ဩဂုတ်လ ၂ရ ရက်နေ့တွင် လနှစ်စင်း အပြိုင်ထွက်မည့် ကောလာဟလများ ထွက်ပေါ်နေ

cobraAugust 26, 20101min613

ကောင်းကင် တွင် လနှစ်စင်း အပြိုင်ထွက်မည်ဟူသည့် ကောလာဟလများ ထွက်ပေါ်နေသော်လည်း

ယင်းသို့ ဖြစ်ပေါ်နိုင်ခြင်းမရှိဘဲ အင်္ဂါဂြိုဟ်၊ သောကြာဂြိုဟ်နှင့် လ တို့အား အောက်တိုဘာလ ၁ဝ ရက် နေ့တွင် သုံးပွင့်ဆိုင်အသွင်ဖြင့် မြင်တွေ့ရမည်ဖြစ်ကြောင်း သိရသည်။

လနှစ်စင်းအပြိုင် ထွက်ပေါ်မည်ဟူသည့် ကောလာဟလတွင် လနှစ်စင်းမှာ ဩဂုတ်လ ၂ရ ရက်နေ့ တွင် ကောင်းကင်၌ အပြိုင်ထွက်မည်ဟု သတင်းထွက်ပေါ်နေခြင်းဖြစ်ကာ
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဩဂုတ်လအတွင်းကလည်း ထွက်ပေါ်ခဲ့သည်။

နက္ခတ်သိပံ္ပအဖွဲ့မှ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက “ပြီးခဲ့တဲ့နှစ်
ဩဂုတ်လအတွင်းက ကောင်းကင်မှာ လနှစ်စင်းအပြိုင်ထွက်မယ် ဆိုတဲ့ ကောလာဟလက
အင်တာနက် စာမျက်နှာကတစ်ဆင့် လူထုအကြား မှာ တော်တော်လေး
ပျံ့နှံ့သွားတဲ့အတွက် နက္ခတ်ပညာရပ်နဲ့ တွက်ချက်ပြီး ပညာရှင်တချို့က
မဖြစ်နိုင်ဘူးဆိုတာကို သတင်းထုတ်ပြန်ခဲ့ရတယ်။ အခုလာမယ့် ၂ရ ရက်နေ့မှာ
ဖြစ်ပေါ်မယ်လို့ သတင်းထပ်ထွက်ပေမယ့် လက်တွေ့ မှာ ဖြစ်လာမှာမဟုတ်ပါဘူး။
အဲဒီနေ့ အင်္ဂါဂြိုဟ်နဲ့ လရပ်တည်မှုက ဆန့်ကျင်ဘက် အနေအထားနဲ့ သမသတ် ၁၈၀
ဒီဂရီအတွင်း ရှိနေပြီး အင်္ဂါ ဂြိုဟ်အနေနဲ့ ကန်ရာသီခွင်မှာရှိ နေပြီး
လ(တနင်္လာဂြိုဟ်)ကတော့ မိန်ရာသီခွင်အတွင်း ရှိနေမှာပါ”ဟု ရှင်းပြပါသည်။

သို့ရာတွင်လာမည့် အောက်တိုဘာလလ ၁ဝ ရက်နေ့တွင်မူ အင်္ဂါ ဂြိုဟ်၊
သောကြာဂြိုဟ်နှင့် လတို့အား သုံးပွင့်ဆိုင်အသွင်ဖြင့် ကောင်းကင်၌
မြင်တွေ့ရမည်ဖြစ်ကာ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ ကလည်း
ကြာသပတေးဂြိုဟ်၊ သောကြာဂြိုဟ်နှင့်လတို့မှာ သုံးပွင့်ဆိုင် အသွင်ဖြင့်
ကောင်းကင်တွင်ဖြစ်ပေါ်ခဲ့ကာ လမှာပြုံးနေသည့်ပုံစံ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယခုဖြစ်ပေါ် မည့်ဖြစ်စဉ်တွင် လသည် ကမ္ဘာနှင့် မိုင်ပေါင်း ၂၃၁၂၅၈
မိုင်ကွာဝေး မည်ဖြစ်ပြီး အင်္ဂါဂြိုဟ်မှာ ကမ္ဘာနှင့် မိုင်သန်းပေါင်း ၂၁၄
သန်းကွာဝေး မည်ဖြစ်ကာ သောကြာဂြိုဟ်မှာမူ ကမ္ဘာနှင့်မိုင်သန်းပေါင်း ၃၀
ကွာဝေး ကာ တူရာသီခွင်အတွင်း တည်ရှိနေ မည်ဖြစ်ကြောင်း သိရှိရသည်။

သောကြာဂြိုဟ်မှာ ကမ္ဘာနှင့် အနီးတွင်ရှိနေမည်ဖြစ်၍ လင်းလက် တောက်ပသည့်
ကြယ်ပွင့်သဏ္ဌာန်ဖြင့် မြင်တွေ့ရမည်ဖြစ်ကာ လကို လူတစ်ဦးပြုံးနေသည့်
လခြမ်းပုံစံနှင့် အင်္ဂါဂြိုဟ်မှာ ကမ္ဘာနှင့် ဝေးကွာနေသည့်အတွက်
ကြယ်အနီပွင့်အနေ ဖြင့်သာ မြင်တွေ့ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

3 comments

  • Pyaung Gye

    August 26, 2010 at 6:37 am

    ပြောပြန်ဘီတစ်မျိုး
    အမျိုးမျိုးဘဲနော်

  • Yin Nyine Nway

    August 26, 2010 at 9:15 am

    ဟုတ်ဘူးလား ထွက်မယ်ဆိုတာက
    မြန်မာက မမြင်ရဘူးဆိုတာက နေ့ဘက်ကျနေလို့ဆို

  • chitsayar

    August 26, 2010 at 12:28 pm

    ပုပ္ပပါးတောင် ထိပ်ကနေ ဇော်ဂျီ ဝတ်စုံဝတ်ပြီး ရဲမျက်မှန်တပ်ပြီးကြည့်
    မြင်တယ်

Leave a Reply