အမှတ်တရ- ရွာ့ ပြက္ခဒိန် လုပ်ကြစို့ – Calendar

alinsettAugust 25, 20151min35897

calendar

 

 

 

 

 

 

 

 

 

 

 

 

 

 

အမှတ်တရမှ အမှတ်ရရသို့…
~~~~~~~~~~~~~~~~~~~~~~

.ကျနော့် ဆွေတော်မျိုးတော် ရွာသူားများနဲ့ တိုင်ပင်စရာ ၁ခု ရှိလို့ပါ။
.ဝိုင်းဝန်း ဆွေးနွေး အကြံပေးကြပါအုန်း။
.၁ယောက်၁လက်လည်း ကူနိုင်တဲ့ အပိုင်းက ဝင်ကူပေးပါအုန်း။

.ဒီလိုပါ။
.ကျနော်တို့ မြန်မာ့ဂဇက် Members အနေနဲ့ ပြက္ခဒိန်လေး ထုတ်မလားလို့ပါ။
.လာမယ့် ၂၀၁၆ ခုနှစ်အတွက် ပြက္ခဒိန်ပေါ့။
.ပုံလေးတွေ ဝေဝေဆာဆာသုံးပြီး အမှတ်တရအဖြစ် ထုတ်မယ်။
.ရွာသူားတွေရဲ့ အိမ်နံရံထက်မှာ ချိတ်ထားခြင်းအားဖြင့် .အမှတ်၁ရတစ်ခုလည်း ဖြစ်သွားမယ်။ ၁နှစ်စာအတွက်လည်း အသုံးဝင်မယ်ပေါ့။

.ပြက္ခဒိန်အတွက် ပုံရိပ် ၁၃ ခုလောက် အနည်းဆုံး သုံးရမယ်ထင်တယ်။
.ဆယ့်နှစ်လအတွက် လ-၁လကို စာမျက်နှာ၁ခု ဖန်တီးမယ်။ အဲ့ဒီ စာမျက်နှာမှာ .ပုံက အပေါ်၁ပိုင်းက ပုံ၁ပုံ။
.အောက်၁ပိုင်းမှာတော့ အဲဒီလအတွက် နေ့စွဲတွေပေါ့။

.ဆိုတော့ ပထမဆုံးမျက်နှာဖုံးကို members တွေ့ဆုံပွဲမှာ စုပြီး ရိုက်ထားတဲ့ ပုံကို .သုံးမလားလို့။
.နောက် အတွင်းပိုင်းမှာတော့ နေ့စွဲတွေနဲ့ > တွဲဖို့ ပုံ ၁၂ ပုံကိုတော့ … ရွာထဲက .ဓါတ်ပုံဆရာတွေဆီကနေ ပုံလေးတွေ အလှူခံပြီး သုံးချင်တယ်။
.ဓါတ်ပုံဆရာများ ပုံရိပ်လေးတွေ သုံးဖို့အတွက် လှူမယ်မဟုတ်လားခင်ဗျ။
😆
.ဥပမာ နွေရာသီအတွက် > နွေဆန်တဲ့ ပုံရိပ်လေးတွေ….
.မိုးရာသီအတွက် > မိုး ဆန်တဲ့ ပုံရိပ်ကလေးတွေ….
.ဆောင်းရာသီအတွက် > ဆောင်းဆန်တဲ့ ပုံရိပ်တွေပေါ့…

.ဖြစ်နိုင်ရင် ပုံပေါ်မှာ ကဗျာဆန်ဆန် စာသားလှလှလေးတွေ ရေးချင်ပါသေးတယ်။

.ဥပမာ > ဇန်နဝါရီမှာ…
.ကြံစည်တာမှန်သမျှ…
.ကံ ကြည်လင်စွာ ကောင်းပါစေကြောင်း….

.အဲ့လို အဲ့လိုလေးတွေပေါ့

.အဲဒီအတွက် ရွာထဲက ကဗျာဆရာ/စာဆရာတွေနဲ့ တိုင်ပင်ချင်ပါတယ်။
.ဆိုင်ရာဆိုင်ရာ သင့်တော်ရာ ပုံရိပ်လှလှလေးတွေ ၊ .စာသားလှလှလေးတွေ ရွေးချယ်ဖို့ ဒီဇိုင်းဖန်တီးဖို့…
.ရွာထဲက ဒီဇိုင်နာအစ်ကိုတော် အစ်မတော်တို့ကိုလည်း .အကူအညီတောင်းပါ့မယ်။

.ဆိုတော့ အမှတ်၁ရ ပြက္ခဒိန် ထုတ်ဖို့ သဘောတူ မတူ .Comment ရေးပေးကြပါခင်ဗျ။
.သဘောတူသူ များရင် ထုတ်ဖြစ်မယ်ပေါ့ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.ထုတ်ဝေဖြစ်မယ်ဆိုရင်… အောက်ပါ အစီအစဉ်တွေကို ဆက် သွားပါမယ်။
.လုပ်ငန်းစဉ်အနေနဲ့…

.၁) ပြက္ခဒိန်မှာ သုံးဖို့ ပုံတွေ / စာသားတွေ – စုဆောင်း >ရွေးချယ် –
.၂) ဘယ်ပုံကို ဘယ်လ ဘယ်စာမျက်နှာမှာ ထားမယ်ဆိုတာ စီစဉ် –
.၃) ပြက္ခဒိန်အဖြစ် ပုံနှိပ် ထုတ်ပေးမယ့် ပုံနှိပ်တိုက်တစ်ခုခုကို အပ်ဖို့ ရံပုံငွေ .ကြိုတင်စုဆောင်း (ဒါကတော့ စိုက်ပေးထားနိုင်တဲ့တယောက်ယောက်က .စိုက်ပေးထားပေါ့နော့) –
.၄) ပြက္ခဒိန်အဖြစ် ပုံနှိပ် ထုတ်ပေးမယ့် ပုံနှိပ်တိုက်တခုခုကို အပ် –
.၅) ထွက်လာတဲ့ ပြက္ခဒိန်ကို ကုန်ကျစရိတ် တွက်ချက်ပြီး .ကုန်ကျငွေ ပြန်ရအောင် ဈေးနှုန်း၁ခု သတ်မှတ် > .ရွာသူားတွေကို ပြန်ရောင်း> ရောင်းလို့ ပြန်ရတဲ့ ငွေကို
.ကနဦး စိုက်ထုတ်ပေးထားသူကို ပြန်ပေး –
.၆) ပြက္ခဒိန်လှလှလေးကို  စားပွဲတွေမှာ ကိုယ်စီ ထောင် ဒန်တန့်တန်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

* ပြက္ခဒိန်အတွက် သုံးမယ့် ရာသီရှုခင်း ပုံရိပ်လေး ၁၂ ပုံအတွက် ရွာသူားထဲက .ဓါတ်ပုံပညာရှင်တွေဆီက အကူအညီတောင်းချင်ပါတယ်။
.ဥပမာ – လေးပေါက် ၊ ကိုစိန်သော့၊အန်တီဝေ ၊ ကိုဂီ စသည်ဖြင့် … (၁ ယောက်ကို ၂ ပုံဆီလောက် ရွေးထုတ်ပေးစေချင်ပါတယ်။ )

(ရွာရဲ့ ပန်းချီဆရာ ဆရာခေါင် ဆီကလည်း ပန်းချီကား သုံးစွဲခွင့်တောင်းထားပါတယ်။ ယူသုံးပါ ဆိုလို့… ပန်းချီကားလေးလည်း ပါ ပါအုန်းမယ်လို့.. )

* ပြက္ခဒိန်မှာ သုံးမယ့် ပုံတွေ ရလာရင်… ဘယ်လမှာ ဘယ်ပုံလေး .သုံးမယ်ဆိုတာကို လက်လှမ်းမှီရာ > ရွာသူားတွေနဲ့ တိုင်ပင်ပါမယ်။

* ပြက္ခဒိန်ရဲ့ ပုံပေါ်မှာ လအလိုက် ကဗျာဆန်ဆန် .စာသားလှလှလေးတွေ ရေးပေးဖို့ ရွာသူား ကဗျာသမား၊ စာသမားတွေကို .အကူအညီတောင်းပါမယ်။

* အဲဒီ စာသားနဲ့ ပုံကို သင့်တော်ရာ တွဲစပ်ပြီး ဒီဇိုင်းဖန်တီးဖို့… ဒီဇိုင်းပိုင်း .ကျွမ်းကျင်တဲ့ အောင်မိုးသူတို့…အံဇာတုံးတို့ကို အကူအညီတောင်းချင်ပါတယ်။

*. ပြက္ခဒိန် ပုံနှိပ်ဖို့အတွက် ကနဦး လိုအပ်တဲ့ကုန်ကျစရိတ်ကို .ဦးကြီးမိုက်ဖြစ်ဖြစ်….အန်တီဒုံဖြစ်ဖြစ် အခြား ဘယ်သူပဲဖြစ်ဖြစ် ခဏ .စိုက်ပေးထားစေချင်ပါတယ်။
.ဒါမှမဟုတ် သူကြီးဖြစ်ဖြစ်…. အမှတ်တရလက်ဆောင်ပေးတဲ့အနေနဲ့… .စိုက်ထုတ်ပေးမလား..

သူကြီးအနေနဲ့      us ထိ ယူပြီး သတင်းစာမှာ ကြော်ငြာထည့်သူတွေကို လက်ဆောင် ပြန်ပေးလို့တောင် ရသေး

:k:

* ကုန်ကျစရိတ်ကို သူကြီးမင်း စိုက်ထုတ်ပေးမယ်ဆိုရင် ပြက္ခဒိန်ကို .ရွာသူားတယောက်တစောင် လက်ဆောင် ရယူရုံပါပဲ။ ငွေပေး ဝယ်ယူစရာ .မလိုတော့ပါဘူး။

* ပြက္ခဒိန် ပုံနှိပ်ဖို့ ဘယ်မှာ ၁ စောင် ဘယ်လောက်ကျပြီး ဘယ်လိုဘယ်နည်း .ပုံနှိပ်မယ်ဆိုတာကို ကျနော် ဆက်လက်စုံစမ်းပေးပါမယ်။
.ရလာတဲ့အချက်အလက်ကို ဒီပိုစ့်ထဲမှာ ချပြ တိုင်ပင်ပါမယ်။

* လက်လှမ်းမှီရာ ရွာသူားဘယ်နယောက်လောက်အတွက် ဘယ်နစောင် .ပုံနှိပ်ရမယ်ဆိုတာကိုလည်း သိချင်ပါတယ်။
(အရင်တခေါက်က အကျီ င်္ထုတ်တုန်းကလို … ယူမယ့်သူက စာရင်းပေး ၊ .စာရင်းထဲ ရသလောက်ပဲ ထုတ်တာ ပိုကောင်းမလားလို့…။
.စာရင်း ကောက်လို့ ရတာထက် စောင်ရေ ၂ဝ လောက်တော့ .ပိုထုတ်သင့်တယ်ထင်တယ်။ ဒီအစီအစဉ်ကို ရုတ်တရက် ရွာထဲမဝင်လို့ .မသိလိုက်တဲ့ ရွာသူားတွေ
.နောက်ပိုင်း သိပြီး လိုချင်ရင် ပေးနိုင်အောင်ပါ။ )
.အဲ့ဒါလေး….

!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

 

ဒါက ကို.တောတွင်းပျော် အစဖော်တဲ့အကြံပါ

 

မောင်သူရ @ Alinsett

.ဩဂုတ် ၂၃ ။ ၂၁၅ ။

 

 

97 comments

  • ဇီဇီခင်ဇော်

    August 25, 2015 at 9:02 am

    ဟုတ်ပါတယ်။
    မှန်ပါတယ်။
    ထောက်ခံပါတယ်။
    ဟိဟိ။
    တစ်ခု လောက်ဝယ်ချင်ပါတယ်။
    အဟေးဟေး

    :mrgreenn:

    • Alinsett @ Maung Thura

      August 25, 2015 at 5:44 pm

      မမကြီးရဲ့ ထမင်းဆိုင်လည်း ထည့်ကြော်ငြာမလား…
      .ကြော်ငြာထည့်ရင်.. ဝယ်စရာမလို… လက်ဆောင်ရမယ်.. အဟိ..

      :k:

  • Shwe Ei

    August 25, 2015 at 9:04 am

    -၂၀၁၆ တွေ့ဆုံပွဲမှာ ပြက္ခဒိန်ရောင်းမယ်ပေါ့
    -ဝယ်ပါမယ်ညော် 🙂

  • အောင် မိုးသူ

    August 25, 2015 at 10:09 am

    Design ဆွဲပေးမယ်လို့…………။ ဒီဇီုင်းအပ်ဖို့ သားကိုရွေး သားကိုရွေး

    • Alinsett @ Maung Thura

      August 25, 2015 at 5:32 pm

      မျက်နှာဖုံးကစ….နောက်ကျောဖုံးအထိ….
      အပ်ပါ့မယ်လို့….
      ကူညီမယ်ဆိုလို့ ဝမ်းသာပါတယ်… ကျေးဇူးလည်း တင်ပါတယ်။
      တစ်ယောက်တစ်လက်နဲ့ဆို…မကြာဘူးထင်ပါတယ်…

      😆

  • weiwei

    August 25, 2015 at 10:18 am

    အားပေးပါ့မယ်လို့ ..

    • Alinsett @ Maung Thura

      August 25, 2015 at 5:40 pm

      ဓါတ်ပုံလေးတွေပါ.. ယူသုံးခွင့်ပြုပါ….လို့…
      (ဓါတ်ပုံဆရာတွေဆီက… အလကားတောင်းမှာနော်..
      ဓါတ်ပုံဆရာတွေကိုတော့… ကလင်ဒါ ထွက်လာရင် မရောင်းဘူးပေါ့..
