နေသာတဲ့နေ့…

alinsettAugust 31, 20151min34910

Sunlight Coast

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

.နေသာတဲ့နေ့

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
.မနက်ဖြန်ရောက်ရင် ….

.ထမင်းမဝတဲ့သူတို့… ဟင်းတွေပါ ဝလာမယ်..

 

.မနက်ဖြန်ရောက်ရင် …
.စစ်ဘေးဒဏ်သင့်မြေမှာ…. ပန်းတွေပါ ပွင့်လာမယ်…

.မနက်ဖြန်ရောက်ရင် …
.ပြိုပျက်နေတဲ့ ကျောင်းအိုမှာ စာအံသံတွေ တစာစာ…ကြားရမယ်…
.မနက်ဖြန်ရောက်ရင် …
.သုဉ်းသွားတဲ့တောတောင်တွေ ပြန်ပေါက်ရောက်လာမယ်…
.မနက်ဖြန်ရောက်ရင်ပေါ့…
.ဒုက္ခသည်စခန်းတွေဆီကနေ ကိုယ့်မြေကိုယ့်ယာဆီ .တည်ငြိမ်စွာ ပြန်လာကြမယ်…
.မနက်ဖြန်ရောက်ရင်ပေါ့ကွယ်…
.ဟောဟိုက ကလေးငယ်တွေဟာ ရေသန့်ဗူးခွံတွေအစား ကိုယ့်သယံဇာတ .ကိုယ်ကောက်မယ်…
.မနက်ဖြန်…..
.ဟုတ်တယ်….မနက်ဖြန် ရောက်ရင်လေ…
.ငါတို့တတွေရဲ့ အသက်ကို .ငါတို့အခွင့်အရေးနဲ့ငါတို့ စောင့်ရှောက်ခွင့်ရလိမ့်မယ်…
.မနက်ဖြန်သာ ရောက်ခဲ့ရင်ပေါ့….
.ငါတို့ လယ်ယာကန်သင်းကို … စစ်ဖိနပ်မပါတဲ့ ငါတို့ ခြေဗလာနဲ့ ငါတို့ကိုယ်တိုင် .နင်းကြမယ်…
.မနက်ဖြန်သာ….ရောက်ခဲ့ရင်ပေါ့ကွယ်…
.ဒီနေ့ မဖြစ်ပျက်လိုက်ရသမျှ ကောင်းခြင်းတရားတွေနဲ့ တစ်ခါလောက်ဖြစ်ဖြစ် .သာယာချမ်းမြေ့လိုက်ကြမယ်…
.အင်းလေ…
.မနက်ဖြန်မှာ … ဒီနေ့ဟာ ကပ် ပါမလာဘူးဆိုရင်ပေါ့….
———————————————————

မောင်သူရ @ Alinsett

ဩဂုတ်လ ၂၃၊  ၂၀၁၅ ခုနှစ်

 

 

 

————–

 

image > http://www.google.com.mm/search?hl=my&biw=1366&bih=608&site=imghp&tbm=isch&sa=1&q=sun+light+paint&oq=sun+light+paint&gs_l=img.3…32988.34580.0.35157.0.0.0.0.0.0.0.0..0.0….0…1c.1.64.img..0.0.0.kQ2VOewyNCU#imgrc=unVDs7-DMMR3gM%3A

10 comments

  • komyominaung

    August 31, 2015 at 11:35 am

    အရမ်းထိမိတဲ့ ကဗျာလေး ကြိုက်တယ်ဗျာ အားပေးနေတယ်

    • Alinsett @ Maung Thura

      August 31, 2015 at 2:15 pm

      ဟုတ်… .အခုနောက်ပိုင်း ကဗျာတို စာတိုလေးတွေပဲ…ရေးဖြစ်နေတယ်ဗျ…
      အားပေးနေတဲ့အတွက်လည်း ကျေးဇူး…ပါ..

    • Alinsett @ Maung Thura

      August 31, 2015 at 2:18 pm

      ဒီက….စောင့်နေသူ…. ပေါ့လေ…
      .စောင့်နေတာထက်… နေသာဖို့….နေ သာမယ့်အခြေအနေကိုလည်း
      တတ်နိုင်သလောက်… ဖန်တီးယူရမယ်ထင့်…

  • Courage

    August 31, 2015 at 1:33 pm

    အမေစုရဲ့ စကားကို မှီးပြီးပြောရမယ်ဆိုရင်တော့
    “တစ်ကယ်စေတနာရှိပြီး စိတ်ဓါတ်ခိုင်မာမယ်ဆိုရင် နေသာတဲ့ နေ့တစ်နေ့ဟာ ရောက်ရမှာမလွဲပါဘူး”
    အားလုံး တက်ညီလက်ညီ ဘက်ညီညီနဲ့ လုပ်ကိုင်ချင်တယ်ဆိုရင်ပေါ့

    • Alinsett @ Maung Thura

      August 31, 2015 at 2:22 pm

      ကျနော်တို့ အားနည်းချက်ထဲမှာ…
      အဲ့ဒီ တက်ညီ လက်ညီ ဘက်ညီညီနဲ့ ….ပူးပေါင်း ချီတက်နိုင်စွမ်း နည်းတာလည်း ပါမယ်ထင့်….
      .လျှောက်နေကျ….. လေးတိလေးကန်….မိရိုးဖလာ ခြေလှမ်းတွေကို…
      ခပ်မြန်မြန် ပြောင်းလဲပစ်ပြီး…. ခြေလမ်းသစ်တွေ…
      အားသစ်အင်သစ်နဲ့… လျှောက်ကြဖို့သင့်ပြီလည်းထင့်….

  • Mike

    August 31, 2015 at 4:05 pm

    .ဘယ်တော့များမှ နေသာပါ့မလဲ
    .အခုတော့ ရွှံ့အလူးလူးနဲ့
    .ပိန်းပိတ်တဲ့အမှောင်အောက်မှာစမ်းတဝါးဝါး

    • Alinsett @ Maung Thura

      August 31, 2015 at 4:25 pm

      .နေသာမယ့်နေ့…
      .ဖြေရှာကွဲ့ဟေ့….
      .လေညာနဲ့တွေ့…
      .ပွေကာ နှဲ့ရွှေ့…

    • ဇီဇီခင်ဇော်

      August 31, 2015 at 4:25 pm

      မိုက်မိုက်က ဝါးလုံးကျော်ကို စောင်းပြေါတာလား။
      အဟေးဟေးဟေး

      :mrgreen:

  • အတွေးလေး

    September 12, 2015 at 9:36 pm

    မနက်ဖြန်သို့မဟုတ်ဘယ်သောခါ လားဗျာ။

Leave a Reply