“အဆုးံ သတ်ပေးပါ”

YE YINT HLAINGAugust 24, 20151min1043

ဖိုးကျော်၏စကားဆုးံတော့ ချစ်ဆွေက ခဏတာစဉ်းစားမှုပြုလိုက်ပြီး ဖိုးကျော်အား ဒါဆိုခဏလေးကွာဟုဆိုကာ သူ၏ဖုန်းဖြင့် အနယ်နယ် အရပ်ရပ်တွင်ရှိသော သူငယ်ချင်းများရှိရာသို့ ဆက်သွယ်လိုက်သည်။ သူငယ်ချင်းများ၏ဖုန်းဟန်းဆက်လေးများကိုယ်စီတွင်လည်း ချစ်ဆွေ၏ဖုန်းနံပါတ်လေးပေါ်ကာ ရင်းတုန်းကိုယ်စီ မြည်သွားတော့သည်။ အားလုးံကိုဖုန်းဆက်ပြီးမှ ချစ်ဆွေက ဖိုးကျော်အား ဖိုးကျော် -နွေဦးကိုခိုးယူမည့်အစီအစဉ်အသေးစိတ်အားပြောပြလိုက်သည်။ ဒီတော့ မှ ဖိုးကျော် မျက်နှာလေး ပြန်လည်လန်းဆန်းတက်ကြွ လာပြီး ချစ်ဆွေ၏ ပခုးံနှစ်ဖက်ကိုကိုင်ကာ ကျေးဇူးပါသူငယ်ချင်းရာ …ကျေးဇူးပါကွာဟုဆိုလိုက်သည်။ ဒါကို ချစ်ဆွေက မလိုပါဘူးကွာ မင်းတို့ ငါတို့ နွေဦးတို့ဆိုတာ သူငယ်ချင်းတွေပါ …ငါပြောတဲ့ အစီအစဉ်အတိုင်းသာ အမှားအယွင်းမရှိအောင်လုပ်ကွာ ဟု ပြောလေသည်။
ချစ်ဆွေ ၏ အစီအစဉ်အတိုင်း နွေဦး၏အိမ်သို့ မကြာခဏ အဝင်အထွက်ရှိသောဇွန်ဇွန် က ဖိုးကျော် မရောက်မှီ တရက်ကြို၍ ရောက်နှင့်ပြီဖြစ်သည်။ နောက်ရက်တွင် ညနေပိုင်းအချိန်သို့ ရောက်သောအခါ အစီအစဉ်အတိုင်းပင် နွေဦးနှင့်ဇွန်ဇွန် တို့နှစ်ဦး မြန်မာဗွီဒီယိုအခွေငှားဆိုင်သို့သွားမည်ဟုအကြောင်းပြကာ အိမ်မှ ဖိုးကျော်နှင့်စည်သူတို့နှစ်ဦးစောင့်ဆိုင်းရာသို့ထွက်လာခဲ့ကြသည်။ သူတို့တွေ အတွက် ဆုံဆည်းရန်နေရာနှင့်အချိန်တခု သတ်မှတ်ခဲ့ကြသည်။ သို့သော်ယင်းသတ်မှတ်ချိန်အားကျော်လွန်သည့်တိုင် နွေဦးနှင့် ဇွန်ဇွန်တို့ကား ရောက်မလာကြသေးပေ။ ထို့ကြောင့် ဖိုးကျော် ၏စိတ်ထဲတွင် ရေ ကြီး၍ နေသလို ဖိုးကျော်ရင်ဘတ်ထဲတွင်လည်း နာဂစ်ဝင်မွှေနေပြီဖြစ်သည်။စည်သူအား ဘာဖြစ်လို့မလာကြသေးတာလည်းမသိဘူးကွာ ဟုလည်တဆန့်ဆန့်မျှော်နေရင်းမှပြောလိုက်သည်။ လာမှာပါကွာ ခဏလေးစောင့်ပါ …ဇွန်ဇွန်လည်းပါနေတာပဲဟာ ဟုစည်သူကပြောနေပေမဲ့ စည်သူ့အကြည့်တွေကလည်း လာလမ်းကိုသာမျှော်၍ နေလေသည်။
ဟော… ဟိုမှာလာနေပြီ
နင်တို့ဘာလို့ နောက်ကျနေတာလဲဟာ … ဒီမှာ စိတ်ပူလိုက်ရတာ…
တို့လည်း အချိန်ကိုက် မှန်းပြီး ထွက်လာတာပဲ လမ်းမှာ နွေဦး အကိုဝမ်းကွဲနဲ့ တည့်တည့်ကြီး တိုးနေလို့ မနည်းလှည့်ပတ်ပြောပြီး ဒီဘက်ကို ဝေ့ဝိုက်ပြီးလာရတာ။