      လက်ဆောင် ပေးမယ်… )

      😆

  • aye.kk

    August 25, 2015 at 10:22 am

    ကေါင်းပါ၏
    အားပေးပါ၏
    မိတ်ဆွေများအတွက်ပါ
    ဝယ်ယူအားပေးချင်ပါ၏။

    • Alinsett @ Maung Thura

      August 25, 2015 at 5:37 pm

      ဟုတ်.. ။ အမှတ်တရအနေနဲ့ရော.. လက်ဆောင်ပေးလို့ကောင်းအောင်ပါ…
      သပ်သပ်ရပ်ရပ်လေး လိုချင်စဖွယ်ဖြစ်အောင် ဖန်တီး ထုတ်ဝေပါမယ်..အန်တီအေးး
      အားပေးမယ်ဆိုလို့ ဝမ်းသာစွာ ကျေးဇဇူးတင်ပါကြောင်း…

  • တောင်ပေါ်သား

    August 25, 2015 at 11:02 am

    ပြာသိုလနေရာမှာ အပယ်ခံကြောင်ပုံလေး သုံးပါလား ဟင် 🙂

    • Alinsett @ Maung Thura

      August 25, 2015 at 5:35 pm

      .ကြောင်ပုံ သုံးဖို့ထက်…အခု စဉ်းစားနေတာက… ကြောင်ဆီက အလှူခံဖို့…

      :k:

  • Novy

    August 25, 2015 at 12:51 pm

    အားပေးပါတယ် ဝယ်ပါ့မယ် လိုအပ်တဲ့ အကူအညီကို တက်နိုင်သလောက်ပေးပါမယ်
    ကုန်ကျစရိတ်တွေကို အသိပုှံနှိတ်တိုက်တွေမှာ စုံစမ်းပေးလို့ရပါတယ်

    • Alinsett @ Maung Thura

      August 25, 2015 at 4:26 pm

      Thank ;;;;;;
      ကျနော် ဖဘကနေ ပြန် ဆက်သွယ် စကားပြောပါရစေ အန်တီနို
      ဖုန်းနံပါတ်တွေ ဘာတွေ ညာတွေက ဖုန်းပျောက်တဲ့အထဲ ပါသွားလို့

      ကုန်ကျစရိတ်နဲ့ ျစာင်ရေ အနည်းဆုံး ဘယ်လောက် ထုတ်လို့ ရတယ်တို့ ဘာတို့
      အချိန် ဘယ်လောက် ကြာမယ်တို့ ဘာတို့
      အဲ့ဒီအချက်အလက်လေးတွေ စုံစမ်းပေးပါအုန်းနော့
      စားပွဲတင်ကလင်ဒါဆိုရင်ပေါ့
      ပုံ ၁၂ ပုံနဲ့ ၁၂ မျက်နှာ/ ကျောကပ်ဆိုတော့ ခြောက်မျက်နှာဆိုပါတော့
      ခေါက်ချိုးလေးလေ
      အသေးစိတ် ထပ်တိုင်ပင်ပါ့မယ်
      ဇူးဇူး

  • may july

    August 25, 2015 at 12:59 pm

    တစ်ခါတည်းစာရင်းပေးထားပါမည် ..

    (၂) စောင် ဝယ်ပါမည် …

    • Alinsett @ Maung Thura

      August 25, 2015 at 5:26 pm

      စာရင်း မှတ်ထားပါမယ်.. ။

      တစ်ယောက်ကို အနည်းဆုံး ၂ ခုလော်ကတော့ ဝယ်စေချင်ပါတယ်.. ။ တစ်ခုက ကိုယ် သုံး.. ပိုတာ လက်ဆောင်ပေးပေါ့… ။

      :k:

  • kai

    August 25, 2015 at 1:07 pm

    အစားအသောက်ပုံလေးတွေနဲ့လုပ်ဖို့.. တခါရေးဖူးတယ်..။
    အဲဒါဆို.. နိုင်ငံခြားက.. မြန်မာဇာတိနွယ်တွေအိမ်တိုင်းမှာချိပ်နိုင်မှာ..
    ကလင်န်ဒါကလည်း.. ပြသဒါး..ရက်ရာဇာ.. ဗေဒင်တွေပါစေချင်တယ်..။

    • Alinsett @ Maung Thura

      August 25, 2015 at 4:14 pm

      အစားအသောက်နဲ့ချည်းကို သပ်သပ်တစ်နှစ်စာ ထုတ်မယ်လေ

      အခုကတော့ ရှုခင်းတွေ အသားပေးမလားလို့
      ဘယ်လို ထွက်လာအုန်းမယ်တော့ အသေအချာ မပြောနိုင်သေးးး

      ရက်ရာဇာ ပြသဒါးကတော့ ပါမှာပေါ့ ကိစ်စသိပ်မရှိ
      ဗေဒင်ကျတော့ စားပွဲတင် ကလင်ဒါခပ်သေးသေးထဲ ပုံရယ် နေ့စွဲတွေရယ်ကြား ဘယ်လို ထည့်ရပါ့

      ဒါနဲ့ သူကြီးရဲ့ သတင်းစာရယ် အောင်ဇေမီဒီယာရယ်
      ရွာရယ်ကို ကျောဘက်အဖုံးမှာဖြစ်ဖြစ် အရှေ့မှာဖြစ်ဖြစ် တစ်နေရာထည့်မယ်လေ
      အရင်းကြေအောင် စရိတ်စိုက်ဖို့ အလှူခံပါတယ်
      :k:

      US ကို ပို့ဖို့နဲ့ဘာနဲ့ အဆင်ပြေရင်ပေါ့
      အချိန် ကပ်မနေအောင်ရယ်
      ပုပ်ကုန်မဖြစ်အောင်ရယ် စဉ်းစားမိတော့ ၂၀၁ရ အတွက် လုပ်ရ ကောင်းမယ်လို့
      ၂၀၁၆ အတွက်ဆို သိပ် ကပ်နေပြီလားလို့

  • Kaung Kin Pyar

    August 25, 2015 at 1:45 pm

    ရုံးစားပွဲ၊ ဧည့်ခန်းစားပွဲပေါ်တင်ထားရတာမျိုးလေး… ပိုစိတ်ဝင်စားမိကြောင်း…

    • Alinsett @ Maung Thura

      August 25, 2015 at 4:17 pm

      ကျနော်လည်း စားပွဲတင် ုံပ်ဖြစ်ဖို့ စိတ်ကူးထားပါတယ်၊၊
      ကုန်ကျစရိတ်နဲ့ ဘာနဲ့ညာနဲ့ကို ချင့်ချိန်ပြီး အပြောင်းအလဲ ဖြစ်မဖြစ် ကြိုမပြောနိုင်သေး
      စားပွဲတင်ကလင်ဒါ ဖြစ်ဖို့တော့ ပထမ ဦးစားပေးချင်ပါတယ်၊၊
      ဒီအချက်ကိုလည်း ကျန်တဲ့သူတွေ အကြံပေးပါအုန်းခမျ

      • Mike

        August 26, 2015 at 9:58 am

        .စားပွဲတင်ဆို ပုံတွေထည့်ဖို့တော်တော်ခက်တယ်… ပြသဒါး..ရက်ရာဇာပါအောင် .ဗမာပြက္ခဒိန်ရက်တွေပါထည့်ရမှာ..နံရံချိတ်ပဲကောင်းပါတယ်ကွာ

        • may july

          August 26, 2015 at 1:42 pm

          နှစ်မျိုးလုံး ရိုက်ရင် ကောင်းမယ်ဗျ …. ကြိုက်တာဝယ်လို့ရမယ် …
          ဒါမ မဟုတ် နံရံချိတ်တစ်စောင်ဝယ်ရင် စားပွဲတင် အသေးတစ်စောင်
          လက်ဆောင်ပေးမယ့်အစီအစဉ်လေးရော ကောင်းဘူးလားးး…

  • CharTooLan

    August 25, 2015 at 2:23 pm

    သဂျီးမင်း ဇရိတ်တက်အောင်မီလုပ်နဲ့ညော်
    အစားအသောက်ပုံဆို ဘဲမှရှာဇယာမလိုဘူး ဟိုဂျီးဒေါ်တွေဆီသာပတ်တောင်း ပုံ၂၀၀ဝလောက်အေးဆေးထွက်ဒယ် 😛

    • Alinsett @ Maung Thura

      August 25, 2015 at 5:23 pm

      တစ်မျက်နှာ တစ်ပုံနဲ့ ပုံ ၂ ထောင် ပါအောင် ထုတ်မယ်…

      :k:

      အားပေးရမယ်နော်…

      :k:

  • ဇီဇီခင်ဇော်

    August 25, 2015 at 2:43 pm

    တန်ခူးလ – မုန့်လုံးရေပေါ် နဲ့ အစာပလာတွေ
    ကဆုန် – ရေနွေးကြမ်း၊ ထန်းလျက်၊ ပဲကြီးလှော်
    နယုန် – အကြော်စုံ နဲ့ မုန့်ပျားသလက် အဖြူ
    ဝါဆို – မုန့်ဆန်း နဲ့ ဦးရှင်ကြီး တင်တဲ့ မုန့်ဝိုင်း အတိုင်းပြင်
    ဝါခေါင် – မျှစ်ဟင်း လှလှ နဲ့ ထမင်းဝိုင်း မြန်မာချက်နည်းနဲ့ ချက်တာမျိုးနော်။
    တော်သလင်း – ယိုမျိုးစုံကို လှအောင်ပြင်ရိုက်
    သီတင်းကျွတ် – လက်ဖက်စုံ၊ ဂျင်းသုတ်
    တန်ဆောင်မုန်း – မယ်ဇလီဖူးသုပ်
    နတ်တော် – ထန်းရည်အိုး နဲ့ လယ်ကြွက်ကင်၊ ပဲကြမ်းသုပ်
    ပြါသို –
    တပို့တွဲ – ထမနဲ
    တပေါင်း – ငပိရည် နဲ့ တို့ စရာ အစုံ

    အာ့တွေ အာ့တွေကို လှအောင် ရိုက်ပြီး လုပ်လို့ရရင် ကောင်းမယ်။
    ပြါသိုကို စဉ်းစားမရဘူးးး
    ကြောင်သားချက်လိုက်ရင် ကောင်းမား’??

    :k:

    • Alinsett @ Maung Thura

      August 25, 2015 at 4:20 pm

      အဲ့လို အစားအသောက်ပုံတွေနဲ့ချည်း သပ်သပ် ထပ်ထုတ်စို့
      ရှုခင်းတွေ ဘာတွေညာတွေကြား ရောရင် သိပ် ပဒာသမဖြစ်ဘူးလားလို့၊
      ဒါကျတော့ အိမ်နံရံတွေမှာ ချိတ်ဖို့ ခပ်ကြီးကြီးထုတ်မယ်ပေါ့
      ဒါမှ ကြည့်ကြည့်ပြီး သွားရည်ကျမှာာာ

      😆

    • kai

      August 26, 2015 at 2:27 am

      အဲဒီအတိုင်း နံရံချိပ်ပြက္ခဒိန်လုပ်မယ်ဆို.. ဘက်ဂျက်အဖြစ်ဒေါ်လှ ၂၀ဝ ပါမယ်..။
      ပုံတွေကို.. ဂီဂီက ဦးစီးလုပ်စေချင်တယ်..။
      ပြက္ခဒိန်နှစ်ကလည်း.. တန်ခူး(ဧပြီ)၂၀၁၆ ကနေ.. တန်ခူး(ဧပြီ) ၂၀၁၇… ။
      ဘိုပြက္ခဒိန်တွေလို.. မဟုတ်..။

      ပြာသိုလ(ယောကျင်္ားဝါဆို ၊ မိန်းမ ပြာသို)အတွက်ကတော့.. မြန်မာ Miss Universe ၂၀၁၅ က.. ခွာညိုပန်း ပန်ထားပြီး.. နတ်ပြည်ကဝှက်ယူလာတဲ့အစာ.. စားနေပုံလေး..။ :k:

      စကားအတင်းစပ်..။
      အခုတင်.. စာရေးသူတယောက်နဲ့ ဖုံးအကြာကြီးပြောဖြစ်တယ်..။ လက်ဖက်အပါအဝင်.. မြန်မာ့အစားအသောက်တွေအကြောင်း..
      အသေးစိတ်ကိုမေးတာလေ..။
      အယ်လ်အေတိုမ်းသတင်းစာမှာ.. လက်ဖက်သုတ်အကြောင်း..ဆောင်းပါးရေးမလို့တဲ့..။
