ဟာသလေးတွေပါ(၃)

cobraAugust 26, 20101min431

ယုံပါတယ်

” တစ်ဆိတ်လောက် ခင်ဗျား၊ ကျွန်တော့်စက်ဘီးကို ကြည့်ထားပေးစမ်းပါ “

” ဟေ့ကောင် ငါကအယ်ဒီတာကွ “

” ရပါတယ်၊ ကျွန်တော်ခင်ဗျားကိုယုံပါတယ် ”

**************************************

မေမေ့စကား

” လက်ရေးညံ့လိုက်တာကွာ၊ မင်းကိုနေ့တိုင်းရိုက်ရတာလည်း လက်ညောင်းလှပြီ၊

မင်းအိမ်ကဘာမှဂရုမစိုက်ဘူးလား “

” ကျွန်တော့်မေမေကပြောတယ်ဆရာ၊ ငါ့သားလက်ရေးမလှလည်းကိစ္စမရှိဘူး တဲ့၊

ဘယ်သူမှမဖတ်တတ်ရင်နေပါစေတဲ့၊ ကြီးရင်ဆရာဝန်လုပ်ခိုင်းမှာတဲ့ “

**************************************

ဘယ်သူ့လက်ချက်လဲ

” ဟိုနေ့က လေးထပ်တိုက်ပေါ်က မင်းခုန်ချတာ အံ့ဩတယ်ကွာ၊ ရုပ်ရှင်ထဲက

စတန့်မင်းသားတွေ စွန့်စားပြတဲ့အတိုင်းပဲ၊ ကားရိုက်ဖို့လေ့ကျင့်နေတာလား “

” ဟင်း ….. ဟင်း ….. ငါလည်း စဉ်းစားနေတာ၊ ဘယ်သူများ

ငါ့ကိုတွန်းချလိုက်တာလဲလို့ “

**************************************

တစ်ယောက်တစ်လှည့်

” ကျွန်တော်တို့နှစ်ယောက် လက်ထပ်ပြီးတဲ့အထိမ်းအမှတ်အဖြစ်

ဟန်းနီးမွန်းထွက်ချင်လို့ ခွင့်ဆယ်ရက်လောက် ပေးပါခင်ဗျာ “

” အင်း ….. ခက်တာပဲ။ လောလောဆယ်အလုပ်တွေ

ကျပ်နေတော့တစ်ယောက်ယောက်

မရှိရင်လည်းမဖြစ်ပြန်ဘူး။

နှစ်ယောက်စလုံးကငါ့ကုမ္ပဏီရဲ့စံပြ

ဝန်ထမ်းတွေဆိုတော့

ခွင့်မပေးနိုင်ဘူးလို့လည်း မပြောရက်ပြန်ဘူး။

ဒီတော့တစ်ယောက်တစ်လှည့်စီသွားြကဖို့ မေတ္တာရပ်ခံပါရစေကွာ ”

One comment

  • researcher

    August 26, 2010 at 8:52 am

    စီးပွားရေးသမားဆိုတာ လူမှုရေးသိပ်မကြည့်တတ်ဘူး။ ရှိတော့ရှိပါတယ်။ ရှားတယ်ဗျ။

Leave a Reply