အေးပါ ဒါဆိုလည်း ကားပေါ်တက်ကြ။ ဖိုးကျော်နဲ့ နွေဦးက နောက်မှာထိုင် ။ မြို့ပြင်မရောက်မချင်း ခေါင်းမဖော်ကြနဲ့ဦး။
သူတို့လေးဦး စည်သူ၏ကားလေးဖြင့် မြို့သုးံမြို့ဆုံရာလမ်းဆုံသို့ ရောက်လာခဲ့ကြသည်။ ယင်းနေရာရှိ ကားလက်မှတ် ရောင်းသည့်ကြားဂိတ်လေးသို့အရောက်တွင်
ဦးလေး …ရန်ကုန်သွားမဲ့ကား မလာသေးဘူးမဟုတ်လား?
ဟေ… ရန်ကုန်ကား က ထွက်သွားပြီကွ ။ မင်းတို့ကို ခဏတော့ စောင့်ပေးနေသေးတယ်။ ကျန်တဲ့ ခရီးသည်တွေ အားနာတာနဲ့ ထွက်သွားလိုက်တာ။
အဲဒါမှ ဒုက္ခ။ ဒီနေရာမှာ ရရာ ကားစီးဖို့ ကြာကြာစောင့် နေဖို့ ကလည်း မဖြစ် ။ ထို့ကြောင့်လေးဦးလုးံ ခေတ႓ ငြိမ်ဆိတ်စွာ စဉ်စားနေရင်းမှ စည်သူ က
ဒီလိုလုပ်ရအောင် – တို့ ဒီကနေ အနီးဆုးံ ပုဂံ ကိုသွားမယ်။ အဲဒီ မှာ ဒီည အိပ်မယ်။ ပြီးတော့ ဇွန်ဇွန် ကလည်း ငါနဲ့ခိုးရာတခါတည်း လိုက်တယ်ပေါ့ ။ မနက်ဖြန်အတွက်အစီအစဉ်ကိုတော့ ပုဂံရောက်မှ စီစဉ်ကြတာပေါ့ ။
စည်သူ့ စကားဆုးံတော့ ဇွန်ဇွန် က မျက်စောင်း အကြီးစားတလုးံ ကို ပြုးံရောင်သန်းသော နုတ်ခမ်းအစုံနှင့်အတူ ထိထိမိမိ ထိုး၍ ကြည့်လိုက်သည်။ စည်သူ နှင့်ဇွန်ဇွန်သည်လည်း ဖိုးကျော် နှင့်နွေဦးတို့လို ကျောင်းသူ/သား ဘဝ တည်းကပင် သူငယ်ချင်းချစ်သူတွေဖြစ်ခဲ့ကြသူတွေ။ လက်ရှိအခြေအနေအပေါ်မှာတော့ စည်သူက အခွင့်ကောင်းယူလိုက်ပြီပေါ့။ ဒီတော့ နွေဦးက ဇွန်ဇွန်ရဲ့လက်မောင်းလေးကို ရပ်လျှက်ဖက်တွယ်နေရာမှ ပြောင်း ကာ ဖိုးကျော်၏လက်မောင်းတဖက်အားဖက်တွယ်ကာ ရပ်နေလိုက်သည်။ ထို့ကြောင့် စည်သူထံသို့ရောက်နေသည့်ဇွန်ဇွန် ၏မျက်စောင်း ကလားရာဘက်ပြောင်းကာ နွေဦးထံသို့ရောက်သွားသည်။
သူတို့လေးဦး ပုဂံ သို့ရောက်သည်နှင့် တပြိုင်တည်း သင့်တင့်သည့် တညတာခိုနားရာနေရာဖြစ်သည့် ဟိုတယ် တခုတွင်နှစ်ယောက်ခန်း မျက်နှာချင်းဆိုင်နှစ်ခန်းကိုငှားရမ်းလိုက်သည်။ စည်သူ ကဖိုးကျော်တို့နှစ်ဦးအား
မင်းတို့ နှစ်ယောက်ဒီမှာနေခဲ့ဦး။ဒို့နှစ်ယောက် အပြင်သွားဦးမယ်။
ဘာလုပ်မလို့လဲ?
ဟ! မင်းကလွဲလို့ တို့သုးံ ယောက်က အဝတ်တထည် ကိုယ်တခုတွေလေကွာ ။ ပြီးတော့ ဒီညက ငါတို့ရဲ့ မင်္ဂံလာဦးည။ သတို့သား/သမီးတွေ အတွက် အဝတ်အစား သစ်လိုတယ်လေကွာ။ အဲဒါသွားဝယ်မလို့။