      (ပြီးခဲ့တဲ့တပါတ်က.. နယူးယောက်တိုမ်းမှာ.. တိုဖူးသုတ်အကြောင်း ပုံနဲ့ပါသွားတယ်..။
      http://www.nytimes.com/2015/08/23/magazine/myanmars-many-funks-and-flavors.html?_r=0
      )
      မြန်မာ့အစားအစာတွေ.. စံနှုန်းမရှိဘာမရှိနဲ့.. ရေးမယ့်သူတွေခေါင်းမူးနေပုံသိလိုက်ရတယ်..။
      ကလင်န်ဒါထုတ်ဖြစ်ရင်.. အစားအသောက် ထည့်ရမယ့်.. အမယ်..အချိုးတွေပါထည့်လိုက်ပြီး.. စံဖြစ်သွားအောင်..လုပ်လိုက်စေချင်..။

      • ဇီဇီခင်ဇော်

        August 26, 2015 at 7:44 am

        တဂျီး တကယ်ကြီးလားးး
        သတ်တိ ကောင်းချက်ဟယ်။
        1) အာ့ဆို ကျနော် အစိမ်း ၁၀ဝ ထည့်ဖြည့်ပေးမယ်။

        2) မောင်ဂီ လုပ်ပေးမားးး
        (မနေ့ကထဲက နာမည် တတ်ပြေါချင်တာ၊ အဆဲခံရမစိုးလို့ ခု တဂျီးပြေါမှ လိုက်ပြေါအားရှိ)
        :mrgreenn:

        3) အဲ။ တဂျီးပြေါတဲ့ထဲ အချိုးပါထည့်တာတော့မကြိုက်။
        ဟင်းချက်နည်း ကလင်ဒါမှ မဟုတ်ပဲဟာ။
        ပို့(စ) ထဲမှာ အချိုးရှာပေးရတာကို လျှာထွက်နေပြီ။
        လွယ်တယ်မှတ်လို့။ ခု အစားအသောက် Weighing Scale လေး ဝယ်ထားရတယ်။
        အလှပြ ကလင်ဒါဆိုတော့ မြိုင်မြိုင်ဆိုင်ဆိုင် မြိန်မြိန်သာရိုက် ပံ့ပိုးပေးအူးမှာ။

        4) ကျနော် လက်ဖက် နဲ့ ဂျင်း သုတ်တွေ ကို ရေးမလို့ ဓာတ်ပုံပဲ ရိုက်ရသေးတယ်။
        အဟီးဟီးး

        5) တို့ဟူးကတော့ တင်လို့ရပါပြီ။ နောက်လ လောက် ပေါ့။
        ဒါတောင် သူ့တို့ဟူးပုံက မမြိုင်မလှဘူးးး (အားမနာတော့ဘူး၊ ဟိဟိ)

        :k:

      • Alinsett @ Maung Thura

        August 26, 2015 at 1:52 pm

        Alinsett @ Maung Thura says:

        အဲ့လို အစားအသောက်ပုံတွေနဲ့ချည်း သပ်သပ် ထပ်ထုတ်စို့
        ရှုခင်းတွေ ဘာတွေညာတွေကြား ရောရင် သိပ် ပဒာသမဖြစ်ဘူးလားလို့၊
        ဒါကျတော့ အိမ်နံရံတွေမှာ ချိတ်ဖို့ ခပ်ကြီးကြီးထုတ်မယ်ပေါ့
        ========================================
        kai says:

        အဲဒီအတိုင်း နံရံချိပ်ပြက္ခဒိန်လုပ်မယ်ဆို.. ဘက်ဂျက်အဖြစ်ဒေါ်လှ ၂၀ဝ ပါမယ်..။
        ပုံတွေကို.. ဂီဂီက ဦးစီးလုပ်စေချင်တယ်..။
        ပြက္ခဒိန်နှစ်ကလည်း.. တန်ခူး(ဧပြီ)၂၀၁၆ ကနေ.. တန်ခူး(ဧပြီ) ၂၀၁၇… ။
        ဘိုပြက္ခဒိန်တွေလို.. မဟုတ်..။

        အစားအသောက်ပုံတွေချည်း သီးသန့်ကို ခပ်ကြီးကြီး… နံရံချိတ်ဖို့ ထပ်ထုတ်စို့….
        ၂၀၁ရ အတွက်ဖြစ်ဖြစ်….
        .သေချာ စီစဉ်ပြီး ထပ်လုပ်ကြစို့ပေါ့…

        ၂၀ဝ စိုက်မယ်ဆိုတာကို မှတ်ထားပြီ…

        :k:

  • တောတွင်းပျော်

    August 25, 2015 at 4:25 pm

    ကျနော ့အနေနဲ ့ အကြံပြုချင်တာကတော ့
    ပထမဆုံးမျက်နှာစာမှာ ဂေဇက်လိုဂိုကို ဘာအရောအထွေးမှ မပါပဲ
    ရှင်းရှင်းလင်းလင်း မျက်နှာအပြည် ့နဲ ့လုပ်လိုက်ရင် အိန္ဒြေရရ ခန် ့ခန် ့ညားညားဖြစ်မလားလို ့လေ။ နောက် ဆိုဒ်ရဲ ့လိပ်စာနဲ ့အတူ ဂေဇက်ရဲ ့ ဆောင်ပုဒ်လေးတစ်ခုလောက်ပေါ ့။
    အကြံပေးကြည် ့တာပါ။
    နောက် သူကြီးပြောသလို လရာသီအလိုက်ပုံတွေနဲ ့အတူ အမ ခင်ဇော်ရဲ ့ လအလိုက် ဟင်းအမည်တွေပုံတွေကို ထောင် ့တစ်နေရာမှာတွဲလိုက်ရင်ကော။

    • Alinsett @ Maung Thura

      August 25, 2015 at 5:11 pm

      ပထမဆုံး စာမျက်နှာကို …ရွာသူား ပုံတွေ ပြရင်… ရွာနဲ့ပဲ ဆိုင်သလို ဖြစ်နေမယ်..
      တခြားသူတွေကိုလည်း ကိုယ့်ရွာကို ကြော်ငြာလို့ရအောင်… ပ်ိုပြီး ဆွဲဆောင်မှုရှိမယ့် ပုံလေးနဲ့
      လုပ်မယ် တွေးထားပြီ… ။
      မျက်နှာဖုံးအတွက်ရယ်… ကြော်ငြာထည့်မယ့် သူကြီးရဲ့ လိုဂိုတွေရယ်အတွက်..
      ဒီဇိုင်းဆရာနဲ့ တိုင်ပင်ပါ့မယ်… ။

      ဟင်းအမည်တွေပုံတွေကိုတော့…. နောက်တစ်ခါ.. သီးသန့် ခပ်ကြီးကြီး ထုတ်ချင်တယ်.. ။
      အခုထုတ်မှာက စားပွဲတင်ပြက္ခဒိန်ပဲ ဖြစ်ဖို့များတော့… ခပ်သေးသေးနဲ့ ပုံတွေ ရောရမှာလည်း အားမရ..
      တစ်နှစ်တစ်မျိုး ထုတ်နေလို့တော့ ရပါတယ်.. ။

      😆

      • kai

        August 26, 2015 at 2:30 am

        စားပွဲတင်ပြက္ခဒိန်ကိုတော့.. ရွာသူားတွေတိုင်ပင်လုပ်ကြပါ..။
        ဒီဇိုင်းသဘောအရတော့. .အကုန်ပြွတ်သိပ်ထည့်…ရှုပ်ရှက်ခတ်နေတာမလုပ်စေချင်..။

        ဘက်ဂျက်ထဲ.. ၁၀ဝ ပါပါ့မယ်..။

        • Alinsett @ Maung Thura

          August 26, 2015 at 1:58 pm

          kai says:
          စားပွဲတင်ပြက္ခဒိန်ကိုတော့.. ရွာသူားတွေတိုင်ပင်လုပ်ကြပါ..။
          ဘက်ဂျက်ထဲ.. ၁၀ဝ ပါပါ့မယ်..။

          ———–

          အခု အကြမ်းဖျင်း ဆုံးဖြတ်လိုက်တာကတော့ …
          .မြန်မာပြည် ရှုခင်းတွေထဲက ကောင်းနိုးရာရာ ၁၂ ပုံလောက်ကို စားပွဲတင်ပြက္ခဒိန်အဖြစ်
          ထုတ်ပါမယ်။
          .လေးပေါက်တို့ဆီက မန်းလေးရှုခင်းများ…
          .အခြားဓါတ်ပုံဆရာများဆီက…အခြားဒေသ ရှုခင်းများ…
          .မမပုဆီက ရေခဲတောင်ပုံကအစ…
          .ဆရာခေါင်ဆီက ပန်းချီကားလည်း…ပါလိမ့်မယ်ပေါ့… ။
          ————————–
          အဲဒီအတွက် ကုန်ကျစရိတ်ထဲ သူကြီးက ဒေါ်လှ ၁၀ဝ ကူညီထားပါတယ်။
          —-
          .ကျေးဇူးတင်ပါတယ် သူကြီးရေ….

  • aye.kk

    August 25, 2015 at 7:26 pm

    စားပွဲတင်ကလင်ဒါကေါင်းပါ၏။
    စာရေးတဲ့သူတွေ စာဖတ်တဲ့သူတွေဆိုရင်
    စာကြည့်စားပွဲမှာ အထိုင်များတယ် ။
    အန်တီတို့လည်း စာကြည့်စားပွဲမှာ အထိုင်များနေပါ၏လို့။

    • Alinsett @ Maung Thura

      August 26, 2015 at 2:00 pm

      အခု ရှုခင်းတွေနဲ့ စားပွဲတင် ထုတ်ဖြစ်ဖို့အခြေအနေ များပါတယ်။
      ——
      စားသောက်ဖွယ်ရာ ပုံတွေကိုတော့ ဆိုဒ်ခပ်ကြီးကြီးနဲ့ နံရံမှာ ချိတ်လို့ရအောင် နောက်တစ်ခေါက် ထပ်ထုတ်မယ် တွေးမိ….

      😆

  • aye.kk

    August 25, 2015 at 7:32 pm

    သူကြီးပြောသလို
    အစားသောက်ပုံတွေ
    လုပ်စေချင်မိပါတယ်။။

  • ဝင့်ပြုံးမြင့်

    August 25, 2015 at 8:16 pm

    .ရွာသူအချောအလှတွေဆိုရင်ကော၊ ဦးမျိုးသမီး ၂ယောက်ရှိတယ်။ ဦးကြီးမိုက် သမီးလည်းရှိတယ်။ ကောင်းကင်ပြာလေးဆိုရင်ကော ဘယ်လောက်ချောလဲ။ နောက်ရှိဦးမှာ။

    • kai

      August 26, 2015 at 2:39 am

      ထိုင်ဝမ်က.. ကိုအောင်မှာလည်း.. သမီးတွေရှိသေး..။ အန်တီအေးမှာလည်း.. တူမတွေရှိသဗျ..။

      ကဲ.. ရွာသူားတွေ..
      အရွယ်ရောက်ပြီးတဲ့.. သမီး/တူမတွေအကုန်ထုတ်…။ :k:
      (မှတ်ချက်..။ ။ ကြောင်တွေ..အကောင်တွေမပါ..။)

    • Alinsett @ Maung Thura

      August 26, 2015 at 2:03 pm

      အစ်မတော်ရယ်…
      ရွာသားချောချောလေးတွေကို မော်ဒယ်အဖြစ်ထားပြီး ရိုက်လည်း…
      ကမ္ဘာတောင် ကျော်နိုင်သေးးးး
      ဥပမာ..အောင်ရဲလင်းထက်တောင် အောင်ရဲလင်းနဲ့ ပိုတူတဲ့ အလင်းဆက်တို့ ဘာတို့….

      :k:

  • ဓါတ်ပုံကတော့ ရိုက်ပြီးသားထဲက ကြိုက်တဲ့ပုံပြောပါ ပေးပါမယ်

    အသစ်လိုချင်တယ်ဆိုလဲ ရိုက်ပေးလို့ ရပါတယ်

    အခကြေးငွေပေးစရာမလိုပါ

