာ…
    .World Trade Centre အမှတ်တရတွေပြထားတာလည်းသဘောက ျတယ်ဗျ
    .တစ်ခုပဲ..“ကနေဒါ Duty Free မှာ Blue Label 1 Ltr ကို 180 US$ နှင့် ဝယ်ခဲ့တာလေ ။ ”
    .အရက်ကတော့ ဈေးကြီးလှသဗျာ :))
    .ကမာ္ဘပါတ်နိုင်တာကိုတော့ အားက ျသဗျာ….ပါတ်သာပါတ်ဗျို့

    • Foreign Resident

      August 25, 2015 at 12:17 am

      Mike says:
      ” Blue Label 1 Ltr ကို 180 US$ နှင့် ဝယ်ခဲ့တာ
      အရက်ကတော့ ဈေးကြီးလှသဗျာ ”

      ဦးမိုက်ရေ ။
      ရန်ကုန်မှာ ဝယ်တာကျတော့ အရက်အတုတွေ သိပ်များလို့ဗျ ။
      Super Market မှာ အရက်တွေ မရောင်းကြတုန်းက ၊
      Double Black တစ်လုံး အာမခံ အစစ်ပါ ဆိုပြီး ဝယ်လိုက်မိတာ ၊
      ဝိုင်းသောက်တဲ့ သူငယ်ချင်းတွေက အတုကြီးတဲ့ ။
      အရက်အစစ်လိုချင်ရင် Duty Free ပလပ်စတစ် အိတ် နှင့်ဟာဝယ်တဲ့ ။
      အဲ့ဒဟာက ၅၀၀ဝ / ၁၀၀၀ဝ ဈေးပိုပေးရတယ်တဲ့ ။

  • Shwe Ei

    August 24, 2015 at 3:56 pm

    -အမြဲတမ်း မဖတ်ဖစ်ပေမဲ့ ဗဟုသုတ ရတဲ့ပို့စ်တွေမို့
    -တကူးတကန့် တင်ပေးနေတဲ့ အဘဖောကို ကျေးဇူးတင်ပါသည်။

  • Foreign Resident

    August 25, 2015 at 2:46 am

    Mg Yit Htoke says:
    ပုံလေးတွေ ကူးသွားပါတယ် အဘ
    .လေးစားလျက်

    intro says:
    ဘာပဲ ပြောပြော ဗဟုသုတ တွေ ဝေမျှဖော် ရတဲ့ အတွက် ကျေးဇူး အထူးပါ အဘဖောရေ။
    တို့တွေ အတွက်ကတော့ အဘဝေမျှတာတွေကို အားပါးတရ အားပေး သွားပါကြောင်း။

    Shwe Ei says:
    အမြဲတမ်း မဖတ်ဖစ်ပေမဲ့ ဗဟုသုတ ရတဲ့ပို့စ်တွေမို့
    တကူးတကန့် တင်ပေးနေတဲ့ အဘဖောကို ကျေးဇူးတင်ပါသည်။

    ဝင်ပြီး Comment ပေးတဲ့အတွက် ကျေးဇူးတင်မိ ။
    ဗဟုသုတ ရတယ် ဆိုတဲ့အတွက် ကျေနပ်မိပါတယ် ။

    အမှန်တော့ အဘ ခရီသွား ဆောင်းပါးလေးတွေ ရေးဖြစ်နေတာက ၊
    စာဖတ်သူတွေ ၁ ။ ဗဟုသုတ ရစေဖို့ ၂ ။ အမြင်ကျယ်စေဖို့ပါကွယ် ။

  • ဦးဦးပါလေရာ

    August 25, 2015 at 12:50 pm

    လိုင်းလဲကောင်းပါတယ်
    ဒါပေမယ့် ပုံတွေမမြင်ရဘူး
    ဘရောက်ဇာဆက်တင်ကြောင့်လားမသိ.. 🙁

    • Foreign Resident

      August 25, 2015 at 1:18 pm

      ဦးဦးပါလေရာ says:
      ” လိုင်းလဲကောင်းပါတယ် ဒါပေမယ့် ပုံတွေမမြင်ရဘူး ”

      အွန် ၊ တခြားသူတွေကော မြင်ရလားဗျ ၊ ပြောကြပါဦး ။

      • kai

        August 25, 2015 at 1:45 pm

        ကျုပ်တော့မြင်ရတယ်..။
        ပုလင်းတောင်.. လှမ်းဆွဲသောက်လိုက်သေး..။
        ဂလု…။ ၂၀ဝကျော်တန်..။

  • CharTooLan

    August 26, 2015 at 9:39 am

    ကျောက်တုံးနဲ့ သတ္တုတုံး ၂တုံး ဖုန်တက်ပီး
    အမှိုက်ရှုပ်တယ်လို့ မြင်လာလို့ လွှင့်ပစ်မယ်လို့ ဆိုရင်လို့……
    ကျနော့်ဂို အမွေပေးဘာလိုစ့် 😀

  • Shar Thet Man

    June 29, 2018 at 2:09 pm

    အော် အဘဖောက သင်္ဘော captain ကိုး..အာ့ကြောင့်လည်းသွားနိုင်တာ..မဟေသီတော့အားကျတယ်…နိုင်ငံစုံပတ်ခွင့်
    ရမှာပဲ..မဟေသီတော်တော်ကံကောင်းတာပဲ

Leave a Reply