အားလုးံ ရေချိုးအဝတ်စားလဲခဲ့ကြပြီးနောက် ကြိုတင်၍ပြောထားပြီးဖြစ်သည့်ဆိုင်တွင် ညစာစားရန် ထွက်ခဲ့ကြသည်။ နောက်တနေ့ အစီအစဉ် အတွက် စားသောက်ရင်း တိုင်ပင်ခဲ့ကြသည်။ အစီအစဉ် အရ ဖိုးကျော် နှင့်နွေဦး တို့က မနက်ဖြန် ညကားဖြင့် ပုဂံ မှ ရန်ကုန်သို့ ခရီးဆက်မည်ဖြစ်ပြီး စည်သူ နှင့်ဇွန်ဇွန်ကမူ သူငယချင်းတဦးရှိရာ မြို့လေးသို့ထွက်ခွာကြမည်ဖြစ်သည်။ ပြီးနောက် မိမိတို့ အခန်းရှိရာအသီးသီးသို့ပြန်လာခဲ့ကြသည်။
နွေဦးက အခန်းတခါးအနီးသို့ရောက်သော် အခန်းတွင်းသို့ မဝင်သေးပဲ ရပ်၍ နေလေသည်။ ထို့ကြောင့် ဖိုးကျော်က
နွေဦး အခန်းထဲဝင်လေ။ ဘာလို့ ရပ်နေတာလဲဟုမေးလိုက်သည်။ဖိုးကျော်အမေးကို ငူငူကြီးရပ်နေရာမှ နွေဦးက ကြောက်လို့ဟုပြန်ဖြေလိုက်သည်။ ဘာကြောက်တာလဲလာ ဟုပြောပြောဆိုဆို ဖိုးကျော်က နွေဦးအားဆွေ့ကနဲပွေ့ချီကာအခန်းတခါးဖွင့်၍ အခန်းတွင်းသို့ဝင်လိုက်သည်။
နံနက်ရောက်ချိန်တွင် စည်သူတို့နှစ်ဦးက ဖိုးကျော်နှင့်နွေဦးတို့အတွက်ကားလက်မှတ်ဖြတ်ရန် အပြင်သို့ထွက်သွားခဲ့ကြသည်။ ကျန်ခဲ့သည့်ဖိုးကျော်နှင့်နွေဦးတို့လည်း နံနက်စာစားရန် ဟိုတယ် ၏ အပေါ်ထပ်မှအောက်ထပ်သို့ ဆင်းလာခဲကြသည်။ မြေညီထပ်ရှိ ဟော်တယ်ဧည့်ကြိုကောင်တာ အနီးသို့ရောက်သော်…
ဟင်!
နွေဦးမော်!
လာစမ်း! ဒီကို ! မြန်မြန်လာစမ်းပါ ။ သွား! အထဲကိုဝင်စမ်း…
မလုပ်ပါနဲ့ မကြီးရယ်…နွေဦးတောင်းပန်ပါတယ်…
သမီး…မေဦးသွားမယ်။
ကားထဲမှမဆင်းပဲ ထိုင်စောင့်နေသည့် နွေဦး ၏ မိခင်က သမီးကြီးဖြစ်သူ မေဦးမော် ဆွဲယူခေါ်လာသည့်နွေဦးကားထဲရောက်သည်နှင့် ယင်းကားလေးကိုမောင်းထွက်ရန်ပြောလိုက်သည်။
ဟော်တယ်၏ မြေညီထပ်တွင်မတော့ ဖိုးကျော်နှင့် လူတစု။
ကျော်စွာစိုး ဆိုတာမင်းလား?
ဖိုးကျော် က မဖြေပဲ မောင်းထွက်သွားပြီဖြစ်သည့် မရှိတော့သည့်ကားထွက်သွားရာနေရာဟောင်းဆီသို့ကြည့်လိုက်သည်။ ဝှီး ကနဲ ဝင်လာသည့် လက်သီးတချက်က ဖိုးကျော်မျက်နှာရှိရာသို့ ပြင်းစွာ ကျရောက်လာသည်။
ခွပ်!
အင့်!
ဖိုးကျော်လဲကျသွားသည်။ အားယူ၍ ပြန်အထမှာ မြင်လိုက်ရသည်က ပလပ်စတစ် ခုံမာတလုးံ။ ယင်းခုံအားဆွဲယူ၍ အနီးဆုးံတဦးကို လွှဲ ၍ရိုက်ချလိုက်သည်။ တချက်တည်း ဝုန်းကနဲ။
သို့ရှိစဉ် ဤသို့ ရုန်းဆန်ခပ် ဖြစ်နေသော အခြေအနေအားထိန်းသိမ်းရန် တာဝန်ရှိသူများနှင့် အနီးဝန်းကျင်ရှိလူများရောက်လာကာ ဝိုင်းဝန်း၍ ဖိုးကျော်နှင့်လူတစုအားထိန်းသိမ်းလိုက်လေသည်။