    ပြက္ခဒိန်ကို ထုတ်ဘို့ မောင်ယဉ်အောင်နဲ့ကျနော်စဉ်းစားဘူးပါတယ်။

    အမအေးကိုတောင် တိုင်ပင်ဘူးပါတယ်

    ဒါပေမယ့် ပြက္ခဒိန်က ပုံဆိုတာ ရာသီစာ တစ်နှစ်ပြီးသွားရင် ဘယ်သူမှ စားပွဲပေါ်မှာမထားချင်ပါ

    အကောင်းဆုံးကတော့ ဂေဇက်အမှတ်တရအဖြစ် ထုတ်မယ်ဆိုရင် အချိန်ကာလမရွေး ခုံပေါ်မှာရှိနေနိုင်မယ်ထင်ပါတယ်

    • Alinsett @ Maung Thura

      August 26, 2015 at 2:07 pm

      မန်းလေးဘက်က ရှုခင်းတွေထဲက သုံးဖို့….လေးပေါက်တို့ကို အားကိုးပါတယ်။
      ပုံလေးတွေနဲ့ ပါဝင် အားဖြည့်ပေးမယ်ဆိုလို့..ကျေးဇူးအထူး…..

  • မြစပဲရိုး

    August 25, 2015 at 10:34 pm

    လုပ်လက်စနဲ့တော့ ၃၆၅ ရက်စာ Page-A-Day Calendar လုပ်ပါလား။
    ၁၂မျိုး ဂျင်းသုပ် အစုံ ပွစာလံ ကြိုက်တာ ရှိသမျှထည့်။

    ဥမပါ – ဒီမှာ ကြည့်
    http://www.amazon.co.uk/Cats-Color-Page—Day-Calendar/dp/0761182187/ref=sr_1_2?ie=UTF8&qid=1440517787&sr=8-2&keywords=cat+calendar+2016
    တစ်ရက် ချင်း စီ ရဲ့ ကြောင် လေးတွေ ပုံမှာ Story နဲ့။

    အဲဒီ ဂဇက်ရွာ ပြက္ခဒိန်ထဲ မှာလဲ တစ်ရက် စာ တစ်ပုံချင်း အတွက် Story တွေ နဲ့ လုပ်ပေါ့။
    အစား ဆိုလဲ အဲဒီ စားစရာ အကြောင်း။
    ရှူခင်း ဆိုလဲ အဲဒီ နေရာ အကြောင်း။
    အကောင် တို့ လူတို့ ဆိုလဲ အဲဒီ အကြောင်း။
    တစ်ယောက် တစ်မျိုး မရိုးရဘဲ ပုံစံမျိုးစုံ နဲ့ တင့်တယ် နေတဲ့ ဂဇက် ရွာ ရဲ့ သင်္ကေတပေါ့။
    မတူခြားနား လဲ တစ်နေရာမှာစုပြီး ပျော်ရွှင်စွာ နေနိုင်ကြ တယ်ပေါ့။

    မဟုတ်ရင် လမ်းရိုးကြီး အတိုင်း သူလို ငါလို ပြက္ခဒိန် ဖြစ်လိမ့်မယ်။
    ပျင်းစရာကြီး။ 😉

    ဝါသနာပါရင် လူပေါင်း ၃၆၅ ယောက် ဝင်နွှဲ လို့ ရတယ်။
    ကိုယ့်ပုံ ကို ကိုယ်ရိုက်၊ ကိုယ့် ပုံပြင်ကိုယ်ရေး။
    . ပြီးရင် ပြက္ခဒိန်ထဲ ကိုယ့်ပုံပါဖို့ ဝင်ကြေး တစ်သောင်း ပေး။
    .ရောင်းပြီး မြတ်ရင် ပြန်ယူ၊ ရှုံးရင် အလှူ ပေါ့။
    ဝါသနာပါရင် နှစ်တိုင်း လုပ်ဖို့ အတွက်ကို တောင် လူ စု ထားလို့ ရသေး။

    . ပြောဆိုလို့ ဝင် ပြောကြည့်တာပါ။
    လုပ်ရမယ် မဆိုလိုပါဘူး။
    သများက နဲနဲ လက်ယာယိမ်း က တတ်လို့ပါ။
    lol:-)))))))))))))

    • kai

      August 26, 2015 at 2:36 am

      အရီးလတ်ပြောတဲ့အတိုင်းဆို.. ဟိုးးးးးးးးတခါက ဂီဂီပြောဖူးတဲ့.. စာအုပ်လိုဖြစ်နေပြီ..။
      စာမျက်နှာ.. ၃၆၅မျက်နှာပေါ့..။

      စကားအတင်းစပ်..
      မားကက်တင်းကတော့..ကောင်းသား..
      ကိုယ့်ပုံပါချင်ရင်.. တသောင်း..။ :k:

      • မြစပဲရိုး

        August 26, 2015 at 3:30 am

        အိမ်မှာ နှစ်တိုင်း ရှင်တို့ အမေရိက တိုက် ထဲ က အမေရိက နိုင်ငံ ကြီး က ထုတ် တဲ့ ကြောင် ပေါင်း ၃၆၅ ပုံပါ စားပွဲတင်ပြက္ခ္ခဒိန် ကို နှစ်တိုင်းဝယ်ရတာ။
        . ကြောင် တစ်ကောင်ချင်းမှာ သူတို့ နာမည် နဲ့ သူတို့ အကြောင်း နဲ့။
        သူတို့ ကြောင် တွေ ကို အဲဒီ ထဲ ပါစေချင် လွန်းလို့။
        အဲဒီ ကြောင် တွေ ပြက္ခဒိန်ထဲ ပါဖို့က ပြိုင်ပွဲ ဝင်ရတာ။
        ဒါပေမဲ့ ပုံ တွေ ကြည့်ရတာ ရိုးရိုး ဒီအတိုင်း ရိုက်ထားတာနော်။
        တစ်ချို့ ပုံတွေ ဆို သာမာန်ရိုက်တာထက် တောင် ညံ့သေး။
        အဲဒါကို လူကြိုက်များ သမှ တစ်နှစ်တစ်နှစ် သန်းချီပြီး ရောင်းရတာ။

        လမ်းရိုးကြီး က ဖောက်ထွက်နိုင်တတ်ဖို့ ဘဲ လိုတာ ရော။
        အခုလဲ အပျော်လို သဘောထား ရွာထဲ က လူများ ကိုယ့်ပိုက်ဆံ ကိုယ်ထည့်ပြီး အစမ်းထွင်ကြည့်ပေါ့။
        တစ်ချို့ ပုံတွေ က အတည်ဖြစ်ချင်ဖြစ်မယ်။
        တစ်ချို့ က ဟာသ ဖြစ်မယ်။
        ပုံတိုင်း က သူ့ ပုံပြင်တို လေးတွေ နဲ့။
        ကိုယ့်ကလေး ရဲ့ ပုံကိုလဲ ရိုက်ထည့်ချင်ရင် ရတယ်။
        ကိုယ့် လုပ်ငန်း အကြောင်းလဲ ရိုက်လို့ ရတယ်။
        .နိုင်ငံစုံက ပုံတွေလဲ ပါမယ်။
        စားသောက်စရာ တွေလဲ မျိုးစုံ ပါစမ်းပါလေ့။
        ဒါမျိုးကလဲ ဒီလို လူပေါင်းစုံ စု လို့ ရတဲ့ နေရာလိုမျိုး မို့ ပုံစု လူစု ရလွယ်မှာ။

        တစ်ရက် ပြီး နောက် တစ်ရက် မှာ ဘာ ဆိုတာ ကို လှန်ကြည့်ဖို့ အတွက် စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်လမ်း ပုံတွေ နဲ့ ဆွဲဆောင်မှု ရှိနိုင်ပါတယ်။
        ၁၂မျိုး ဂျင်းသုပ်ပေမဲ့ အဲဒါကဘဲ နေ့စဉ် စောင့် ကြည့်ရဖို့ ကို ရိုး မသွားဘူးပေါ့။

        သူကြီး မင်းက ၁၀ဝ ထည့်တော့ မယ် ဆိုရင် ရိုက်ထား တဲ့ အရွဲ့ အစောင်း တစ်ခြမ်းပြတ် လေး တွေ ထဲ က အကောင်းဆုံး ၁ဝ ပုံ ရွေးထားပေတော့။ 😉

        PS – နောက်တာ ကို အတည် မယူကြနဲ့။ lol:-))

        • ဦးကြောင်ကြီး

          August 26, 2015 at 10:13 am

          အနော ့်ဥကို ရိုက်မဲစို စပွန်ဆာပေးမည်…. လို့ ပေါပေးနော ်လော ်ဘီတီတီမြ

        • weiwei

          August 26, 2015 at 10:42 am

          အဲဒါဆိုရင်တော့ ဒုက္ခပဲအရီးရေ ..
          ကျွန်မသာဆို ကဏ္ဍစုံကနေ ပါချင်နေမှာဆိုတော့ အနဲဆုံး ၃ သိန်းဖိုးလောက် ဝင်ကြေးပေးနေရလိမ့်မယ် … 🙂

        • ဇီဇီခင်ဇော်

          August 26, 2015 at 11:00 am

          ကိုယ့်စားရိတ်နဲ့ကို ဥကြောင် ဥ ကို လာရိုက်လို့ ရမလား?
          ဘာနဲ့ရိုက်ရိုက် မအော်ရဝူးနော်။

          👿

  • @QUIL@

    August 25, 2015 at 11:29 pm

    .၁) ပြက္ခဒိန်မှာ သုံးဖို့ ပုံတွေ / စာသားတွေ – စုဆောင်း >ရွေးချယ် –
    .၂) ဘယ်ပုံကို ဘယ်လ ဘယ်စာမျက်နှာမှာ ထားမယ်ဆိုတာ စီစဉ် –
    .၃) ပြက္ခဒိန်အဖြစ် ပုံနှိပ် ထုတ်ပေးမယ့် ပုံနှိပ်တိုက်တစ်ခုခုကို အပ်ဖို့ ရံပုံငွေ .ကြိုတင်စုဆောင်း (ဒါကတော့ စိုက်ပေးထားနိုင်တဲ့တယောက်ယောက်က .စိုက်ပေးထားပေါ့နော့) –
    .၄) ပြက္ခဒိန်အဖြစ် ပုံနှိပ် ထုတ်ပေးမယ့် ပုံနှိပ်တိုက်တခုခုကို အပ် –
    .၅) ထွက်လာတဲ့ ပြက္ခဒိန်ကို ကုန်ကျစရိတ် တွက်ချက်ပြီး .ကုန်ကျငွေ ပြန်ရအောင် ဈေးနှုန်း၁ခု သတ်မှတ် > .ရွာသူားတွေကို ပြန်ရောင်း> ရောင်းလို့ ပြန်ရတဲ့ ငွေကို
    .ကနဦး စိုက်ထုတ်ပေးထားသူကို ပြန်ပေး –
    .၆) ပြက္ခဒိန်လှလှလေးကို စားပွဲတွေမှာ ကိုယ်စီ ထောင် ဒန်တန့်တန်

    အစီအစဉ် နည်းနည်း ပြန်တည့်ပေးလိုက်တယ်ဗျ။

    ၁) Offset ကိုသွား
    – Wallsheet or Tabletop ကို ရွက်ရေ ၊ အရွယ်အစား နဲ့ စက္ကူသား အရ ဈေးကိုမေး
    – 12(+1) pages or 6(+1) pages ကို ဆုံးဖြတ်
    – အနည်းဆုံး ခုရေ နဲ့ဆို အရင်းသက်သက် ငွေဘယ်လောက်ကျမယ် (ကြာချိန်ဘယ်လောက်ယူမယ် မေး)
    – ဒီဇိုင်း အပြီးအစီး ကို ဘယ် format ဘယ် resolution နဲ့ပေးရမယ် စသည်ကိုပါ တခါတည်းမေး

    ၂) ရွာထဲကိုလာ
    – စုံစမ်းထားတဲ့ အချက်အလက်တွေ ချပြ
    – အများသဘောနဲ့ ဘယ်လိုအမျိုးအစား ထုတ်မယ် ဆိုပြီး ဆုံးဖြတ်
    (အဲသည်မှာ ဘာကို ဘယ်လောက်ထုတ်မယ်ဆိုရင် ဘယ်လောက်ကုန်မယ် ဆိုတာပါနေပြီ)

    ၃) do ur homework
    – (တလချင်းစီဖြစ်စေမှာ) ကြော်ငြာ ဘယ်နှခု ထည့်မယ် ။ ဘယ်လို ထည့်ရင် ဘယ်လောက် ယူမယ် ဆိုတာ ဆုံးဖြတ်။
    – ကြော်ငြာ ရှာ။ စပွန်ဆာ ရှာ ။ စိုက်ပေးမယ့်လူ ရှာ။
    – ရောင်းမယ့် ဈေး ကို သတ်မှတ်။
