နယူးဇီလန် ကမ်းခြေတွင် ဝေလငါးများ ဒါဇင်လိုက် သေဆုံး

cobraAugust 26, 20101min583

နယူးဇီလန် နိုင်ငံ မြောက်ဘက် ဂိုဟာ ကမ်းခြေနှင့် ဝေးကွာသောကမ်းခြေ တစ်ခု တွင် ဝေလငါး (၅၈) ကောင် သောကြာနေ့ (၂၀-၈-၂၀၁၀) ရက်နေ့က လာရောက် သောင်တင် ခဲ့ပါသည်..။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ ရောက်ရှိချိန်မှာတော့ (၁၅) ကောင်သာ အသက်ရှင် ကျန် တော့ကြောင်း နှင့် “ဖြစ်နိုင်ခြေရှိတာကတော့ သူတို့တွေ ညကတည်းက သောင်တင်နေတာ ဖြစ်မယ်.. ဒါကြောင့် ကျွန်တော်တို့ တွေ့လိုက်တဲ့ အချိန်မှာ အကုန်လုံး နီးပါး သေဆုံးနေတာလေ…” ဟု နယူးဇီလန် နိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ Carolyn Smith က ပြောကြားခဲ့ပါတယ်..။

” အသက်ရှင်နေတဲ့ (၁၅) ကောင်ကိုတော့ ထပ်ပြီး မဆုံးရှုံးရဖို့ ကျွန်တော်တို့ ကြိုးစားပြီး ကယ်ရမယ်လေ..။ ဘယ်လို ကယ်မလဲ ဆိုတော့ သူတို့ကို ပင်လယ်ဘက် ပြန်လှည့်ပေးပြီးတော့ အမြင့်ဆုံး ဒီရေ ရောက်တဲ့ အချိန် သူတို့ ရေကူးပြီး ပြန်ထွက်သွားနိုင်အောင် ကြိုးစားပေးကြရမှာ ဖြစ်ပါတယ်…” ဟု Smith က ဆက်ပြောပြပါတယ်..။

သူတို့တွေက ပေ (၂၀) လောက် ရှည်ပြီး တစ်ကောင်ကို ၃ တန်လောက် လေးတယ်လေ..။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစား ကြရပါလိမ့်မယ်..ဟု Smith က CNN ကို ပြောကြားခဲ့ပါတယ်…။

3 comments

  • winne

    August 26, 2010 at 11:07 am

    သနားပါတယ် ဝေလငါးလေးတွေရယ် ကံပါလာတော့ လည်း ဘယ်သူမှ မသတ်ဘဲ ကမ်းပေါ်တက်သေ နေရပါလား။

  • etone

    August 27, 2010 at 2:11 am

    ရေတတ်တုံးက အုပ်စုလိုက်ရောက်လာပြီးတော့ ရေပြန်ကျသွားတော့သောင်တင်ပြီးမဆင်းနိုင်တာဖြစ်မယ် ။
    သနားပါတယ်။ 15 ကောင်ကတော့အသက်ပြင်းတယ်နော် ။ ဒီလောက် ရှားပါးလာတဲ့ဝေလငါးတွေအများကြီးမှ သောင်တင်ပြီးသေရတယ် လို့ ။

  • crazyboy

    August 27, 2010 at 6:03 am

    စိတ်မကောင်းစရာပဲ
    ကမ္ဘာ့ ရှားပါးတွေ အများကြီးကို ရှိမှန်းသိလိုက်ရပေမယ့်
    ၁၅ ကောင်တောင်အသက်ရှင်ဖို့ မနည်းကြိုးစားရမှာပဲ အော်လောကကြီး

Leave a Reply