မင်းကို တရားစွဲမယ်လို့တော့ကြားတယ်။ ဘယ်အမှုနဲ့ စွဲမယ်ဆိုတာတော့ အသေအချာမသိသေးဘူးသူငယ်ချင်း။

မမျှော်လင့်ပဲ ဖိုးကျော် အာမခံ ဖြင့်အချုပ်မှလွတ်လာသည်။ စည်သူ ဇွန်ဇွန် ချစ်ဆွေ နှင့်သူငယ်ချင်းတချို့ ဖိုးကျော် အချုပ်မှလွတ်သည့်နေ့ တွင် ဖိုးကျော်ရှိရာသို့ ရောက်လာကြသည်။
ငါ… နွေဦးနဲ့ တွေ့ချင်တယ်…
ဒို့တွေလည်းနွေဦးကိုကြိုးစားပြီးဆက်သွယ်ကြည့်တယ်။ဒါပေမဲ့ ဘယ်လိုမှဆက်သွယ်လို့မရဘူး။
ဟုတ်တယ် နွေဦးကို အိမ်အပြင်လုးံဝပေးမထွက်ဘူး။ဖုန်းလည်း ပြောခွင့်မပေးဘူးတဲ့။
ဘာပဲဖြစ်ဖြစ် ဟာ ငါ နွေဦးနဲ့တွေ့ ချင်တယ်။