    – ကြော်ငြာ သမားဆီက ဒေတာတောင်း (လိုဂို၊ စလိုဂန်၊ လိပ်စာ ဒီဇိုင်း စသည်)
    – ဒီဇိုင်နာ နဲ့ တိုင်ပင်ပြီး ကလင်ဒါ ကို ကြော်ငြာတွေနဲ့အတူ frame ချ ။ (ချထားတဲ့ frame ထဲကို ဓာတ်ပုံ နောက်ဆုံးမှ ထည့်)
    – Schedule အချော ဆွဲ။ (ဒီဇိုင်း၊ ပုံဖြည့်၊ ပရင့်တင်း၊ နောက်ပြီး ပွဲချိန်)
    – ကြော်ငြာ သမားကို ပေးရမယ့်အရေအတွက်၊ စပွန်ဆာ ကိုပေးရမယ့်အရေအတွက် ရောင်းမယ့် (ဝေမယ့်) အရေအတွက် အကြမ်းဖျဉ်းကိုတွက် (Offset ဈေးနဲ့ပြန်ချိန်ထိုး)
    – လိုအပ်ရင် အလှူထပ်ခံ (ပိုရင် ခုရေ တိုးထုတ်)

    ၄) ဓာတ်ပုံတောင်း
    – ၆ပုံ(+၁) လား ၁၂ပုံ(+၁) လား အတိအကျ သိပြီမို့ ဘယ်နှယောက်ဆီက ဘယ်နှပုံတောင်းရမယ် ဆိုတာ ရုပ်လုံးပေါ်ပါပြီ
    – သတိပြုရမှာက ဟာမိုနီဖြစ်ဖို့ … (ရှုခင်းတွေလား၊ ပန်းတွေလား ၊ အစားအသောက်လား ၊ landmark ဖြစ်တဲ့ အရာတွေလား၊ တိုင်းရင်းသားပုံတွေလား စသည်)
    – ရေစာ ကိစ္စ သတိပြု (ဖြစ်နိုင်ရင် ဓာတ်ဆြာတယောက်ချင်းစီရဲ့ ပုံထဲကရေစာတွေအစား ရေစာ အလွတ် နဲ့ယူပြီး ပုံအောက်မှာ စာသားနဲ့ ဘယ်သူရိုက်တယ်ဆိုတာ ဖော်ပြတာပိုကောင်း)

    ၅) approval finale
    – ကလင်ဒါ အနေနဲ့ အပြည့်အစုံ ပြီးပြီးသား ကို ရွာထဲလာတင်။
    – လိုတိုးပိုလျှော့လုပ်။
    – အချောသပ်
    – နောက်ဆုံး offset အပ်

    ၆) ဖြန့်ချိ
    – ဖောရိန်းပို့ဖို့ လမ်းကြောင်း
    – နယ် လမ်းကြောင်း
    – မြို့တွင်း လမ်းကြောင်း
    – တွေ့ဆုံပွဲတခုခုမှာ ခင်းကျင်းဖို့ အစီအစဉ်

    အဲ့ဒါတွေ တခုချင်းစီသွားမှ နေရာကျလိမ့်မယ်ထင်ရဲ့။

  • မစုဉာဏ်

    August 26, 2015 at 1:08 am

    သဘာဝရှုခင်းပုံတွေ ကို မြန်မာပြည်ကပုံပဲ သုံးမှာလား၊ ဒါမှမဟုတ် တခြားနိုင်ငံက ရှုခင်းဆိုရင်ရော သုံးဖို ့ရည်ရွယ်ထားလား။
    ကွ ျ န်မဆီမှာ ဆောင်းဦးကာလ သစ်ရွက်တွေ အရောင်စုံနဲ ့ပုံတွေ ရှိလို ့ပါ။

    • Alinsett @ Maung Thura

      August 26, 2015 at 2:35 pm

      .လောလောဆယ် တွေးထားတာတော့…. မြန်မာပြည်ထဲက ရှုခင်းလေးတွေ အသားပေးမလားလို့…
      တခြားနိုင်ငံက ရှုခင်းလေးတွေ သုံးဖို့ အကြောင်းညီညွတ်ရင်… ယူသုံးခွင့်ပြုနော်…
      .ကျေးဇူး အထူး..
      ကလင်ဒါလေး ထွက်လာရင်လည်း အားပေးပါအုန်း..

  • ဇီဇီခင်ဇော်

    August 26, 2015 at 7:56 am

    ရုံး က ဖိလစ်ပီနို မ ရဲ့ မောင်က ပြကဒိန် ဒီဇိုင်း လုပ်တာဗျ။

    သူတို့ရဲ့ Regular Customer က Food and Beverage ကန်ပနီတွေ ပြကဒိန်ကို ၂ နှစ်မြင်ဖူးတယ်။
    Creation အရမ်းကောင်းတယ်။
    ပန်းနဲ့ အသီးတွေကို လူနဲ့ ရောပြီး ဒီဇိုင်းလုပ်ထားတဲ့ နှစ်ကဆို အနံ့ပါ ထည့်ထားတယ်။ တစ်ရွက်စီမှာ အဲဒါနဲ့သက်ဆိုင်နဲ့ Quotesလေးတွေပါတယ်။
    For Example – သံပုရာသီးစိမ်းစိမ်းပြါးပြါးလေးကို ရေလွှာစကိတ်စီးသလို လုပ်ထားပြီး Fresh ဖြစ်တဲ့ အဓိပယ် ပါတဲ့ Quote မျိုး ထည့်ထားတာ။

    နှစ်ကုန်ရင် ကလင်ဒါ အနေနဲ့သုံးမရတော့တာမို့ ပို့(စ) ကာတ် အဖြစ် ပြန်ဖြုတ်လို့ရအောင် လုပ်ထားတယ်။
    ဟီး
    သူတို့ ကလင်ဒါ ရောင်းဈေးကို က စ လုံး တစ်ထောင်ကျော်တယ်။
    :mrgreenn:

    ကျနော်မှာတော့ မြန်မာ ကဗျာနဲ့ ကလင်ဒါထုတ်ထားတုန်းက ကလင်ဒါလေး ဆော့(ဖ) ကော်ပီရှိသဗျ။
    ပြန်ရှာပေးပါ့မယ်။

  • ဦးကြောင်ကြီး

    August 26, 2015 at 8:34 am

    မွပ်ထီးဒွေ မွပ်မဒွေ သိပ်ရွနေ….။ ငါကတော ့ရွယဉ် ကိုယ့်ဟာကိုယ် ကလိဒယ်.. နီဒို့လို ရွစိ ရွစိ မလှုပ်..

  • အောင် မိုးသူ

    August 26, 2015 at 10:20 am

    အစားအသောက်ပုံလေးတွေနဲ့ဆို ကောင်းမယ်။ ဒီထဲမှာ ကိုဂီတို့လို ဓာတ်ဆြာတွေရှိတာပဲ အစားအသောက်ပုံ ပြင်ဖို့နဲ့ ဒီဇိုင်းကိစ္စ ကူပေးမယ်။

  • Shwe Ei

    August 26, 2015 at 5:06 pm

    -အစားအသောက်ပုံပါတဲ့ ပြက္ခဒိန်ဘဲဝယ်မယ်
    -အာ့လာပျောဒါ..ဒါဘဲစ်

    • Alinsett @ Maung Thura

      August 26, 2015 at 5:44 pm

      တိန်
      တိန်
      နှစ်ခါတိန်

      :k:

      ဘာဖြစ်ဖြစ် အမှတ်တရ ဝယ်မယ်လို့ မှတ်ထားလိုက်ပါ့မယ်

      :kwi:

    • တောတွင်းပျော်

      August 28, 2015 at 7:59 pm

      အမကြီး ရွှေအိရေ
      ကိုသူရတစ်ယောက်က အစားအသောက်ပုံတွေထက်
      သူ ့အသောက်အစား လုပ်နေတဲ ့ပုံတွေချည်းတင်မယ်
      တကဲကဲလုပ်နေလို ့ မနည်းတားနေရတယ်။
      အစားအသောက်ပုံမဟုတ်လို ့ အမ အတွက် မဝယ်လည်း မိတ်ဆွေတွေကို လက်ဆောင်ပေးဖို ့ ၁ဝစောင်လောက်တော ့ အားပေးနော်။

    • တောတွင်းပျော်

      August 28, 2015 at 8:36 pm

      ရှေးဂျစ်ပဆီလူမျိုးတွေရဲ ့အဆိုအရ
      ပြက္ခဒိန်တွေ လက်ဆောင်ဝေတယ်ဆိုရင်
      အတွင်းကြိတ်ဆုတောင်းလေးတွေ ပြည် ့တတ်သတဲ ့။အဟိ..

  • လိုချင်တဲ့ ဓါတ်ပုံ အမျုးိအစား ( ရူခင်း လား အစားအသောက်ပုံလား )
    လိုချင်တဲ့ အရွယ်အစား (ဓါတ်ပုံဆိုဒ်)ပြောပါ

    နောက်ဆုံးပုံအပ်ရမယ့် ရက် ပြောပေးပါ

    အသစ်ရိုက်ပေးမယ်

  • @QUIL@

    August 27, 2015 at 7:11 am

    အင်း …ထန်းပင်တက် လက်မှတ်ကတော့ ရနေပြီ…

    ဟုတ်ကဲ့ … ပုံစုပေးတာ စုပေးလို့ရပါတယ်
    (အပေါ်မှာပြောထားတဲ့အဆင့်တွေ) ဘယ်အရွယ် ဘယ်နှရွက် ဆိုတာ သိရပြီဆိုရင် ပုံ စပြီးကောက်ပေးပါ့မယ်

    နည်းနည်း ဆွေးနွေးစရာလေး ရှိသဗျ။

    ၁) ၂၀၁၆ တန်ခူး ကနေ ၂၀၁ရ တန်ခူး အထိ ဆိုတဲ့ ကိစ္စ။

    တကယ်တမ်း နောင်နှစ်အတွက်ထုတ်တဲ့ ကလင်ဒါ ရာသီ (ဝေတဲ့ ရောင်းတဲ့ ကာလ) ဆိုတာ အောက်တိုဘာ လောက်မှာခည။
    ရွာသူားတွေ တွေ့ဆုံမယ့် ကိစ္စရပ်အနေနဲ့ ဟောင်ကောင်းကျောက်စ့် ပြည်တော်ဝင်မယ့် အချိန်နဲ့ လည်း ကိုက်နေသဗျ။
    (သာမန် ဂျန်ညော်ရီ-ဒဇင်ဘာ ကလင်ဒါ ဆိုရင်တော့) သည် တိုင်မင် နဲ့ ကိုက်နေသပေါ့။
    တန်ခူး-တူ-တန်ခူး ကလင်ဒါလုပ်ရင်တော့ သည်ပွဲ ဝေဖို့ ရောင်းဖို့ စောလွန်းသေးတယ် (အချိန်လည်း နည်းနည်း လုရလိမ့်မယ်)
    သည်တော့ လာမယ့်နှစ် ဂျန်ညော်ရီလောက် (ပုံမှန် တနှစ်တခါ တွေ့ဆုံပွဲလုပ်ကြလေ့ရှိတဲ့ အချိန်မျိုး) မှာ ဝေမယ် ရောင်းမယ်ဆို
    ကွက်တိလောက် ကျမလားလို့ တွေးမိပါတယ်။ သို့သော် တဖက်က risk အနေနဲ့ကလည်း အနှီအချိန်ကျရင် အခြားသော jan-dec ကလင်ဒါတွေ
    လူအားလုံးနီးပါး လက်ဝယ်ရှိပြီး ရပြီး ဖြစ်နေမှာမို့ မလိုအပ်တော့/ မလိုချင်တော့မယ့် ကိစ္စပါ။
    သည်အကြောင်း ဆွေးနွေးကြစေလို။

    ၂) အစားအသောက် Vs ရှုခင်း

    သဂျီးနဲ့ မဇာယိ ကတော့ အစားအသောက်ဘက် ပိုစိတ်ပါတယ် မြင်မိရဲ့။ ကျုပ် ပါဆင်နယ် အမြင်ကတော့ အစားအသောက်ထက် ရှုခင်းကို ပိုသဘောတွေ့တယ်။
    ဘာကြောင့် အစားအသောက် မလုပ်ချင်ဘဲ ရှုခင်း လုပ်ချင်သလဲ ဆိုတော့
    ၂-၁။ ကလင်ဒါကို ပြည်တွင်းရော ပြည်ပ က မြန်မာတွေဆီ အရောက်ပို့မှာ ဆိုတော့ အဝေးရောက် မြန်မာများ အတွက်က အစားအသောက်ပုံတွေက စိတ်ဝင်စားစရာ နှစ်လိုဖွယ်ရာ ဖြစ်ပမယ့် ပြည်တွင်း ပရိတ်သတ်အတွက်တော့ လက်တကမ်းမှာ တွေ့နိုင် မြင်နိုင် စားနိုင်မယ့် ရှမ်းခေါက်ဆွဲ နန်းကြီးသုတ် ကတ်ကြေးကိုက်
    စတဲ့ပုံတွေကို ကလင်ဒါအနေနဲ့ ပြတာ… ပြောင်ပြနေသလို ခံစားရရဲ့။ ဒါကို ယူရမှာ သိပ် စိတ်လှုပ်ရှားဖို့မကောင်းဘူးထင်တယ်။

    ၂-၂။ အစားအသောက်ပုံနဲ့ပဲ ကလင်ဒါ လုပ်ပါပြီတဲ့။ ပါဝင်တဲ့ အင်ဂရီးဒီးယန့် အချိုး ထည့်ရုံက မလုံလောက်ဘူးမြင်သဗျ။ တကယ်လုပ်စားကြည့်ချင်သူအတွက်က
    ပရော့ဆက်စ့် ပါ ထည့်ရေးမှ ပြည့်စုံတော့မပေါ့။ အဲ့လောက်ထိ စာပိုဒ်နဲ့ ထည့်ရေးပြန်ရင်လည်း ကလင်ဒါ အနေနဲ့ မမိုက်တော့ဘူး။ အဲ့ဒါ။

    ၂-၃။ အစားအသောက်မှ အစားအသောက် ဆိုရင်ဖြင့် တပုံနဲ့တပုံ uniform ဖြစ်ဖို့ရာ ဆင်တူဖို့ရာ (ချက်ချက်။ ဝယ်ဝယ်) ဓာတ်ဆြာ တယောက် ဒါမှမဟုတ်
    ၂ယောက်လောက်နဲ့ လူစုပြီး ပြင်ဆင်ရိုက်ကူး လုပ်သင့်တာဆိုတော့ ဓာတ်ဆြာပေါင်းစုံရဲ့ တင်ပြပုံ အစုံအလင် multiple perspective မရတော့ပြန်ဘူး။
    စိတ်ကျေနပ်စရာမကောင်း။

    ၂-၄။ ရှုခင်း ကို အားသာရခြင်းက ရွာထဲက ဓာတ်ဆြာ ပေါင်းစုံက နေရာပေါင်းစုံ သွားထား ရိုက်ထားတာမို့ မြန်မာပြည် တနံတလျား က ပုံတွေ ကို ရနိုင်တယ်။
    လူစုံ ၊ ရှုထောင့်စုံ နဲ့ နေရာစုံ။ ဆိုပါစို့ … ကိုပေါက် ဆိုရင် မန်းတလေး တဝိုက် ကပုံမျိုး။ မဝေ ကတော့ ခရီးအတော်သွားသမို့ (ခုနောက်ပိုင်း သွားထားတဲ့ ပုဂံ ပုံတွေပဲဖြစ်စေ။) ။ မယ်ပု ဆီက ချင်းတောင်ပုံတွေ ရနိုင်တယ်။ လုလင် က ကယားသွားထားတဲ့ ပုံတွေ မြင်ဖူးတာမှတ်မိနေတယ် (တခြား ခရီးတွေလည်း ရှိဦးမှာပါ)
    နောက် ဆြာ အုပ် ဆီက (တခြားဆြာတွေ နဲ့ခြားနားတဲ့ ခရီးသွားပုံတွေ). ကမှော်ဆီကဆို ဧရာဝတီ တခွင် ပုံတွေ ရမယ်။ ရွှေမင်းသားကို ပြန်ဆက်သွယ်နိုင်ရင်
    advanture tour ဆန်ဆန် ရေခဲတောင်ပုံလိုမျိုးတွေ ..။ အခြားအခြားသော ရွာသူားတွေဆီက မွန်။ ရခိုင်။ ကရင် နဲ့ ရန်ကုန်တဝိုက်ကပုံတွေ နဲ့
    မြိုင်မြိုင်ဆိုင်ဆိုင် လုပ်လို့ရနိုင်သဗျ။ ပရိတ်သတ်အတွက်ကတော့ ပြည်တွင်းနေနေ ပြည်ပနေနေ သည်လို လိုကေးရှင်း အစုံကို တထိုင်တည်း မြင်နိုင်ရနိုင်သမို့
    ဆွဲဆောင်မှု အားကောင်းလိမ့်မယ် မြင်မိရဲ့။

    ၂-၅ တကယ်တော့ အစားအသောက်ဖြစ်စေ ရှုခင်းဖြစ်စေ မြန်မာ ဆိုတာကို appeal လုပ်မယ့် ကလင်ဒါ ဆိုတဲ့ မူဘောင်အတွင်းတော့ ရှိတယ်မဟုတ်လား။
    ဒါဆိုရင် အစားအသောက်ရော ရှုခင်းရောမဟုတ်ဘဲ မြန်မာဆိုတာ ပြနိုင်တဲ့ အခြားသော အရာတွေဆိုရင်ကော? ပန်းဆယ်မျိုးကိုပဲ အရင်ဆုံးမြင်ကြည့်ဦး။
    ဥပမာဗျာ ပုသိမ်ထီး ၊ ရုပ်သေးရုပ် ၊ သနပ်ခါး ၊ ကြေးထည်တွေ၊ ပန်းချီ နဲ့ ပန်းပု ၊ အိုးလုပ်ငန်း စသည်များပေါ့… ဒါမျိုး abstract ဆိုရင်ရော ဘယ်လိုတုန်း ဆိုတာပါ။
    (သေချာတာက ဒါမျိုးလုပ်ရင်တော့ အတော်များများ အသစ်ရိုက်ယူရလိမ့်မယ်)

    ၃) Fund
    တကယ်တော့ အလှူ မခံချင်ဘူးဗျ။ (လာလှူရင်တော့ ယူမှာပါ)
    တစုံတယောက်က စိုက်ထားပေးတာမျိုးလည်း မလိုချင်ဘူး။ (စိုက်ထားပေးပါ့မယ် ပြောရင်လည်း ယူအုံးမှာပါ)
    အဲ့ဒါတွေထက်စာရင် ကြော်ငြာ လက်ခံချင်တယ်။ ထုတ်လုပ်မှု ကုန်ကျစားရိတ်အတွက် ပြောပါတယ်။
    ကလင်ဒါ စာမျက်နှာတွေမှာ ကန်ပနီ(လုပ်ငန်း) နာမည် ၊ လိုဂို နဲ့ လိပ်စာ စတာတွေကို ပုံနှိပ်ခ ကြော်ငြာခ အနေနဲ့
    ဈေးတခုသတ်မှတ်ပြီးရောင်းချင်တာပါ။ ဒီအကြောင်းအသေးစိတ်ကတော့ ခန့်မှန်း(တခုစာအတွက်ကုန်ကျစားရိတ် + ခုရေ) သိရပြီဆိုရင်
    သတ်မှတ်နိုင်မယ်ထင်ပါတယ်။ ကြော်ငြာရဖို့ လိုကယ် အတွက်ကတော့ အော်ဂနိုက်ဇာတွေ နီးစပ်ရာ လှည့်ပတ် လည်ပင်းညှစ် မှာပါ။
    ယူအက်စ် နဲ့ အခြားကို အပြင်က လူတွေ တတ်နိုင်သမျှ ဝိုင်းကြဝန်းကြပါ။ (သဂျီး ထိပ်ဆုံးက)

    သည်အကြောင်းတွေ ပြောကြ ဆွေးနွေး ငြင်းခုန်ကြစေလို…။

    P.S ကျုပ်လည်း မြန်မာ့အစားအသောက်ကိစ္စကို စိတ်ဝင်စားပါတယ်။ သီးခြား လုပ်ဖို့လည်း တိုက်တွန်းချင်ပါတယ်။
    ဥပမာ ပြည်ပနေမြန်မာများအတွက် မြန်မာ့ အစားအသောက် ၁၀ဝ ဆိုပြီး
    – ပါဝင်ပစ္စည်း ( အင်္ဂလိပ်နာမည် + အလေးချိန်နဲ့တကွ) ပါဝင်ပစ္စည်းအစစ်မရနိုင်တဲ့အခါ အစားထိုးပစ္စည်း
    – ပြုလုပ်နည်း (စနစ်တကျ ပရိုစီဂျာ)
    – အခင်းအကျင်း
    – အာဟာရ တန်ဖိုး
    – ကျန်းမာရေး ထောက်ကူမှု
    စတာတွေ ပါဝင်ပြီး ဓာတ်ပုံ ဝေဝေဆာဆာနဲ့ ကျကျနန သပ်သပ်ရပ်ရပ် လုပ်ချင်မိတာပါပဲ..။ တနေ့နေ့ပေါ့။

    • ဇီဇီခင်ဇော်

      August 27, 2015 at 10:19 am

      ရှုခင်း ဆို ငါးသောင်းပဲထည့်မယ်။
      ဟွန့်

      :mrgreenn:

  • Ma Ma

    August 27, 2015 at 9:33 am

    ၂၀၁၆ တန်ခူး ကနေ ၂၀၁ရ တန်ခူး အထိ ဆိုတာ ဘယ်သူတွေအတွက် ရည်ရွယ်မလဲ မသိဘူး။
    ပြည်တွင်းကသူတွေက စိတ်ဝင်စားမယ် မထင်ဘူး။
    ပြည်ပရောက်သူတွေအတွက်လည်း အဆင်ပြေမယ် မထင်ဘူး။

    အမျိုးအစားအနေနဲ့ စားပွဲတင်ထက် နံရံချိတ်တာကို ပိုသဘောကျတယ်။
    ပုံအနေနဲ့ မြန်မာ့ရှု့ခင်းပုံနဲ့ ထုတ်မှာကို ပိုသဘောကျတယ်။

    ရွာထဲမှာတင်ဖူးတာထင်တယ်။
    တောဓလေ့ ကလေးတွေ ဖန်ခုန်တမ်း ဆော့နေတဲ့ပုံမျိုးလေးတွေကိုလည်း ကြိုက်တယ်။

    ပြက္ခဒိန်ရိုက်ဖို့ ပုံနှိပ်တိုက်ကို မေးကြည့်ချင်ရင် ပုံနှိပ်တိုက်တစ်ခုတော့ မေးပေးလို့ရတယ်။

    • @QUIL@

      August 27, 2015 at 9:55 am

      နံရံကပ် ထက် စားပွဲတင်ကို ပိုစိတ်ဝင်စားမိတာက
      ၁) ဈေးပိုသက်သာလို့ပါ။
      – အရွယ်အစားကြောင့်လို့ပဲ အကြမ်းဖျဉ်း ပြောနိုင်မယ်ထင်ရဲ့။

      ၂) အလုပ်သမား ရုံးသမားတွေ အဆင်ပြေဖို့အတွက်ပါ။
      – အိမ်နေတဲ့လူအတွက်ကတော့ ပိုကြီးတာ ပိုကြည့်ရလွယ်တယ်ဆိုပေမယ့် စားပွဲတင်လည်း သုံးလို့ ဖြစ်နေတာပါပဲ။
      – ရုံးယူသုံးဖို့ကျတော့ (ရာထူးပေါ်မူတည်ပြီး) ရုံးနံရံထက် ကိုယ့်စားပွဲကိုယ် ပိုင်တာမို့ စားပွဲတင်က ပိုပြီး သင့်တော်လို့ပါပဲ။
      (သယ်ရပြုရ နဲ့ လက်ဆောင်ပေးရလည်း ပိုလွယ်ကူတယ်လေ)

      Offset အသိရှိရင် မေးပေးပါ မာမား..
      ဆားလည်း တခုမေးထားတာ စိပါတယ်။
      စားပွဲတင် ကို white card, art card တမျိုးစီနဲ့ ၆ရွက် (ကျောကပ်) + ၁ရွက် (မျက်နှာဖုံး) = စုစုပေါင်း ရရွက်စာပေါ့
      A5 size လောက် (၅x၈) နဲ့ သိချင်ပါတယ်ခည။

      • Ma Ma

        August 27, 2015 at 6:39 pm

        စားပွဲတင် ကို white card, art card တမျိုးစီနဲ့ ၆ရွက် (ကျောကပ်) + ၁ရွက် (မျက်နှာဖုံး) = စုစုပေါင်း ရရွက်စာပေါ့
        A5 size လောက် (၅x၈) နဲ့ သိချင်ပါတယ်ခည။
        ဘယ်နှစ်ခုရိုက်မလဲပေါ်မူတည်ပြီး ဈေးကွာလိမ့်မယ်။

        ကြော်ငြာအတွက် ဘယ်လိုယူမလဲ၊ ဘယ်လောက်ယူမလဲဆိုတာ ခန့်မှန်းပေးနိုင်ရင် ကောင်းမယ်။

        • @QUIL@

          August 27, 2015 at 7:00 pm

          ထုတ်လုပ်မှု ဈေးရင်း သိရတော့မှ
          ကြော်ငြာ ဘယ်နှခု လက်ခံမယ် တခုကို ဘယ်လောက်ယူမယ်
          ကြော်ငြာရှင်ကို ကလင်ဒါ ဘယ်နှခုပေးမယ် စသည် ပြောနိုင်လိမ့်မယ်ဗျ…
          (တာမွေလူမိုက် တွေ့မရှောင် ဓားပြဗိုလ် အလှူခံ ရတာနဲ့လည်း ဆိုင်ပါလိမ့်မယ်)

          အကြမ်းဖျဉ်းကတော့ ကုန်ကျစားရိတ် – အလှူငွေ = ကြော်ငြာခ

          ဖြစ်မယ်ထင်ပါကြောင်း

    • kai

      August 27, 2015 at 3:30 pm

      သင်္ကြန်မှာရောင်းဖို့ရည်ရွယ်တာလေ…။
      ကမ္ဘာမှာမာကက်တင်န်းအတော်ဆုံးလူမျိုးတစုက.. ဂျူးဗျ.။
      သူတို့ကလန်င်ဒါက.. သူတို့နှစ်နဲ့ဖြတ်တာမို့.. တိုက်ရိုက်ကူးချလိုက်တာ..။

      ဆိုတော့…