ဖိုးကျော် ၏လက်ဖျားလေးတွေ နွေဦးစာကိုဖတ်နေရင်းမှာပင် တုန်ခါ၍ နေပြီး စာဆုးံတော့” ဒီလိုပဲ ပြီးသွား ပြီတဲ့လားကွာ…အရာအားလုးံ က လွယ်လွယ်နဲ့ မေ့ဖျောက်လို့ ရသတဲ့လား? “ဟုဆိုလိုက် ရာ ဖိုးကျော်၏ကြေကွဲဝမ်းနည်းမှု အတွက် စည်သူ၏လက်တဖက်က ဖိုးကျော်၏ပခုးံထက်သို့သိုင်းဖက်နှစ်သိမ့်လိုက်လေတော့သည်။

(၆ လခန့်ကြာသော်)

စည်သူ နှင့် ဝေယံ တို့နှစ်ဦး ဖိုးကျော်နှင့်ချစ်ဆွေ နေထိုင်ရာသို့ တရက်တည်းမှာပင်ရှေ့ဆင့်နောက်ဆင့်ဆိုသလို ရောက်လာကြသည်။
စားစရာတွေက များလှချည်လားစည်သူ ဟုချစ်ဆွေ က ပြောလေရာ ဇွန်ဇွန် လေကွာ … မင်းတို့က အလုပ်တဖက်နဲ့ လူတွေဆိုတော့ အစားအသောက်ဆင်းရဲရှာမှာပဲတဲ့ ။ အဲဒါကြောင့် ကြာကြာ စားလို့ရအောင် ကြော်လှော်ပေးလိုက်တာ။ ဖိုးကျော်လည်း စည်သူနှင့် ချစ်ဆွေ စကားတို့ကြောင့် စည်သူယူလာသည့် စားစရာများအားကြည့်လိုက်ရာ ကြက်သားကြော် နှင့် အမဲသားကြော်များအပြင် လက်ဖက် ပဲကြော် ပုန်းရည်ကြီး ထန်းလျှက် ဇီးထန်းလျှက်စသည်များ ကိုစုံလင်စွာတွေ့လိုက်ရလေသည်။ ညနေ ချိန်ရောက်တော့ သူတို့လေးဦး အဆောင်နှင့် မဝေးလှသည့် မြန်မာဘီယာဆိုင်လေးသို့ ခြေဦးတည်ကြသည်။
ဝေယံ …မင်းရန်ကုန်မှာ နည်းနည်းကြာဦးမှာဆိုတော့ ဖိုးကျော် အတွက် ပိုကောင်း တာပေါ့ ။
အေး ငါ့အကိုကြီး ကလည်း ဖိုးကျော် သဘောႍ မြန်မြန်တက်နိုင်အောင် စီစဉ်နေတယ်ကွ။ သွားဖို့ လာဖို့ ကျန်နေသေးတဲ့ တချို့ သူလိုက်စရာ မလိုတဲ့နေရာတွေကို ငါနဲ့ ဖိုးကျော် သွားရုံ ပဲ။
မင်းတို့အားလုးံ ငါ့ကို ခုလို ငွေရေးကြေးရေးကအစ အစစအရာရာ အားလုးံ ကူညီပေးကြတဲ့ အတွက် ကျေးဇူးပါသူငယ်ချင်းတို့ရာ…။ ဖိုးကျော် စကားက အမှန်ပင်ကျေးဇူးတင်ထိုက်သည့် သူငယ်ချင်းအားလုးံ အတွက်ဖြစ်သည်။ ငွေကြေး ပံ့ ပိုးကူညီမှုထဲတွင် စည်သူ ကအစပြု မတည်ပံ့ပိုးပေးလိုက်ခြင်းဖြစ်သည်။ထို့ကြောင့်ဖိုးကျော်သဘောႍ တက်မည့် ကိစ္စသည်အောင်မြင်လုနီးပါးအခြေအနေသို့ပင်ရောက်ရှိလာခဲ့လေတော့သည်။

ဆက်ရေးပါဦးမည်။ ကျေးဇူးးး
ရဲရင့်လှိုင်

3 comments

Leave a Reply