      ရှု့ခင်းဆိုလည်း.. ရေခဲတောင်တွေ.. သဲကန္တာရတွေ.. ကျေက်ဆောက်ကြီးတွေ.. ပင်လယ်လှိုင်းတွေ.. ပါစေချင်သဗျာ…။
      တခါလာလည်း.. ပုဂံ..။
      ၂ခါလာလည်း.. အင်းလေး..။
      ၃ခါလာလည်း.. မန္တလေးအုပ်ရိုး…
      ၄ခါလာလည်း.. ဦးပိန်တံတား.. ပျင်းလွန်လွန်းလို့..။ :k:

      • ဇီဇီခင်ဇော်

        August 27, 2015 at 4:30 pm

        Agree again..!!
        :k:

      • @QUIL@

        August 27, 2015 at 7:13 pm

        အိုဗာ ၈၀% အော့ဖ် နယူး ဘစ်ဇနက် ပလန် ဖေးလ်းစ် ဆိုတာ မအံ့ဩတော့ပါဘူး..
        အနှစ်ကို မကူးဘဲ အကာကို ကူးသကိုး…

        ဂျူးက ဂျူးကာလချာ နဲ့ ဂျူး ကလင်ဒါ အသားကျပြီးသား
        ကျုပ်တို့လူမျိုးကျ ကမာ္ဘ့ ဘယ်နေရာနေနေ ဧပြီလောက်ဆို ကလင်ဒါမလိုတော့ဘူးရယ် (ရှေ့နှစ်မကုန်ခင်ကတည်းက ဝယ်ပြီးသား ရပြီးသား)
        ဝင်း-ဝင်း ဖြစ်အောင် ၂၀၁၆ ဇန်နဝါရီ ကနေ ၂၀၁ရ ဧပြီအထိ ၁၆လစာ ထုတ်ရပုံ ပေါက်နေဘီ။။။။

        ရှုခင်း အတွက်လား …
        ရိုးရိုးပုံတွေ ပျင်းတယ်လား…
        ဒါဆို …ဘယ်သူမှ မလုပ်တာ စ-လုပ်လိုက်ရင်ကောင်းမလား။

        ၁။ ဆင်ခြေဖုံးက ကျူးတွေ
        ၂။ ဆောက်လုပ်ရေးတွေက ဆေ့ဖတီးမဖာ့စ် တာတွေ
        ၃။ လက်ဖေ့ယီ ဆိုင်က ကလေးလုပ်သားတွေ
        ၄။ ရေကျော်နေတဲ့ ကားလမ်းတွေ
        ၅။ လမ်းပေါ်တက်ရောင်းတဲ့ ဟင်းရွက်ကန်စွန်းတွေ
        ၆။ ၂၂ဝမှာ ၁၁ဝ ပဲ လာတဲ့ ဘုရားစူး ဗိုလ့် မီတာတွေ
        ၇။ မီးပွိုင့်ထိပ်က သူတောင်းစားတွေ
        ၈။ ကန်ထဲ မြစ်ထဲ က အမှိုက်သရိုက်တွေ
        ၉။ အရိုးပေါ်အရေတင် လမ်းဘေးခွေးတွေ
        ၁၀။ ကြက်ပျံမကျတဲ့ ဘီယာဆိုင်တွေ
        ၁၁။ ပေတရာပေါ်က ညဉ့်ငှက်တွေ
        ၁၂။ ဂျပန် ခုရုမာ အင်ဂျင်နီယာ မေးရိုးကြမ်းပြင်ရိုက်မယ့် လူပဒေသပင် ဒိုင်နာကားတွေ

        • kai

          August 28, 2015 at 3:11 pm

          ဘာပဲဖြစ်ဖြစ်ဟေ့…
          ပြောင်းလဲကြဖို့အချိန်တန်ပြီလေ…
          Change…..

          ရှေးရိုးလမ်းကဖေါက်ထွက်ပါမှ…
          အဲဒီဆိုက်ကိုက.. နောင်တနှစ်လုံးမြန်မာတွေမှာ.. ရိုက်ခတ်နေလိမ့်…။

        • @QUIL@

          August 28, 2015 at 4:13 pm

          Kurt Lewin ရဲ့ Change Mgmt: ပြန်ပြောတာပေါ့ သဂျီး..
          ၃ဆင့်ဗျ.. Defreeze – Change – Refreeze တဲ့

          တောက်လျောက် အရိုးစွဲလာတဲ့ ကာလချာကို (အမှားကိုစွဲနေသည်ပဲထားဦး) Defreeze မလုပ်ဘဲ
          အနှီအဆင့် ကိုကျော်လို့ Change ကို တန်းသွားရင် Chaoism ဝင်တတ်သဗျ။
          ကိုယ့်နောက်လိုက်လာတာတချို့ ပေပြီး ကပ်နေတာ တချို့ .. သွေဖီသွားတာ တချို့နဲ့ အောင်မြင်မှု ရဖို့ မရေရာဘူး။
          (Innovator’s Curve အရ လူဦးရေရဲ့ 2% ကျော်ကျော်ပဲ ရှိတာ)…. စိတ်ထိန်းပါ ကျောင်းဒကာ။

          ပုံစံကျ ပြက္ခဒိန်လောကမှာ ဩဇာရှိတဲ့ သမိုင်းရှိတဲ့ ပြက္ခဒိန်တခုခုက လုပ်ချပစ်လိုက်ရင်တော့ သူ့ရဲ့ brand strength အရ
          အောင်မြင်နိုင်ခြေ မြင့်သပေါ့လေ..။ ကိုယ်တွေက ခုမှ စမှာ ဆိုတော့ စ-စခြင်း ဆောက်နဲ့ ထွင်းလို့ မတော်ဘူးရယ်။
          The Art of the Start လို့ပြောရမယ်။ ငယ်သော်လှ၏ တို့ simply started တို့ အရင်လို လမ်းကိုလိုက် တို့ အဆိုအမိန့်တွေ မပယ်စကောင်းသေးဘူး။
          ဘာကြောင့်တုန်းဆိုတော့ အချိန်-လူ-ငွေကြေး-ပစ္စည်းကိရိယာ-ပရိတ်သတ် စတဲ့ အဘက်ဘက်က resources တွေက Limited ဖြစ်နေလို့ပါပဲ။

          ကျုပ်သဘောကတော့ သည်နှစ်ကို ပုံရိပ်-ဒီဇိုင်းအပြင်အဆင်-စာရွက်သား-အရေအတွက်-ဈေးနှုန်း စသည်ကို အသင့်အတင့်အနေအထား နဲ့
          စတင်လိုက်.. (ဂုဏ်ထူးမှတ် မဟုတ်တောင် အောင်မှတ်ရယုံလောက်နဲ့ ဖြစ်အောင် လုပ်လိုက်)။ နောင်နှစ်များ ကျတော့မှ
          ပြုပြင်ပြောင်းလဲရေး ကို တဆင့်ခြင်းသွား… 段階的なアプローチ「Step-by-Step Approach」 နဲ့ သွားရမယ်ဗျ…
          စကတည်းက Change ရအောင် ကိုယ်တွေက စလုံးရေမှ မစရသေးဘဲကိုး …။ သဘောပါရဲ့လား ကျောင်းဒကာ။
          積極的アプローチ「Proactive Approach」က Start-Up တွေအတွက် မဟုတ်ဘူးခည။

          အချိန်ရရင် ရေးပါအုံးမယ်ဗျာ…။
          ဂျယ်လီထိုးပြီး စားနေလို့ အခု မအားသေးဘူး..
          ပလပ် ပလပ်။

      • aye.kk

        August 27, 2015 at 9:38 pm

        သူကြီးပြောတာ
        ထောက်ခံပါတယ်လို ့
        မယ်ပုချ်ရိုက်ထားတဲ့ရေခဲတောင်ရှုခင်းတွေဆို
        အမြင်ဆန်းတယ်။
        မြန်မာနှစ်သစ်နဲ ့ယူမယ်ဆိုလည်းကေါင်းပါ၏။။

  • ဦးကျောက်ခဲ

    August 27, 2015 at 9:53 am

    အဟီး … ဂဇက်ကနေ လူဖြစ်သွားတဲ့ ဝီလီပုံရော မထည့်ချင်ဘူးလား… ခွိ
    အရဂါး အပျော်ပြောတာပါ… :k:
    အတည်ပြောရရင်တော့ … ဂဇက် ပြက္ခဒိန်လုပ်ဖို့ ကြိုက်ရာသုံး…
    ကျောက်စ်မိသားစုက $100 ပါဝင်ပါမယ် ခင်ဗျား…

  • ကြည်ဆောင်း

    August 27, 2015 at 10:16 am

    ပြက္ခဒိန်ကို အကြီးဘဲထူတ်ထူတ် အသေးဘဲထုတ်ထုတ် အနည်းဆုံး(3) ခုယူပါ့ မယ်။
    အစားအသောက်ပုံဘဲထုတ်ထုတ် ရှုခင်းပုံဘဲထုတ်ထုတ် မန်းဂဇက် ဆို အားပေးပြီးသားဘဲ ဆိုတဲ့ အကြောင်းလေး လာအကြောင်းကြားတာပါ။

  • Alinsett @ Maung Thura

    August 27, 2015 at 2:30 pm

    အစီအစဉ်က မထင်မှတ်ပဲ ကြီးသွားပြီ..
    ပို ပျော်စရာကောင်းပြီး..ပို အမှတ်တရ ဖြစ်သွားပြီ။
    .အခုရေ ၁၀၀ဝ လောက် အနည်းဆုံး ထုတ်ရမယ်ဆိုရင်တော့…. ထွက်လာရင် တစ်ခုထက် ပို အားပေးကြပါနော…

    :k:

  • ဟေသီ

    August 27, 2015 at 3:26 pm

    ဝယ်ယူရန် အဆင်သင့် ရှိကြောင်းပါ…

    • Alinsett @ Maung Thura

      August 27, 2015 at 3:52 pm

      .အားပေးမယ့်သူတွေ ပေါ်လာတော့…လုပ်ရတာ အားရှိပါကြောင်း…
      .ကျေးဇူးတင်ပါကြောင်း…

  • မွသဲ ( 17082011 )

    August 27, 2015 at 3:44 pm

    လူမော်ဒယ်အသုံးဘူးလားငင် ဒကယ်အတည်စဒါဘာ။
    လုပ်ဖြစ်ရင်နှစ်ခုယူမအေ

    • Alinsett @ Maung Thura

      August 27, 2015 at 3:50 pm

      လူမော်ဒယ်ဆိုရင်…..
      တီသဲရဲ့ သားတော်မောင် မျက်မှန်လေးနဲ့… မျက်မှန်လေးကို တစ်ဖက်သက် ကြိုက်နေတဲ့ ဂနီဖျာလိုမိုးတို့
      စဲုတွဲပုံ တစ်ပုံ ထည့်ချင်တယ်…
      :k:

      .နောက်တာ…
      အတည်ပြောရရင်…..
      .လုပ်ငန်းဆိုင်ရာ ကြော်ငြာလေးရော…မထည့်ချင်ဘူးလား…

      .နောက်ထပ် အတည်တစ်ခု ထပ်ပြောရရင်….
      အစောင်ရေ ၁ ထောင် သို့မဟုတ် ၅ ရာလောက်မှ အနည်းဆုံး ထုတ်ဖို့ အဆင်ပြေမယ်ဆိုရင်…
      ဆိုရင်….
      တစ်ယောက် နှစ်ခုမက…. သုံးခု မက…. ဝယ်ယူ အားပေးစေချင်တယ်..လို့…

      :k:

  • aye.kk

    August 27, 2015 at 9:48 pm

    လူမော်ဒယ်ယူချင်တယ်ဆို
    တူမတော်လေးရှိကြောင်း…….!!!!!!!

  • Shwe Ei

    August 28, 2015 at 10:16 am

    -ရှုခင်းပုံထုတ်မယ်ဆိုရင်လဲ မြင်ဖူးနေကြ ဟာတွေဆို မဝယ်ဘူး
    -ကို့ဆီက ရှုခင်းပုံဆိုတော့လဲ မမြင်ဖူးတာက ခပ်ရှားရှား 😛
    -ဆိုတော့ အစားအသောက်ပုံဘဲ ဝယ်မယ် :mrgreen:

    • Alinsett @ Maung Thura

      August 28, 2015 at 2:22 pm

      တစ်နှစ်တစ်ခါ…. မဖြစ်မနေ.. ဝယ်နေရတဲ့ တခြား ပြက္ခဒိန်တွေကိုရော…
      အစားအသောက်ပုံချည်း… ရှာ ဝယ်ခဲ့တာ မြန်းလားငင်…
      ဆုံးဖြတ်ချက်များ ခိုင်မာပြတ်သားထာ… .

      :k:

      ရွာ့ အမှတ်တရ လုပ်တာမို့…
      ရွာ့ အင်အားနဲ့… စုစည်းနိုင်အားကို ပြမှာမို့…
      အားအသောက်ဖြစ်စေ.. ရှုခင်းဖြစ်စေ… ထွက်လာတာလေးကို အားပေးစေချင်ပါကြောင်း…
      အများဆန္ဒ ထိုထို ဤဤထဲကနေ…
      အခြေအနေအရ… တစ်မျိုး တစ်ခုသာ…တစ်ကြိမ်တစ်ခါ စ လုပ်ရမှာမို့….
      နားလည် ခွှင့်လွှတ်ပြီး… အားပေးစေလိုပါကြောင်း…

  • Ma Ma

    August 28, 2015 at 1:22 pm

    ပုံနှိပ်တိုက်ကို မေးကြည့်တယ်။

    စားပွဲတင်က အထောင်နဲ့ အလှဲ (ပိုစ့်မှာပြထားတဲ့ပုံစံ) ဈေးချင်းမတူဘူး။
    အထောင်က စပရင်နည်းလို့ ဈေးပိုသက်သာမယ်။

    နောက်ပြီး နံရံကပ်နဲ့ စားပွဲတင်မှာလည်း နံရံကပ်က ဈေးပိုသက်သာမယ်။
    နံရံကပ်ဆိုရင် အသုံးများတာ 20″*30″ , 15″*20″, 15″*27″ ဆိုဒ်တွေ ရှိတယ်။

    ဘယ်ပုံစံလုပ်ချင်လဲ ၂မျိုး ၃မျိုးလောက် ရွေးပြီး ဘယ်လောက်ကျမလဲ တွက်ပေးမယ်လို့ ပြောပါတယ်။
    ရိုက်တာတော့ အနည်းဆုံး အုပ် ၁၀၀ဝ ရိုက်မှ အဆင်ပြေတယ်တဲ့။
    အုပ် ၅၀ဝ ဆိုရင် ဈေးအများကြီး ပိုများသွားမယ်လို့ ပြောတယ်။

    ဈေးနှုံးတွက်တဲ့အထဲမှာ ဒီဇိုင်းခ၊ ဓာတ်ပုံဖိုး တွေမပါပဲ၊
    ပုံနှိပ်ခ၊ စာရွက်ဖိုး၊ ပလိပ်ပြားဖိုး၊ ချုပ်ခတွေပဲ ထည့်တွက်ပေးဖို့ ပြောထားတယ်။

    ဘာများ သိချင်တာရှိရင်အုံးမလဲ။

  • Kaung Kin Pyar

    August 28, 2015 at 2:30 pm

    ပြက္ကဒိန်ကတော့ ရွာကမလုပ်လဲ အပြင်က ဝယ်ကိုဝယ်ရမယ့်အရာပဲ…။ ဆိုတော့… ဝယ်ကိုဝယ်ရမယ့် အတူတူ ရွာကဟာပဲဝယ်မယ်။ ဘာပုံနဲ့လုပ်လုပ် (အစားအသောက်ဖြစ်ဖြစ် ရှုခင်းဖြစ်ဖြစ်) အနည်းဆုံး (၄) ခု အားပေးမယ်လို့..။ အိမ် (၁)၊ တောင်ကြီးအိမ် (၁)၊ ထွစ် (၁)၊ လု (၁)။ လက်ဆောင်ပေးချင်စိတ်ပေါ်လာတဲ့သူများ ဒီကြားထဲရှိရင် ထပ်ဝယ်မယ်..
    အာ့ လာပြောတာ..

    • Alinsett @ Maung Thura

      August 29, 2015 at 2:15 pm

      ဦးကြောင်ကြီးအတွက် တစ်ခုလောက်တော့…
      နီပဲ… ဝယ်ပေးလိုက်ပါနော်… .
      .ပေါင်း ၅ ခု ပေါ့…

      :k:

  • @QUIL@

    August 31, 2015 at 7:40 am

    အသိ offset ကနေမေးထားတဲ့ ပမာဏပါ
    စားပွဲတင်တွက် ဖြစ်ပါတယ်

    စာရွက်​က Art Card နဲ့ပဲယူယူ
    White Cardvနဲ့ပဲယူယူ

    7×10 ဆိုရင်​
    ၅၀ဝ = ၂၀၀ဝ ကျပ်​
    ၃၀၀= ၂၅၀ဝ ကျပ်​

    6×8 ဆိုရင်​
    ၅၀၀= ၁၉၀ဝ ကျပ်​
    ၃၀ဝ = ၂၄၀ဝ ကျပ်​

    အဲ့သည်မှာပဲ နံရံကပ်အတွက် မေးထားပါသေးတယ်

    တခြားလည်း ထပ်မေးဖို့ ရှိပါကြောင်း။။

  • Novy

    August 31, 2015 at 11:48 am

    တူရရေ..
    မေးလို့ရတဲ့ ဈေးလေးတွေပို့ထားတယ်

    • Alinsett @ Maung Thura

      August 31, 2015 at 2:17 pm

      ဟုတ်…. အချက်အလက်တွေ တွေ့တယ်အစ်မ…

      ——————

      ဆိုတော့…. နောက်ဆုံးရ အခြေအနေနဲ့… ထပ်မံ အသိပေးစရာ ရှိတာလေးတွေကိုစုစည်းပြီး…
      မကြာခင်… ရွာထဲ ချပြ တိုင်ပင်ပါအုန်းမယ်…လို့…

    • Alinsett @ Maung Thura

      August 31, 2015 at 4:27 pm

      များများ ဝယ်လျှင် ပို၍ ပျော်ပါသည်…
      များများ ဝယ်လျှင် ပို၍ ပျော်ပါသည်…

      :k:

  • @QUIL@

    August 31, 2015 at 5:58 pm

    ဟုတ်ကဲ့ ကလင်ဒါ ထုတ်တဲ့ ကိစ္စ ဈေးနှုန်းတွေ အကြမ်းဖျဉ်း သိလာရပြီမို့
    သည်ကနေပဲ update news ကို ရေးတင်လိုက်ပါတယ်။

    ၁) ကျနော်တို့ မျှော်မှန်းထားတဲ့အတိုင်း စားပွဲတင် ကလင်ဒါ ဈေးတွေ စုံစမ်းဖြစ်ပါတယ်။
    – ဈေးနှုန်း က ခုရေ ၃၀ဝ လောက်ဆို တခု ကို ၂၀၀၀-၂၅၀ဝ ကျပ်နှုန်းလောက် ကျမှာပါ။
    – ဆိုတော့ စုစုပေါင်း ကုန်ကျငွေ ၆သိန်း ကနေ ရသိန်းခွဲကြား သွားမယ်ခည။
    – ခုရေ ၃၀ဝ လို့ အကြမ်းဖျဉ်း သတ်မှတ်တာက နေစပြီး ရှင်းရရင် အခု ဖဝဝ လောက်က ကြော်ငြာထည့်လတ္တံ့သော ကြော်ငြာရှင်များကို ပေးဖို့ပါ
    ကျန် ၁၀ဝ လောက်ကတော့ မန်ဘာများ အားပေးနိုင်ခြေ (ရှိလတ္တံ့သော) ပမာဏပါ။
    နောက်ဆုံး ကျန် ၁၀ဝ ကတော့ သဂျီးဆီ ပို့ဖို့ ရယ် မန်ဘာများရဲ့ မိတ်ဆွေ သူငယ်ချင်းများ သော်လည်းကောင်း မန်ဘာမဝင်သော်လည်း စာဝင်ဖတ်နေသော စာဖတ်သူ များ အတွက်သော်လည်းကောင်း အတွက် ရည်စူးပါတယ်။
    (တကယ်က ခုရေ ၅၀ဝ ယူရင် တခုချင်းစီဈေးနှုန်း ၃၀၀-၄၀ဝ လောက် ကျဆင်းသွားမှာ ဖြစ်ပေမယ့်) အရင်းပိုလာမှာရယ် ရောင်းမကုန်မှာရယ်ကြောင့်
    ခြေနိုင်လက်နိုင် ခုရေ ၃၀ဝ ကို မှန်းရခြင်း ဖြစ်ပါတယ်။

    ၂) ကြော်ငြာခ ကို အကြမ်းဖျဉ်း စတင် သတ်မှတ်ပါမယ်။
    – အပေါ်က ပြောထားတဲ့ ဈေးက စားပွဲတင်ကလင်ဒါ ၁မျက်နှာ တလ ချင်းစီ နဲ့ ၆ရွက် + မျက်နှာဖုံး (၆+၁ ကျောကပ်) ဖြစ်ပါတယ်။
    – ဆိုတော့ ၁လ ကို ကြော်ငြာတခုနှုန်း နဲ့ ကြော်ငြာ ၁၂ခု လက်ခံဖို့ ရည်ရွယ်ပါတယ်။
    – ကလင်ဒါ ၁မျက်နှာမှာ ဓာတ်ပုံ + ရက်စွဲတွေ + ကြော်ငြာ အကြောင်းအရာ ပါဝင်ပါမယ်။ (ဒီဇိုင်းကြမ်းကို မကြာခင် ထုတ်ပါ့မယ်)
    – ကြော်ငြာ ခကိုတော့ ၄၀၀၀ဝ သတ်မှတ်ပါတယ်ဗျ။ ဈေးများတယ် မထင်ပါနဲ့ မများပါဘူး
    – ကြော်ငြာ ရှင်တယောက်ကို ကလင်ဒါ ၁ဝ ခု ပေးပါမယ်။ (လုပ်ငန်းအကြောင်းပါတဲ့ ကလင်ဒါကို နီးစပ်ရာ မိတ်ဆွေအသိုင်းအဝိုင်းကို ဝေမျှနိုင်ဖို့ပါ)
    – အဲသည်မှာတင် ကလင်ဒါဖိုး အရင်းချည်းပဲ (၂၀၀၀၀-၂၅၀၀၀) ကျသွားပြီမို့…ကြော်ငြာခ သက်သက်ဟာ ၁၀၀၀၀-၁၅၀၀ဝ လောက်သာ ကျသင့်မှာပါ။
    – သဂျီး + ဥကျောက် + မဇာယိ တို့ မတည်ငွေ နဲ့ ပေါင်းမယ်ဆိုရင် ထုတ်လုပ်မှု ကုန်ကျစားရိတ် ကာမိသလောက် ရှိမှာမို့ သည်ပမာဏ သတ်မှတ်တာပါဗျ။

    ၃) အလှူရှင်များ ဂလောက်ဂလောက်
    – မတည်ငွေ + ကြော်ငြာခ (၁၂လစာ အပြည့်ရရင်ပေါ့ဗျာ) ကွက်တိလောက် ကျနေတယ် ဆိုပေမယ့် အလှူကတော့ ဂလောက် ဂလောက်ပါအုံးမယ်။
    – တခြားကြောင့်မဟုတ်ပါ ။ အလှူငွေ များများ ရရင် ရသလို ကလင်ဒါကို ဈေးလျှော့ရောင်းနိုင်မှာမို့ပါ။
    – ၂၀၀၀-၂၅၀ဝ တန် ကလင်ဒါ ကို ၁၅၀၀-၁၈၀ဝ လောက်နဲ့ ရောင်းနိုင်ရင် ရောင်းအားပိုတက်လာဖို့ ရှိပြီး ပိုရိုက်နိုင်မယ် (ပိုပျံ့နှံ့နိုင်မယ်) မို့ပါ။
    – ကျန်တဲ့အပိုင်း မဇာယိ ဆက် ညှစ်ပါလိမ့်မယ်။

    ၄) နောက်တမျိုး
    – စားပွဲတင် ကလင်ဒါ က တြိဂံ ကတ်ထူဒေါက် + စပရင်အခွေ ပါတာမို့ ထုတ်လုပ်ချိန်ပိုယူပြီး ဈေးနှုန်း အနည်းငယ် ကြီးသယောင်ထင်ရပါတယ်။
    (ပြီးတော့ ထုတ်လုပ်မှု ကြာမြင့်ချိန် ၃ပါတ်လောက် လိုပါတယ်)
    – နံရံကပ် ခပ်ထွားထွား ဆိုက်ဒ် ထပ်မေးထားပါတယ် (အော့ဖ်ဆက်တွေဘက်က ဈေးမကွာနိုင်ဘူး ပြောကြလို့ပါ)
    – သူကတော့ ပရင့်အောက်ထုတ်ပြီးတာနဲ့ အရွက်လိုက် ချုပ်ရုံပဲမို့ ထုတ်လုပ်ချိန်သိပ်မယူဘူး ပြောပါတယ် (ဒါက ဒီဇိုင်း+ ပုံစု+ အလှူ+ကြော်ငြာ) စတာတွေအတွက်
    အချိန်ပိုယူနိုင်မှာမို့ သူ့ဈေးပါ ထပ်စုံစမ်းနေပါတယ်။ သိရရင် ထပ်ပြီး Update လုပ်ပါအုံးမယ်…။

    သည်စကားတွေကို အော်ဂနိုက်ဇာ ဂရုထဲမှာ အပြန်အလှန် ပြောပြီးရေးပြီးမှ တင်လိုက်ပါသည်။
    (ဓားပြဗိုလ် နှင့် ကြွေးသိမ်းမမ မအားလပ်သဖြင့် သူရို့ ကိုယ်စား တင်ပါသည်)

    တော်သေးပြီ

Leave a Reply